- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
အမေရိကန်သံတမန်ဟောင်းနှင့် ဓားစာခံညှိနှိုင်းရေးသမား ဘီလ်ရစ်ချတ်ဆန် မြန်မာသို့ ရောက်ရှိ
အမေရိကန်သံတမန်ဟောင်းနှင့် ဓားစာခံညှိနှိုင်းရေးသမား ဖြစ်သူ ဘီလ်ရစ်ချတ်ဆန်သည် “လူသားချင်းစာနာမှု အကူအညီပေးရေး အထူးအစီအစဉ်” တစ်ရပ်ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ၎င်း၏ အဖွဲ့အစည်းက ပြောကြားလိုက်သည်။
02 Nov 2021
အမေရိကန်သံတမန်ဟောင်းနှင့် ဓားစာခံညှိနှိုင်းရေးသမား ဖြစ်သူ ဘီလ်ရစ်ချတ်ဆန်သည် “လူသားချင်းစာနာမှု အကူအညီပေးရေး အထူးအစီအစဉ်” တစ်ရပ်ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ၎င်း၏ အဖွဲ့အစည်းက ပြောကြားလိုက်သည်။
အမေရိကန်သတင်းသမားတစ်ဦး ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာရယူပြီး အုပ်ချုပ်နေသည့်သက်တမ်း ၉ လကြာမြင့်လာသည့် အချိန်၌ ယခုကဲ့သို့ ရစ်ချတ်ဆန်၏ခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ရစ်ချတ်ဆန်သည် “ကိုဗစ်-၁၉ ကာကွယ်ဆေးများ အကူအညီပေးရေး၊ ဆေးဘက်ဆိုင်ရာ အကူအညီများနှင့် အခြားသော ပြည်သူ့ကျန်းမာရေး လိုအပ်ချက်များအရေးကို ဆွေးနွေးမည်” ဟု သူ၏အဖွဲ့ဖြစ်သော ရစ်ချတ်ဆန်စင်တာက သတင်းထုတ်ပြန်သည်။
ရစ်ချက်ဆန်၏ခရီးစဉ်တွင် ဖမ်းဆီးခံ အမေရိကန်သတင်းသမား ဒန်နီဖန်စတာအရေးနှင့် ပတ်သက်၍ ဆွေးနွေးရန် ရှိမရှိကို ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြမထားပေ။ ဒန်နီဖန်စတာသည် ပြီးခဲ့သည့် မေလတွင် ဖမ်းဆီးခံရပြီး သတင်းမှားဖြန့်ဝေခြင်း၊ တရားမဝင်အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်းတို့ဖြင့် တရားစွဲဆိုခံထားရသည်။
ရစ်ချတ်ဆန်သည် မြန်မာနိုင်ငံ၌ စစ်တပ်ခေါင်းဆောင် အပါအဝင် အကြီးတန်းအရာရှိများနှင့် တွေ့ဆုံရန်ရှိသည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
နယူးမက္ကစီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးဖြစ်သူ ရစ်ချတ်ဆန်သည် “မြောက်ကိုရီးယား၊ ကျူးဘား၊ အီရန်နှင့် ဆူဒန်နိုင်ငံများရှိ ဓားစာခံများနှင့် အမေရိကန်အမှုထမ်းများ လွတ်မြောက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ခဲ့သူ တစ်ဦး” ဖြစ်ကြောင်း ရစ်ချတ်ဆန်စင်တာ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ရစ်ချတ်ဆန်သည် ရခိုင်ပြည်နယ်အရေး ကိုင်တွယ်ဖြေရှင်းရန် ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းခဲ့သည့် ကော်မရှင်အဖွဲ့ဝင် အကြံပေးတစ်ဦးအဖြစ် ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်ဖူးသူ ဖြစ်သည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို အပြင်းအထန်ဝေဖန်ပြီး အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခဲ့သည်။ ရခိုင်အရေးကော်မရှင်သည် မွတ်ဆလင်အကျပ်အတည်းကြီးကို ဖုံးဖိရန် အတွက်သာ ဖြစ်နေမည်ကို စိုးရိမ်ကြောင်း ပြောကြားပြီး နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။