ခေတ်လေးခေတ် ရခိုင်ဘုရင်ဝတ်စားဆင်ယင်မှုတွေကို ၁၀ နှစ်ကျော်ကြာလုပ်ကိုင်နေသူ

16 Jun 2021

သူကတော့ ရခိုင်ပြည် ပေါက်တောမြို့က အသက် ၆၇ နှစ်အဖိုးရှင် ဂနစိန်လို့ လူသိများကြပါတယ်။ ရခိုင်က ရှင်ပြုပွဲတွေမှာ ရှင်လောင်းတွေဝတ်ဆင်တဲ့ အဝတ်တန်ဆာတွေဟာ ဗမာပြည်ဘက်ကလာတဲ့ အဝတ်တွေဖြစ်ပြီး စလွယ်သိုင်းထားတာကို တွေ့မြင်ရတာကြောင့် အဲဒါတွေဟာ မိမိတို့ ရခိုင်ရိုးရာနဲ့ မကိုက်ညီတဲ့တွက် ရှေးရခိုင်ဘုရင်တွေရဲ့ ခေတ်အလိုက် ဝတ်စားဆင်ယင်မှုတွေကို ဖေါ်ထုတ်တဲ့အနေနဲ့ လုပ်နေတာဖြစ်ပါတယ်။ အဖိုးသျှင် ဂနစိန်ကို အဖိုးသျှင် ပဝေသဏီခေါ်ပြီးတော့ အမည်ရင်းက ဦးခိုင်ဝဏဖြစ်ပါတယ်။ အဖိုးသျှင်ဟာ အရင်က ရေဒီယိုပြုပြင်တဲ့လုပ်ငန်းကို အသက်နှစ်ဆယ်ကျော်ကနေ အသက် ၅၀ ကျော်အထိ နှစ်ပေါင်း ၃၀ လောက် လုပ်ကိုင်ခဲ့သူလည်းဖြစ်ပါတယ်။ 

Showing 1-1 of 1 item.