စစ်ကောင်စီပိုင် ရေယာဉ်နှစ်စီးကို AA ယူဆောင်

Admin 21 Nov 2023

စစ်ကောင်စီက စစ်ရေးအတွက်အသုံးပြုနေသော အဆိုပါရေယာဉ်နှစ်စီးကို ကျောက်တော်မြို့ဆိပ်ကမ်းတွင် ရပ်နားထားစဉ် AA တပ်ဖွဲ့ဝင်များက ကုလားတန်မြစ်ကြောတစ်လျှောက်သို့ ခုတ်မောင်းယူဆောင်သွားကြောင်း သိရသည်။

မြောက်ဦးတွင် စက်သုံးဆီပြတ်လပ် 

Admin 21 Nov 2023

စစ်ကောင်စီက သွားလာခွင့်ကန့်သတ်ထားမှုကြောင့် ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့မှစ၍ စက်သုံးဆီများ ပြတ်လပ်သွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ 

စစ်တွေမြို့တွင် ဧည့်စာရင်းအကြောင်းပြပြီး ပြည်သူများအား ဖမ်းဆီးနေ 

Admin 20 Nov 2023

နိုဝင်ဘာ ၁၈ ရက် ည ၁၀ နာရီကျော်က  စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ အသက် (၇) နှစ်အရွယ် မောင်မောင်ဇံနှင့် အသက် (၂၀) အရွယ် ကိုဇော်ဇော်တို့မှာ ရွှေရောင်စုံဘုန်းကြီးကျောင်း၌ ရှိနေစဉ် စစ်ကောင်စီတပ်သား ၂၀ ခန့်က လာရောက် ဖမ်းဆီးခဲ့သည်။

ရခိုင်ဒေသခံတစ်ဦးကို NUG၊ CRPH နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီဖမ်းဆီး

Admin 20 Nov 2023

မင်းဂံရပ်ကွက်နေ ဦးစံရွှေမောင်သည် ၎င်းအသုံးပြုသည့် “Ko Myat Yun AraKan” Facebook အကောင့်ဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမှုလုပ်ဆောင်ခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။ 

ရခိုင် မြို့အချို့မှာ စစ်ကောင်စီ တပ်စခန်းသစ်များ တိုးချဲ့

Admin 20 Nov 2023

ရသေ့တောင်၊ ကျောက်ဖြူနှင့် ရမ်းဗြဲမြို့တို့တွင် တပ်စခန်းအသစ်များ တိုးချဲ့ကာ လက်နက်အင်အား၊ လူအင်အားများဖြင့် နေရာယူထားကြောင်း ဒေသခံများက ပြောသည်။

ရခိုင်တွင် မိုးဆက်ရွာမည်ဟု မိုးဇလပြော

Admin 18 Nov 2023

နိုဝင်ဘာလ ၁၇ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်ကျော်တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းမှာ အားပျော့သွားပြီဖြစ်သော်လည်း မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်အတွင်း နေရာစိပ်စိပ် မိုးကြီးနိုင်သေးသည်ဟု မိုးဇလတာဝန်ရှိသူက ပြောသည်။

မင်းပြားမြို့တွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် သေဆုံး၊ ဒဏ်ရာရသူ ၆ ဦးထက်မနည်းရှိ

Admin 18 Nov 2023

မင်းပြားမြို့တွင် လူဦးရေတစ်သိန်းခွဲကျော် နေထိုင်လျှက်ရှိပြီး စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ထက်ဝက်နီးပါးမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။

လူသားချင်းစာနာမှုအဖွဲ့များကို ကန့်သတ်ပိတ်ပင်ထား၍ တိုက်ပွဲတိမ်းရှောင်သူများ အခက်ကြုံနေ 

Admin 18 Nov 2023

နိုဝင်ဘာလအစောပိုင်းကစပြီး ရခိုင်ပြည်အတွင်းရှိ NGO/INGO နှင့် အရပ်ဖက်အဖွဲ့များကို စစ်ကောင်စီက ရှာဖွေစုံစမ်းကာ စစ်ဆေးနေခြင်းကြောင့် အရပ်ဖက်အဖွဲ့တချို့မှာ ထွက်ပြေးတိမ်းရှောင်နေကြသည်။ 

ဘူးသီးတောင်က စစ်ကောင်စီ ရဲကင်းစခန်းကို AA ထိုးစစ်ဆင်တိုက်ခိုက်

Admin 18 Nov 2023

ဘူးသီးတောင်မြို့နယ်၊ ကထီးလကျေးရွာအနီးရှိ စစ်ကောင်စီ နယ်ခြားစောင့်ရဲကင်းစခန်းကို ရက္ခိုင့်တပ်တော် (AA) က ယနေ့ နံနက် ၈ နာရီခန့်မှစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ 

စစ်တွေမြို့ခံများကို စစ်ကောင်စီက ဖမ်းဆီးနေသည့် ဗွီဒီယိုဖိုင် အွန်လိုင်းပေါ်တင်ခဲ့သူနှင့် ဖခင်ဖြစ်သူ ဖမ်းဆီးခံရ

Admin 18 Nov 2023

မောင်မြတ်ထူးနိုင်သည် နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းက ကန်တော်ကြီးရပ်ကွက်နှင့် မင်းဂံရပ်ကွက်အတွင်း စစ်ကောင်စီတပ်က စစ်ကား ၅ စီးဖြင့် ဒေသခံများအား ဖမ်းဆီးနေသည်ကို ၎င်း၏ Facebook စာမျက်နှာတွင် တင်ခဲ့သည်။

လမ်းပိတ်ထားသဖြင့် ရခိုင်တွင် စားသောက်ကုန်များ ပြတ်လပ်လာ

Admin 18 Nov 2023

ရခိုင်ပြည်အတွင်းမှ ကုန်းလမ်း၊ ရေလမ်းများကို စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ထားသဖြင့် စားသောက်ကုန်ပစ္စည်းများ ပြတ်လပ်လာနေကြောင်း ဒေသခံများနှင့် ကုန်စည်ရောင်းချသူများက DMG ကို ပြောသည်။

ဒုံးညို နယ်ခြားစောင့်ရဲစခန်းကို AA သိမ်းပိုက်

Admin 17 Nov 2023

တိုက်ပွဲအတွင်း စစ်သုံးပန်း (၁၈) ဦးကို လက်နက်အလက် (၄၀)နှင့်အတူ ဖမ်းဆီးရမိပြီး စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း AA က ထုတ်ပြန်သည်။ 

ပေါက်တောမြို့အတွင်း ပိတ်မိနေသူများ အကူအညီလိုအပ်နေ

Admin 17 Nov 2023

ပိတ်မိနေသူဦးရေကို အတိအကျသိရှိရန် ခဲယဉ်းနေပြီး ပိတ်မိနေသူများ၏ ပြောဆိုချက်အရ ရာဂဏန်းထိရှိကြောင်း သိရသည်။ ယင်းထဲတွင် ကျန်းမာရေး မကောင်းဖြစ်နေသူများလည်း ပါဝင်သည်။ 

ရခိုင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရသူ လေးသောင်းကျော်ထိ တိုးလာ 

Admin 17 Nov 2023

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် စစ်ကောင်စီ လေကြောင်း၊ ရေကြောင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ပေါက်တောမြို့ပေါ်မှ ဒေသခံ ၂ သောင်းခွဲကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရသည်။ 

တက္ကသိုလ်ကျောင်းသား ၈ ဦးကို စစ်ကောင်စီက ဖမ်းဆီးခြင်းသည် လူမဆန်သောလုပ်ရပ်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ဝေဖန်

Admin 17 Nov 2023

ရခိုင်ပြည်၊ စစ်တွေမြို့တွင် စာမေးပွဲဖြေဆိုနေသည့် အဝေးသင်တက္ကသိုလ်ကျောင်းသား ၈ ဦးအား စစ်ကောင်စီက ဖမ်းဆီးခြင်းမှာ လူမဆန်သည့်လုပ်ရပ်ဖြစ်သည်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ဝေဖန်လိုက်သည်။

ပေါက်တောမြို့တွင် ပိတ်မိနေသည့် ဌာနဆိုင်ရာဝန်ထမ်းများအပါအဝင် ဒေသခံတချို့ကို စစ်ကောင်စီက ဖမ်းဆီးထား

Admin 17 Nov 2023

ဖမ်းဆီးထိန်းသိမ်းခံရသူများမှာ လူဦးရေ ၅၀ ခန့်ရှိပြီး လက်ရှိတွင် ဖုန်းများကို အသိမ်းခံထားရသည့်အတွက် အဆက်အသွယ်ပြတ်တောက်နေကြောင်း ပညာရေးဝန်ထမ်းတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

မင်းပြားမြို့တွင် စစ်ကောင်စီတပ်က လက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်

Admin 17 Nov 2023

လက်နက်ကြီးကျရောက်မှုကြောင့် မင်းပြားမြို့၊ အလယ်ပိုင်းရပ်ကွက်မှ အသက်(၆၀)အရွယ် အမျိုးသားတစ်ဦးမှာ လည်ပင်းတွင် ကျည်ထိမှန်ပြီး သေဆုံးသွားသည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စစ်ရေးပြင်းထန်နေသော ပေါက်တောဒေသ လျှပ်စစ်မီးဖြတ်တောက်ခံရ 

Admin 17 Nov 2023

ပေါက်တောဒေသအတွင်း စစ်ကောင်စီနှင့် AA တို့ စစ်ရေးတင်းမာနေချိန် လျှပ်စစ်မီးပြတ်တောက်နေသဖြင့် ဖုန်းဆက်သွယ်ရေး ပြတ်တောက်သွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ 

တိုက်ပွဲကြောင့် ရခိုင်က မြို့တချို့တွင် ဘဏ်များပိတ်ထား

Admin 17 Nov 2023

ရခိုင်မြောက်ပိုင်းတွင် ဘဏ်လုပ်ငန်းများ ပုံမှန်မလည်ပတ်နိုင်သဖြင့် ငွေကြေးစီးဆင်းမှုနှောင့်နှေးကာ ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်ပြီး ပြည်သူများအခက်ကြုံလာနိုင်ကြောင်း စီးပွားရေးသမားများက ပြောသည်။ 

မောင်တောက တိုက်ပွဲရှောင် လသားအရွယ်ကလေးတစ်ဦး အအေးမိ၍သေဆုံး 

Admin 17 Nov 2023

လက်ရှိတွင်လည်း မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၃၀၀ ခန့်ထဲမှ အများအပြားမှာ နေမကောင်းဖြစ်နေကြပြီး စားဝတ်နေရေးအခက်အခဲများစွာနှင့် ကြုံတွေ့နေရသည်ဟု ဒုံးညိုကျေးရွာသားများက ပြောသည်။ 

Showing 181-200 of 7,273 items.