ဘုရားဆင်းတုတော်များ ဖျက်စီးခဲ့သူကို သံတွဲရဲစခန်းမှာ ထိန်းသိမ်းခွင့်တောင်းခံ

15 May 2017

သံတွဲခရိုင် ရွှေလှေတိုက်နယ် ငွေတောင်ဘုရားတောင်ပေါ်ရှိ ဘုရားဆင်းထုတော်များကို ဖျက်စီးခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် နေလင်းစိုး (ခ) စိုးမိုးဦးကို ယနေ့မေလ ၁၅ ရက် နံနက် ၁၀ နာရီဝန်းကျင်မှာ ရုံးထုတ်ခဲ့ကာ ဓာတ်မှန်ဆေးစာ အခက်အခဲကြောင့် သံတွဲ မြို့မရဲစခန်းတွင်

လယ်မြေသိမ်းယူထားတယ်ဆိုပြီး ပြည်နယ်လွှတ်တော် ဥက္ကဌ နှုတ်ထွက်ပေးရေး ဆန္ဒပြ

15 May 2017

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဆတ်ရိုးကျစက်မှုရပ်ကွက်မှ လယ်မြေတွေကို သိမ်းယူထားတယ်ဆိုပြီး ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဌ ကို နှုတ်ထွက်ပေးဖို့ သိမ်းဆည်းခံ လယ်သမားတွေအပါအဝင် ဒေသခံ (၁၀၀) ခန့်က  ဒီကနေ့ (မေလ ၁၅ ရက်နေ့) နေ့လည်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

မြတန်ဆောင်းဆရာတော်နဲ့ ကိုခိုင်နီမင်းတို့ လွတ်မြောက်ဖို့ ပေါက်တောပြည်သူတွေ ဆန္ဒဖော်ထုတ်

14 May 2017

မတရားသင်း အက်ဥပဒေနဲ့ ငြိစွမ်းတယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရနဲ့ ကိုခိုင်နီမင်းတို့ လွတ်မြောက်ရေးအတွက် ဒီကနေ့ (မေလ ၁၄ ရက်နေ့) နေ့လည် ၁ နာရီအချိန်ခန့်မှာ ပေါက်တောမြို့ပေါ်မှာ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ငပလီကမ်းခြေ အမှိူက်ကင်းစင်ဖို့ ပြည်သူတွေပူးပေါင်းဖို့လိုအပ်

13 May 2017

ကမ္ဘာအလှပဆုံးကမ်းခြေ တစ်ခုအဖြစ် စာရင်းဝင်ထားတဲ့ ရခိုင်ပြည်နယ် သံတွဲခရိုင် ငပလီမြို့က ငပလီကမ်းခြေမှာ အမှိုက်ကင်းစင်ဖို့အတွက် ဆောင်ရွက်တဲ့အခါမှာ ဌာနဆိုင်ရာကပဲ ဆောင်ရွက်လို့မရဘဲ အများပြည်သူများပါ ပါဝင်ဆောင်ရွက်မှ ငပလီကမ်းခြေမှာ အမှိုက်ကင်းစင်သွားမှာ ဖြစ်တယ်လို့

လိပ်ကျွန်းလူသတ်မှုကို ပြည်ထောင်စုအဆင့်ဆောင်ရွက်ပေးဖို့လိုအပ်

13 May 2017

ထိုင်နိုင်ငံ၊ ကော့တောင်၊ လိပ်ကျွန်းလူသတ်မှုကို ပြည်ထောင်စုအဆင့်က ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာရွေ့ပြောင်းလုပ်သားများအရေး ကူညီဆောင်ရွက်ပေးနေသူ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (ထိုင်းတောင်ပိုင်း)မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က တောင်းဆိုလိုက်ပါတယ်။

နတ်ရှင်ကျေးရွာမှာ ရဲတစ်ဦး သေနတ်ပစ်၍ အရပ်သားတစ်ဦး သေဆုံးမှုကို ပြည်နယ်အထူးစုံစမ်းရေးအဖွဲ့ စုံစမ်းနေ

10 May 2017

စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၊ နတ်ရှင်ကျေးရွာမှာ အရပ်သားတစ်ဦးကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့အမှုကို ပြည်နယ်ရဲတပ်ဖွဲ့မှ အထူးစုံစမ်းစစ်ဆေးရေးဖွဲ့ကာ စုံစမ်းစစ်ဆေးနေတယ်လို့ ပေါက်တောမြို့မရဲစခန်း စခန်းမှူး ဒု-ရဲမှူးကျော်ဇံက DMG ကို ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ဘင်္ဂလီတွေကို ကျေးရွာအုပ်ချုပ်ရေးမှူး ခန့်အပ်ပေးဖို့ ရခိုင်ကော်မရှင်အကြံပြု

09 May 2017

ရခိုင်ပြည်နယ်မှာ ဘင်္ဂလီတွေ အများစုရှိတဲ့ ကျေးရွာတွေ၊ အုပ်စုတွေမှာ အုပ်ချုပ်ရေးမှူးတွေကို ဘင်္ဂလီတွေကိုပဲ ခန့်အပ်ပေးဖို့ ကြားဖြတ်အစီရင်ခံစာမှာ ဖော်ပြထားပြီး ဒီနေ့ ရခိုင်မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာလည်း ထပ်မံအကြံပြုထားပါတယ်။ ဒီနေ့ စစ်တွေဟိုတယ်မှာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုကော်မရှင်အဖွဲ့နဲ့ ရခိုင်မီဒီယာသမား အယောက် ၂၀ လောက်နဲ့ နေ့လည် ၁ နာရီက တွေ့ဆုံခဲ့ပါတယ်။ 

ဂွမြို့ဆေးရုံကို ကုတင်ငါးဆယ်ဆန့် ဆေးရုံအဖြစ် အဆင့်မြှင့်တင်ပေမယ့် ဆရာဝန်နဲ့ သူနာပြုအင်အား မလုံလောက်

09 May 2017

ရခိုင်ပြည်နယ် သံတွဲခရိုင် ဂွမြို့နယ်က ခုတင်ငါးဆယ်ဆန့် ပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်နဲ့ သူနာပြု အင်အားမလုံလောက်တဲ့အတွက် လက်ရှိ ကုသနေတဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေမှာ အလုပ်ဖိစီးမှုတွေ ရှိနေပြီး ဆေးရုံကို လာရောက်ဆေးကုသနေကြတဲ့ လူနာနဲ့ လူနာရှင်တွေမှာလည်း အပြည့်စုံမှုတွ ရှိနေတယ်လို့ ဂွဒေသခံတွေထံက သိရပါတယ်။

ရန်ကုန်မြို့မှာ ၄ နှစ်မြောက် ရခိုင်အမျိုးသားနေ့ အခမ်းအနားကို အမျိုးသားကဇာတ်ရုံမှာ ကျင်းပမယ်

09 May 2017

ကဆုန်လပြည့်ကျော် ၁ ရက် (မေလ ၁၁ ရက်) နေ့မှာ ကျရောက်တဲ့ ရခိုင်အမျိုးသားနေ့ အခမ်းအနားကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားမယ်ဖြစ်တယ်လို့ မေလ ၈ ရက်က ရခိုင်ပြည်နယ်ဓမ္မာရုံမှာ ဦးဆောင်သူတွေက ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ 

စစ်တွေမြို့နယ်မှာ ရခိုင်ရက္ကန်းထည်လုပ်ငန်း အလုပ်ရုံဖွင့်လှစ်

08 May 2017

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ကျားမသောက်ကျေးရွာမှာ ရခိုင်ရက္ကကန်းအထည်လုပ်ငန်း အလုပ်ရုံဖွင့်လှစ်ပွဲကို မေလ ၇ ရက်နေ့က လူမှူကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝမ်းမြတ်အေးကိုယ်တိုင် တက်ရောက်ပြီး ဖွင့်လှစ်ခဲ့ပါတယ်။ 

ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်မရှိတဲ့အတွက်ကြောင့် နိုင်ငံသားဖြစ်မှု ပြဿနာဖြစ်ပွား

08 May 2017

ရခိုင်ပြည်နယ်မှာ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်ပြီး လဝက ဌာနက ဘင်္ဂလီတွေကို ဥပဒေနဲ့ မညီဘဲ နိုင်ငံသားကတ် ထုတ်ပေးတာဟာ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်မရှိတာကြောင့် ဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီက ဥက္ကဌ ဒေါက်တာအေးမောင်က ပြောဆိုလိုက်ပါတယ်။ 

UN/INGO တွေ ပွင့်လင်းမြင်သာမှုရှိဖို့လိုအပ်ကြောင်း ရခိုင်နယ်/လုံဝန်ကြီးပြော

06 May 2017

ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၁၂ ခုနှစ်က ပြဿနာဖြစ်ပွားခဲ့ပြီးနောက် ဒုက္ခသည်တွေအဖြစ် ခိုလှုံခဲ့ရသူတွေကို UN/INGO တွေက ကူညီရာမှာ ပွင့်လင်းမြင်သာမှုရှိဖို့ အချက်အပါအဝင် အချက်အသုံးချက်ကို လိုက်နာဖို့ လိုအပ်တယ်လို့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ပြောဆိုလိုက်ပါတယ်။

ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ဖို့ ရခိုင်အမျိုးသားပါတီဆွေးနွေး

06 May 2017

ရခိုင်လူမျိုးတွေ ကိုယ့်ကံကြမ္မာကိုယ်ဖန်းတီးနိုင်ဖို့ ရခိုင်အမျိုးသားပါတီဆွေးနွေးတဲ့ သတင်းကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားလူမျိုးတွေအနေနဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ဖို့အတွက် ရခိုင်အမျိုးသားပါတီက ဖက်ဒရယ်စနစ်နဲ့ ပါတီတည်ဆောက်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးတစ်ခုပွဲကို မေလ ၅ ရက်ကနေ ၆ ရက်နေ့ထိ ရန်ကုန်မြို့၊ Hotel Grand United မှာ ဆွေးနွေးနေပါတယ်။

နတ်ကွန်းဧရိယာ ခြံစည်းရိုးကာရံခြင်းကို ဖျက်သိမ်းဖို့ ဆန္ဒဖော်ထုတ်

05 May 2017

စစ်တွေမြို့နယ်၊ ပါဒလိတ်ကျေးရွာမှာ ရှေးနှစ်ပေါင်းများကတည်းက ယုံကြည်ကိုးကွယ်လာခဲ့ကြတဲ့ နတ်ကွန်းဧရိယာကို တပ်မတော်မှ ခြံစည်းရိုးကာရံထားပြီး သိမ်းဆည်းထားတဲ့အတွက် ပါဒလိတ်ဒေသခံ ၁၅၀၀ ခန့်လောက်က ဒီနေ့ မေလ ၅ ရက်နေ့ နေ့လည် ၁၂ နာရီက ခြံစည်းရိုးဖျက်သိမ်းပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဟာ နိုင်ငံတော်အစိုးရရဲ့ မူဝါဒနဲ့အညီဆောင်ရွက်နေ

05 May 2017

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ လုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ နိုင်ငံတော်အစိုးရရဲ့ လက်တွေ့ကျင့်သုံးနေတဲ့ မူဝါဒတွေနဲ့အညီ ဆောင်ရွက်သွားရမယ်ဖြစ်ပြီး နိုင်ငံတော်မူဝါဒတွေနဲ့ လွဲဖယ်ပြီးတော့ ကိုယ့်သဘောနဲ့ကိုယ် လုပ်ဆောင်လို့ မရဘူးလို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောဆိုလိုက်ပါတယ်။

ဆရာတော် ဦးဝီရသူ မောင်တော ဒေသခံတွေနဲ့ ကျေးရွာတွေ တည်တံ့ရေးဆွေးနွေး

05 May 2017

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ) အဖွဲ့က ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ အရှင်ဝီရသူဟာ မောင်တောဒေသမှာ ဆန်နဲ့ ငါးခြောက်တွေ လှူဒါန်းနေပါတယ်။

ဘင်္ဂလားဒေ့ချ်နိုင်ငံဘက်က ခိုလှူံဖို့ ရောက်ရှိလာကြတဲ့ ရခိုင်တိုင်းရင်းသားကျေးရွာတွေကို

စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှာ နေအိမ် ၂ လုံး လောင်ကျွမ်းပြီး ငွေ ၁ သိန်းဆုံးရှူံး

04 May 2017

မနေ့က မေလ ၃ ရက်နေ့ ညနေ ၉ နာရီအချိန်မှာ စစ်တွေမြို့လယ်ရှိ ဘင်္ဂလီတွေနေထိုင်တဲ့ အောင်မင်္ဂလာရပ်ကွက်မှာ နေအိမ် ၂ လုံးမီးလောင်မှူ ဖြစ်ပွားခဲ့ပြီး ဆုံးရှူံးမှူတန်ဖိုးငွေကျပ် ၁ သိန်းရှိတယ်လို့ ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနက DMG ကို ပြောဆိုပါတယ်။

စစ်တွေမြို့ ဘင်္ဂလီများနေထိုင်တဲ့ အောင်မင်္ဂလာရပ်ကွက် နေအိမ်မီးလောင်မှူ

04 May 2017

ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့လယ်ရှိ ဘင်္ဂလီတွေနေထိုင်တဲ့ အောင်မင်္ဂလာ (အင်ဘာလာ) ရပ်ကွက်မှာ မေလ ၃ ရက်နေ့ ညနေ ၉ နာရီက နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှူဖြစ်ပွားခဲ့ပါတယ်။ မီးလောင်ကျွမ်းနေစဉ် မီးသတ်ကားတွေ ၁၀ စီးခန့် အချိန်မီ

သဘာဝဘေးအန္တရာယ် ကာကွယ်နိုင်ရေး ကြိုတင်လေ့ကျင့်မှူတွေ စစ်တွေမှ ပြုလုပ်

03 May 2017

ရခိုင်ပြည်နယ်မှာ မိုးရာသီရောက်လာပြီဆိုရင် သဘာဝဘေးအန္တရာယ်နဲ့ အမြဲကြုံနေရတဲ့အတွက် သဘာဝဘေးအန္တရာယ်ကို ခံနိုင်ရည်ရှိဖို့ ကြိုတင်ပြင်ဆင်မှူတွေ၊ လေ့ကျင့်မှူတွေ စစ်တွေမြို့မှာ အစိုးရအဖွဲ့နဲ့ ADPC ကူညီရေးအဖွဲ့တွေ ပူးပေါင်းပြီး ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

မောင်တောမြို့ တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသတွေမှာ ဘင်္ဂလီအကြမ်းဖက်သမားတွေစုရုံးနေ

03 May 2017

 မြန်မာနိုင်ငံ အချုပ်အခြာအာဏာအတွက် အရေးကြီးတဲ့ မောင်တောမြို့နယ် တောင်းပိုင်းဒေသနဲ့ မြောက်ပိုင်းဒေသတွေမှာ ဘင်္ဂလီအကြမ်းဖက်သမားတွေ စုရုံးနေတယ်လို့ ခိုင်မာတဲ့သတင်းရပ်ဝန်း က ဒေသခံတွေက DMG သို့ သတင်းပေးပို့ထားပါတယ်။

Showing 141-160 of 176 items.