မင်းပြားမြို့တွင် တိုက်ပွဲပြင်းထန်နေ

10 Jan 2024

ရခိုင်ပြည်၊ မင်းပြားမြို့တွင် ယနေ့ (ဇန်နဝါရီ ၁၀ ရက်) နံနက် ၅ နာရီကျော်က စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ နှစ်ဘက်တိုက်ပွဲပြင်းထန်နေသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီး/ငယ်များအပြင် ရဟတ်ယာဉ်ဖြင့်လည်း လာရောက်ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ အပေါက်ဝရွာသား တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

10 Jan 2024

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ကံစောက်တောင်ရှိ စစ်ကောင်စီ ၅၃၉ တပ်ရင်းမှ ယနေ့(ဇန်နဝါရီ ၁၀ ရက်) နံနက် ၄ နာရီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်မှုကြောင့် အပါက်ဝကျေးရွာသားတစ်ဦး သေဆုံးပြီး နောက်တစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြောက်ဦးတွင် စစ်ကောင်စီက လူသားဒိုင်းအဖြစ်ခေါ်သွားသည့် အရပ်သားသုံးဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့

Admin 10 Jan 2024

ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် စစ်ကောင်စီက မြို့အတွင်းသွားလာနေသည့် အရပ်သားသုံးဦးကို လူသားဒိုင်းဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မြန်မာ့အရေး တရုတ်ကူညီပေးမှုကို စစ်ကောင်စီ ကျေးဇူးတင်စကားဆို

Admin 10 Jan 2024

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံက ဝင်ရောက်ဆောင်ရွက်ကူညီပေးမှုကို မြန်မာနိုင်ငံအနေဖြင့် အမြဲတမ်း ကျေးဇူးတင်ရှိကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

စစ်ကောင်စီလက်နက်ကြီးကြောင့် ပုဏ္ဏားကျွန်းတွင် လယ်သမားတစ်ဦး ဒဏ်ရာရ 

Admin 10 Jan 2024

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဒီပါရုံကျေးရွာမှ လယ်သမားတစ်ဦးမှာ ပုဏ္ဏားကျွန်းမြို့အခြေစိုက် (၅၅၀) တပ်ရင်းမှပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။ 

မင်းပြားတွင် စစ်ကောင်စီ စစ်ကြောင်းတစ်ခုကို AA မိုင်းဆွဲတိုက်ခိုက် 

Admin 04 Jan 2024

ရခိုင်ပြည်၊ မင်းပြားမြို့နယ် မင်းရွာအနီးတွင် ယနေ့နံနက် ၁၀ နာရီခန့်က စစ်ကောင်စီစစ်ကြောင်းတစ်ခုကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

ရခိုင်တွင် စစ်ရေးကြောင့် မြို့နယ်(၁၄)ခု၌ စာသင်ကျောင်း နှစ်ထောင်ကျော် ပိတ်ထား 

Admin 03 Jan 2024

ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပဋိပက္ခပြင်းထန်နေသည့် မြို့နယ်များ အပါအဝင် စစ်ရေးလှုပ်ရှားမှုများရှိနေသည့် မြို့နယ် (၁၄) ခုတွင် အခြေခံပညာစာသင်ကျောင်းပေါင်း ၂,၈၃၀ နီးပါးရှိသည့်အနက် ကျောင်း ၂,၃၀၀ ကျော်မှာ ယာယီပိတ်ထားရကြောင်း DMG က စုံစမ်းသိရှိရသည်။ 

ကျောက်တော်တွင် စစ်ကောင်စီဗုံးကြဲချ၍ အမျိုးသမီးတစ်ဦးသေဆုံးပြီး သုံးလသားကလေးအပါဝင် ၈ ဦးဒဏ်ရာရ 

Admin 03 Jan 2024

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းရွာသို့ ယနေ့ညနေ ၃ နာရီခန့်က စစ်ကောင်စီဂျတ်တိုက်လေယာဉ်မှ ဗုံးကြဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး သုံးလသားကလေးတစ်ဦး အပါအဝင် ၈ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။ 

မင်းပြားမြို့တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် အဆောက်အအုံအများအပြား ထိခိုက်ပျက်စီး 

Admin 03 Jan 2024

ရခိုင်ပြည်၊ မင်းပြားမြို့၊ ကျိန်းတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် မြို့ပေါ်နေအိမ်များနှင့် အရပ်ဖက်အဆောက်အအုံများ ထိခိုက်ပျက်စီးသွားသည်။ 

မြောက်ဦးတွင် လက်နက်ကြီးကြောင့် အရပ်သား ၁ ဦးသေ၊ ၆ ဦးဒဏ်ရာရ 

Admin 02 Jan 2024

ရခိုင်ပြည်၊ မြောက်ဦးမြို့၊ ရွှေဂူတောင်ရပ်ကွက်အတွင်းသို့ ဇန်နဝါရီ ၁ ရက်၊ ည ၇ နာရီခွဲက စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့သည်။

တင်းမဗျူဟာကုန်း မကျရှုံးရေး စစ်ကောင်စီ အကြိတ်အနယ် ခုခံနေ

Admin 01 Jan 2024

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်မြောက်ပိုင်း၊ ကုလားတန်မြစ်အရှေ့ဘက်ရှိ တင်းမဗျူဟာကုန်း မကျရှုံးစေရန် စစ်ကောင်စီက အကြိတ်အနယ်ခုခံနေပြီး ရက္ခိုင့်တပ်တော်ကလည်း အပြင်းထန်တိုက်ခိုက်ကာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။ 

ရခိုင်တွင် တစ်နှစ်အတွင်း နယ်စပ်ဖြတ်ကျော် မွတ်ဆလင်ဒုက္ခသည် ၂၀၀ ကျော် ဖမ်းဆီးခံရ 

Admin 01 Jan 2024

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်အတွင်း တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်အတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မွတ်ဆလင် ဒုက္ခသည် ၂၂၁ ဦး ဖမ်းဆီးခံခဲ့ရသည်။ 

ပလက်ဝမြို့အနီး စစ်ကောင်စီနှင့် AA တိုက်ပွဲဖြစ်ပွား 

Admin 01 Jan 2024

ချင်းပြည်နယ်၊ ပလက်ဝမြို့အနီး စစ်ကောင်စီ၏ ခမရ (၂၈၉) တပ်ရင်း အနီးဝန်းကျင်တွင် ယနေ့ ဇန်နဝါရီ ၁ ရက်၊ နံနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ကျောက်တော်မြို့က စစ်ဘေးရှောင်များ ဘေးလွတ်ရာပြောင်းရွှေ့ရန် အခက်အခဲရှိနေ 

Admin 01 Jan 2024

ရခိုင်ပြည်၊ ကျောက်တော်မြို့တွင် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်၍ ဒေသခံအများအပြားမှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြသော်လည်း စစ်ဘေးရှောင်များမှာ နေရာပြောင်းရွှေ့ရန် အခက်အခဲရှိနေကြသည်။

ရခိုင်တွင် စစ်ကောင်စီ၏ မြို့ပေါ်စခန်းအထိ AA ထိုးစစ်ဆင်နေ 

Admin 31 Dec 2023

၁၀၂၇ စစ်ဆင်ရေးနောက်ဆက်တွဲ ရခိုင်တိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော်(AA)သည် စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲလျက်ရှိပြီး စစ်ကောင်စီ၏ မြို့ပေါ်စခန်းများကိုပါ တိုက်ခိုက်သိမ်းပိုက်မှုများ ရှိလာနေသည်။

ပလက်ဝတွင် AA သိမ်းပိုက်ထားသည့် စစ်ကောင်စီတပ်စခန်း ၁၉ ခုရှိပြီ 

Admin 30 Dec 2023

ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ စစ်ကောင်စီ၏ ခဝဲဗျူဟာကုန်းနှင့် အိန္ဒိယ-မြန်မာနယ်စပ် ပလက်ဝဒေသအတွင်းရှိ ပွိုင့် ၃၇၇ အခြေကုပ်စခန်းကုန်းတို့ကို အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၂၉ ရက်တွင် ရက္ခိုင့်တပ်တော်(AA)က ကြေညာသည်။ 

စစ်တွေ အိန္ဒိယဆိပ်ကမ်းကို စစ်ကောင်စီအကျိုးအတွက် အသုံးပြုနေ

Admin 30 Dec 2023

ကုလားတန်မြစ်ကြောင်းဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့ရှိ အိန္ဒိယဆိပ်ကမ်းကို အများပြည်သူအကျိုးထက် စစ်ကောင်စီအကျိုးအတွက်သာ အသုံးပြုနေကြောင်း ဝေဖန်မှုများရှိနေသည်။

လမ်းခရီးပိတ်ဆို့ခံထားရသည့် ရခိုင်တွင် ငွေသားရှားပါးမှုဖြစ်လာ

Admin 30 Dec 2023

ရခိုင်ပြည်အတွင်း တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက် စစ်ကောင်စီက ရခိုင်ဒေသကို လမ်းခရီးပိတ်ဆို့ထားသဖြင့် မြို့နယ်အများအပြားတွင် ငွေသားရှားပါးမှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

ကျောက်ဖြူဒေသခံ ၃၇ ဦးကို စစ်ကောင်စီက ဒဏ်ငွေရိုက်ပြီး ပြန်လွှတ်

Admin 30 Dec 2023

ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ဒီဇင်ဘာ ၂၆ ရက်နှင့် ၂၈ ရက်အတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့သည် ဒေသခံ ၃၇ ဦးအား တစ်ဦးလျှင် ငွေကျပ် ၂၀,၀၀၀ မှ ၅၀,၀၀၀ ထိ ဒဏ်ငွေရိုက်ပြီး ပြန်လွှတ်ပေးလိုက်သည်။  

ဘူးသီးတောင် ဝါချီးလာရွာသားများ လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးမှု မြင့်တက်လာ

Admin 30 Dec 2023

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ဝါချီးလာ(မွတ်ဆလင်)ရွာအနီးတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာသားများ ထိခိုက်သေဆုံးမှု မြင့်တက်လာသည်။

Showing 41-60 of 7,277 items.