ကျောက်ဖြူမြို့နယ်မှာ ကျောင်းသုံးပိုနှိပ်စာအုပ်တွေ လုံလောက်မှုမရှိဘူး

20 Jun 2017

၂၀၁၇-၂၀၁၈ ပညာနှစ်အတွက် ကျောက်သုံးပုံနှိပ်စာအုပ်တွေကို အစိုးရမှအခမဲ့ထုတ်ပေးခဲ့ပေမယ့် ကျောက်ဖြူမြို့နယ်မှာ လုံလောက်မှု့မရှိသဖြင့် ကျောင်းသား ကျောင်းသူအချို့ အခက်ခဲရှိနေကြတယ်လို့ သိရပါတယ်။

သံတွဲမြို့နယ် ရေဘေးကြိုတင်ပြင်ဆင်နိုင်ဖို့ သတိပေးနိုးဆော်

20 Jun 2017

မိုးဇလရဲ့ ဇွန်လ ၂၀ ရက်နေ့ နံနက် ၆ နာရီ တိုင်းထွက်ချက်အရ သံတွဲမြို့ရဲ့ မိုးရေချိန်မှာ ၁၀.၄၇ လက်မဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းမှူကြောင့် သံတွဲမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်း လျက်ရှိရာ မိုးလေဝသခန့်မှန်းချက်များအရ အခုရှိအချိန်မှစပြီး နောက် ၄၈ နာရီအထိ ရခိုင်ပြည်နယ်အတွင်း မိုးရွာသွန်းမှုပိုမိုလာနိုင်ကြောင်း သိရှိရပါတယ်။

တစ်နှစ်ကျော်ကာလအတွင်းလယ်ယာမြေသိမ်းဆည်းခံရမှု အမှုတွဲ ၂ ထောင်ကျော်ထိရှိ

18 Jun 2017

ယခုရခိုင်ပြည်နယ် အစိုးရလက်ထက် ပြည်နယ်လွှတ်တော်ကဖွဲ့စည်းထားတဲ့ လယ်ယာသားငါးသစ်တောနဲ့ ဆည်မြောင်းကော်မတီထံကို တစ်နှစ်ကျော်ကာလအတွင်း လယ်ယာမြေသိမ်းဆည်းခံရမှု အမှုတွဲ ၂၂၀၀ ကျော်တိုင်ကြားမှုရှိနေပြီး ၁၇၀ ကျော်ခန့်သာ ကိုင်တွယ်ဖြေရှင်းမှု ပြုလုပ်ဆဲဖြစ်ကြောင်းကော်မတီဥက္ကဌ ဦးအောင်ဝင်းက DMG ကိုပြောဆိုလိုက်ပါတယ်။

သံတွဲခရိုင်မှာ ၁၀ တန်း အောင်ချက်မြင့်အားမှု ဂွမြို့နယ် ပထမနေရာယူ

17 Jun 2017

ရခိုင်ပြည်နယ် သံတွဲခရိုင်မှာ ယခုနှစ်တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်မှု အောင်ချက်အများဆုံးမြို့မှာ ဂွမြို့ဖြစ်ပြီး သံတွဲမြို့က ဒုတိယ နဲ့ တောင်ကုတ်မြို့က တတိယဖြစ်တယ်လို့သံတွဲခရိုင်အခြေံပညာဦးစီးဌာန ခရိုင်ပညာရေးမှူးရုံးက သိရပါတယ်။

DTV NEWS ရုပ်သံရဲ့ညနေခင်းသတင်းအစီအစဉ် (၁၇.၆.၂၀၁၇)

17 Jun 2017

သာလီစွပါ …

DMG သတင်းဌာနကတင်ဆက်တဲ့ DTV NEWS ရုပ်သံရဲ့ညနေခင်းသတင်းအစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ နယုန်လဆုတ် (၈) ရက်၊ ခရစ်နှစ် ၂၀၁၇ ခုနှစ် ဇွန်လ ၁၇ ရက် စနေနေ့အတွက် ရခိုင်ပြည်နယ်အတွင်းကနောက်ဆုံးရရှိထားတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် အောင်ချက်ကျဆင်းခြင်းဟာ မသာမာမှုကင်းဝေးအောင် ဆောင်ရွက်ခြင်းကြောင့်ဟုဆို

17 Jun 2017

ရခိုင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်း ကျဆင်းခြင်းဟာ မသမာမှုကင်းဝေးအောင် ဆောင်ရွက်တဲ့စီမံကိန်းကြောင့်ဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပြည်နယ်ပညာရေးမှုး ဦးအောင်ကျော်ထွန်းက DMG ကိုပြောဆိုလိုက်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၉.၆.၂၀၁၇)

09 Jun 2017

သာလီစွပါ

DMG သတင်းဌာနကတင်ဆက်တဲ့ DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ နယုန်လပြည့်နေ့၊ ခရစ်နှစ် ၂၀၁၇ ခုနှစ် ဇွန်လ ရက် သောကြာနေ့အတွက် ရခိုင်ပြည်နယ်အတွင်းက နောက်ဆုံးရရှိထားတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

လမ်းလျှောက် စကားပြောစက် အလုံး ၄၀ သိမ်းဆည်းရမိခဲ့တဲ့အပြင် တရားမဝင် ဝင်ရောက်မည့်သူတို့ကို ဖမ်းဆီး

03 Jun 2017

မောင်တောမြို့နယ် ဇီးပင်ချောင်းစခန်းမှ နယ်မြေလုံခြုံရေး ပူးပေါင်းအဖွဲ့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက နယ်မြေရှင်းလင်း ဆောင်ရွက်စဉ် ချောင်းကုလား မြောက်ရွာနေ အိမ်တစ်လုံးမှ စကားပြောစက် အလုံး(၄၀)နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ နိုင်ငံတော် အတိုင်းပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

သံတွဲမှာ ကယ်ဆယ်ရေးတွေလုပ်ဖို့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း တည်ထောင်မည်

01 Jun 2017

သံတွဲမြို့နယ် လေဘေးကယ်ဆယ်ရေးနှင့် သံတွဲမြို့နယ်လုံးဆိုင်ရာ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း တည်ထောင်ခြင်းနှင့် ပတ်သက်ပြီး အကြို အထူးအစည်းအဝေးတစ်ရပ်ကို သံတွဲမြို့နယ် ဆံတော်တောင်ဘုရား တောင်ခြေရင်းရှိ သိမ်ကုန်းဘုန်းကြီးကျောင်းမှာ ဇွန်လ ၁ ရက် နေ့လည် ၁ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ပါတယ်။

မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာမှာ နေအိမ် ၂၀ ကျော်နဲ့ စာသင်ကျောင်းပျက်စီး

01 Jun 2017

 မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာမှာ မိုရာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် နေအိမ် ၂၀ ကျော်နဲ့ စာသင်ကျောင်းတစ်ကျောင်း လုံးဝပျက်စီးသွားပြီး အခု အကူအညီတွေ လိုအပ်နေတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာသူ/ရွာသားတွေက DMG သို့ ပြောဆိုကြပါတယ်။

ရခိုင်မှာ တိုင်းရင်းသားဘာသာသင်ကြားဖို့ ကျပ်သိန်း တစ်သောင်းတစ်ထောင်ကျော် သုံးစွဲမည်

31 May 2017

ရခိုင်ပြည်နယ်အတွင်းမှာ တိုင်းရင်းသားဘာသာစကား ထည့်သွင်းသင်ကြားဖို့အတွက် အခုနှစ် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှာ ဘတ်ဂျက် ကျပ်သိန်း ထောင့်တရာကျော် သုံးဆွဲသွားမှာ ဖြစ်တယ်လို့ ပြည်နယ်ပညာရေးမှူး၊ စီမံကိန်းဌာန ဒုတိယညွှန်းကြားရေးမှူးချုပ် ဦးစိန်လှထွန်းက DMG ကို ပြောပါတယ်။

မသီတာထွေး ၅ နှစ်ပြည့် အောက်မေ့ဖွယ် ဆုတောင်းပွဲအခမ်းအနားကို ကျောက်ဖြူမြို့မှာ ကျင်းပ

28 May 2017

ဒီနေ့ မေလ ၂၈ ရက်နေ့မှာ ရမ်းဗြဲမြို့နယ် ၊ ကျောက်နီမော်ကျေးရွာက ရခိုင့်အမျိုးသမီးသူရဲကောင်း မသီတာထွေး သေဆုံးတာ ၅ နှစ်မြောက်နေ့ ဖြစ်ပါတယ်။ ဒါကြောင့် မသီတာထွေး အား အောက်မေ့ဖွယ်ဆုတောင်းပွဲ အခမ်းအနားကို ဒီနေ့နံနက် ၉ နာရီအချိန်ခန့်က ကျောက်ဖြူမြို့ ၊ စေတီတောင်ရပ်ကွက်၊ ဘုရားကြီးတောင်ပေါ်မှာ ပြုလုပ်ခဲ့ကြပါတယ်။ 

၂၀၁၂ ခုနှစ် မေလ ၂၈ ရက်နေ့ဟာ ရခိုင်အမျိုးသမီးငယ်တစ်ဦး ဘင်္ဂလီ ၃ ဦးရဲ့ အဓမ္မပြုကျင့်မှုကို ခံခဲ့ရကာ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းခံခဲ့ရတဲ့နေ့တစ်နေ့ ဖြစ်တာကြောင့် ရခိုင်လူမျိုးတွေအတွက် ဘယ်တော့မှ မေ့မရနိုင်တဲ့ နာကြည်းဝမ်းနည်းဖွယ်ရာ နေ့တစ်နေ့ဖြစ်တယ်လို့ ကျောက်ဖြူဒေသခံတွေက ဆိုပါတယ်။ 

 

{youtube}9sqzqa0kB2I{/youtube}

 

ရခိုင့်ဂီတလောကအဆင့်အတန်းမြင့်မားစေရန် MMF အဖွဲ့နှင့် ရခိုင့်ဂီတအစည်းအရုံးတွေ့ဆုံနွေးဆွေး

27 May 2017

စစ်တွေမှာရခိုင်ရိုးရာဂီတ၊ မြန်မာ့ရိုးရာဂီတနဲ့ ခေတ်ပေါ်ဂီတတွေကိုပူးပေါင်းဖော်ဖြေပွဲတစ်ခုကျင်းပခဲ့ပါတယ်။ စစ်တွေမြို့ ဦးဥတ္တမခန်းမမှာဒီနေ့ မေလ၂၇ရက်နေ့မှာရခိုင်ရိုးရာဂီတ၊ မြန်မာ့ရိုးရာဂီတနဲ့ ခေတ်ပေါ်ဂီတတွေကို ပူးပေါင်းပြီး ဂီတဖျော်ဖြေပွဲတစ်ခု တင်ဆက်ပြသခဲ့ပါတယ်။ဒီပွဲကို ရခိုင်ဂီတ အစည်းအရုံး(ယာယီ)နဲ့ Myanmar Music Festivalတို့ ပူးပေါင်းပြီး ပထမဦးဆုံးအကြိမ် ဖျော်ဖြေကျင်းပခဲ့တာဖြစ်ပါတယ်။

လယ်ယာမြေဥပဒေနဲ့ နည်းဥပဒေတွေကို လယ်သမားတွေ နားမလည်တဲ့အတွက် ချေးငွေတွေ ထုတ်ယူတဲ့ကိစ္စမှာ အခက်အခဲဖြစ်

26 May 2017

လယ်ယာမြေဥပဒေနဲ့ပါတ်သက်ပြီး ရခိုင်ပြည်နယ်က လယ်သမားတွေနားလည်မှု့နည်းနေသေးကာ အစိုးရရဲ့ပညာပေးမှုတွေကလည်းအားနည်းနေသေးပါတယ်။ ၂၀၁၂ခုနှစ်ကပြဌာန်း လယ်ယာမြေဥပဒေနဲ့ပါတ်သက်ပြီး ရခိုင်ပြည်နယ်က လယ်သမားတွေအနေနဲ့ လက်ရှိအချိန်ထိ ဥပဒေကို

ဦးရာဇ်တောင်စေတီမှာ ဘုရားဖူးဧည့်သည်တွေ အဆင်ပြေစေဖို့ ဓါတ်လှေကား ဆောင်လုပ်မှု ၃၀ % ပြီးစီးနေပြီဖြစ်

26 May 2017

 ရခိုင်ပြည်နယ်မှာ သမိုင်းဝင်စေတီတစ်ဆူဖြစ်တဲ့ ပုဏ္ဏားကျွန်းမြို့က ဦးရာဇ်တောင်စေတီကို လာရောက် ဘုရားဖူးကြတဲ့ဧည့်သည်တွေမှာ သက်ကြီးရွယ်အိုတွေပါရင် အခက်အခဲဖြစ်တာကြောင့် ဘုရားဖူးဧည့်သည်အားလုံး အဆင်ပြေစေဖို့ ဓါတ်လှေကား တည်ဆောက်နေတာ အခုဆိုရင် ၃၀ ရာခိုင်နှုန်း ပြီးစီးနေပြီလို့ သိရပါတယ်။

ပညာရေးဝန်ထမ်းများ ကျောင်းအပ်နှံရာမှာ အခကြေးငွေတွေ ယူပါက အရေးယူမည်

26 May 2017

ယခု တစ်နိုင်ငံလုံး ကျောင်းအပ်နှံရေး လုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ပညာရေးဝန်ထမ်းတွေ အခကြေးငွေတွေယူပြီး ဆောင်ရွက်နေတာတွေ့ရင် ထိရောက်စွာ အရေးယူမယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက DMG ကို ပြောဆိုလိုက်ပါတယ်။ 

မောင်တောဒေသ လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်များ မမှန်ကန်ကြောင်းထုတ်ပြန်

25 May 2017

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက တင်သွင်းခဲ့တဲ့ ရခိုင်ပြည်နယ်မောင်တောဒေသဆိုင်ရာ အစီရင်ခံစာပါ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေဟာ မှန်ကန်မှုမရှိကြောင်း တပ်မတော်သတင်းမှတ်ပြန်ကြားရေးအဖွဲ့က ဒီလ ၂၂ က သတင်းထုတ်ပြန်ခဲ့တယ်လို့ မြန်မာတိုင်းမ်စ်က ဖော်ပြပါတယ်။

ငပလီမြို့မှာ အရင်အစိုးရလက်ထက် စစ်တပ်သိမ်းယူခဲ့တဲ့ ခရစ်ယာန်ဘုရားကျောင်းကို ပြန်တောင်း

25 May 2017

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၊ ဇီးဖြူကုန်းရပ်ကွက်၊ ပင်လယ်ကမ်းခြေနားမှာရှိတဲ့ ခရစ်ယာန်သာသနာပိုင် စိန့်မေရီဘုရားရှိခိုးကျောင်း မြေနေရာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း) လက်ထက်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က အတင်းအဓမ္မသိမ်းယူခဲ့တဲ့အတွက် အဲဒီမြေနေရာကို ခရစ်ယာန်ဘာသာဝင်တွေကို 

ကျောက်ဖြူတွင် ကျူးကျော်အိမ်များကို အာဏာပိုင်များမှ လာရောက်ဖျက်ဆီး

24 May 2017

ကျာက်ဖြူမြို့နယ် မီးလောင်ပြင်ကွင်းနဲ့ ငါးကန်တို့တွင် ဒေသခံအချို့မှာ ကျူးကျော်လာမှုတွေရှိနေတာကြောင့် ဒေသအာဏာပိုင်တို့မှ ဒီနေ့ညနေ ၃ နာရီခွဲဝန်းကျင်မှာ ကျူးကျော်ခြံခတ်ထားခြင်း၊ ကြိုးတားထားခြင်း၊ အိမ်ဆောက်ထားခြင်းတို့ကို ဖျတ်ဆီးသိမ်းယူခဲ့ကြောင်း သိရပါတယ်။

ဒီနေ့ ရခိုင်ပြည်နယ်အတွင်း အကျဉ်းသားစုစုပေါင်း ၉၄ ဦး လွတ်မြောက်

24 May 2017

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ အကျဉ်းထောင်အသီးသီးကနေ နိုင်ငံသားအကျဉ်းသား ၆၂ ဦးနဲ့ နိုင်ငံခြားသားအကျဉ်းသား ၃၂ ဦး ၊ စုစုပေါင်း ၉၄ ဦးကို သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီနေ့ လွတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့နေပြည်တော်မှာ စတင်ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ 

Showing 101-120 of 176 items.