အမေရိကန်မှာ စူပါမားကတ်တစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားပြီး သေဆုံးသူများရှိ
By Admin 23 Nov 2022

ဓာတ်ပုံ - AP
DMG |နိုဝင်ဘာ ၂၃
အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်ရှိ Walmart ဈေးဝယ်စင်တာတစ်ခုတွင် အင်္ဂါနေ့ညဉ့်က ပစ်ခတ်မှု တစ်ခုဖြစ်ပွားပြီး သေဆုံးသူ အများအပြားရှိကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြချက်အရ သိရသည်။
သေဆုံးသူ အရေအတွက်ကို အတိအကျ မသိရသေးသော်လည်း ၁၀ ဦး ဝန်းကျင်ခန့် ဖြစ်နိုင်သည်ဟု သတင်းတွင် ဖော်ပြထားသည်။
ပစ်ခတ်သူသည်လည်း သေဆုံးသွားကြောင်း သတင်းတွင် ဖော်ပြထားသည်။
ရဲများရောက်ရှိလာချိန်၌ ပစ်ခတ်သံများ တိတ်ဆိတ်သွားပြီဖြစ်သော်လည်း သေနတ်သမားသည် ကိုယ့်ကိုယ်ကိုယ် ပစ်ခတ်သွားခြင်း သို့မဟုတ် ရဲများပစ်ခတ်မှုကြောင့် သေဆုံးသွားခြင်း ဆိုသည်ကို သေချာမသိကြောင်း ဖြစ်စဉ်အနီးတစ်ဝိုက်ရှိ မျက်မြင်များက ပြောကြားသည်။
လွန်ခဲ့သည့် သုံးရက်က ကော်လိုရာဒိုပြည်နယ်ရှိ ဂေးကလပ်တစ်ခုတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ ၅ ဦးသေဆုံးပြီး ၁၇ ဦးအထိ ဒဏ်ရာရရှိခဲ့သည်။
၂၀၁၉ ခုနှစ်ကလည်း အယ်လ်ပါဆိုရှိ Walmart ဈေးဝယ်စင်တာတစ်ခုတွင် သေနတ်သမားတစ်ဦးက မက္ကစီကန်လူမျိုးများကို ပစ်မှတ်ထား ပစ်ခတ်မှုများ ပြုလုပ်ခဲ့သဖြင့် လူ ၂၂ ဦး သေဆုံးခဲ့သည်။
မြန်မာ့ရေးရာ

မြန်မာ့ရွေးကောက်ပွဲ နံပါတ်တစ် ဦးစားပေးရမည့်အရာ မဟုတ်ဟု အာဆီယံ ပြော
By Admin 11 Jul 2025

ဘင်္ဂလားဒေ့ရှ်နေ ရခိုင်လူမျိုးများ၏ သုဿာန်မြေများ ကျူးကျော်ခံရပြီး ကျဉ်းမြောင်းလာနေ
By Admin 11 Jul 2025

ဗန်းမော်ထိုးစစ် မရပ်လျှင် မြေရှားသတ္တု မဝယ်ဘဲထားမည်ဟု KIA ကို တရုတ်ခြိမ်းခြောက်
By Admin 08 Jul 2025

ချင်းပြည်နယ်မှ တိုက်ပွဲများကြောင့် အိန္ဒိယဘက်သို့ တိမ်းရှောင်သူ ၄၀၀၀ ခန့်ရှိ
By Admin 08 Jul 2025

မြန်မာနှစ်ဦးအပါအဝင် အမေရိကန်တွင် အကျဉ်းကျခံနေရသူ ၈ ဦး တောင်ဆူဒန်သို့ အပို့ခံရ
By Admin 07 Jul 2025
ထိပ်တန်း သတင်းများ
-
ဖားကန့်တွင် ဆန်ပြတ်လပ်လာနေ
-
တော်လှန်ရေးတပ် ၂၃ ခုထက်မနည်းကို AA ထောက်ပံ့ပေးထား
-
ရန်ကုန်တွင် စစ်ကောင်စီက အရပ်သားများကို ဖမ်းဆီးမှု ဆက်တိုက်လုပ်လာ
-
အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
-
ထိုင်း- မြန်မာနယ်စပ်ရှိ ဝေါလေဗျူဟာစခန်းသိမ်းတိုက်ပွဲ ပြင်းထန်နေ
-
ရခိုင်တွင် အခမဲ့ပညာသင်ကြားရေးစနစ် တိုးမြှင့်လုပ်ဆောင်လာ