နိုင်ငံရပ်ခြားရောက်နေသော မွတ်ဆလင်များအရေး ဖြေရှင်းရာတွင် တရုတ်နိုင်ငံက အဓိကကျ

ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် တရုတ်နိုင်ငံတို့ပူးပေါင်း၍ ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင်ပြုလုပ်သော ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံရှိ မွတ်ဆလင်များအား နေရပ်ပြန်ပို့ရေးနှင့်ပတ်သက်ပြီး သုံးပွင့်ဆိုင်နည်းလမ်းကို ရေးဆွဲခဲ့သည်။ ၎င်းတို့အား နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်ကို သုံးနိုင်ငံပေါင်းပြီး ပူးပေါင်းဆောင်ရွက်ရန်အတွက် လုပ်ငန်းဆိုင်ရာအဖွဲ့ကို ဖွဲ့စည်းရန်လည်း သုံးနိုင်ငံလုံးကဆုံး ဖြတ်ခဲ့ကြသည်။

By Admin 24 Nov 2022

နိုင်ငံရပ်ခြားရောက်နေသော မွတ်ဆလင်များအရေး ဖြေရှင်းရာတွင် တရုတ်နိုင်ငံက အဓိကကျ

DMG | နိုဝင်ဘာ ၂၄

တရုတ်သံရုံးမှကိုယ်စားလှယ်များနှင့် တွေ့ဆုံအပြီးတွင် တရုတ်နိုင်ငံ၏ ဖျန်ဖြေပေးမှုဖြင့် ရခိုင်ပြည်နယ်ရှိ မွတ်ဆ လင်များအား ပြန်လည်ခေါ်ယူရန် မြန်မာစစ်ကောင်စီကသဘောတူညီခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး အေကေအဗ္ဗဒူမိုမမ်က သတင်းထောက်များအား မကြာသေးမီက ပြောကြားခဲ့သည်။ သို့သော်လည်း ၎င်းတို့အား မည်သည့်အချိန်တွင် မြန်မာနိုင်ငံသို့ပြန်လည် လွှဲပြောင်းပေးမည်ဖြစ်ကြောင်းကိုတော့ တရုတ်နိုင်ငံက အတည်မပြု သေးပါ။ ဆေးနွေးပွဲတွင် ရခိုင်ပြည်နယ်တွင် နေထိုင်ကြသောမွတ်ဆလင်များအား ဘေးကင်းလုံခြုံစွာနေရပ်ပြန်ပို့ရေးနှင့် အကျပ်အတည်းဖြေရှင်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင် နေထိုင်ကြသော မွတ်ဆလင်အရေးကို သံတမန်နည်းလမ်းနှင့် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်လိုအပ်ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းက ပြောသည်။ အမေရိကန်နှင့် အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုများ ဆက်လုပ်နေသော်လည်း နေရပ်ပြန်ရန် ဆန္ဒရှိနေသောမွတ်ဆလင်များ ဘေးရန်ကင်းကင်းဖြင့် နေရပ်ပြန်နိုင်ရေးကိုတော့ သေသေချာချာ စွမ်းဆောင်တာမျိုးမရှိသေးပေ။

မွတ်ဆလင်များ မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်နိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက ကြိုးပမ်းနေချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် လီကျင်းမင်က တရုတ်နိုင်ငံအနေဖြင့် “ဆက်သွယ်ရေးပေါင်းကူးတံတား”အဖြစ်ကြားဝင်ဆောင်ရွက်ပြီး မွတ်ဆလင်အရေး ဖြေရှင်းနိုင်ရန်အတွက် အစွမ်းကုန်ကြိုးပမ်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့လေသည်။

ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် တရုတ်နိုင်ငံတို့ပူးပေါင်း၍ ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင်ပြုလုပ်သော ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံရှိ မွတ်ဆလင်များအား နေရပ်ပြန်ပို့ရေးနှင့်ပတ်သက်ပြီး သုံးပွင့်ဆိုင်နည်းလမ်းကို ရေးဆွဲခဲ့သည်။ ၎င်းတို့အား နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်ကို သုံးနိုင်ငံပေါင်းပြီး ပူးပေါင်းဆောင်ရွက်ရန်အတွက် လုပ်ငန်းဆိုင်ရာအဖွဲ့ကို ဖွဲ့စည်းရန်လည်း သုံးနိုင်ငံလုံးကဆုံး ဖြတ်ခဲ့ကြသည်။

ရခိုင်ပြည်နယ်၏ လက်ရှိလုံခြုံရေး အခြေအနေများကြောင့် မွတ်ဆလင်များအား နေရပ်ပြန်ပို့ရေးက လက်ရှိအချိန်အထိ မဖြစ်နိုင်သေးပါ။ ၂၀၁၈ ခုနှစ်တွင် သုံးနိုင်ငံအစည်းအဝေး ပထမအကျော့ကို တရုတ်နိုင်ငံက စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင်လည်း သုံးပွင့်ဆိုင်အစည်းအဝေးကို အွန်လိုင်းမှပြုလုပ်ခဲ့သည်။ ၎င်းညှိနှိုင်းမှုအပြီးတွင် မွတ်ဆလင်များအား နေရပ်ပြန်ပို့ရေးနှင့်ပတ်သက်သော အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဇွန်လတွင်ကျင်းပရန် စီစဉ်ထားသော်လည်း ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။

တရုတ်နိုင်ငံ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး လော်ကျောက်ဟွေးက မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ကိုယ်စား လှယ်များနှင့်ပူးပေါင်းပြီး ၎င်းကိစ္စကိုဆက်လက်ဆောင်ရွက်ရန် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၉ ရက်တွင် အွန်လိုင်းမှတ ဆင့်ထပ်မံဆွေးနွေးခဲ့သည်။ ဆွေးနွေးညှိနှိုင်းမှုအပြီးမှာတော့ မွတ်ဆလင်များအား နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်ကို စတင်ဖို့ နှစ်ဘက်လုံးမှ သဘောတူညီခဲ့ကြသည်။

အကယ်၍ တရုတ်နိုင်ငံဘက်ကသာ တက်တက်ကြွကြွရှိနေမည်ဆိုပါက ဤအကျပ်အတည်းကို အမြန်ဆုံးဖြေရှင်း နိုင်ပေလိမ့်မည်။ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့နှင့်အတူ သုံးပွင့်ဆိုင်ရင်ကြားစေ့ရေး စီမံချက်ကို ဆောင်ရွက်သင့်ပေသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ ထိုလမ်းကြောင်းအတိုင်း လျှောက်လှမ်းနေပြီ ဖြစ်သည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်ဘက်ပေါင်းစုံမှ သမိုင်းဝင်ဆက်ဆံရေးရှိခဲ့သည်။ မြန်မာနိုင်ငံ၏စိုက်ပျိုုးရေး ၊ စက် မှုလုပ်ငန်း နှင့် ကုန်သွယ်ရေးတို့တွင် တရုတ်နိုင်ငံကမြန်မာနိုင်ငံကို ကျယ်ပြန့်သောအကူအညီများ ပေးခဲ့သည်။ မြန် မာနိုင်ငံတွင် ပြည်တွင်းပဋိပက္ခ နှင့် ပြည်တွင်းစစ်ပွဲများဖြစ်ပွားနေသော်လည်း နှစ်နိုင်ငံအကြားစီးပွားရေးအရဆက် ဆံရေးမှာ တိုးလာနေပါသည်။ မြန်မာနိုင်ငံတွင်ရှိနေသော မတူကွဲပြားသည့်အဖွဲ့ ၃၀ခန့်ကြားစစ်ပွဲများက ပြည်တွင်း စစ်ဆီဦးတည်စေခဲ့သည်။ ရလဒ်အနေဖြင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ပစ်ခတ်မှုများဖြစ်ပွားသည့်ဖြစ်စဉ်များ ဖြစ်ပွားနေပါသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် အခြေအနေများကို စိတ်ရှည်သည်းခံစွာဖြင့် ကိုင်တွယ်နေရပြီး မြန်မာနှင့် ပဋိပက္ခတန်ပြန်ခြင်းမျိုးမပြုဘဲ ကောင်းမွန်သောဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားရန်မူဝါဒဖြင့် ဆက်ပြီး ဆောင်ရွက်နေပါသည်။

ရန်လိုသောသဘောထားများက အကျပ်အတည်းကိုမဖြေရှင်းနိုင်ပါ။ ထိုကဲ့သို့ပြုမူမည့်အစား နှစ်နိုင်ငံဆက်ဆံရေး ကို ပိုမိုကောင်းမွန်လာအောင် မည်ကဲ့သို့ဆောင်ရွက်ရမည်ကိုသာ အာရုံစိုက်ဖို့လိုပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် စိုက်ပျိုးရေး ၊ စက်မှုလုပ်ငန်း နှင့် အခြားသောကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ တို့၏ပူးပေါင်းဆောင်ရွက်မှုများမှ အကျိုးကျေးဇူးများရရှိလာနိုင်ပါသည်။ ၎င်းက ထိုနေရာရှိစိုက်ပျိုးရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန်အခွင့်အလမ်းများကို ရယူနိုင်ပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံမှ ငါး ၊ ဆန် ၊ ဂျုံ နှင့် အခြားထွက်ကုန်များ တင်သွင်းနေရသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှထွက်ကုန်အများ အပြားကိုလည်း မြန်မာနိုင်ငံသို့တင်ပို့နေရပါသည်။ နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ် မှုဆက်ဆံရေးကို ပိုမိုတိုးမြှင့်နိုင်မည်ဆိုပါက ပိုပြီးအကျိုးရှိမည်လည်းဖြစ်သည်။

ဟိုးရှေးအတီတေကာလများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အခြားသောအာရှနိုင်ငံများနှင့် ပထဝီနိုင်ငံရေး၊ စီးပွားရေး ဆက်ဆံမှုများ ချဲ့ထွင်နိုင်ရန်အတွက် “အရှေ့မျှော်ဝါဒ”ကိုကြေညာခဲ့သည်။ မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွက် အရှေ့ဘက်သို့ အဓိကဝင်ပေါက်လည်းဖြစ်သည်။ ၎င်းအချက်ကြောင့် မြန်မာနိုင်ငံနှင့် ကောင်းမွန်သောဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းခြင်းက မိမိတို့အကျိုးစီးပွားကို ထိန်းသိမ်းခြင်းလည်းဖြစ်သည်။

လက်တွေ့ကျသောရှုထောင့်မှ ကြည့်မည်ဆိုပါက မွတ်ဆလင်အကျပ်အတည်းကို အချိန်မီဖြေရှင်းဖို့လိုပါသည်။ သို့သော်လည်း အကျပ်အတည်းကို မဖြေရှင်းမီတွင်ပင် နှစ်နိုင်ငံလုံးအတွက် အကျိုးရှိမည့် အစပျိုးမှုများဖြင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဆက်ဆံရေးကိုမြှင့်တင်ရန် ကြိုးစားသင့်ပါသည်။

ကြည်ဖြူစံ

“Asia News” တွင်ဖော်ပြထားသော ဆောင်းပါးရှင် “Samina Akhter” ၏ “China’s role is key to resolving the Rohingya crisis” ကိုဆီလျော်အောင်ရေးသားသည်။ ဓာတ်ပုံ - Reuters

ဗီဒီယိုများ