- သုံးရက်အတွင်း ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၃၀ ကျော်ရှိ
- မောင်တောဒေသတွင် အရေးပါသည့်တံတားများအား စစ်ကောင်စီ ဖျက်ဆီးနေ
- ဘူးသီးတောင်မြို့တွင် မွတ်ဆလင်များ AA ကို ဆန္ဒပြပြန်
- စစ်ကောင်စီထောင်ထားသည့် မိုင်းကိုနင်းမိ၍ ကျောက်ဖြူဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
- မောင်တော ဝေသာလီကျေးရွာမီးရှို့ခံရမှု အမျိုးသမီးတစ်ဦးသေဆုံးပြီး နေအိမ် ၁၅ ဆောင်ပျက်စီး
ဧပြီမှ ဇူလိုင်လအထိ မြန်မာ့သဘာဝဓာတ်ငွေ့ ရောင်းချမှုမှ ကန်ဒေါ်လာ သန်း ၈၀၀ ရရှိ
စစ်တပ်အုပ်ချုပ်နေသည့် မြန်မာနိုင်ငံတွင် ပြီးခဲ့သောဧပြီလမှ ဇူလိုင်လအထိ သဘာဝဓာတ်ငွေ့ ရောင်းချမှုမှ ရရှိသောဝင်ငွေသည် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ရှိခဲ့ပြီး အဓိကအားဖြင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကို တင်ပို့ရောင်းချခြင်းမှ ရရှိခြင်းဖြစ်ကြောင်း အစိုးရပိုင်သတင်းစာက သြဂုတ်လ ၂၅ ရက်နေ့တွင် ဖော်ပြသည်။
26 Aug 2022
DMG ၊ သြဂုတ် ၂၆

လေးလတာအတွင်း ဓာတ်ငွေ့ပိုက်လိုင်းများမှတစ်ဆင့် တင်ပို့ခဲ့သော သဘာဝဓာတ်ငွေ့ ပမာဏသည် ကီလိုလီတာပေါင်း ရ၇.၈၉ သန်းအထိရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝန်ရေး ဝန်ကြီးဌာနက ပြောကြားသည်။ အများစုမှာ ကမ်းလွန်လုပ်ကွက်များဖြစ်သော ရတနာ၊ ရဲတံခွန်၊ ရွှေနှင့် ဇောတိကတို့မှ ဖြစ်သည်။
ပြီးခဲ့သောနှစ် အလားတူကာလတွင် ရရှိခဲ့သည့် ဝင်ငွေထက် ကန်ဒေါ်လာ ၆၀.၇ သန်း ပိုမိုရရှိခဲ့ခြင်းဟု ဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
ထိုင်းနိုင်ငံပိုင် PTT ဓာတ်ငွေ့တူးဖော်ထုတ်လုပ်ရေး (PTTEP) ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ရတနာ၊ ရဲတံခွန်နှင့် ဇောတိကလုပ်ကွက်များမှ ဓာတ်ငွေ့တူးဖော်နေခြင်းဖြစ်သည်။ မြန်မာမှတင်ပို့သည့် ဓာတ်ငွေ့သည် ထိုင်းတစ်နိုင်ငံလုံး၏ သဘာဝဓာတ်ငွေလိုအပ်ချက်၏ ၁၄ ရာခိုင်နှုန်းရှိသည်။
မြန်မာနိုင်ငံတွင် ဓာတ်ငွေ့တူးဖော်မှုများ လုပ်ကိုင်ခဲ့သည့် ချက်ဗရွန်နှင့် တိုတယ်ကုမ္ပဏီတို့သည် နိုင်ငံတွင် အာဏာသိမ်းမှုနောက်ပိုင်း လူ့အခွင့်အရေး အခြေအနေများ ဆိုးဝါးလာမှုကို ထောက်ပြကာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံမှ လုပ်ငန်းများ ရုပ်သိမ်းခဲ့သည်။