လေပြင်းတိုက်ခတ်မှုကြောင့် ရခိုင်က စစ်ဘေးရှောင်နေအိမ် ၈၀ ကျော် ပျက်စီးသွား 

Admin 21 Mar 2023

ရခိုင်ပြည်တွင် မတ်လ ၂၀ ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် မြို့နယ်တို့မှ စစ်ဘေးရှောင်နေအိမ် ၈၃ လုံး ပြိုလဲပျက်စီးသွားခဲ့ကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။ 

ရခိုင်တွင် နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် ငွေကျပ် ၅ သိန်းနီးပါး ကုန်ကျမှုရှိနေ

Admin 21 Mar 2023

ရခိုင်ပြည်မှ ပြည်ပနိုင်ငံသို့ အလုပ်လုပ်ရန်(သို့) အလည်အပတ်သွားရောက်ရန် မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်ကို ပွဲစားများနှင့် ပြုလုပ်ရာတွင် ငွေကျပ် ၅ သိန်းအထိ ကုန်ကျနေရမှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။

ရခိုင်မှာ မြို့ပြကျေးလက်မကျန် စိတ်ကြွဆေးသုံးစွဲမှု များပြားလာ၍ မူးယစ် အသိပညာပေးမှုများ လိုအပ်နေ 

Admin 21 Mar 2023

ရခိုင်ပြည်အတွင်း မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှု မရှိသော်လည်း လွယ်လွင့်တကူ ရောင်းဝယ်ဖောက်ကားမှုများ တဖြည်းဖြည်း များပြားလာနေကြောင်း ဒေသခံများက ပြောဆိုနေကြသည်။ 

KIA ဂျေယန်စစ်ရှောင်စခန်း မီးလောင်မှု လူဦးရေ ၁၇၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

Admin 20 Mar 2023

စစ်ရှောင်နေအိမ်တစ်လုံးတွင် လျှပ်စစ်အိုးဖြင့် ဟင်းချက်ရာမှ ဝါယာရှော့ခ် ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ပြီး အခြားနေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

အာဟာရချို့တဲ့မှုကြောင့် ရခိုင်က စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်အမျိုးသမီးတချို့ မီးဖွားရခက်ခဲမှုများရှိနေ

Admin 20 Mar 2023

ရခိုင်ပြည်အတွင်း မြို့နယ်တစ်ချို့က စစ်ဘေးရှောင်စခန်းများအတွင်းရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ချို့မှာ အာဟာရချို့တဲ့မှုများကြောင့် မီးဖွားရခက်ခဲမှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။

မွတ်ဆလင်ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး အဆင်မပြေသေးဟု ကုလပြော

Admin 20 Mar 2023

“UNHCR ၏ ဆန်းစစ်လေ့လာချက်အရ ရခိုင်ပြည်၏ အခြေအနေများသည် လက်ရှိကာလတွင် ဒုက္ခသည်များအတွက် ရေရှည်တည်တံ့ခိုင်မြဲသော နေရပ်ပြန်ရေးမဖြစ်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

ရသေ့တောင်တွင် နယ်ခြားစောင့်ရဲနှစ်ဦး ထွက်ပြေး

Admin 20 Mar 2023

အဆိုပါ နယ်ခြားစောင့်စခန်းသည် ၂၀၂၁ ခုနှစ်ကပင် တပ်စွဲနေထိုင်ခြင်းဖြစ်ပြီး လက်ရှိတွင် နယ်ခြားစောင့်ရဲအင်အား ၇၀ ခန့် ရှိကြောင်း သိရသည်။ 

စစ်တွေမြို့တွင် အမျိုးသမီးများ အကြမ်းဖက်သတ်ဖြတ်ခံရမှုရှိလာနေ၍ စိုးရိမ်မှုမြင့်တက်နေ

Admin 20 Mar 2023

စစ်တွေမြို့တွင် ယခုကဲ့သို့ အမျိုးသမီးငယ်များ သတ်ဖြတ်ခံရမှုများအပြင် ခိုးဆိုးလုယက်မှုများ နေ့စဉ်ရက်ဆက် ဖြစ်ပေါ်နေသည်မှာ မူးယစ်ဆေးဝါးများအား ငွေအနည်းငယ်ဖြင့် လွယ်ကူစွာ ဝယ်ယူနိုင်ခြင်း၊ တရားဥပဒေစိုးမိုးမှုအားနည်းခြင်း တို့ကြောင့်ဖြစ်သည်ဟု ဒေသခံမျာက ရှုမြင်ကြသည်။

ကျောက်တော်တွင် စစ်ဘေးရှောင်သုံးဦး လုပ်ငန်းခွင်အတွင်းဓာတ်လိုက်၍  ဆေးရုံတက်ရ 

Admin 20 Mar 2023

ရခိုင်ပြည်၊ ကျောက်တော်မြို့တွင် နေထိုင်သော စစ်ဘေးရှောင်သုံးဦး ယနေ့ညနေ ၄ နာရီခန့်က လုပ်ငန်းခွင်အတွင်း လျှပ်စစ်ဓာတ်လိုက်၍ ဒဏ်ရာရရှိသွားခဲ့သည်။ 

ရခိုင်တွင် ဆန်ဈေးမြင့်တက်နေခြင်းကြောင့် အခြေခံလူတန်းစားများ အခက်ကြုံနေရ

Admin 19 Mar 2023

ရခိုင်ပြည်တွင် ယခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှ စတင်ကာ ဆန်စပါးဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာသဖြင့် လက်လုပ်လက်စား အခြေခံလူတန်းစားများမှာ စားဝတ်နေရေး အခက်အခဲများနှင့် ကြုံတွေ့နေကြရသည်။ 

ဆမီးမြို့က စစ်ဘေးရှောင်စခန်းများကို ပိတ်သိမ်းမည်ဖြစ်၍ ယခုလကုန်တွင် နေရပ်ပြန်ရန် စစ်ဘေးရှောင်များကို ဖိအားပေး

Admin 19 Mar 2023

မတ်လ ၁၈ ရက်နေ့က ဆမီးမြို့ရှိ စစ်ဘေးရှောင်များကို မြို့နယ်ထွေ/အုပ်ရုံးသို့ခေါ်ယူပြီး စစ်ကောင်စီတပ်မှ ဗျူဟာမှူးဆိုသူက မတ်လကုန်တွင် နောက်ဆုံးထားကာ နေရပ်ပြန်ရမည်ဟု ပြောဆိုခဲ့ကြောင်း စစ်ဘေးရှောင်တစ်ဦးက ပြောသည်။ 

ရခိုင်အမျိုးသားပါတီက ပြည်နယ်အဆင့်တွင် စည်းရုံးရန် ပါတီမှတ်ပုံတင်မည်

Admin 19 Mar 2023

မြို့နယ်ကော်မတီ၏ သဘောထားနှင့် ဗဟိုကော်မတီဝင်များ၏ သဘောထား ဆုံးဖြတ်ချက်အရ မတ်လနောက်ဆုံးအပတ်တွင် ရခိုင်အမျိုးသားပါတီ(ANP)ကို မှတ်ပုံတင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူများ ဘေးကင်းစွာ ခရီးသွားနိုင်ရန်အတွက် စစ်တွေ-ကျောက်ဖြူ အမြန်ရေယာဉ်များ တိုးချဲ့ပြေးဆွဲရန် လိုအပ်နေ

Admin 18 Mar 2023

ရခိုင်ပြည်အတွင်း ရေလမ်းခရီးသွားလာရေးတွင် ပြည်သူများ ဘေးကင်းလုံခြုံစွာ ခရီးသွားလာနိုင်ရန်အတွက် စစ်တွေ-ကျောက်ဖြူခရီးစဉ်ကို အမြန်ရေယာဉ်များ တိုးချဲ့ပြေးဆွဲပေးရန် လိုအပ်နေကြောင်း ခရီးသွားများက ပြောဆိုသည်။

ယခုရက်ပိုင်းအတွင်း ရခိုင်တွင် မိုးရွာနိုင်သဖြင့် တောင်သူများ ဂရုပြုရန်လိုအပ်

Admin 18 Mar 2023

စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းနှင့် ကချင်၊ ရှမ်း၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးရွာသွန်းမည်ဖြစ်ပြီး ရွာရန်ရာခိုင်နှုန်း ၈၀ ရှိကြောင်း မိုးဇလက ခန့်မှန်းထားသည်။

စစ်တွေမြို့တွင် ရိုက်နှက်ခံရသည့် အသက် ၁၂ အရွယ် မိန်းကလေးငယ် သေဆုံး

Admin 17 Mar 2023

စစ်တွေမြို့ မင်းဂံရပ်ကွက်တွင် ရိုက်နှက်ခံရပြီး သတိလစ်မေ့မျော့ခဲ့ရသည့် မိန်းကလေးငယ်သည် စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရင်း ယနေ့ မတ်လ ၁၇ ရက် မွန်းလွဲ  ၂ နာရီကျော်ခန့်တွင် သေဆုံးသွားသည်။

စစ်တွေတွင် ရိုက်နှက်ခံရသည့် ဆယ်ကျော်သက်မိန်းကလေး သတိမရသေး၍ မိသားစုက စိုးရိမ်နေ

Admin 17 Mar 2023

ရခိုင်ပြည်၊ စစ်တွေမြို့တွင် ရိုက်နှက်ခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးမှာ ယနေ့(မတ်လ ၁၇ ရက်) နံနက်ပိုင်းအချိန်ထိ သတိမရသေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

ရခိုင်က မြို့နယ် ၇ ခုတွင် လယ်ယာမြေ အဆင့်မြှင့်တင်ရေး စိုက်ပျိုးရေးဇုန် ဖော်ဆောင်မည်

Admin 17 Mar 2023

ရခိုင်ပြည်အတွင်းက စစ်တွေ၊ ကျောက်တော်၊ ဘူးသီးတောင်၊ သံတွဲ၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ် မြို့နယ်တို့တွင် လယ်ယာမြေအဆင့်မြှင့်တင်ရေး စိုက်ပျိုးရေးဇုန်လုပ်ငန်းများ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပြန်လည်လက်ခံမည့် မွတ်ဆလင်ဒုက္ခသည် ၁,၀၀၀ ဦးထဲက ၂၀၀ ကျော်စာရင်းကို စစ်ဆေးပြီးဖြစ်

Admin 17 Mar 2023

မွတ်ဆလင်ဒုက္ခသည်များ ပြန်လာနိုင်ရေးအတွက် စစ်ကောင်စီ တာဝန်ရှိသူများအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ကာ ဒုက္ခသည်များအား စိစစ်မှုများပြုလုပ်နေပြီး မတ်လ ၁၅ ရက်နေ့မှ ယနေ့ မတ် ၁၇ ရက်)နေ့အထိ လူဦးရေ ၂၃၀ ကျော်ကို စစ်ဆေးပြီးဖြစ်ကြောင်း သိရသည်။

ရှေးဟောင်းသမိုင်းဝင် ကျောက်တော်တောင်တွင် ဓာတ်လှေကားတပ်ဆင်ရန် စီစဉ်နေ

Admin 16 Mar 2023

ရခိုင်သမိုင်းတွင် အထင်ကရနေရာတစ်ခုဖြစ်သော ကျောက်တော်မြို့ အရှေ့ဘက်ရှိ သေလာဂီရိမောရပဗ္ဗတတောင်ကို သက်ကြီးရွယ်အိုများ အဆင်ပြေချောမွေ့စွာ ဘုရားဖူးနိုင်ရေးအတွက်  ဓာတ်လှေကားတပ်ဆင်နိုင်ရန် စီစဉ်နေသည်။

စစ်ရေးပဋိပက္ခအတွင်း မီးလောင်ပျက်စီးသွားသည့် နေအိမ်များနှင့်ပတ်သက်၍ စစ်ကောင်စီ နှုတ်ဆိတ်နေ  

Admin 16 Mar 2023

စစ်ရေးပဋိပက္ခအတွင်း ရခိုင်နှင့်  ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ကျေးရွာပေါင်း ၄၈ ရွာမှ နေအိမ်ပေါင်း ၂,၀၀၅ လုံးထိ မီးလောင်ပျက်စီးသွားခဲ့သည်ဟု ရခိုင်အရပ်ဖက်အဖွဲ့အစည်းများ ကောက်ယူထားသည့်စာရင်းအရ သိရသည်။ 

Showing 1,801-1,820 of 8,304 items.