- ပုဏ္ဏားကျွန်းတွင် မြန်မာစစ်တပ်နှင့် AA တို့ စစ်သုံ့ပန်းများ ထပ်မံလှဲလှယ်
- အခြေခံကျောင်းသားများသမဂ္ဂ(စစ်တွေမြို့နယ်) ဖွဲ့စည်းထားမှုကို အသိအမှတ်ပြုပေးရန် တောင်းဆို
- ရခိုင်နှင့် ပလက်ဝတွင် မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် တစ်နှစ်အတွင်း သေဆုံး၊ ဒဏ်ရာရသူ ၂၂၀ ကျော်ရှိခဲ့
- မြောက်ဦးက စစ်ဘေးရှောင်များအတွက် ရိက္ခာထောက်ပံ့သည့် အစီအစဉ်ကို ICRC မှ WFP သို့ လွှဲပြောင်း
- စစ်ကောင်စီအစီအစဉ်ဖြင့် နေရပ်ပြန်သွားကြသော စစ်ဘေးရှောင်များ ဘ၀ရပ်တည်ရေး ခက်ခဲနေ
- ဘူးသီးတောင်တွင် မြေမြှုပ်မိုင်းပေါက်ကွဲပြီး ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ
- ၂၀၂၂ တွင် မြန်မာနိုင်ငံ၌ ဘိန်းစိုက်ဧက တစ်သိန်းနီးပါးအထိ မြင့်တက်ခဲ့ကြောင်း ကုလထုတ်ပြန်
- မင်းပြားတွင် မိုင်းနင်းမိ၍ အမျိုးသားတစ်ဦး သေဆုံး
ဒုက္ခသည်စခန်းထဲတွင် ဆယ်စုနှစ်တစ်ခုကြာ ဖြတ်သန်းနေကြရသူများ (ဓာတ်ပုံအက်ဆေး)
ဒုက္ခသည်စခန်းများတွင် ယခင်ကထက် လူဦးရေတိုးပွားလာ၍ မိသားစုဝင်များနေထိုင်ရန် အခက်အခဲရှိနေကြပြီး နေအိမ်များ တိုးချဲ့ဆောက်လုပ်ပေးရန် မွတ်ဆလင်ဒုက္ခသည်များက လိုလားနေကြသည်။
23 Jan 2023

DMG ၊ ဓာတ်ပုံအက်ဆေး
ရခိုင်ပြည်အတွင်း ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် မွတ်ဆလင်အများအပြားမှာ စစ်တွေ၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူမြို့နယ်ရှိ ဒုက္ခသည်စခန်းအသီးသီး၌ ခိုလှုံနေကြသည်မှာ ဆယ်စုနှစ်တစ်ခုအထိ ကြာမြင့်လာခဲ့ပြီဖြစ်သည်။
စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်းအချို့တွင် နိုင်ငံတကာအဖွဲ့အစည်းများ၏ စားနပ်ရိက္ခာ ထောက်ပံ့မှုများကို ပုံမှန်ရရှိနေကြသည်။ သို့သော် ဒုက္ခသည်စခန်းများတွင် ယခင်ကထက် လူဦးရေတိုးပွားလာ၍ မိသားစုဝင်များနေထိုင်ရန် အခက်အခဲရှိနေကြပြီး နေအိမ်များ တိုးချဲ့ဆောက်လုပ်ပေးရန် မွတ်ဆလင်ဒုက္ခသည်များက လိုလားနေကြသည်။
စစ်တွေမြို့နယ်တွင် မွတ်ဆလင်ဒုက္ခသည်စခန်း ၁၂ ခုရှိပြီး ဒုက္ခသည်ဦးရေ တစ်သိန်းခုနှစ်ထောင်ကျော်ရှိကြောင်း သိရသည်။
၂၀၁၂ ခုနှစ်တွင် မွတ်ဆလင်နှင့် ရခိုင်တို့ကြားတွင် ပဋိပက္ခများဖြစ်ပေါ်ခဲ့သော်လည်း လက်ရှိတွင် နှစ်ဘက်ဆက်ဆံရေး ကောင်းမွန်လာနေပြီး မွတ်ဆလင်များသည်လည်း မြို့ပေါ်သို့လာရောက်ကာ အလုပ်လုပ်ကိုင်မှုများ ပြန်လည်ရှိလာနေသည်ကို တွေ့ရသည်။
သို့ရာတွင် မွတ်ဆလင်များမှာ ရခိုင်ပြည်ပြင်ပသို့ ထွက်ခွာလျှင် အာဏာပိုင်များကဖမ်းဆီးပြီး လဝကအက်ဥပဒေနှင့် အမှုဖွင့်အရေးယူခြင်းများကို ကြုံတွေ့နေကြရသည်။
#I008 #I002