- ဆုံးရှုံးနယ်မြေများကို ပြန်သိမ်းရန် စစ်ကောင်စီ အပြင်းအထန်ကြိုးစားနေဟု AA ပြော
- ရက် ၅၀ အတွင်း ယူကရိန်းစစ် မရပ်လျှင် ကုန်စည်ခွန် ၁၀၀ ရာခိုင်နှုန်းကောက်မည်ဟု ရုရှားကို သမ္မတထရမ့် ခြိမ်းခြောက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ရေကြည်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေ
- တက္ကနာ-မောင်တော ကုန်သွယ်ရေး ရပ်နေသည့်အတွက် တက္ကနာဆိပ်ကမ်းရှိ သိုလှောင်ကုန်များ ပျက်စီး
စစ်တွေမှ ပျောက်ဆုံးနေသော ကျောင်းသားသုံးဦးအနက် နှစ်ဦး၏ရုပ်အလောင်းကို ရှာတွေ့၊ ကျန်တစ်ဦးကို ဆက်လက်ရှာဖွေနေ
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အောက်တိုဘာလ ၂၂ ရက်၊ မွန်းလွဲ ၁၁ နာရီကတည်းက ပျောက်ဆုံးသွားသည့် ကျောင်းသား သုံးဦးအနက် နှစ်ဦး၏ရုပ်အလောင်းကို ရှာဖွေတွေ့ရှိထားပြီဖြစ်သည်။
24 Oct 2022

DMG ၊ အောက်တိုဘာ ၂၄
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အောက်တိုဘာလ ၂၂ ရက်၊ မွန်းလွဲ ၁၁ နာရီကတည်းက ပျောက်ဆုံးသွားသည့် ကျောင်းသား သုံးဦးအနက် နှစ်ဦး၏ရုပ်အလောင်းကို ရှာဖွေတွေ့ရှိထားပြီဖြစ်သည်။
ပျောက်ဆုံးကလေးသုံးဦးထဲမှ ဘုမေရွာ လေးထပ်တိုက်နေ မောင်ဇွဲဘုန်းခန့်၏ ရုပ်အလောင်းကို ယနေ့ မွန်းလွဲ ၁၀ နာရီခွဲတွင် ကျေးတောရွာမမြစ်ကမ်းစပ်မှ ရှာဖွေတွေ့ရှိခဲ့သည်ဟု မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ အတည်ပြုထားသည်။
နောက်ထပ် ပြည်တော်သာရပ်ကွက်နေ မောင်ဟိန်းထက်ဝင်းနိုင်၏ ရုပ်အလောင်းကိုလည်း စစ်တွေမြို့နယ်၊ ရွှေမင်းဂံဆိပ်ကမ်းတွင် ယနေ့နေ့လည် ၁၂ နာရီကျော်က တွေ့ရှိထားသည်ဟု ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်းက ဆိုသည်။ ကျန်တစ်ဦးဖြစ်သော ပြည်တော်သာရပ်ကွက်နေ မောင်အောင်လင်းသူကို လူမှုကူညီရေး အသင်းအဖွဲ့များမှ ဒေသခံများမှ ဆက်လက်ရှာဖွေလျက် ရှိနေသည်။
လက်ရှိ အွန်လိုင်းပေါ်ပျံနှံနေသော CCTV မှတ်တမ်းအရ အဆိုပါ ကလေးသုံးဦးသည် ပွိုင့်ကမ်းခြေတွင် ရေကစားနေသည်ကိုတွေ့ရှိရပြီး ဒေသခံများကမူ ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ယူဆကြသည်။ ၎င်းကလေးသုံးဦးမှာ အသက် ၁၁ အရွယ် စတုတ္ထတန်းကျောင်းသားများ ဖြစ်ကြသည်။