ထိုင်းရေနံကုမ္ပဏီ PTTEP မြန်မာနိုင်ငံတွင်း ဓာတ်ငွေ့တူးဖော်မှု လုပ်ငန်းသက်တမ်းကို တိုးမြှင့်နိုင်ခြေရှိ

PTTEP သည် လက်ရှိ၌ မြန်မာနိုင်ငံတွင် ဓာတ်ငွေ့တူးဖော်ရေး လုပ်ကွက် ၂ ခုတွင် လုပ်ငန်းလည်ပတ်လျက်ရှိပြီး ၎င်းတို့အနက် တစ်ခုမှာ ၂၀၂၈ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကာ နောက်တစ်ခုမှာ နှစ်ပေါင်း ၂၀ ခန့်မှ ကုန်ဆုံးမည်ဖြစ်သည်။

By Admin 03 Oct 2023

ဓာတ်ပုံ - Upstream Online
ဓာတ်ပုံ - Upstream Online

မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် နေရာနှစ်ခုတွင် လုပ်ငန်းလိုင်စင်ကို သက်တမ်းထပ်တိုးဖွယ်ရှိကြောင်း ထိုင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီး PTTEP ၏ အမှုဆောင်အရာရှိချုပ်က အောက်တိုဘာလ ၂ ရက်နေ့တွင် ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

PTTEP သည် လက်ရှိ၌ မြန်မာနိုင်ငံတွင် ဓာတ်ငွေ့တူးဖော်ရေး လုပ်ကွက် ၂ ခုတွင် လုပ်ငန်းလည်ပတ်လျက်ရှိပြီး ၎င်းတို့အနက် တစ်ခုမှာ ၂၀၂၈ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကာ နောက်တစ်ခုမှာ နှစ်ပေါင်း ၂၀ ခန့်မှ ကုန်ဆုံးမည်ဖြစ်သည်။

စွမ်းအင်လုံခြုံရေးအတွက် PTTEP သည် မြန်မာနိုင်ငံရှိ လုပ်ကွက်နှစ်ခုကို သက်တမ်းတိုးမြှင့်လိုသည့် ဆန္ဒရှိနေသည်။ အဆိုပါလုပ်ကွက်များသည် မြန်မာ့လျှပ်စစ်ဓာတ်အား သုံးစွဲမှုစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းနှင့် ထိုင်းသုံးစွဲမှု၏ ၂၀ ရာခိုင်နှုန်းကို ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။

“ကျွန်တော်တို့က လုပ်ငန်းတိုးချဲ့နေတာ မဟုတ်ပါဘူး။ ထိုင်းနဲ့မြန်မာအတွက် ဓာတ်ငွေ့လိုအပ်ချက်ကို ဖြည်ဆည်းပေးဖို့ ကြိုးစားနေတာသာ ဖြစ်ပါတယ်” ဟု PTTEP ၏ အမှုဆောင်အရာရှိချုပ် မွန်ထရီ ရာဝန်ချိုင်ကူးက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။

ထိုင်းနိုင်ငံပိုင် PTT ဓာတ်ငွေ့တူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီက အမေရိကန်ကုမ္ပဏီ ချက်ဗရွန်ထံမှ လက်လွှဲယူထားလိုက်သော နိုင်ငံပိုင် ဧရာဝဏ် ဓာတ်ငွေ့တူးဖော်ရေး လုပ်ကွက်သည် ဓာတ်ငွေ့ထွက်ရှိမှု ကျဆင်းလာသည်ကို ရင်ဆိုင်နေရသည်။

ဧရာဝဏ်သည် ၂၀၁၉ ခုနှစ်တွင် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၁၂၀၀ ထွက်ရှိခဲ့သော်လည်း ၂၀၂၃ နှစ်လယ်ခန့်တွင် သန်း ၄၀၀ ခန့်သာ ထွက်ရှိတော့သည်။ ထိုင်းသည် လက်ရှိတွင် နိုင်ငံတွင်း သုံးစွဲမှု စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းခန့်အတွက် သဘာဝဓာတ်ငွေ့ရည်ကို ပြည်ပမှ တင်သွင်းရန် လိုအပ်လျက်ရှိသည်ဟု ရာဝန်ချိုင်ကူး၏ ပြောကြားချက်အရ သိရသည်။

ဗီဒီယိုများ