မြန်မာ့ PDF ရှေ့ခရီး

Foreign Desk 17 Jun 2021

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း KNU နှင့် KIO တို့ကဲ့သို့ ဝါရင့် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများသည် မြန်မာစစ်တပ်အပေါ် ထိုးစစ်ဆင်မှုများ အရှိန်မြှင့်ခဲ့ကြသည်။ ချင်းတောင်တန်းများပေါ်မှ တူမီးနှင့် ပြောင်းချောသေနတ်များ ကိုင်ဆောင်ထားသည့် လယ်သမားများ၏ ဒေသအလိုက် ဖွဲ့စည်းထားသည့် ကာကွယ်ရေးတပ်များ၏ ထိုးစစ်များကြောင့်လည်း မြန်မာစစ်တပ်သည် အထိနာမှုများ ရှိသည်။

အမေရိကန်ဘက်သို့ တဖြည်းဖြည်း အလေးသာလာသည့် အရှေ့တောင်အာရှနိုင်ငံများ

မေမိုး 15 Jun 2021

မလေးရှားနိုင်ငံ၏ ရပ်တည်ချက်သည် ရိုးရှင်းကြောင်း၊ အခြားနိုင်ငံများနှင့် ရင်းနှီးသည့် သံတမန်ဆက်ဆံ ရေး ထူထောင်ထားရှိခြင်းဖြစ်ပြီး ထိုသို့ဆက်ဆံခြင်းသည် မိမိတို့နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို အလျှော့အတင်း လုပ်ခွင့်ပြုခြင်း မဟုတ်ကြောင်း ဝန်ကြီး၏ ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။ မနှစ်က အစိုးရအပြောင်းအလဲ ရှိသည့်တိုင်အောင် တောင်တရုတ်ပင်လယ်အရေးတွင် မလေးရှား၏ ရပ်တည်ချက်သည် ပျော့ပျောင်းမည်မဟုတ်ကြောင်းလည်း ဖော်ညွှန်းပြောဆိုခဲ့သည်။

အာဆီယံ၏ အဟောသိကံ မြန်မာခရီးစဉ်

Foreign Desk 12 Jun 2021

အာဆီယံအဖွဲ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မြန်မာစစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ်အဖြစ်သာ အသိအမှတ် ပြုထားချိန်၌ Lim Jock Hoi ၏ ယခုလုပ်ရပ်သည် မြန်မာစစ်အုပ်စုကို တရားဝင် အသိအမှတ် ပြုလိုက်ခြင်းဖြစ်သည်။ အာဆီယံသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဏာသိမ်းထားသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရအဖွဲ့ကိုသာ တရားဝင်အသိအမှတ် ပြုထားဆဲဖြစ်သည်။

မြန်မာ့နိုင်ငံရေး ပဋိပက္ခထဲက ပြည်တွင်းစစ်အလားအလာ

Foreign Desk 11 Jun 2021

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) သည် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ဖွဲ့စည်းလိုက်ကြောင်း မေလ ၅ ရက်နေ့တွင် ကြေညာခဲ့သည်။ ပြည်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရန်မှ အကာအကွယ်ပေးရန်၊ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရှေ့ပြေးအဖြစ် PDF ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း NUG ၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်အတွက် နားဝင်မချိုသည့်အမှန်တရားနှင့် မြန်မာ့အာဏာသိမ်းမှု၏ မူလရင်းမြစ်

စောသန္တာအေး 07 Jun 2021

မြန်မာနိုင်ငံသားများသည် ဆက်လက်ဆန္ဒပြနေကြဆဲ ဖြစ်သော်လည်း ဆန္ဒပြပွဲများ၏ အရှိန်အပြင်းဆုံး ကာလကိုတော့ ကျော်လွန်ခဲ့ပြီဖြစ်သည်။ စစ်တပ်ကလည်း ဤအချက်ကို ကိုင်ကာ သူတို့၏ မဟာဗျူဟာ ထွက်ပေါက်တစ်ခုဖြစ်သည့် ၂ နှစ်အတွင်း ရွေးကောက်ပွဲအသစ် ကျင်းပရေးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဦးဆောင်သည့် အစိုးရတစ်ရပ် ဖွဲ့စည်းရေးကို စတင်ဆောင်ရွက်နေဟန် ရှိသည်။

ကိုဗစ်-၁၉ ထပ်တိုးရိုက်ခတ်မှုနှင့်အတူ ယိုယွင်းလာနေသည့် မြန်မာ့ကျန်းမာရေးစနစ်

မေမိုး 03 Jun 2021

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း အထင်ကြီးလေးစားလောက်ဖွယ် အကျိုးရလဒ်ကောင်းများ ရခဲ့သည့်နှစ်များကို ပြောင်းပြန်လှန်လိုက်သကဲ့သို့ ရုတ်တရက် ထိုးဆင်းသွားစေခဲ့သည့် ကျန်းမာရေးစနစ်၏ အခက်အခဲများကို နားလည်သိမြင်ကြောင်းနှင့် အကူအညီပေးနိုင်မည့် ဒေသတွင်းရှိ တာဝန်ရှိသူများနှင့် အခြားအဖွဲ့များကို ဆက်သွယ် ညှိနှိုင်းနေကြောင်း ပြောကြားသည်။

အနောက်၏ မြန်မာ့မူဝါဒအတိုင်း ဂျပန်က နောက်မြီးဆွဲ မလျှောက်သင့်

Foreign Desk 27 May 2021

ဂျပန်သည် မြန်မာစစ်တပ်၏ အပြောင်းအလဲအတွက် အနောက်မူဝါဒအတိုင်း လျှောက်လှမ်းနေခြင်းထက် ပေါင်းကူးနေရာမှ ရပ်တည်ဆောင်ရွက်သင့်သည်ဟု ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း (Japan-Myanmar Association) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

မြန်မာပြည်ရဲ့ အင်တာနက်စစ်မြေပြင်

မေမိုး 22 May 2021

မြန်မာစစ်တပ်သည် ဝက်ဘ်စာမျက်နှာအချို့ကို ပိတ်ပင်ရန်နှင့် အင်တာနက်ပိတ်ဆို့ခြင်းကို ကျော်လွှားနိုင်သည့် VPN အသုံးပြုခြင်းများကို ကန့်သတ်ရန် မိုဘိုင်းအော်ပရေတာများနှင့် အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီများကို ညွှန်ကြားခဲ့သည်။ ထို့နောက် အင်တာနက်အသုံးပြုခွင့်ပိတ်ခြင်းကို တိုးမြှင့်လုပ်ဆောင်ခြင်း၊ အသုံးပြုသူလူဦးရေ၏ တစ်စိတ်တစ်ပိုင်းသာ အသုံးပြုနိုင်သည့် ဖိုင်ဘာဆက်သွယ်ရေးဖြင့်သာ အသုံးပြုခွင့်ပေးခြင်းအထိ တဖြည်းဖြည်း ထိန်းချုပ်ကန့်သတ်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် အောင်မြင်နိုင်သလား

Foreign Desk 18 May 2021

NUG ၏ ရည်ရွယ်ချက်မှာ နိုင်ငံတကာ မျက်နှာစာတွင် မြန်မာစစ်တပ်နှင့် အပြိုင် အသိအမှတ်ပြုခံရရေးမှသည် ဒီမိုကရေစီကို ပြန်လည်အသက်သွင်းရေး၊ စစ်တပ်ကို မြန်မာ့နိုင်ငံရေးမှ ခွဲထုတ်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအထိ ဖြစ်သည်။ NUG ကြေညာချက်တွင် PDF ကို ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်၏ ရှေ့ပြေး ခြေလှမ်းအဖြစ် ဖော်ပြထားသည်။ NUG ညွှန်းဆိုသည့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဆိုသည်မှာ မြန်မာ့တပ်မတော်ကို တိုက်ခိုက်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်အုပ်စု တစ်လှေကြီးအား ပေါင်းစုမည့် လမ်းကြောင်း ဖြစ်သည်။

မြန်မာ့ပဋိပက္ခမှာ အသုံးတော်ခံနေတဲ့ တရုတ်လုပ်ဒရုန်းတွေ

Foreign Desk 17 May 2021

မြန်မာ့လေတပ်သည် လေကြောင်းထိုးစစ်များ အားလုံးနီးပါးတွင် တရုတ်လုပ် လေကြောင်း ကာကွယ်ရေးစနစ်များကို မှီခိုနေရသည်။ ရုရှားထုတ် MiG-29 ဘက်စုံသုံး တိုက်လေယာဉ်များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များကိုလည်း အသုံးပြုသည်။ မကြာသေးမီက တိုင်းရင်းသားပြည်နယ်များရှိ အရပ်သားဧရိယာများအား တိုက်ခိုက်ရာတွင် အဆိုပါရဟတ်ယာဉ်များ အသုံးပြုခဲ့သည်။

မြန်မာစစ်တပ်၏ စီးပွားရေးလက်တံများနှင့် အရေးယူဒဏ်ခတ်မှုများ

မေမိုး 14 May 2021

မြန်မာနိုင်ငံ၏ အကြီးဆုံးရင်းနှီးမြှုပ်နှံသူများ၊ ကုန်သွယ်ဖက်များဖြစ်သည့် အိမ်နီးချင်းအာရှနိုင်ငံများကမူ စစ်အာဏာရှင်များနှင့် လုပ်ငန်းလုပ်ဆောင်မှုကို ကန့်သတ်ရန် လက်ရှောင်ခဲ့ကြပြီးဖြစ်သောကြောင့် အင်အားကြီး အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှု များသည် စစ်တပ်၏ ငွေကြေးစီးဆင်းမှုကို သက်ရောက်မှုမည်မျှကြီးမည်ကို မသိရပေ။

စစ်အေးတိုက်ပွဲသစ်အား အာဆီယံ တံခါးပေါက်ထိ အရောက်ခေါ်လာသော မြန်မာ

Foreign Desk 12 May 2021

မကြာသေးမီကမှ ထုတ်ပြန်လိုက်သော အာဆီယံအဖွဲ့ကြီး၏ ကြေညာချက်တွင် စိတ်ဝင်စားဖွယ်ရာ စကားအသုံးများ ပါဝင်သည်။ ယနေ့ခေတ် အဓိကအကျဆုံး ပထဝီနိုင်ငံရေး ပဋိပက္ခတွင် ရောထွေးယှက်တင် ပါဝင်နေသည့် အာရှဒေသ၏ အနေအထားကို အရိပ်အမြွက်ညွှန်ပြနေသည့် စကားလုံးများဖြစ်သည်။

ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက်ဖြတ်တောက်မှုအောက်က စိုးရိမ်ဖွယ်ရာ ပြည်သူတွေ

Foreign Desk 10 May 2021

ကိုဗစ်ကပ်ဘေးကာလမှာ အွန်လိုင်းဆက်သွယ်ရေးဟာ ခါတိုင်းထက်ပို အရေးကြီးလာပါတယ်။ မိသားစုဆီ ဖုန်းဆက်တဲ့ အချိန်တိုင်း ကျွန်တော်ဟာ ကွာဟချက် ကြီးမားလွန်းတဲ့ နှစ်ဘက်အခြေအနေကြောင့် တအံ့တသြဖြစ်ရစမြဲပါ။ ရန်ကုန်မှာ အလွယ်တကူရတဲ့ နောက်ဆုံးရ သတင်းတွေ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘုတ်စာမျက်နှာက သတင်းတွေနဲ့ နိုင်ငံတကာ သတင်းတွေကို ကျွန်တော့်မိသားစုကို ပြောပြရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရွာက လူတွေဟာ ပါးစပ်စကားကိုပဲ မှီခိုနေရတာ ဖြစ်တဲ့အတွက် ကောလာဟလတွေဆိုရင် မြန်မြန် ပျံ့နှံ့လွယ်ပါတယ်။

ရှားပါးမြေသားတွေ တိုးထုတ်ပြီး မြန်မာစစ်တပ် အကျိုးဖြစ်ထွန်းနေသလား

မေမိုး 08 May 2021

ဒေသတွင်းနှင့် တရုတ်ပြည်သို့ အဓိက တင်ပို့နေသည့် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်စပ် တရားမဝင် ရှားပါးမြေသားတူးဖော်ခြင်းသည် ဖေဖော်ဝါရီလ ၁ ရက်နေ့ အရပ်သားအစိုးရ ဖြုတ်ချခံရပြီးကတည်းက ငါးဆအထိ မြင့်တက်လာသည်ကို တွေ့ရသည်။ ထိုအမြတ်အစွန်းများသည် စစ်အာဏာရှင်များ၏ ဘဏ္ဍာငွေအတွက်  တစ်ဖက်တစ်လမ်းက အထောက်အပံ့ ဖြစ်နေမည်ကို စိုးရိမ်မှုများလည်း မြင့်တက်လျက်ရှိသည်။

‘ကျွန်တော်တို့ အယုံမလွယ်တော့ဘူး’ - ဖက်ဒရယ်အာမီအရေး စိတ်ဒုန်းဒုန်းမကျကြတဲ့ EAO တွေ

Foreign Desk 04 May 2021

“ရှိထားပြီးသား လက်နက်ကိုင်အဖွဲ့တွေကို ပေါင်းစပ်လိုက်ဖို့ဆိုတာ အရမ်းလွယ်ကူပါတယ်။ ကေအိုင်အေ ဆိုရင် ကချင်ပြည်နယ်အတွက် ဖက်ဒရယ်အာမီ ဖြစ်လာမယ်။ ဒါပေမဲ့ သူတို့ရဲ့ တပ်ချုပ်ကို နေပြည်တော်ကို ပို့ရမယ်၊ အဲဒီမှာ စစ်ဦးစီးချုပ်ရဲ့ အမိန့်အောက်ကနေ ဆောင်ရွက်ရမှာပေါ့။ ကျွန်တော်တို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဒီအတိုင်းပဲ ဖြစ်လာရမှာပါ။ အကုန်လုံး ရှေ့ဆက်ဖို့ ဆိုရင် ဒါက တစ်ခုတည်းသော နည်းလမ်းပါပဲ” ဟု သူက ဆိုသည်။

တစ်စစ ပီပြင်လာနေသည့် မြန်မာ့ကပ်ဆိုးကြီး

Foreign Desk 28 Apr 2021

တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် အခြားသော မြန်မာ့အိမ်နီးချင်း နိုင်ငံများသည် မြန်မာဘက်မှ ဝင်ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်များကို လက်ခံပေးရန် ဖိအားပေးခံကြရပြန်ဦးမည် ဖြစ်သလို မြန်မာနယ်စပ်တလျှောက် တရားဥပဒေ ကင်းမဲ့မှု၊ အကြမ်းဖက်မှုနှင့် ထင်ရာစိုင်းမှုများ ကြီးထွားလာနိုင်ခြေကို တွက်ဆထားရတော့မည်။ ဒေသတစ်ခုလုံးလည်း တည်ငြိမ်မှု လျော့နည်းလာတော့မည်ဖြစ်ကာ ယခုအထိ မြန်မာ့အုပ်ချုပ်သူအသစ်ကို အလေးထား ထိန်းညှိမှု မဖြစ်စလောက်သာ ရှိသေးသည့် အာဆီယံ အဖွဲ့ကြီး၏ ဂုဏ်သိက္ခာသည်လည်း ကျဆင်းရတော့မည် ဖြစ်သည်။

မြန်မာစစ်တပ်၏ ခြေလှမ်းများ ထိုင်းပုံစံကို နမူနာယူထားသလား

ရာဗီချန်ဒရာကူးမား 20 Apr 2021

မဖြစ်မနေ အငြိမ်းစားယူရမည့်အချိန် နီးကပ်လာသည်နှင့်အမျှ ဤစစ်တပ်ခေါင်းဆောင်များသည် တရားစွဲဆိုခံရနိုင်ခြေ ရှိလာသလို သူတို့၏ စီးပွားရေးလုပ်ငန်းများ ဆုံးရှုံးကာ နိုင်ငံရေးနယ်ပယ်၌လည်း မည်သည့်နေရာတွင်မျှ ဝင်မဆံ့တော့မည့် အနေအထားကို ရင်ဆိုင်လာရသည်။

မြန်မာ့အကျပ်အတည်းနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အခန်းကဏ္ဍ

Foreign Desk 19 Apr 2021

နောက်ထပ် အကြောင်းရင်းတစ်ရပ်ကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေက လက်ရှိ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ကို ဗမာအချင်းချင်းဖြစ်တဲ့ ပြဿနာအဖြစ် ရှုမြင်ကြတဲ့အချက် ဖြစ်ပါတယ်။ နှစ်ပေါင်း ၇၀ တာရှည်ခဲ့တဲ့ ပြည်တွင်းစစ်၊ တိုင်းရင်းသားလူနည်းစုတွေ ချောင်ထိုးခံရမှု စတာတွေကြောင့် တိုင်းရင်းသား လက်နက်ကိုင်တွေဟာ လူများစု ဗမာတိုင်းရင်းသားတွေ ဦးဆောင်တဲ့ စည်းလုံးညီညွတ်ရေးအပေါ် မယုံကြည်ဘဲ သံသယတွေ ရှိနေကြပါတယ်။

မြန်မာနိုင်ငံ၏ ငန်းနက်ဖြစ်စဉ်နှင့် ပထဝီနိုင်ငံရေး အကျိုးဆက်

Foreign Desk 08 Apr 2021

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအတွက် ဆိုလျှင်လည်း တရုတ် သို့မဟုတ် ရုရှားက ဒဏ်ခတ်မှုများကို မထောက်ခံသဖြင့် ကောင်စီ၏လုပ်နိုင်စွမ်းမှာ ဂိတ်ဆုံးသို့ ရောက်သွားပြီဖြစ်သည်။ စစ်တပ်နှင့် အပြိုင် ဖွဲ့စည်းထားသည့် အရပ်သားအစိုးရအုပ်စု (CRPH) ရှိနေသော်လည်း တရုတ်လက်ထဲသို့ မြန်မာနိုင်ငံ လုံးလုံးလျားလျား ကျရောက်သွားမည်ကို ကြောက်ရွံ့စိတ်ကြောင့် ထိုအုပ်စုကို မည်သည့်အဖွဲ့အစည်းကမှ အသိအမှတ်ပြုမည့်ပုံ မတွေ့ရပေ။

မြန်မာ့ရှားပါးမြေသားများ တရုတ်သို့ တင်ပို့ရေး နိုင်ငံမတည်ငြိမ်မှုကြောင့် အခက်ကြုံ

Foreign Desk 31 Mar 2021

မြန်မာနိုင်ငံမှ တင်သွင်းမှုသည် ပြီးခဲ့သည့်နှစ်တွင် တန်ချိန် ၃၅,၅၀၀ ဝန်းကျင်ဖြင့် ၂၀၁၉ ခုနှစ်ထက် ၂၃ ရာခိုင်နှုန်းတိုးလာပြီး စုစုပေါင်း တင်သွင်းမှု၏ ရ၄.၃၉ ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း၊ မလေးရှားနှင့် ဗီယက်နမ်တို့သည် ၁၇.၀၆ ရာခိုင်နှုန်းနှင့် ၄.၄၆ ရာခိုင် နှုန်းတို့ အသီးသီးဖြစ်ကြောင်း အကောက်ခွန် စာရင်းများအရသိရသည်။

Showing 181-200 of 277 items.