DTV NEWS ရုပ်သံရဲ့ညနေခင်းသတင်းအစီအစဉ် (၈ ၊ ၁ ၊ ၂၀၁၈)

08 Jan 2018

- NVC ကိုင်ဆောင်ချင်တဲ့သူတွေကိုဟန့်တားနောက်ယှက်နေသူတွေရှိနေတဲ့အတွက် NVC လုပ်ငန်း ကြံ့ကြာနေရတယ်လို့ ရခိုင်ပြည်နယ် လဝက ဦးစီးမှူးကပြော

- မိသားစုဝင်တွေစွန့်ပစ်တာကိုခံရတဲ့ ခိုကိုးရာမဲ့ဘိုးဘွားတွေနဲ့ ဒေသအတွင်းက ဘိုးဘွားတွေကို စောင့်ရှောက်နိုင်ဖို့ ကျောက်ဖြူမြို့ ဘိုးဘွားရိပ်သာကိုဖွင့်လှစ်

- ရခိုင်ဒီမိုကရေစီအဖွ့ဲချုပ်ပါတီအနေနဲ့  မြို့နယ်ရုံး ၅ ခုကို ဖွင့်လှစ်ပြီးဖြစ်တဲ့ သတင်းတွေဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ညနေခင်းသတင်းအစီအစဉ် (၇ ၊ ၁ ၊ ၂၀၁၈)

07 Jan 2018

- ဒေါက်တာအေးမောင် နုတ်ထွက်ခွင့်နဲ့ပတ်သက်လို့ ပြန်လည်သုံးသပ်ဖို့ အချိန်ပေးသွားမှာဖြစ်ပြီး လတ်တလောမှာ ပါတီဥက္ကဋ္ဌနေရာကို ဆိုင်းငံ့ထားဖို့ ရခိုင်အမျိုးသားပါတီ ဆုံးဖြတ်

- ဘင်္ဂါလီတွေကို ပြန်လည်နေရာချထားဖို့စီစဉ်နေတာဟာ ပွင့်လင်းမြင်သာမှုမရှိသလို ဒေသခံလူထုကိုလည်း ချပြမှုမရှိဘူးလို့ ရခိုင်အမျိုးသားပါတီ ပြောဆို

- ရခိုင်ပြည်နယ်အနေနဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးခွင့် မရရှိပေမယ့် ၂၁ ရာစုပင်လုံရဲ့ငြိမ်ချမ်းရေး လုပ်ငန်းစဉ်တွေမှာ ရခိုင်အမျိုးသားပါတီ ပါဝင်သွားမယ်ဆိုတဲ့ သတင်းတွေဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၆ ၊ ၁ ၊ ၂၀၁၈)

06 Jan 2018

- ရာသီဥတုအခြေအနေကြောင့် သံတွဲမြို့က ငါးဖမ်းလုပ်ငန်းရှင်တွေမှာ အခက်အခဲတချို့ ရှိနေပေမယ့် ငါးဈေးကွက်တွေကတော့ ပိုကောင်းလာ

- AA စစ်ဦးစီးချုပ်မွေးနေ့အထိမ်းအမှတ်အဖြစ် မီးပုံးပျံလွှတ်တင်တဲ့အတွက် မတရားအသင်းဆက်သွယ်မှုပုဒ်မနှင့် ဖမ်းဆီးခံထားရတဲ့ ကိုလှထွန်းကျော်ကို ၅ ကြိမ်မြောက် ရုံးထုတ်စစ်ဆေး

- ၂၀၁၇ ခုနှစ်အတွင်း မောင်တောမူးယစ်တပ်ဖွဲ့စု (၄၆) က ဖမ်းဆီးရရှိခဲ့တဲ့ စိတ်ကြွဆေးပြားအရေအတွက် စုစုပေါင်းသိန်းတစ်ရာကျော်အထိ ရှိတဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၅ ၊ ၁ ၊ ၂၀၁၈)

05 Jan 2018

- Development Media Group ရဲ့ ၆ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ရခိုင့်အရေးနဲ့ သတင်းမီဒီယာကဏ္ဍကို ဆွေးနွေးသွားမယ်

- ဒေါက်တာအေးမောင်ရဲ့ နှုတ်ထွက်စာအပေါ် ရခိုင်အမျိုးသားပါတီဝင်တွေဆီက အမြင်သုံးမျိုးထွက်ပေါ်လာ

- မောင်တောမြို့နယ်မှာ တပ်မတော်သားတွေကို တင်ဆောင်လာတဲ့ ကားတစ်စီး ဆွဲမိုင်းဖောက်ခွဲခံရပြီး စစ်ဗိုလ်ကြီးတွေ ထိခိုက်ဒဏ်ရာရရှိ

- ကျောက်ဖြူမြို့ မြစ်ကြောင်းအတွင်းမှာ ငါးတွေရှားပါးလာမှုနဲ့ ကမ်းနီးငါးဖမ်းစက်လှေတွေမှာ ငါးဖမ်းဆီးမယ့်နေရာ အခက်အခဲရှိနေ

- မာန်အောင်မြို့နယ်ကဆေးရုံတွေမှာ ဆေးဝါးလုံလောက်မှုမရှိသလို တစ်ချို့ရောဂါတွေကို ဆေးကုသဖို့အတွက် စက်ကိရိယာတွေလိုအပ်နေတဲ့သတင်းတို့ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၄ ၊ ၁ ၊ ၂၀၁၈)

04 Jan 2018

- ဒိုင်းနက် (ခေါ်) သက္ကမလူမျိုးတွေရဲ့ (၇) ကြိမ်မြာက်အမျိုးသားနေ့ကို ဘူးသီးတောင်မြို့နယ်မှာ  ကျင်းပပြုလုပ်မယ့်

- ဒေါက်တာအေးမောင် နှုတ်ထွက်မယ့်ကိစ္စကို ပြန်လည်စဉ်စားဖို့ အချိန်ပေးသင့်တယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ မြို့နယ်ခေါင်းဆောင်တွေက အကြံပြုတင်ပြ

- မာန်အောင်မြို့နယ်မှာ ယာဉ်မဆင်မခြင်မောင်းမှုနဲ့ မတော်တဆ ပြုတ်ကျမှုကြောင့် သေဆုံးမှုများနေ

- ရက္ခိတပညာရေးဖောင်ဒေးရှင်းက ကူညီပေးမယ်ဆိုတဲ့သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၃ ၊ ၁ ၊ ၂၀၁၈)

03 Jan 2018

- မောင်တောဒေသက တိုင်းရင်းသားကျေးရွာတွေမှာ ရေချိုငါးမွေးမြူရေးကန်တွေ ပြုလုပ်ပေးဖို့စီစဉ်

- အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့ မျှော်လင့်ချက်နဲ့ မောင်တောဒေသကို မိသားစုအလိုက် ပြောင်းရွှေ့အခြေချ နေထိုင်မှုတွေ များလာ

- စစ်တွေမြေယာဖော်ထုတ်ရေးစီမံကိန်းမှာ အဆောက်အဦး ခိုင်ခံ့စွာတည်ဆောက်လို့ရအောင် ဆောင်ရွက်နေ

- ရသေ့တောင်မြို့နယ်အတွင်းက မီးရှို့ဖျက်စီးခံရတဲ့ စာသင်ကျောင်း ၁၀ ကျောင်းကို ဖွင့်လှစ်နိုင်ခြေမရှိဘူးဆိုတဲ့သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂ ၊ ၁ ၊ ၂၀၁၈)

02 Jan 2018

- စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို ရခိုင်ပြည်နယ်လွှတ်တော်က စွပ်စွဲချက်တွေဟာ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ဝန်ကြီးကိုထောက်ခံတဲ့သူတွေက ပြောဆို

- စည်ပင်ဝန်ကြီး ဦးမင်းအောင်အား စွတ်စွဲပြစ်တင်မှု မှန်ကန်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြု

- ပုဏ္ဏားကျွန်းမြို့နယ်မှာ ဆိုင်ကယ်၊ ကားအက်ဆီးဒင်း အဖြစ်များတာဟာ ယာဉ်စည်းကမ်းတွေကို မလိုက်နာတာတွေကြောင့် ဖြစ်တယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် ကြက်ခြေနီအသင်းက ပြော

- နေရာကွက်ကြား မိုးထစ်ချုန်းရွာသွန်းမှုကြောင့် မိုးစပါးစိုက်ပျိုးခင်းတွေနဲ့ ရိတ်သိမ်းပြီးစပါးတွေလည်း ပျက်စီးသွားတာကြောင့် တောင်သူတွေအခက်တွေ့နေကြတဲ့သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁ ၊ ၁ ၊ ၂၀၁၈)

01 Jan 2018

- ဝန်ကြီးဦးမင်းအောင်ကို ရခိုင်လွှတ်တော်က စွပ်စွဲထားသလို မဟုတ်မှန်ကြောင်း တောင်ကုတ်ဒေသခံတွေ ထောက်ခံပွဲ ပြုလုပ်သွားမယ်

- မြန်မာနိုင်ငံဆရာဝန်များအသင်း (ဗဟို) မှ အထူးကုဆရာဝန်ကြီးတွေ မောင်တောမြို့နယ်မှာ အခမဲ့ ဆေးကုသပေးနေပြီး သွေးအားနည်းတဲ့ရောဂါတွေ အများဆုံးတွေ့နေရ

- ကျောက်ဖြူမြို့နယ်မှာ အစိုးရအဆက်ဆက် အကောင်အထည်ဖော်နေတဲ့ ရွှေသဘာဝစီမံကိန်း၊ ရေနက်ဆိပ်ကမ်းနဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်တွေမှာ ဒေသခံတွေရဲ့ လယ်ယာမြေတွေ ဆုံးရှုံးနေရသလို၊ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ သင်္ဘောကြီးတွေအဝင်အထွက်ကြောင့် ဒေသခံရေလုပ်သားတွေရဲ့ ငါးဖမ်းဖို့နေရာပျောက်ဆုံးသွားတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း ဥက္ကဌ ကိုထွန်းကြည်ကို တွေ့ဆုံမေးမြန်းထားပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၃၁ ၊ ၁၂ ၊ ၂၀၁၇)

31 Dec 2017

- ရခိုင့်ထီးနန်းပျက်သုဉ်းခြင်း ၂၃၃ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား စစ်တွေမြို့မှာ ပြုလုပ်

- ၂၁ ပင်လုံညီလာခံမှာ လူမျိုးခွဲခြားဆက်ဆံခံနေရတယ်လို့ ရခိုင့်အချုပ်အခြာအဏာကျဆုံးခြင်းနေ့မှာ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံးက ထုတ်ပြန်

- ကျောက်ဖြူမှာ သိုင်းလေ့ကျင့်ဖို့ သီးသန့်နေရာမရှိတဲ့အတွက် သိုင်းကစားသမားတွေ အခက်ကြုံတွေ့နေရ

- UEHRD ရဲ့ အစီအစဉ်နဲ့ လူငယ်တွေ မောင်တောဒေသမှာ စာရင်းအချက်အလက်တွေ ကောက်ယူနေပြီး ဒေသခံပြည်သူတွေ စားဝတ်နေရေးကို အဓိကထား တင်ပြကြတဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၃၀ ၊ ၁၂ ၊ ၂၀၁၇)

31 Dec 2017

- ရမ်းဗြဲမြို့က ထုတ်လုပ်တဲ့ မုန့်တီခြောက်တွေ ယခင်ကထက် ပိုမိုရောင်းအားကောင်းလာ

- သေဆုံးသူများလာတာကြောင့် နာရေးကူညီမှုကားတွေ မလုံမလောက်ဖြစ်နေရတယ်လို့ စစ်တွေနာရေးကူညီမှု အသင်းကပြော

- ယာဉ်တိုက်မှုတွေကြောင့် သေဆုံးသူတွေဟာ ယခုနှစ်မှာပိုများလာနေပြီး စိုးရိမ်စရာ အခြေအနေ ဖြစ်လာတယ်လို့ စစ်တွေနာရေးကူညီမှုအသင်းက ပြော

- မာန်အောင်မြို့နယ် ပန်းဖဲကျေးရွာမှာ အသစ်ရွေးချယ်တဲ့ ရာအိမ်မှူးဟာ အကျင့်စာရိတ္တဖောက်ဖျက်မှု ရပ်ကျေးဥပဒေပုဒ်မ ၅ နဲ့ ငြိစွန်းနေတဲ့သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂၉ ၊ ၁၂ ၊ ၂၀၁၇)

29 Dec 2017

- မောင်တောမြို့နယ်၊ တရိန်းကျေးရွာကဒေသခံတွေ မကြာခဏဆိုသလို သတ်ဖြတ်ခံနေရတဲ့အတွက် ကျေးရွာပြောင်းရွေ့ချင်နေကြ

- ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဘာသာရပ်အလိုက်မေးလာနိုင်တဲ့ သင်ခန်းစာတွေကို ဆရာ၊ဆရာမတွေ ဆွေးနွေး

- မောင်တောမြို့နယ်အတွင်းမှာ ဆွဲ/တင်/စစ် လုပ်ငန်းတွေဆောင်ရွက်နေကာ နိုင်ငံသားစိစစ်ခံရမယ့်သူရဲ့ သက်သေခံကတ်ပြားတွေကိုလည်း ထုတ်ပေးနေ

- ဘောလုံးသမားကောင်းတွေ ထွက်ပေါ်လာစေဖို့ကိုရည်ရွှယ်ပြီး မာန်အောင်မြို့နယ် အားကစားသမားဟောင်းများ နာရေးကူညီမူအဖွဲ့မှ ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်တဲ့ သတင်းတို့ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂၈ ၊ ၁၂ ၊ ၂၀၁၇)

28 Dec 2017

- စည်ပင်ဝန်ကြီးကိစ္စ ရခိုင်လွှတ်တော်အရေးပေါ်အစည်းအဝေး ခေါ်ယူမှုကို ဆိုင်းငံ့ထားဖို့ ပြည်နယ်ဝန်ကြီးချုပ်က ညှိနှိုင်းစာပေးပို့

- ရခိုင်ပြည်နယ်မှာ ၂ နှစ်အတွင်း ပညာရေးဝန်ထမ်း ၉၆ ဦးကို အရေးယူခဲ့တယ်လို့ ပြည်နယ်ပညာရေးမှူးပြော

- BXT ကုမ္မဏီက ဖေါ်ဆောင်နေတဲ့ မြို့သစ်စီမံကိန်းမြေနေရာတွေကို ဇန်နဝါရီလ ၆ ရက်နေ့မှာ စတင်ရောင်းချပေးသွားမယ်

- ပညာမသင်နိုင်တဲ့ကလေးတွေအတွက် ရည်ရွယ်ဖွင့်လှစ်ထားတဲ့ ငပလီမြို့ ပုလဲရတနာဘကကျောင်းမှာ (၆)ကြိမ်မြောက် ပညာရေးစုံညီပွဲတော်ကျင်းပတဲ့သတင်းတွေ ဖြစ်ပါတယ်။
-11:02

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂၇ ၊ ၁၂ ၊ ၂၀၁၇)

27 Dec 2017

- လူငယ်တွေအနေနဲ့ အနုပညာအပေါ် ပိုမိုနားလည်လာစေဖို့အတွက်  ကမ်းရိုးတန်းအဖွဲ့က ကဗျာရွတ်ပွဲတွေပြုလုပ်နေ

- ယခုနှစ်အတွင်း ရခိုင်ပြည်နယ်ရဲ့ ငါး/ပုစွန်ထုတ်လုပ်မှုကျဆင်းသွားတာကြောင့် ပြည်ပသို့ ငါး/ပုစွန် တင်ပို့မှုနည်းပါး 

- MCM ကုမ္မဏီကဦးဆောင်ပြီးတော့ ကျောက်ဖြူခရိုင်အတွင်းက မျက်စိဝေဒနာရှင်တွေကို အခမဲ့ခွဲစိတ်ကုသပေးသွားမယ်

- သီတဂူဆရာတော်ကြီး မောင်တောဒေသကိုရောက်ရှိကာ မြို့နယ်တစ်ခုစီကို သိန်းတစ်ထောင်နှင့် လူနာတင်ယာဉ်တစ်စီး လှူဒါန်းခဲ့တဲ့တသင်းတို့ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂၆ ၊ ၁၂ ၊ ၂၀၁၇)

27 Dec 2017

- အကြမ်းဖက်မှုတွေ နောက်ပိုင်းပိတ်ထားခဲ့ရတဲ့ မောင်တောမြို့မဈေးကို ဒီကနေ့ပြန်လည်ဖွင့်လှစ်

- ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းတွင်းက ကျောင်းသား၊ကျောင်းသူ နှစ်ထောင်ကျော် ဝင်ရောက်ဖြေဆိုမည် ၊ မသမာမှုကင်းရှင်းရေး အဓိကထားဆောင်ရွက်နေတယ်လို့ဆို

- မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ပတ်သက်ပြီး ရိုက်ကူးနေတဲ့ရခိုင်ဇာတ်ကားမှာ ရဲခွင့်ပြုချက်စောင့်ဆိုင်းနေရတာကြောင့် ရိုက်ကူးရေးပိုင်းမှာ အခက်ကြုံတွေ့နေရတဲ့သတင်းတို့ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂၅ ၊ ၁၂ ၊ ၂၀၁၇)

25 Dec 2017

- မာန်အောင်ဒေသအတွင်းသို့ ရေကြောင်းကနေဝင်ရောက်နေတဲ့ မူးယစ်ဆေးဝါးတွေကို ပိတ်ဆို့အရေးယူပေးဖို့အတွက် တင်ပြတောင်းဆို

- တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံးက စစ်တွေမြို့မှာပြုလုပ်

- မောင်တောမြို့ခရိုင်အတွင်း ညမထွက်ရအမိန့်ကို ထပ်မံသက်တမ်းတိုးမြှင့်

- မြေကွက်ပိုင်ဆိုင်မှု အငြင်းပွားတဲ့ကိစ္စနှင့်ပတ်သက်ပြီး မူရင်းမြေပိုင်ရှင်တွေဖက်က နစ်နာမှုတွေရှိနေ တဲ့သတင်းတို့ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂၄၊ ၁၂၊ ၂၀၁၇)

24 Dec 2017

- ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နှစ်ရက်တာအစည်းအဝေးမှာ မြို့နယ်ကော်မတီတွေ ဖွဲ့စည်းမယ့်ကိစ္စအား အဓိကဆွေးနွေး

- မြန်မာနိုင်ငံနယ်စပ်မြို့တစ်ခုဖြစ်တဲ့ မောင်တောမြို့မှာ Internet သုံးစွဲသူတွေ အခက်တွေ့

- ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာရှိတဲ့ ကိုလိုနီခေတ် ရခိုင်သူဌေးကြီး ဦးရဲကျော်သူ ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ကျောင်းတိုက်ဟာ အခုလမှာ နှစ်ပေါင်း ၁၀၀ ပြည့်ခဲ့ပြီ

- နောက်ဆုံးသတင်းအဖြစ် ရခိုင်ပြည်နယ်အတွင်းမှာနေထိုင်တဲ့ တိုင်းရင်းသားတွေ အခက်အခဲမျိုုးစုံနဲ့ ရင်ဆိုင်နေရတဲ့သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂၃. ၁၂. ၂၀၁၇)

23 Dec 2017

- ပြည်ထောင်စု ငြိမ်းချမ်းရေး ၂၁ ပင်လုံနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်မှာ ခရိုင်အလိုက် လူထုတွေ့ဆုံမှုတွေ ပြုလုပ်သွားမယ်

- မာန်အောင်မြို့နယ် လှေဝင်ချောင်းကျေးရွာမှာ သောက်သုံးရေ အခက်အခဲရှိနေပြီး လမ်းပန်းဆက်သွယ်ရေး မကောင်းတာကြောင့် ရေလာလှူသူတွေအတွက်လည်း အခက်အခဲဖြစ်နေ

- မောင်တောမြို့နယ် ခုံတိုင်ကျေးရွာမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက အိမ်အလုံး ၃၀ တည်ဆောက်ပေးသွားမယ်

- ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှူ ခံရနိုင်တာနဲ့ ပတ်သက်ပြီး ဒိန်းမက် - မြန်မာ လူ့အခွင့်အရေးအဖွဲ့က သင်တန်ပေးတဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂၂. ၁၂. ၂၀၁၇)

22 Dec 2017

- ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီအစည်းအဝေးကို တောင်ကုတ်မြို့ပေါ်မှာ ကျင်းပဖို့စီစဉ်နေ

- သံတွဲမြို့နယ် ဇလွန်မဒေးကျေးရွာမှာရှိတဲ့ မပုတ်မသိုးဆရာတော် ဦးကဝိနန္ဒ ပျံလွန်တော်မူတဲ့ ၃ နှစ်ပြည့်အထိမ်းအမှတ် ပူဇော်ပွဲ ပြုလုပ်

- မောင်တောမြို့နယ်က ကျောင်းဆရာတွေကိုဖမ်းဆီးတဲ့ကိစ္စ ဥပဒေအတိုင်းဖြစ်စေချင်တယ်လို့ ပြည်နယ် ပညာရေးမှူးက ပြော

- မောင်တောဒေသအတွင်းမှာ ဆောင်းသီးနှံစိုက်သူနည်းပါးပြီး ဖြစ်ထွန်းမှုအပိုင်းမှာလည်း အားနည်းနေတဲ့သတင်းကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂၁. ၁၂. ၂၀၁၇)

21 Dec 2017

- မာန်အောင်မြို့၊ ရေမျက်ဝကျေးရွာကမ်းခြေမှာရှိတဲ့ ရေလှိုင်းကာတာဘောင်တွေ ပျက်စီးနေတဲ့အတွက် ပြန်လည်ပြုပြင်ဖို့ လိုအပ်နေ

- ကုလ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကို ပြည်ဝင်ခွင့် ပိတ်ပင်လိုက်တာကြောင့် စစ်တပ်ခေါင်းဆောင်တွေကို ပစ်မှတ်ထားပိတ်ဆို့ရမယ်လို့ ယန်ဟီးလီပြော

- ရခိုင်သမိုင်းနှင့် ရခိုင်ကျောက်စာတွေကို သာကီမဏ္ဍိုင်ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ပြီး ၃ လာကြာသင်ကြားပို့ ချ

- ဘင်္ဂါလီကျေးရွာတွေမှာ စာသင်ကြားတဲ့ဆရာ၊ ဆရာမတွေကို လုံခြုံမှုရှိအောင် အစိုးရက တာဝန်ယူပေးရမှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ်ပညာရေးမှူးက ပြောတဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂၀. ၁၂. ၂၀၁၇)

20 Dec 2017

- မာန်အောင်မြို့နယ်မှာ သဘာဝဘေးမဲ့တောပြုလုပ်မယ့် မြေနေရာကို ကန့်ကွက်မှုတွေရှိနေ

- ရခိုင်မျိုးချစ်ပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နှစ်ခုပူးပေါင်းနိုင်ဖို့အတွက် ရခိုင်မျိုးချစ်ပါတီဖက်မှ ကမ်းလှမ်းထား

- ကျောက်ဖြူမြို့နယ်မှာ အရင်နှစ်ကထက် မှုခင်းဖြစ်စဉ်တွေ လျော့နည်းသွားတယ်လို့ ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့ပြော

- ငပလီကမ်းခြေကို လာရောက်လည်ပတ်မယ့် ခရီးသွားတွေအနေနဲ့ ငပလီကမ်းခြေအနီးက နာမည်ကျော် ပုလဲကျွန်းကို သွားရောက်လည်ပတ်သင့်တဲ့ သတင်းတွေ ဖြစ်ပါတယ်။

Showing 21-40 of 176 items.