အမေရိကန်ဒုသမ္မတ တရုတ်နှင့် အငြင်းပွားနေသည့် ရေပြင်အနီးမှ ဖိလစ်ပိုင်ကျွန်းတစ်ကျွန်းဆီ သွားရောက်

အမေရိကန် ဒုသမ္မတ ကမလာဟားရစ်ဟာ တရုတ်နဲ့ အငြင်းပွားနေတဲ့ ရေပြင်အနီးမှာရှိတဲ့ ဖိလစ်ပိုင်ကျွန်းတစ်ကျွန်းဆီ အင်္ဂါနေ့(နိုဝင်ဘာလ ၂၂ ရက်)မှာ သွားရောက်လည်ပတ်ခဲ့ပါတယ်။ အခုလို သွားရောက်လည်ပတ်ခဲ့တာက အမေရိကန်အနေနဲ့ သူ့မဟာမိတ်အပေါ် ထောက်ခံကြောင်းပြသဖို့ဖြစ်ပြီး ဒေသတွင်းမှာ ဘေဂျင်းရဲ့ ဩဇာလွှမ်းမိုးလာနေတာကို တန်ပြန်နိုင်ဖို့အတွက်လည်း ဖြစ်ပါတယ်။

By Admin 23 Nov 2022

အမေရိကန်ဒုသမ္မတ တရုတ်နှင့် အငြင်းပွားနေသည့် ရေပြင်အနီးမှ ဖိလစ်ပိုင်ကျွန်းတစ်ကျွန်းဆီ သွားရောက်

အမေရိကန်ဒုသမ္မတ ကမလာဟားရစ်။ ဓာတ်ပုံ - AFP

DMG ၊ နိုဝင်ဘာ ၂၃

အမေရိကန် ဒုသမ္မတ ကမလာဟားရစ်ဟာ တရုတ်နဲ့ အငြင်းပွားနေတဲ့ ရေပြင်အနီးမှာရှိတဲ့ ဖိလစ်ပိုင်ကျွန်းတစ်ကျွန်းဆီ အင်္ဂါနေ့(နိုဝင်ဘာလ ၂၂ ရက်)မှာ သွားရောက်လည်ပတ်ခဲ့ပါတယ်။ အခုလို သွားရောက်လည်ပတ်ခဲ့တာက အမေရိကန်အနေနဲ့ သူ့မဟာမိတ်အပေါ် ထောက်ခံကြောင်းပြသဖို့ဖြစ်ပြီး ဒေသတွင်းမှာ ဘေဂျင်းရဲ့ ဩဇာလွှမ်းမိုးလာနေတာကို တန်ပြန်နိုင်ဖို့အတွက်လည်း ဖြစ်ပါတယ်။

ကမလာဟားရစ်ဟာ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်နဲ့ မနီလာမှာ တွေ့ဆုံပြီး နောက်တစ်ရက်မှာပဲ ဒီကျွန်းကို သွားရောက်ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။ ဟားရစ်ဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ တောင်တရုတ်ပင်လယ်နဲ့ အနီးစပ် ဆုံးဖြစ်တဲ့ကျွန်းကို သွားရောက်လည်ပတ်ခဲ့တဲ့ ပထမဆုံးသော အမေရိကန်ထိပ်တန်းအရာရှိပါပဲ။

ဒုသမ္မတခရီးစဉ်မတိုင်ခင်မှာတော့ အရာရှိတစ်ယောက်က သတင်းထောက်တွေကို ပြောကြားရာမှာတော့ “နိုင်ငံတကာဥပဒေရဲ့အရေးပါမှု၊ တရားဝင်ကုန်သွယ်မှုနဲ့ လွတ်လပ်စွာခရီးသွားလာမှု” စတာတွေနဲ့ပတ် သက်ပြီးပြောဆိုခဲ့သလို ဒုသမ္မတကလည်း ဒါကိုပဲ မှတ်ချက်ပြန်ပေးခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင်သင်္ဘောတွေ ဒါမှမဟုတ် လေယာဉ်တွေ တိုက်ခိုက်ခံခဲ့ရရင် အမေရိကန်အနေနဲ့ ဖိလစ်ပိုင်ကို ကာကွယ်သွားမယ်လို့ သူမကထပ်လောင်းကတိပြုခဲ့ပါတယ်။

ဘေဂျင်းဟာ တောင်တရုတ်ပင်လယ် ရေပြင်ဧရိယာ တစ်ခုလုံးနီးပါးကို ထိန်းချုပ်ထားတဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုထားပြီး နိုင်ငံတကာ တရားရုံးရဲ့စီရင်ချက်တွေကိုလည်း လျစ်လျူရှုထားပါတယ်။ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှားနဲ့ ဘရူနိုင်းနိုင်ငံတို့ကလည်း အဆိုပါရေပြင်ထဲက အစိတ်အပိုင်းတစ်ချို့ကို သူတို့ပိုင်ဆိုင်ကြောင်း ပြောကြားထားကြပါတယ်။

ဝါရှင်တန်ဟာ ဖိလစ်ပိုင်နိုင်ငံနဲ့ ဆယ်စုနှစ်များစွာကြာ လုံခြုံရေးမဟာမိတ်ဖွဲ့ ထားပြီး နှစ်ဘက်ကာကွယ်ရေး သဘောတူစာချုပ်နဲ့ ၂၀၁၄ ခုနှစ်ကချုပ် ဆိုခဲ့တဲ့ တိုးမြှင့်ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးသဘော တူစာချုပ် (EDCA) ကိုလည်း ချုပ်ဆိုထားပါတယ်။ EDCA အရ အမေရိကန်စစ်တပ်ဟာ ဖိလစ်ပိုင်အခြေစိုက်စခန်း ၅ ခုမှာ ကာကွယ်ရေးနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ထားရှိနိုင်ပါတယ်။

ဗီဒီယိုများ