ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ မောင်တောသို့ လာရောက်လေ့လာ

09 May 2018

dtv news - ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် (၁၅) နိုင်ငံက ကိုယ်စားလှယ်တွေဟာ ၂၀၁၈ ခုနှစ်၊ မေလ ၁ ရက်နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ မောင်တောမြို့သို့ သွားရောက်ပြီး အကြမ်းဖက်မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လေ့လာခဲ့ပါတယ်။

သတင်း - နေဝင်းစံ

ကျေးရွာတွေကို စာရင်း ကောက်ယူပြီး ရေတွင်းရေကန်တွေကို ဦးစားပေးတူးဖော်ပေးသွားမယ်

ခိုင်ရိုးလ 09 May 2018

dtv news - ၂၀၁၈ ခုနှစ်ရဲ့ နွေရာသီမှာ ရခိုင်ပြည်နယ်အတွင်းက ရေရှားပါးပြတ်လတ်မှုရှိတဲ့ ကျေးရွာတွေရဲ့ စာရင်းကို ကောက်ယူပြီး ရေတွင်းရေကန်တွေကို ဦးစားပေးတူးဖော် ပေးသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ကျေးလက်ဦးစီးဌာနက သိရပါတယ်။

သတင်း - ခိုင်ရိုးလ

ရခိုင်တေးရေးဆရာတစ်ဦးဖြစ်တဲ့ ဂီတစာဆို ဦးဦးမောင်သန်းဟာ ကွယ်လွန်

စိမ်းကိုကို 09 May 2018

dtv news - ရခိုင်တေးရေးဆရာတစ်ဦးဖြစ်တဲ့ ဂီတစာဆို ဦးဦးမောင်သန်းဟာ ဒီကနေ့ ဧပြီလ ၃၀ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၄၀ အချိန်က စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ သူရဲ့ နေအိမ်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

သတင်း - စိမ်းကိုကို

တံတားတွေမကောင်းတဲ့အတွက် အက်ဆီးဒင်းဖြစ်ပြီး လူသေဆုံးမှုတွေရှိနေ

09 May 2018

dtv news ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ကျေးရွာ ၄ ရွာရဲ့ ရွာချင်းဆက်လမ်းမှာ ရှိတဲ့ တံတား ၄ စင်းဟာ မကောင်းတဲ့အတွက် ဆိုင်ကယ်၊ ကား အက်ဆီးဒင်းဖြစ်တာနဲ့ ပြုကျတာတွေ ရှိနေတာကြောင့် လူသေဆုံးမှုတွေဖြစ်နေပြီး တံတားတွေပြုပြင်ပေးဖို့ကို ဒေသခံတွေက လိုလားနေကြပါတယ်။

သတင်း - ဇောင်း (ပုဏ္ဏားကျွန်း)

အရည်အသွေးကောင်းစပါးမျိုးစေ့တွေရရှိဖို့ ပုဂ္ဂိလိကကုမ္ပဏီတွေ ပူးပေါင်းဖို့လို

09 May 2018

dtv news - ရခိုင်ပြည်နယ်မှာ စပါးတွေအထွက်နှုန်း မြင့်တက်ဖို့ အရည် အသွေးကောင်းတဲ့ မျိုးစေ့တွေ ဌာနနဲ့ မလုံလောက်ဘဲ ပြင်ပကုမ္ပဏီတွေက ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးမှူးက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ နည်းပညာအားနည်းမှုတွေနဲ့ မျိုးစေ့တွေ မကောင်းတဲ့ အတွက် စပါးတွေ အထွက်နှုန်းလျော့ဆင်းနေပြီး ဌာနဆိုင်ရာကပေးတဲ့ မျိုးစေ့တွေနဲ့ မလုံလောက်ပဲ ပြင်ပကုမ္ပဏီတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ပူးပေါင်း ကူညီဆောင်ရွက်ဖို့လိုအပ်တယ်လို့ ရခိုင်ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးတိုးဝေက ပြောဆိုလိုက်ပါတယ်။

သတင်း - နေရောင်မင်း (စစ်တွေ)

မြန်မာ၊ ဘင်္ဂလားဒေရှ့်အစိုးရတွေနဲ့ UN တို့ ပူးပေါင်းဆောင်ရွက်မှ ပြန်လာနိုင်မယ်လို့

09 May 2018

dtv news - ဧပြီလ ၂၄ ရက်နေ့က တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံရေးစခန်းကို ပြန်လည် ဝင်ရောက်လာတဲ့ တစ်ဖက်နိုင်ငံက ပြန်လည်ဝင်ရောက်လာသူတွေဖြစ်တဲ့ တောင်ပြိုလက်ယာကျေးရွာအုပ်ချုပ်ရေးမှူးမိသားစုကို သတင်းမီဒီယာတွေက တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံကြစဉ် ပြည်တွင်းပြည်ပသတင်းမီဒီယာတွေရဲ့ မေးမြန်းမှုတွေကို ဖြေကြားခဲ့တာဖြစ်ပြီးတော့ တစ်ဖက်နိုင်ငံကိုရောက်ရှိနေတဲ့ သူတွေရဲ့ ပြန်လာမယ့် အရေးဟာ မြန်မာအစိုးရ ဘင်္ဂလာဒေရှ့်အစိုးရနဲ့ UN တို့ပူးပေါင်းဆောင်ရွက်ပြီးမှ ပြန်လာနိုင်လိမ့်မယ်လို့ တောင်ပြိုလက်ယာအုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သတင်း - ဝံသ(မောင်တော

MOGE နှင့် CNPC ကို မြေသိမ်းခံ အမ်းတောင်သူတွေက ကျိန်စာတိုက် တောင်းဆို

စိမ်းကိုကို 09 May 2018

dtv news - လယ်ယာမြေတွေသိမ်းဆည်းခံထားရတဲ့ အမ်းမြို့နယ်အတွင်းက တောင်သူတွေဟာ ဒီကနေ့ ဧပြီလ ၂၅ ရက်နေ့ နေ့လည်ပိုင်းက MOGE နှင့် CNPC ကုမ္ပဏီတို့ကို ကျိန်စာတိုက် တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ကျိန်စာတိုက်တောင်းဆိုမှုတွေကို ဒီကနေ့ နေ့လည် ၁ နာရီအချိန်မှာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ ပါဝင်သွားတဲ့ သုဿန်တွေဖြစ်တဲ့ မျောက်ကိုက်ကျေးရွာ သုဿန်၊ ခမောင်းချောင်း ကျေးရွာ သုဿန်၊ သံပုရာကျေးရွာသုဿန်နဲ့ ဆင်ခုံတိုင်သုဿန်တွေမှာ တစ်ချိန်တည်း ပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

သတင်း - စိမ်းကိုကို

ဘင်္ဂါလီ ၄၆ ဦးကို သူတို့ရဲ့ သဘောဆန္ဒအတိုင်း မူလနေရပ်သို့ ပြန်ပို့

09 May 2018

dtv news - တစ်ဖက်ဘင်္ဂလားဒေရှ့်နိုင်ငံဖက်ကို သွားဖို့ မောင်တောမြို့နယ်၊ နတ်မြစ်ဝ၊ မှော်ဝင်ချောင်းအနီးမှာ ရောက်ရှိလာကြတဲ့ ရသေ့တောင်မြို့နယ် ဆင်ခုံတိုင်ကျေးရွာက ဘင်္ဂါလီ ၄၆ ဦးကို ဧပြီလ ၂၄ ရက်နေ့က သူတို့ရဲ့ သဘောဆန္ဒအတိုင်း မူလကျေးရွာကို ပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဘင်္ဂါလီတွေဟာ မောင်တောမြို့နယ် ပညောင်ပင်ကြီး ကျေးရွာအနီး မှော်ဝင်ချောင်းအနီး တစ်ဖက်နိုင်ငံကို ထွက်ခွာဖို့ ပြင်ဆင်နေစဉ် မောင်တောခရိုင်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေက အကြိမ်ကြိမ်သွားရောက်တွေ့ဆုံခဲ့တယ်လို့ မောင်တောခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထူးက မီဒီယာတွေကိုပြောပါတယ်။

သတင်း - ဝံသ (မောင်တော)

NVC ကိုင်ထားသူတွေကို နေထိုင်ခဲ့တဲ့ဝန်းကျင်ကိုသာ သွားခွင့်ပြုသင့်ကြောင်း

ရွှေထက် 09 May 2018

dtv news - NVC ကတ်ကိုင်ဆောင်ထားသူတွေကို တစ်နိုင်ငံလုံးသို့ သွားခွင့်ပြုခြင်းမျိုးမဟုတ်ဘဲ နေထိုင်ခဲ့တဲ့ နေရာနဲ့ ပတ်ဝန်းကျင်ကိုသာ သွားခွင့်ပြုသင့်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြောဆိုလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာမယ့် ဘင်္ဂါလီတွေကို NVC ကတ်ထုတ်ပေးပြီး တစ်နိုင်ငံလုံးကို သွားလာခွင့်ပြုပေးမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက အစိုးရကနေ ပြောဆိုလိုက်တဲ့အတွက် ပြည်ခိုင်ဖြိုးပါတီကနေ ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့ ပြည်ခိုင်ဖြိုးပါတီရုံးချုပ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ဗဟိုကော်မတီဝင် ဦးလှသိန်းက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

သတင်း - ရွှေထက်

မာန်အောင်မြို့နယ်အတွင်း ကျောက်ချောလမ်းပြုလုပ်ရာမှာ ကျောက်ညံ့တွေပါဝင်နေ

အောင်ကောင်းဇော် 09 May 2018

dtv news - မာန်အောင်မြို့နယ် ဘူးရေမျက်ကျေးရွာအုပ်စု ဘူးရေမျက်ကျေးရွာနဲ့ သာယာကုန်းကျေးရွာတွေကနေ ကူးတို့ဆိပ်သို့သွားရာလမ်းမှာ ကျောက်ညံ့တွေပါဝင်နေတဲ့အတွက် ဒေသခံကျေးရွာသားတွေနဲ့ လမ်းဖြစ်မြောက်ရေးကော်မတီက လက်မခံကြဘူးလို့သိရပါတယ်။ လက်ရှိခင်းထားတဲ့ ကျောက်တွေဟာ မိုးရာသီဆိုရင် မိုးရေနှင့်ပျော်ကျသွားနိုင်လောက်တဲ့အထိ ကျောက်တွေဟာ အရည်အသွေးနိမ့်တဲ့အတွက် ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီက လက်မခံသလို အခုလို အရည်အသွေးနိမ့်တဲ့ ကျောက်တွေကို ဆက်လက်ခင်းနေမယ်ဆိုရင် တရားစွဲဆိုသွားမယ်လို့ လမ်းဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးစံသိန်းက ပြောပါတယ်။

သတင်း - အောင်ကောင်းဇော်

ယိုးချောင်းမြစ်ရိုးတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေ အခက်အခဲများစွာဖြစ်ပေါ်နေ

စိမ်းကိုကို 08 May 2018

dtv news - ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းမြစ်ရိုးတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေမှာ ကျန်းမာရေး၊ ပညာရေးနှင့် လမ်းပန်းဆက်သွယ်ရေးတွေ နိမ့်ကျနေတဲ့အတွက် ဒေသခံတွေအနေနဲ့ အခက်အခဲ များစွာ ဖြစ်ပေါ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ယိုးချောင်းမြစ်ရိုးတစ်လျှောက်မှာ ရှိတဲ့ကျေးရွာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ဖို့ ကျေးလက် ဆေးပေးခန်း တွေမရှိသလို ကန်ဇောက်ကျေးရွာ၊ ယိုးတရုတ်ကျေးရွာနှင့် အပေါက်ဝကျေးရွာတွေကို သွားရောက်ပြီး ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း - စိမ်းကိုကို

ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိသွားတဲ့ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ဖူးရင် ပြန်လက်ခံသွားမယ်

ရွှေထက် 08 May 2018

dtv news - ဘင်္ဂလားဒေ့ရှ်ဘက်မှာရောက်နေတဲ့ နေရပ်စွန့်ခွာသွားသူတွေကို ပြန်လည်လက်ခံရာမှာ ဘာသာလူမျိုးခွဲခြားမှုမရှိဘဲ၊ မြန်မာနိုင်ငံမှာ နေထိုင်ဖူးသူတွေကိုသာ လက်ခံသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ဧပြီလ ၁၉ ရက်နေ့က ပြုလုပ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ခ်ဘဇားသို့သွားရောက်ခဲ့တဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

သတင်း - ရွှေထက်

၂၀၁၇-၁၈ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ ကုန်သွယ်လုပ်ငန်းခွန် ၉ ရာခိုင်နှုန်းအထိ ကျဆင်းသွား

08 May 2018

dtv news - ၂၀၁၇-၁၈ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ အစိုးရရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို လျော့ချလိုက် တာကြောင့် တင်ဒါလုပ်ငန်းတွေကျဆင်းသွားတဲ့အတွက် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရရှိမှုမှာ ၂၀၁၆-၁၇ ခုနှစ်ထက် ၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ပြည်တွင်းအခွန်များ ဦးစီးဌာနက သိရပါတယ်။ ရခိုင်ပြည်နယ်က ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရရှိမှုဟာ ၂၀၁၃-၁၄ ခုနှစ်မှာ ကျပ်သန်းပေါင်း ၇၅၀ ကျော်၊ ၂၀၁၄-၁၅ ခုနှစ်မှာ ကျပ်သန်းပေါင်း ၉၈၀ ကျော်၊ ၂၀၁၅-၁၆ ခုနှစ်မှာ ကျပ်သန်းပေါင်း ၆၂၀၀ ကျော်၊ ၂၀၁၆-၂၀၁၇ ခုနှစ်မှာ ကျပ်သန်းပေါင်း ၁၁၉၅၀ ကျော်ရရှိခဲ့ပြီး ၂၀၁၇-၁၈ ခုနှစ်မှာ ကျပ်သန်းပေါင်း ၉၂၃၀ ကျော်သာ ရရှိခဲ့တဲ့အတွက် ၂၀၁၆-၁၇ နဲ့စာရင် ၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားတာလည်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရရှိမှု ကျသွားရခြင်းအပေါ် ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ ပြန်ကြားရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က အခုလိုပြောပါတယ်။

သတင်း - နေရောင်မင်း (စစ်တွေ)

စစ်တွေမြို့ အာဂျိတ်တော်ကုန်းသုဿန်မှာမီးသဂြိုဟ်စက်ကိုအသုံးပြုပြီး သဂြိုလ်တော့မယ်လို့သိရ

ခိုင်ရိုးလ 08 May 2018

dtv news - ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့ရှိ အာဂျိတ်တော်ကုန်းသုဿန်မှာ မေလဆန်းကနေစတင်ပြီး မီးသဂြိုဟ်စက်ကိုအသုံးပြုကာ သေဆုံးသူတွေကိုသဂြိုလ်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါသုဿန်မှာ မီးသဂြိုလ်စက်နှစ်လုံးကိုအလှူရှင်တစ်ဦးရဲ့မတည်ငွေသိန်း ၄၀၀ နဲ့တည်ဆောက်နေတာ ဖြစ်ပြီးတော့ လက်ရှိမှာ ၉၅ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်တယ်လို့ စစ်တွေမြို့နာရေးကူညီမှု အသင်းရဲ့အတွင်းရေးမှူးဦးထွန်းလှိုင်က ပြောပါတယ်။

သတင်း - ခိုင်ရိုးလ

ဘင်္ဂလားဒေရှ့်နိုင်ငံက မောင်တောမြို့ကို ခိုလှုံလာကြတဲ့ ရခိုင်တိုင်းရင်းသားတွေကို ယာယီနေအိမ်တွေ ဆောက်ပေး

08 May 2018

dtv news - ဘင်္ဂလားဒေရှ့်နိုင်ငံက မောင်တောမြို့ကို ခိုလှုံလာကြတဲ့ ရခိုင်တိုင်းရင်းသား မိသားစုဝင်တွေကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့က သွားရောက် တွေ့ဆုံခဲ့ပြီး ယာယီနေရာချထားမှုအခြေအနေတွေကို ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ တစ်ဖက်နိုင်ငံကနေ ခိုလှုံဝင်ရောက်လာကြတဲ့ မြိုနဲ့ ဒိုင်းနက်(ခေါ်)ဆက္ကမလူမျိုးတွေဟာ အိမ်ထောင်စု ၃၅ စုအထိရှိပြီးတော့ မောင်တောမြို့နယ် သစ်တုံးနားကျေးရွာမှာ ယာယီနေထိုင်နိုင်ဖို့ နေအိမ်တွေ ဆောက်လုပ်ပေးထားတယ်လို့ သိရပါတယ်။
သတင်း - ဝံသ (မောင်တော)
Showing 21-35 of 35 items.