စီ-ရိုနယ်ဒို ထွက်ခွာချိန်မှာပဲ ကလပ်ကိုရောင်းဖို့ စဉ်းစားနေပြီလို့ မန်ယူအသင်းပိုင်ရှင် ထုတ်ပြောလာ

မန်ယူအသင်းကို ၁၇ နှစ်ကြာပိုင်ဆိုင်ခဲ့တဲ့ ဂလေဇာမိသားစုက အသင်းကိုရောင်းချဖို့ အဆင်သင့်ဖြစ်နေပြီလို့ အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

By Admin 24 Nov 2022

စီ-ရိုနယ်ဒို ထွက်ခွာချိန်မှာပဲ ကလပ်ကိုရောင်းဖို့ စဉ်းစားနေပြီလို့ မန်ယူအသင်းပိုင်ရှင် ထုတ်ပြောလာ

အိုးလ်ထရက်ဖို့ဒ်အားကစားကွင်း။ (ဓာတ်ပုံ - AFP)

DMG | နိုဝင်ဘာ ၂၄

မန်ယူအသင်းကို ၁၇ နှစ်ကြာပိုင်ဆိုင်ခဲ့တဲ့ ဂလေဇာမိသားစုက အသင်းကိုရောင်းချဖို့ အဆင်သင့်ဖြစ်နေပြီလို့ အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ အသင်းအပေါ် ဝေဖန်ပြောကြားမှုတွေလုပ်ခဲ့တဲ့ အငြင်းပွားဖွယ်အင်တာဗျူး ထွက်လာအပြီးမှာပဲ ကြယ်ပွင့်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုက သူ့အနေနဲ့ ချက်ချင်းဆိုသလို အသင်းကနေ ထွက်ခွာတော့မှာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာတော့ “ကလပ်တွင်း ရင်းနှီးမြှုပ်နှံမှုအသစ်၊ ရောင်းချမှု သို့မဟုတ် ကုမ္ပဏီနဲ့ပတ်သက်တဲ့ အခြားရောင်းဝယ်မှုတွေအပါအဝင် ဗျူဟာမြောက် တခြားရွေးချယ်စရာတွေအားလုံးကို ထည့်သွင်းစဉ်းစားမယ်”လို့ ဖော်ပြထားပါတယ်။

မန်ယူအသင်းကို ၂၀၀၅ ခုနှစ်မှာ ပေါင်သန်း ၇၉၀ (ဒေါ်လာ ၉၃၄ သန်း) နဲ့ ဂလေဇာမိသားစု ဝယ်ယူခဲ့တဲ့ နောက်ပိုင်းမှာ အသင်းဟာ အကြွေးတွေတစ်ပုံတစ်ပင်နဲ့ ပိလာပြီး ဂလေဇာမိသားစုလည်း ပရိသတ်တွေနဲ့ အစေးမကပ်ဖြစ်လာခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ အဲလက်စ်ဖာဂူဆန် အနားယူပြီးနောက်ပိုင်း ကွင်းတွင်းရလဒ်ကျဆင်းလာခဲ့တဲ့ ကိုးနှစ်တာကာလအတွင်း အမေရိကန်မိသားစုအပေါ် cစိတ်ပျက်မှုတွေ ကြီးမားလာခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ် TalkTv မှာ ရော်နယ်ဒိုက သူ့အနေနဲ့ ကလပ်ရဲ့သစ္စာဖောက်မှုကို ခံစားရကြောင်းနဲ့ နည်းပြ အဲရစ်တန်ဟက် အပေါ်လည်း လေးစားမှုမရှိကြောင်း ပြောဆိုခဲ့ပါတယ်။

လီဗာပူးအသင်းပိုင်ရှင် (Fenway Sports Group) အမေရိကန်တွေက အသင်းကိုရောင်းချလိုကြောင်း ပြောဆိုပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာမှာပဲ ဂလေဇာမိသားစုက ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ ဖိတ်ခေါ်တဲ့ သီတင်းတွေထွက်ပေါ်လာပါတယ်။

ရော်နယ်ဒိုအိမ်ပြန်ခဲ့ပြီဖြစ်သလို ကစားသမားအပြောင်းအရွှေ့နဲ့ လုပ်ခလစာတွေ အများအပြားသုံးစွဲနေပေမယ့် လည်း ဂလေဇာမိသားစုကို ဆန္ဒပြမှုတွေက အိုးလ်ထရက်ဖို့ဒ်မှာ ဆက်ပြီးဖြစ်ပွားနေဆဲပါပဲ။

ဗီဒီယိုများ