02 Jul 2017
သာလီစွပါ …
DMG သတင်းဌာနက တင်ဆက်တဲ့ DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ ဝါဆိုလဆန်း (၈) ရက်၊ ခရစ်နှစ် ၂၀၁၇ ခုနှစ် ၊ ဇူလိုင်လ ၁ ရက် စနေနေ့အတွက် ရခိုင်ပြည်နယ်အတွင်းက နောက်ဆုံးရရှိထားတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့ တင်ဆက်မယ့်သတင်းတွေက
- မောင်တောဒေသမှာ အကြမ်းဖက်သတ်ဖြတ်ခံရသူ ၄၁ ဦးရှိပြီး ပျောက်ဆုံးနေသူ ၂၃ ဦးအထိရှိနေတဲ့သတင်း ၊
- ရခိုင်ပြည်နယ် ၊ ပေါက်တောမြို့နယ်မှာ ဆိုလာပြားပေးမယ်ဆိုပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးရုံးက ငွေကြေးကောက်ခံမှုတွေ ပြုလုပ်ခဲ့ပေမယ့် တစ်နှစ်ကျော်ကြာတဲ့အချိန်အထိ ဆိုလာပြားမပေးသေးတာကြောင့် ဒေသခံတွေဖက်က တရားစွဲဆိုဖို့ အလားအလာရှိနေတဲ့သတင်း ၊
- ရခိုင်ပြည်နယ်မှာ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာရင် အရေးပေါ်စီမံခန့်ခွဲရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ လုပ်ငန်းစဉ်တွေ ရေးဆွဲနေတဲ့သတင်း ၊
- ရခိုင်ပြည်နယ်မှာ အခုနှစ် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း စာသင်ကျောင်းဆောင်သစ်(၂၀၀) ခန့်ထိ တိုးချဲ့ တည်ဆောက်သွားမယ့်သတင်း တို့ဖြစ်ပါတယ်။
DTV NEWS ကို သတင်းတွေ ပေးပို့ချင်တယ်ဆိုရင်တော့ ၀၉၄၅၆၂၃၂၉၂၄ နဲ့ ၀၉၂၅၃၀၇၄၈၉၆ တို့ကို ဆက်သွယ်ပေးပို့နိုင်ပါတယ်။ Email နဲ့ ဆက်သွယ်ချင်တယ်ဆိုရင်တော့ dtvnews17@gmail.com နဲ့ dnewsjournal@gmail.com တို့ကို ဆက်သွယ်ပေးပို့နိုင်ပါတယ်။
DTV NEWS ရုပ်သံအစီအစဉ်ကို ကြည့်ရှုအားပေးကြတဲ့ မိဘပြည်သူအပေါင်းတို့ကို ကျေးဇူး အထူးတင်ရှိပါတယ်။
{youtube}yuDNtHysOH8{/youtube}