ကျွဲကူးမြစ်ကမ်းနံဘေးက အကျည်းတန်မြို့ငယ်

Admin 01 Apr 2024

ရခိုင်မှာ စစ်ကောင်စီနဲ့ AA တို့ တတိယအကြိမ် တကျော့ပြန်တိုက်ပွဲအတွင်း AA က ပထမဆုံးသိမ်းပိုက်ရရှိခဲ့တဲ့ ကျွဲကူးမြစ်ကမ်းနံဘေးက ပေါက်တောမြို့ဟာ ဒီကနေ့အထိ လူသူကင်းမဲ့ကာ တိတ်ဆိတ်ခြောက်ကပ်လို့ နေပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁၇ ၊၂ ၊ ၂၀၁၈)

17 Feb 2018

- ပထမအသုတ်အဖြစ် နေရပ်ပြန်ပို့မယ့် ဘင်္ဂါလီ ၈ ထောင်ကျော်ရဲ့ အမည်စာရင်းတွေကို မြန်မာဖက်သို့ လွဲပြောင်းပေးအပ်

- ရခိုင်ပြည်နယ်အစိုးရက ရောင်းချမယ့် တန်ဖိုးနည်းတိုက်ခန်း (၇၂) ခန်းကိုဝယ်ယူဖို့ လျှာက်လွှာတင်သွင်းထားသူ ၄၀၀ ကျော်ရှိ

- ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ်လုံးဆိုင်ရာ ကျောင်းပေါင်းစုံအာစရိယပူဇော်ပွဲ ကျင်းပပြုလုပ်မယ့်သတင်းတို့ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁၃ ၊ ၂ ၊ ၂၀၁၈)

13 Feb 2018

- မြောက်ဦးပဋိပက္ခမှာ အင်အားသုံးအကြမ်းဖက်နှိမ်နင်းခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူပေးဖို့နဲ့ ဒေါက်တာအေးမောင်၊ ဝေဟင်အောင်တို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အမေရိကန်ရောက် ရခိုင်တိုင်းရင်းသားတွေ ဆန္ဒဖော်ထုတ်

- ကမန်တိုင်းရင်းသားတွေ နေထိုင်တဲ့ သာယာကုန်းကျေးရွာမှာ အလယ်တန်းကျောင်းတစ်ခု ဆောက်လုပ်ပေးနိုင်ဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ကမန်ခေါင်းတို့ တွေ့ဆုံဆွေးနွေးနေ

- မြောက်ဦးမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ တင်ဒါပေးအပ်တဲ့အခါမှာ စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီဘူးလို့ ဒေသခံ ကုမ္ပဏီ ၁၀ ကျော်က ပြည်နယ်ဝန်ကြီးချုပ်ကို တိုင်ကြား

- ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဗဟိုအလုပ်အမှုဆောင်တွေ အောက်ခြေအဆင့် လိုအပ်ချက်တွေကို သိရှိနိုင်ဖို့ မာန်အောင်မြို့နယ်က ပါတီဝင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၆ ၊ ၂ ၊ ၂၀၁၈)

06 Feb 2018

- မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် လုပ်ကြံသတ်ဖြတ်ခံရမှုဟာ ရက္ခိုင့်တပ်မတော်နဲ့ မဆိုင်ဘူးလို့ ငြင်းဆို

- မောင်တောမြို့နယ်အတွင်းက ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေကို လူမူဝန်ထမ်းဦးစီးဌာနက ထောက်ပံ့ငွေတွေ ပေးအပ်

- မြောက်ဦးမြို့မှာ ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း အခြားမြို့နယ်တွေမှာ ကျင်းပဖို့စီစဉ်ထားတဲ့ စာပေဟောပြောပွဲတွေကိုလည်း ဖျက်သိမ်းလိုက်ကြ

- ဒေသတွင်း ဆင်းရဲမွဲတည်မှု လျော့ချရေး လူထုဗဟိုပြုအလုပ်ရုံဆွေးနွေးပွဲ မိတ်ဆက် အခမ်းအနားကို ပုဏ္ဏားကျွန်းမြို့ပေါ်မှာ ကျင်းပခဲ့တဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁ ၊ ၂ ၊ ၂၀၁၈)

01 Feb 2018

- မြောက်က်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်ရဲ့ ရုပ်အလောင်းကို စစ်တွေသုဿန်မှာ ဒီကနေ့ မီးသဂြိုဟ်

- ရဲထွက်ဆိုချက်တွေကွဲလွဲနေတယ်လို့ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက် ပြော

- ရခိုင်ပြည်နယ်လွှတ်တော်က တာဝန်ပေးအပ်ထားတဲ့ မြောက်ဦးဖြစ်စဉ်စုံစမ်းရေးကော်မတီရဲ့ အစီရင်ခံစာကို စောင့်ကြည့် သွားမယ်လို့ လူမှုအဖွဲ့အစည်းများကိုယ်စားပြုကော်မတီကပြော

- လေမုန်တိုင်းကြောင့် မာန်အောင်မြို့သို့ ရောက်ရှိလာတဲ့ ဘင်္ဂလီနှစ်ဦးကို ဒေသအာဏာပိုင်တွေက စစ်တွေမြို့သို့ ပို့ဆောင်မယ်ဆိုတဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂၉ ၊ ၁ ၊ ၂၀၁၈)

29 Jan 2018

- မောင်တောမြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသား ၈၀၀ ကျော်ကို စာစစ်ဌာနသုံးခုမှာ စစ်ဆေးသွားမယ်

- ဒေါက်တာအေးမောင်နဲ့ ဝေဟင်အောင်တို့ကို ရုံးထုတ်တဲ့အခါမှာ မိသားစုကို တွေ့ခွင့်ပေးဖို့နဲ့ လုံခြုံရေးတိုးမြှင့်ချထားတာကို လျော့ချပေးဖို့ တောင်းဆို

- မြောက်ဦးပဋိပက္ခဖြစ်စဉ်အတွက် ရခိုင်ပြည်နယ်လွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ရာမှာ ကန့်ကွက်သူတွေရှိတဲ့အတွက် မဲခွဲဆုံးဖြတ်ခဲ့ရ

- ၇၁ ကြိမ်မြောက်ပြည်ထောင်စုနေ့ မြန်မာ့လက်ရာပွဲတော်မှာ ရခိုင်ရိုးရာရွှေပန်းထိမ်လုပ်ငန်းအကြောင်း ပါဝင်မယ်ဆိုတဲ့ သတင်းတို့ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂၇ ၊ ၁ ၊ ၂၀၁၈)

27 Jan 2018

- မြောက်ဦးကို ခရီးသည်ဝင်ရောက်မှုနည်းတာဟာ လတ်တလောဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ မဆိုင်ဘဲ မောင်တောခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်နဲ့ သက်ဆိုင်

- သာသနာ့အာဇာနည်တွေ ပေါ်ထွန်းဖို့ ကျောက်ဖြူမြို့မှာ အမျိုးသားပါဠိပထမပြန် စာမေးပွဲ ကျင်းပနေ

- ဇီးချိုင်ကျေးရွာက ရေလုပ်သားတွေမှာ ငါး၊ ပုစွန် ဖမ်းဆီးရရှိမှု နည်းပါးလို့ စားဝတ်နေရေးကို ထိခိုက်လာ

- ရှေးဟောင်း မြောက်ဦးမြို့တော်မှာရှိတဲ့ အာနန္ဒစန္ဒြကျောက်စာကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းအဖြစ် လာမယ့် မတ်လမှာ ကမ္ဘာ့အဆင့်သို့ တင်သွင်းမယ်ဆိုတဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂၅ ၊ ၁ ၊ ၂၀၁၈)

25 Jan 2018

- ပိုလျှံရံပုံငွေ သုံးစွဲခွင့်နဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ယူ

- ပြန်လာမယ့် ဘင်္ဂလီတွေဟာ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထားက အဓိကအချက် ဖြစ်တယ်လို့ လဝက အရှာရှိတစ်ဦးက ပြောဆို

- မြောက်ဦးဖြစ်စဉ်မှာ ပြည်သူအပေါ် အကြမ်းဖက်သမားလို နှိမ်နင်းတဲ့ပုံစံမျိုးဆောင်ရွက်ခဲ့အတွက် တာဝန်ရှိတဲ့အစိုးရက ဖော်ထုတ်အရေးယူပေးဖို့ လိုအပ်တယ်လို့ စစ်တွေမြို့မိ၊မြို့ဖအဖွဲ့က ထောက်ပြ

- ပုဏ္ဏားကျွန်းမြို့မှာ သွားနဲ့ခံတွင်းဝေဒနာရှင်တွေကို မြန်မာနိုင်ငံသွားနှင့်ခံတွင်း ဆရာဝန်အသင်းမှ အခမဲ့ကုသ ပေးနေတဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂၄ ၊ ၁ ၊ ၂၀၁၈)

24 Jan 2018

- ရခိုင်မျိုးချစ်ပါတီဖက်က ပေါင်းစည်းဖို့ ကမ်းလှမ်းတဲ့အပေါ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ညီလာပြီးမှ ဆုံးဖြတ်သွားမယ်

- ကျောက်ဖြူမြို့မှာ တစ်ပိုင်တစ်နိုင်လုပ်မယ့် စားသောက်ကုန် လုပ်ငန်းရှင်တွေ FDA မှာ လုပ်ငန်းလိုင်စင် လျှောက်ပြီးလုပ်ကြဖို့ အသိပေး

- ရမ်းဗြဲမြို့နယ်က သဘာဝအတိုင်း ငါးပုစွန်မွှေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူတွေ နည်းပညာအထောက်အပံ့ လိုအပ်နေ

- အာနန္ဒစန္ဒြကျောက်စာကို ကမ္ဘာမှတ်တမ်းဝင်ဖြစ်ဖို့ ဆောင်ရွက်နေမှုကို အထောက်အကူပြုစေမယ့် ရခိုင်သက္ကတစာပေဆိုင်ရာ စာတမ်းဖတ်ပွဲတစ်ခုကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂၃ ၊ ၁ ၊ ၂၀၁၈)

23 Jan 2018

- မောင်တောမြို့နယ်မှာ ဘင်္ဂလီတွေ ပြန်လည်လက်ခံရေးစခန်း နှစ်ခုကို ဒီကနေ့ စတင်ဖွင့်လှစ်

- မြောက်ဦးဖြစ်စဉ်အတွင်း ဒဏ်ရာရှိပြီး စစ်တွေဆေးရုံမှာ ဆေးဝါးကုသခံယူနေကြတဲ့ လူနာတွေကို စုံစမ်းစစ်ဆေးဖို့ အချုပ်သားလူနာဆောင်သို့ ပြောင်းရွေ့

- ရိုက်တာသတင်းဌာနက သတင်းထောက် ကိုဝလုံးနဲ့ ကျော်စိုးဦးတို့အမှုရဲ့ တရားလို ဒုတိယရဲမှူးကြီးယုနိုင်ကို ဒီနေ့ရုံးချိန်းမှာ စတင်စစ်ဆေး

- ရမ်းဗြဲမြို့နယ်မှာ စာသင်ကျောင်းလိုအပ်ချက်တွေ ရှိနေသလို ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့လည်း ပညာရေးပိုင်းမှာ စိတ်ပါဝင်စားမှု အားနည်းနေတဲ့သတင်းတို့ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂၂ ၊ ၁ ၊ ၂၀၁၈)

22 Jan 2018

သာလီစွပါ (Daily News 22. 1.2018)
DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်

- တာဝန်မကျေ၊ ပျက်ကွက်မှားယွင်းတာတွေရှိခဲ့ရင် အရေးယူခံဖို့ အဆင့်သင့်ရှိကြောင်း ဝန်ကြီးချုပ် ဦးညီပု ပြော

- ရခိုင် - ဗမာမုန်းတီးရေးကို မလုပ်ဆောင်ကြဖို့ ရခိုင်ပြည်နယ်အစိုးရက ဒီကနေ့စစ်တွေရှိ လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံရာမှာ တိုက်တွန်း

- မြောက်ဦးကိစ္စမှာ ငြိဝပ်ပိပြားရေးကို ခေတ်ဟောင်းက ကျင့်သုံးသလိုမျိုး လုပ်တယ်ဆိုရင် ဒီမိုကရေစီဆိုတာ ဘာထူးသလဲလို့ အစိုးရကို မေးခွန်းထုတ်

- ဗျာလသီချင်းဖြင့် လူသိများလာတဲ့ ရခိုင်တေးသံရှင် ကိုကိုနိုင် ရဲ့ နောက်ဆုံးခရီးကို အနုပညာအသိုင်းအဝိုင်းနဲ့ လူအများအပြား လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂၁ ၊ ၁ ၊ ၂၀၁၈)

21 Jan 2018

- မြောက်ဦးပဋိပက္ခမှာ ရဲတပ်ဖွဲ့ဝင်တွေကို ဥပဒေအရ အရေးယူနိုင်ဖို့ အကူအညီပေးနိုင်တဲ့ အဖွဲ့အစည်းတွေကို သေဆုံးသွားတဲ့ မိသားစုဝင်တွေက လိုလားနေ

- လွိုင်ကော်မြို့မှာ ထောင်ချုပ်ခံထားရတဲ့ လူငယ် ၃ ဦးကို နှစ်ရှည်အကျဉ်းသားထားတဲ့ အဆောင်မှာ မထားဖို့ ကယားလူမှုအဖွဲ့အစည်း ၈ ဖွဲ့က တောင်းဆို

- ပြည်နယ်လွှတ်တော်ဆုံးဖြတ်မှု ဖွဲ့စည်းပုံခုံရုံးတက်နိုင်ဖို့ စီစဉ်နေတာတွေရှိတယ်လို့ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်ကပြော

- ရမ်းဗြဲမြို့နယ်မှာ ကျေးလက်ကျန်းမာရေးဌာနခွဲရှိနေပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းမှာ အဆင်မပြေဖြစ်နေတယ်လို့ ဒေသခံတွေကပြောတဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂၀ ၊ ၁ ၊ ၂၀၁၈)

20 Jan 2018

- ရခိုင်ပြည်နယ်ရဲ့ လက်ရှိမတည်ငြိမ်မှုတွေကြောင့် စစ်တွေမြို့မှာ ပြုလုပ်မယ့် ရခိုင်ရိုးရာရထားဆွဲပွဲတော်ကို ဖျက်သိမ်း

- မြောက်ဦးပဋိပက္ခနဲ့ပတ်သက်ပြီး တည်ငြိမ်အေးချမ်းရေးကိုအနှောင့်အယှက်ဖြစ်မှာစိုးရိမ်တဲ့အတွက် ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှာ လုံခြုံရေးကိုတိုးမြှင့်

- ဘင်္ဂလားဒေ့ရှ်က ပြန်လည်ဝင်ရောက်လာမယ့် ဘင်္ဂလီတွေကို လက်ခံဖို့ လဝက အရာရှိ ၅၇ ဦး မောင်တောကို ရောက်ရှိ

- နိုင်ငံရေးအသိတွေ ဖွံ့ဖြိုးဖို့ရည်ရွယ်တဲ့ လူငယ်ညီလာခံကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျောက်ဖြူမြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁၉ ၊ ၁ ၊ ၂၀၁၈)

19 Jan 2018

- မြောက်ဦးဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြင်ပပုဂ္ဂိုလ်တွေပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစုံစမ်းဖို့ စစ်တွေမြို့နယ်လူမှုအဖွဲ့အစည်းများကိုယ်စားပြုကော်မတီ တောင်းဆို

- ပုဒ်မ ၁၇ (၁)နဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါက်တာအေးမောင်ရဲ့နေအိမ်အတွင်း သက်ဆိုင်ရာက ဝင်ရောက်ရှာဖွေခဲ့ပေမယ့် သက်သေတစ်စုံတစ်ရာ မတွေ့ရှိခဲ့

- ရမ်းဗြဲမြို့မှာ မြို့သစ်စီမံကိန်းတစ်ခုကို အစိုးရရဲ့ခွင့်ပြုချက်ဖြင့် လုပ်ဆောင်နေပြီး ပိုလျှံတဲ့မြေတွေကိုလည်း ပြန်လည်ရောင်းချပေးသွားမယ်

- ကျောက်ဖြူဒေသအတွင်းက မျက်စိဝေဒနာရှင်တွေကို MCM ကုမ္ပဏီရဲ့ အကူအညီနဲ့ အခမဲ့စမ်းသပ်ခွဲစိတ်မှုတွေပြုလုပ်ခဲ့တဲ့ သတင်းတွေဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁၈ ၊ ၁ ၊ ၂၀၁၈)

18 Jan 2018

- မြောက်ဦးပဋိပက္ခနဲ့ ပတ်သက်ပြီး သေဆုံးရာမှာပါဝင်သွားသူတွေရဲ့ မိသားစုတွေရဲ့ ရင်ဖွင့်သံ

- ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ပုဒ်မသုံးခုနဲ့ ဖမ်းဆီးပြီး စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထား

- မောင်တောမြို့နယ်မှာ ဘင်္ဂလီတွေက ရခိုင်တိုင်းရင်းသားတွေကို ဝိုင်းရိုက်တဲ့အတွက် တစ်ဦးမှာ ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာရရှိ

- ကျောက်ဖြူပြည်သူ့ဆေးရုံကြီးမှာ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ဆေးပစ္စည်းကိရိယာနှင့် အထူးကုဆရာဝန်ကြီးတွေ လိုအပ်နေ

- နောက်ဆုံးသတင်းအဖြစ် နေပြည်တော်မှာ တိုင်းရင်းသားလူမျိုး စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးဆွေးနွေးပွဲတစ်ခုကို ကျင်းပနေတဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁၇ ၊ ၁ ၊ ၂၀၁၈)

17 Jan 2018

- မြောက်ဦးပဋိပက္ခမှာ ရဲတွေ သေနတ်နဲ့ ပတ်ခတ်လို့ သေဆုံးသွားသူတွေအတွက် ပြည်နယ်အစိုးရအနေနဲ့ ထိရောက်စွာအရေးယူပေးဖို့ မိသားစုဝင်တွေက တောင်းဆို

- မြောက်ဦးပဋိပက္ခမှာ ထိခိုက်သေဆုံးသူတွေအတွက် အစိုးရကတာဝန်ယူပေးဖို့ ပြည်နယ်အစိုးရရုံးရှေ့မှာ လူငယ်တွေ ဆန္ဒပြတောင်းဆို

- မာန်အောင်မြို့နယ်က ကျောင်းသား၊ ကျောင်းသူတွေနဲ့ ကျောင်းသားမိဘတွေဟာ အစိုးရကျောင်းတွေအပေါ်မှာ ယုံကြည်ချက် ကင်းမဲ့နေ

- ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေ မပျက်စီးအောင် ထိန်းသိမ်းဖို့ လက်နက်ကိုင် နှစ်ဘက်လုံးမှာ တာဝန်ရှိတယ်လို့ JMC-U ဒုတိယ ဥက္ကဌက ပြောဆိုလိုက်တဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁၆ ၊ ၁ ၊ ၂၀၁၈)

16 Jan 2018

- သတင်းမီဒီယာလောကထဲမှာ နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့တဲ့ ဦးအောင်လှထွန်းကို ပြန်ကြားရေး ဒုဝန်ကြီးအဖြစ် ခန့်အပ်လိုက်တဲ့အပေါ်မှာ တိုင်းရင်းသားမီဒီယာတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ကို မျှော်လင့်

- မောင်တောတောင်ပိုင်းမှာ စိုက်ပျိုးရေးသင်တန်းကျောင်းတစ်ခုတည်ဆောက်ပြီး ငှက်ပျောစိုက်သင်တန်းပေး

- အကြမ်းဖက်မှုတွေကို ကျူးလွန်ပြီး တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားတဲ့ အကြမ်းဖက်သမား ၄၀၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ် အစိုးရကဖမ်းဆီးပြီး မြန်မာနိုင်ငံကိုလွှဲပြောင်းပေးသင့်တယ်လို့ ရခိုင်အမျိုးသားပါတီက တောင်းဆို

- မောင်တောမြို့နယ် အိုးထိန်းကျေးရွာမှာ ဟိန္ဒူဘာသာဝင်တွေအတွက် ယာယီမိုးကာတဲတွေ တည်ဆောက်ပေးတော့မယ့် သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁၂ ၊ ၁ ၊ ၂၀၁၈)

12 Jan 2018

- ကမန်တိုင်းရင်းသား အဖြစ်ခံယူနေတာတွေရှိတဲ့အတွက် ဘင်္ဂါလီတွေက ကမန်မဖြစ်စေရေး ကျောက်နီမော်ဒေသခံတွေ ဆန္ဒဖေါ်ထုတ်

- ရခိုင်အမျိုးသားပါတီအတွင်း ဥက္ကဌ တာဝန်ကိုဆက်မထားရန်အတွက် အဆင့်ဆင့်စီစဉ်ထားတယ်လို့ ဒေါက်တာအေးမောင် ပြော

- ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ အခက်အခဲရှိတဲ့ကျေးရွာတွေအတွက် ချင်းပြည်နယ်အတွင်းက ကောက်ခံရရှိတဲ့ ငွေကျပ်သိန်း ၆၀ ခန့်ကို လှူဒါန်းသွားမယ် ဆိုတဲ့ သတင်းတွေ ဖြစ်ပါတယယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁၁ ၊ ၁ ၊ ၂၀၁၈)

11 Jan 2018

- မောင်တောဒေသက ပညာရေးဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် ကျောင်းကြိုပို့ကားတွေ တောင်းဆို
 
- ကျေးရွာ ၇ ရွာကို ဆက်သွယ်ဖောက်လုပ်နေတဲ့ ကျောက်ချောလမ်းကို လမ်းအရည်အသွေးမီဆောင်ရွက်ပေးဖို့လိုလား

- မောင်တောဒေသက ရိတ်သိမ်းသူမဲ့စပါးတွေကို အစိုးရက ရိတ်သိမ်းရောင်းချမှု ရပ်တန့်လိုက်ပြီဖြစ်

- မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရဲ့ အကူအညီနဲ့ ရခိုင်ပြည်နယ်မှာ သတင်းစာတစ်စောင်ထုတ်ဝေသွားဖို့ရှိ

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁၀ ၊ ၁ ၊ ၂၀၁၈)

10 Jan 2018

- မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကနေဦးဆောင်ပြီး မောင်တောဒေသကို သွားရောက်သတင်းရယူမှုတွေ ပြုလုပ်

- မူးယစ်ဆေးဝါးအန္တရာယ်ကိုဘယ်လိုကာကွယ်သွားမလဲ စတဲ့ခေါင်းစဉ်နဲ့ စစ်တွေမြို့နယ်အတွင်းမှာ ဆွေးနွေး

- မာန်အောင်တစ်ပိုင်တစ်နိုင်ရေလုပ်သားတွေရဲ့ အခက်အခဲတွေကို ပြည်နယ်အစိုးရအနေနဲ့ အကာအကွယ် ပေးသင့်တယ်လို့ ဒေသခံရေလုပ်သားတွေပြော

- BXT အိမ်ယာမြေဖော်ထုတ်မှုကြောင့် ကုန်တင်ကုန်ချလှေလုပ်ငန်းနဲ့ ဝမ်းစာရှာသူတွေ အခက်အခဲကြုံတွေ့နေ စတဲ့ သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

Showing 1-20 of 176 items.