မြေပုံတွင် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရပြီး သေဆုံး

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ င/ပုသုန်ကျေးရွာမှ အသက် ၄၀ ကျော်အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးမှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရပြီး သေဆုံးသွားခဲ့ကြောင်း ကျေးရွာသားများထံမှ သိရသည်။

By Admin 02 Dec 2022

မြေပုံတွင် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရပြီး သေဆုံး

င/ပသုန်ကျေးရွာ တစ်နေရာကို တွေ့ရစဉ်

DMG | ဒီဇင်ဘာ ၂

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ င/ပုသုန်ကျေးရွာမှ အသက် ၄၀ ကျော်အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးမှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရပြီး သေဆုံးသွားခဲ့ကြောင်း ကျေးရွာသားများထံမှ သိရသည်။

အဆိုပါ အမျိုးသမီးမှာ ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်နေ့ ညနေ့ ၅ နာရီခန့်က ကျေးရွာနှင့် ၁ မိုင်ကျော်ဝေးသည့် ပိုက်ဆိပ် မင်္ဂလာဆောင်ပွဲသို့သွားပြီး ပြန်လာစဉ် လမ်းတွင် သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။

“ အဲဒီနေ့က သူမက ရွာရဲ့ အနောက်ဖက် ၁ မိုင်ကျော်အကွာမှာရှိတဲ့ ပိုက်ဆိပ်ကို သွားတာ။ ပိုက်ဆိပ်မှာ အဲဒီနေ့ မင်္ဂလာဆောင်ပွဲရှိတယ်။ ညနေ ၇ နာရီလောက်ရောက်တော့ သူမက သူမနေတဲ့ လယ်ကိုပြန်လာတယ်။ ပြန်လာတော့ လမ်းမှာ မုဒိန်းကျင့်ခံရပြီးတော့ အသတ်ခံရတာ။ ပထမတော့ သူမအမျိုးသားက ပြန်မရောက်သေးဘူးဆိုပြီးတော့ တစ်ယောက်တည်းရှာတယ်။ နောက် မတွေ့လို့ ရွာသားတွေဝိုင်းပြီး လိုက်ရှာကြာတာ။ မနက်စောစောမှတွေ့တယ် ” ဟု ကျေးရွာ လူကြီးတစ်ဉီးက ပြောသည်။

အဆိုပါ အမျိုးသမီး၏ အလောင်းကို လယ်ကွင်းထဲရှိ ခြုံပုတ်ထဲတွင် မျက်နှာတွင်ညိုမည်း ဒဏ်ရာများ၊ အနီးအနားတွင် ကြိုးတစ်ပင်နှင့် သူမ၏ ခန္ဓာကိုယ်တွင် အဝတ်ဗလာကျင်းနေကာ အဓမ္မပြုခံရသည့် လက္ခဏာများဖြင့် တွေ့ရခြင်းဟု ကျေးရွာသားများက ပြောသည်။

လက်ရှိတွင် အဆိုပါ အမှုအတွက် င/ပသုန်ကျေးရွာမှ သံသယရှိသူ အမျိုးသား ၃ ဦးကို ရက္ခိုင့်တပ်တော်(AA) က ခေါ်ယူ စစ်ဆေးနေကြောင်းလည်း သိရသည်။

“ အဲဒီနေ့က မင်္ဂလာဆောင်ပွဲမှာ အရက်သောက်နေကြတဲ့ ၃ ယောက်ထဲမှာ ၁ ယောက်က ပြီးခဲ့တဲ့ ၂ နှစ် လောက်က သူမအိမ်ကို တက်ဖူးတယ်။ အိမ်တက်မှု ဖြစ်တာရှိတယ်။ အဲဒီအတွက် သူတို့ မသင်္ကာလို့ စစ်ဆေးဖို့ ခေါ်သွားတာ ” ဟု အဆိုပါ ကျေးရွာသားက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်/ မေလက ဘူးသီးတောင်မြို့နယ်၊ ဂန္ဓာရုံစစ်ဘေးရှောင်စခန်းမှ အသက် ၂၇ နှစ်အရွယ် အမျိုးတစ်ဦးနှင့် မြောက်ဦးမြို့နယ် ပီပင်ရင်းစစ်ဘေးရှောင်စခန်းမှ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မှာ အဓမ္မပြုကျင့်ခံခဲ့ရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်နေ့ကလည်း မင်းပြားမြို့နယ်တွင် ကျွဲကြိုကျေးရွာတွင် အသက် ၁၃ နှစ်အရွယ် မွေးရာပါ ဆွံအ၊ နားမကြား လမ်းမလျှောက်တတ်သည့် အသက် ၁၃ နှစ်အရွယ်ကလေးငယ်တစ်ဉီး အဓမ္မပြု ကျင့်ခံခဲ့မှုရှိခဲ့သည်။

ဗီဒီယိုများ