DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂၃ ၊ ၃ ၊ ၂၀၁၈)

23 Mar 2018

-  ရေနံတင်သင်္ဘောကြီးတွေ ဝင်/ထွက်သွားလာမှုကြောင့် ကျောက်ဖြူမြို့နယ်အတွင်းက ငါးဖမ်းလုပ်သားတွေရဲ့ လုပ်ကွက်တွေ ကန့်သတ်ခံနေရ

- ရခိုင်ပြည်နယ်အတွင်းက ကျေးရွာပေါင်း ၂၀၀ ကျော်ကို ဆိုလာစနစ်ဖြင့်မီးလင်းရေး ဆောင်ရွက်သွားမည်  

- မာန်အောင်ဒေသခံတစ်ဦးက လမ်းခင်းကျောက်တွေကို ပါးစပ်ဖြင့်ကိုက်ဝါးပြပြီး သက်ဆိုင်ရာကို မေးခွန်းထုတ်လိုက်တဲ့ ဗွီဒီယိုဖိုင်တစ်ခုထွက်ပေါ်  

- ဟိုတယ်ဆောက်လုပ်ရာမှာ အသုံးပြုခဲတဲ့ ပစ္စည်းတန်ဖိုးနဲ့ လုပ်အားခငွေရရှိရေးအတွက် ပလီမြို့ပေါ်မှာ ဆန္ဒထုတ်ဖေါ်တောင်းဆိုခဲ့ကြတဲ့ သတင်းတို့ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂၂ ၊ ၃ ၊ ၂၀၁၈)

22 Mar 2018

-  လယ်ယာမြေပေါ် ခွင့်ပြုချက်မဲ့အိမ်ဆောက်မှုနဲ့ တရားစွဲဆိုခံထားရသူနှစ်ဦးကို မာန်အောင်မြို့နယ်တရားရုံးက ထောင်ဒဏ် ၇ လစီချမှတ်

- ရခိုင်ပြည်နယ်မှာ အတွင်းတိမ်မျက်စိဝေဒနာဖြစ်ပွားမှုကို အများဆုံးတွေ့ရတယ်လို့ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာမိုးကျော် ပြော
 
- တောင်သူတွေရဲ့တောင်းဆိုချက်တွေကို မလိုက်လျောရင် သပိတ်စခန်းဖွင့်လှစ်ပြီး ကုမ္ပဏီကို ကျိန်စာတိုက်သွားမယ်လို့ ပြောဆိုတဲ့သတင်းတို့ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်( ၂၁ ၊ ၃ ၊ ၂၀၁၈)

21 Mar 2018

- အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးခွင့် မရရှိတဲ့အတွက် ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကော်မတီကို ဖျက်သိမ်းလိုက်

- ဘင်္ဂလီအကြမ်းဖက်သမားတွေဟာ နိုင်ငံသားဖြစ်ရေးထက် မောင်တောနယ်မြေရရှိရေးကို တိုက်ခိုက်တာဖြစ်တယ်လို့ မောင်တောဒေသခံတွေ ပြောဆို

- ပလပ်မြေပေါ် ဘယ်သူမဆို ခြံစည်းခတ်ခွင့်နှင့် ဂရမ်ခံပိုင်ခွင့်ရှိတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးကပြောတဲ့အတွက် ကျေးရွာသားတွေက ဘောလုံးကွင်းကို ခြံစည်းရိုးထိုးလိုက်ကြ

- ငါးသယံဇာတရှားပါးလာမှုကြောင့် မြို့နယ်အချို့က ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေ ကျောက်ဖြူမြို့နယ်အတွင်းသို့ ရွှေ့ပြောင်းလုပ်ကိုင်လာနေကြတဲ့ သတင်းတွေဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂၀ ၊ ၃ ၊ ၂၀၁၈)

20 Mar 2018

- ANP ပါတီက ပြုလုပ်မယ့် ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ် လေ့လာရေးသင်တန်းကို အနီးကပ်အချိန်မှ ခွင့်ပြုမိန့် တောင်းခံတဲ့အတွက် ဖျက်သိမ်းလိုက်ရ

- မာန်အောင်မြို့မှာ လယ်ယာမြေအတွင်း အိမ်ဆောက်လို့ဆိုပြီး လယ်/စီက တရားစွဲတာကို မြို့နယ်တရားရုံးက လက်ခံဆောင်ရွက်နေတာဟာ ဥပဒေနဲ့ မညီတဲ့အတွက် တရားစွဲခံရသူတွေက ဒီကနေ့ ဆန္ဒဖော်ထုတ်

- ရေသတ္တဝါတွေ မျိုးပွားချိန်မှာ တားမြစ်ချက်တွေကို ကျူးလွန်ပြီး ဖမ်းဆီးသူတွေကို အရေးယူနိုင်ဖို့ ငါးလုပ်ငန်းဦးစီးဌာနမှာ အထောက်အကူပြု ပစ္စည်းတွေ အားနည်းနေသေး

- ရခိုင်ပြည်နယ်အတွင်း ရေရှားပါးပြတ်လပ်မှုနဲ့  ကြုံတွေ့နိုင်တဲ့ ကျေးရွာတွေအတွက် ရေ ဂါလံ ၆ သိန်းလောက် ဖြန့်ဝေပေးဖို့ စီစဉ်နေတယ်လို့ ပြည်နယ်ကျေးလက်ဦးစီးဌာနက သိရတဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁၉ ၊ ၃ ၊ ၂၀၁၈)

19 Mar 2018

- DMG သတင်းဌာနက ထုတ်ဝေနေတဲ့ Development News Journal နဲ့ နေ့စဉ်တင်ဆက်နေတဲ့ DTV Daily News ရုပ်သံကို မနေ့က စစ်တွေမြို့မှာ မိတ်ဆက်ရှင်းလင်းပွဲ ပြုလုပ်

- ၆ ကြိမ်မြောက်တန်းခိုးဆရာထွန်း စာပေဆုချီးမြှင့်ပွဲအခမ်းအနားကို မတ်လ ၁၈ ရက်နေ့က ဆရာထွန်းရဲ့ ဇာတိကျေးရွာမှာ ကျင်းပပြုလုပ်

- ကျောက်ဖြူမြို့နယ်အတွင်းက တစ်ပိုင်တစ်နိုင်ရေနံစိမ်းလုပ်ငန်းလုပ်ကိုင်သူတွေ လျော့နည်းလာ

- ရသေ့တောင်ဟောပြောပွဲနဲ့ ပတ်သက်လို့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ပုဒ်မသုံးခုဖြင့် တရားစွဲဆိုထားတာဟာ ဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့ စွပ်စွဲခံရသူတွေရဲ့ အကျိုးဆောင်ရှေ့နေတွေက ပြောတဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁၇ ၊ ၃ ၊ ၂၀၁၈)

17 Mar 2018

- မာန်အောင်မြို့ဝင်ချောင်းကို တူးဖော်မဲ့အစား ကမ်းထိန်းတဲ့အစီစဉ်တွေကိုသာပြုလုပ်ဖို့လိုအပ်

- ရခိုင်ပြည်နယ်အတွင်းက မျက်စိဝေဒနာရှင်တွေကို စစ်တွေမြို့၊ ရွှေကရုဏာဆေးခန်းမှာ အခမဲ့ခွဲစိပ်ကုသပေးမယ်

- ရခိုင်အလှဖော်ကျူးခြင်း မှတ်တမ်းရုပ်ရှင် ရိုက်ကူးမယ်

- စစ်တွေ မိုင်းပေါက်ကွဲမှုမှာ သံသယနဲ့ ဖမ်းဆီးခံနေရတဲ့ ANC က ထိပ်ပိုင်းခေါင်းဆောင် ကိုနိုင်စိုးကို ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခဲ့တဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁၅ ၊ ၃ ၊ ၂၀၁၈)

15 Mar 2018

- စစ်တွေမင်းဂံစာစစ်ဌာနမှာ ကျောင်းသား၊ ကျောင်းသူတွေကို စစ်ဆေးတာနဲ့ပတ်သက်ပြီး မဟုတ်မမှန် လူမှုကွန်ရက်ပေါ်တင်သူကို စုံစမ်းဖေါ်ထုတ်သွားမယ်ဆိုတဲ့ သတင်းကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။  

- စွပ်စွဲချက်တွေအားလုံးဟာ  ဖြတ်ညှပ်ကပ်ပြီးတော့ လိုရာဆွဲထားတာဖြစ်တယ်လို့ ဒေါက်တာအေးမောင်ပြော ဆို

- ဘင်္ဂလာဒေရှ့်နိုင်ငံဖက်က ခိုလှုံလာကြတဲ့ အိမ်ထောင်စု ၆၀ ကျော်အတွက် နေအိမ်တွေလိုအပ်နေ

- နွေရာသီအားလပ်ရက်ကာလ ကျောက်ဖြူမြို့နယ်မှာ ကရာတေးသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားပေးနေ တဲ့သတင်းတို့ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁၄ ၊ ၃ ၊ ၂၀၁၈)

14 Mar 2018

- ဦးညီပုအစိုးရ မေတ္တာတရားကို တည်ဆောက်ပါလို့ စာရေးဆရာဝေဟင်အောင်က ဒီကနေ့ရုံးထုတ်မှာ ပြောဆို

- မြန်မာနိုင်ငံ တောရိုင်းတိရစ္ဆာန် ဥပဒေအရ ဖမ်းဆီးခွင့်ပိတ်ပင်ထားတဲ့ လိပ်မျိုးစိတ်တွေကို ရခိုင်ပြည်နယ်မှာ ဖမ်းဆီးစားသုံးမှုတွေ ရှိနေ

- ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာမယ့် ဘင်္ဂါလီတွေလက်ခံရေးနဲ့ပတ်သက်ပြီး ငွေကျပ် ၃ ဘီလီယံ သုံးစွဲထား

- ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ခံအဆောက်ဦ ၂၆ လုံးကို ဒီခုနှစ်မှာ အပြီးတည်ဆောက်သွားမယ် သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁၃ ၊ ၃ ၊ ၂၀၁၈)

13 Mar 2018

- စစ်တွေတက္ကသိုလ်မှာ ဒုတိယအကြိမ်မြောက် Water Party သင်္ကြန်ပွဲတော်ကျင်းပ

- မြောက်ဦးကိစ္စကိုစစ်ဆေးဖို့ လွှတ်တော်ကလုပ်ပိုင်ခွင့်မရှိတဲ့အတွက် စုံစမ်းလေ့လာရေးအဖွဲ့လို့ အမည်ပြောင်းလဲလိုက်

- မောင်တောမြို့နယ်မှာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ၅ နှစ်အောက် ကလေးငယ်တွေကို ပြည်နယ်ကျန်းမာရေးနဲ့ လူမှုဝန်ထမ်းက ငွေကြေးထောက်ပံ့

- အမေရိကန်ရောက် ရခိုင်တွေက ၂၀၁၇ ခုနှစ် ရခိုင့်အမျိုးသားစွမ်းဆောင်ရည်ဆုကို ပရဟိတသမား ကိုအမ်းသားကြီးအားပေးအပ်လိုက်တဲ့ သတင်းတွေဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁၂ ၊ ၃ ၊ ၂၀၁၈)

12 Mar 2018

- မာန်အောင်မြို့နယ်မှာ အိမ်မွေးကြက်တွေ အမြောက်အများသေဆုံးနေ

- စစ်တွေမိုင်းပေါက်ကွဲမှု သံသယနဲ့ ဖမ်းဆီးထားသူတွေကို ချုပ်ရမန် ၂ ပတ် ထပ်မံယူ

- စည်ပင်ဝန်ကြီးနေရာအတွက် အမည်စာရင်းတင်သွင်းခံရသူ ဦးဝင်းမြင့်ကို ရခိုင်ပြည်နယ်လွှတ်တော်က ကန့်ကွက်သူမရှိ သဘောတူ

- ဘင်္ဂလားဒေ့ရှ်နိုင်ငံက မောင်တောသို့ ခိုလှုံလာတဲ့ ရခိုင်နဲ့ မြိုလူမျိုး ၂၀၀ ကျော်ကို ကြက်ခြေနီအသင်းခွဲမှ ထောက်ပံ့ကူညီနေတဲ့သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁၁ ၊ ၃ ၊ ၂၀၁၈)

11 Mar 2018

- မောင်တောမြို့နယ်သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြိုလူမျိုး အိမ်ထောင်စု ၄၁ စု ဒီကနေ့ ထပ်မံ ရောက်ရှိလာ

- ရကိုအမ်းသားကြီးကို ၂၀၁၇ ခုနှစ် ရခိုင့်အမျိုးသားစွမ်းဆောင်ရည်ဆု ချီးမြှင့်ပေးအပ်သွားမယ်

- ကျောက်ဖြူမြို့မှာ အများပြည်သူ အနားယူအပန်းဖြေနိုင်မယ့် အမုန်းတရားကင်းမဲ့ဇုန်လို့ အမည်ပေးထားတဲ့ အပန်းဖြေနေရာတစ်ခု ဖွင့်လှစ်

- ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေးဆိုင်ရာ လူထုတွေ့ဆုံပွဲတွေကို ကျင်းပခွင့်မပေးသေးဘူး သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁၀ ၊ ၃ ၊ ၂၀၁၈)

10 Mar 2018

- ဘင်္ဂါလီတွေရဲ့ အန္တရာယ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ရခိုင်တိုင်းရင်းသား ၈၀ ကျော် မောင်တောသို့ ဝင်ရောက်ခိုလှုံ

- ရန်ကုန်သို့ပြောင်းရွှေ့ထားတဲ့ ကမန်တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့ပြောဆိုတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ဟာ ပထဝီအနေအထားကို နားမလည်ကြောင်း ကမန်အမျိုးသားတိုးတက်ရေးပါတီဝေဖန်

- ရသေ့တောင်မြို့နယ် ကျောက်တန်းရဲကင်းစခန်းကို နယ်မြေခံရဲစခန်းအဖြစ် တိုးမြှင့်ပေးမယ့် သတင်းတွေဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၉ ၊ ၃ ၊ ၂၀၁၈)

09 Mar 2018

- မာန်အောင်မြို့နယ်မှာ လယ်ယာမြေလျော်ကြေးငွေမယူတဲ့ ဒေသခံသုံးဦးထဲက နှစ်ဦးကို မတ်လ ၁၃ ရက်နေ့မှာ မြို့နယ်တရားရုံးက အမိန့်ချမယ်

- အမ်းမြို့နယ်မှာ ရခိုင့်အားမာန် ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသွားသူတွေအတွက် အသက်အာမခံကြေးနဲ့ ထောက်ပံ့ငွေတွေ ဒီကနေ့ ပေးအပ်

- ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ လစ်လပ်နေတဲ့ စည်ပင်ဝန်ကြီးနေရာကို အစားထိုးခန့်အပ်ဖို့ NLD အမတ်တစ်ဦးကို အမည် စာရင်းတင်သွင်းထား

- လူငယ်တွေကိုယ်ခံပညာတတ်မြောက်ဖို့နဲ့ အန္တရာယ်တွေကို ကာကွယ်နိုင်စေဖို့ မောင်တောမြို့နယ်မှာ အိုကီဒိုနဲ့ ကရာတေးသင်တန်းဖွင့်လှစ်သင်ကြားနေတဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၈ ၊ ၃ ၊ ၂၀၁၈)

08 Mar 2018

- ရခိုင်မှာ မူးယစ်ဆေးဝါးအန္တရာယ်ကို ဘယ်ကာကွယ်ကြမလဲဆိုတဲ့ ခေါင်းစဉ်နဲ့ တက္ကသိုလ်ကျောင်းသားတွေ ဆွေးနွေး

- ပြည်တွင်း၊ ပြည်ပခရီးသွားတွေကို ဆွဲဆောင်နိုင်စေဖို့အတွက် ငပလီမြို့မှာရှိတဲ့ ပုလဲကျွန်းကို အဆင့်တိုးမြှင့် ဆောင်ရွက်သွားမယ်

- အစိုးရပိုင်မြေနေရာပေါ်မှာ ဆောက်လုပ်ထားတဲ့ ဈေးဆိုင်ခန်းတွေကို ဖယ်ရှားပေးနိုင်ရေး ပြည်နယ်ထွေအုပ်ရုံးက တာဝန်ရှိသူတွေနဲ့ ဆိုင်ခန်းပိုင်ရှင်တွေ တွေ့ဆုံနွေးခဲ့ကြတဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၇ ၊ ၃ ၊ ၂၀၁၈)

07 Mar 2018

- ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမယ့် ကျောင်းသားကျောင်းသူပေါင်း လေးသောင်းကျော်ရှိတဲ့ အနက် ကျောင်းသားပေါင်း ငါးထောင့်လေးရာကျော် ဖြေဆိုဖို့ပျက်ကွက်ခဲ့

- ကျောက်ဖြူမြို့မှာ လူ ၂၂ ဦး ခွေးရူးအကိုက်ခံရပြီးနောက် မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက ခွေးရူးတွေကို ကာကွယ်ဆေးလိုက်လံ ထိုးပေးနေ

- ဒေါက်တာအေးမောင်နဲ့ ဝေဟင်အောင်တို့ရဲ့ အမှုတွဲပါဟောပြောချက်တိတ်ခွေကို တရားရုံးမှာဖွင့်ပြပေးဖို့တောင်းဆိုထားမှုကို ဒီကနေ့ တရားရုံးကပယ်ချခဲ့တယ်လို့ စွပ်စွဲခံထားရသူတွေရဲ့ အကျိုးဆောင်ရှေ့နေတွေကပြော

- မာန်အောင်မြို့နယ်က ကျောင်းသား၊ ကျောင်းသူ ၁၉ ဦး ပညာရေးအပြင် ပြင်ပဗဟုသုတ ရရှိစေဖို့ ရန်ကုန်မြို့သို့သွားပြီး သင်တန်း ၃ လ တက်ရောက်နေတဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၅ ၊ ၃ ၊ ၂၀၁၈)

05 Mar 2018

- သံတွဲမြို့ကနေ စစ်တွေမြို့သို့ထွက်ခွာလာတဲ့ ရခိုင့်အားမာန်ခရီးသည်တင်ကား အမ်းမြို့နယ်မှာတိမ်းမှောက်ပြီး လူ ၅ ဦးသေဆုံးကာ လူအများအပြားဒဏ်ရာရရှိ

- ၈၈ မျိုးဆက်အမည်ခံ ဒေါ်ဥမ္မာဆိုသူကို နိုင်ငံတကာရောက် ၈၈ မျိုးဆက်ပြည်သူ့အင်အားစုက ကြေငြာချက်ထုတ်ပြီး ရှုပ်ချ

- အသက် ၅ နှစ်အောက် ကလေးငယ်တွေကိုပြုစုစောင့်ရှောက်ပေးနေတဲ့ ABC ဖောင်ဒေးရှင်းကို အစိုးရအသိအမှတ်ပြု ဖောင်ဒေးရှင်းဖြစ်လာအောင်အတွက် တရားဝင်မှတ်ပုံတင်ဖို့ ဆောင်ရွက်နေ

- မြောက်ဦးဒေသကမ္ဘာ့အမွေအနှစ်တင်သွင်းရေးဆိုင်ရာလုပ်ငန်းများ ပထမဆုံးအကြိမ်ဆွေးနွေးပွဲတစ်ခုကို မနေ့ကမြောက်ဦးရှေးသုရုံးမှာပြုလုပ်ခဲ့တဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၄ ၊ ၃ ၊ ၂၀၁၈)

04 Mar 2018

- ရခိုင်ပြည်နယ်ကို ဆူပူအောင်လုပ်နေတဲ့သူတွေ ရှိတယ်လို့ မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က သုံးသပ်

- မိသားစုပြဿနာတစ်ခုကြောင့် ပေါက်တောမြို့မှာ ဆယ်တန်းကျောင်းသားတစ်ဦး ဓါးထိုးခံရ

- ဘင်္ဂါလီအရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို R2P ဝင်လာနိုင်တယ်လို့ သုံးသပ်နေကြတဲ့အပေါ် ရခိုင်အမျိုးသားပါတီမှာ ဒီကနေ့ ဆွေးနွေးပွဲတစ်ခု ပြုလုပ်

- ရှေးဟောင်းမြောက်ဦးမြို့တော် ကမ္ဘာ့အမွေအနှစ်မှတ်တမ်းဝင်နိုင်ရေးအတွက် တရုတ်နဲ့ အီတလီက ငွေကြေးကူညီပေးမယ်ဆိုတဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၃ ၊ ၃ ၊ ၂၀၁၈)

03 Mar 2018

- ရခိုင်ပြည်နယ်လွှတ်တော် အဆောက်ဦးအသစ်ကို ဒီကနေ့မှာ ဖွင့်လှစ်

- စစ်တွေ မိုင်းပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ပြည်သူတွေ သတိဝိရိယထားဖို့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက တိုက်တွန်း

- ရခိုင်ပြည်နယ်အရေးကိစ္စ လွှတ်တော်မှာတင်သွင်းတဲ့အဆိုတွေကို ဘာကြောင့်အတည်မပြုနိုင်သေးတာလဲ

- မာန်အောင်မြို့နယ်မှာ လူငယ်တွေ မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်တက်နေတဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂ ၊ ၃ ၊ ၂၀၁၈)

02 Mar 2018

- စစ်တွေမြို့မှာ မိုင်းပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးခံနေရသူ ၉ ဦးအထိရှိလာပြီ

- ရေနံနဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းမှုမှာပါဝင်သွားတဲ့ အမ်းမြို့နယ်အတွင်းကမြေယာတွေအတွက် လျော်ကြေးငွေ အပြည့်အဝမရရှိသေး

- ကျန်းမာရေးနဲ့ပတ်သက်တဲ့ အခမဲ့ဆေးကုသပေးမှုနဲ့ ကျန်းမာရေးဆိုင်ရာဆွေးနွေးမှု တစ်ခုကို ကျောက်ဖြူမြို့ပေါ်မှာ ပြုလုပ်နေတဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁ ၊ ၃ ၊ ၂၀၁၈)

01 Mar 2018

- တပေါင်းလပြည့်နေ့မှာ ကျရောက်တဲ့ သျှစ်သောင်မြှောက်ပွဲတော်ကို စစ်တွေကမ်းခြေမှာ စည်ကားစွာ ကျင်းပ

- လူငယ်တွေကို စခန်းသွင်းပြီး စွမ်းရည်မြှင့် သင်တန်းတစ်ခု မာန်အောင်မြို့မှာ ပြုလုပ်နေ

- မြေယာကို အလွယ်တကူ(တရားဝင်)သိမ်းယူဖို့ ရည်ရွယ်ထားတဲ့ ဥပဒေတွေကို အမြန်ဆုံးဖျက်သိမ်းပေးဖို့ အဖွဲ့အစည်း ၄၀ ကျော်တောင်းဆို

- ကျောက်ပုစွန်တွေ အရင်နှစ်တွေကထက် ဈေးကောင်းရလာပေမယ့် ရခိုင်ပြည်နယ်မှာ ကျောက်ပုစွန်တွေ ရှားပါးလာနေတဲ့ သတင်းတွေ ဖြစ်ပါတယ်။

Showing 181-200 of 413 items.