ဘင်္ဂလားဒေ့ရ်ှဘက်ကို အခုလပိုင်းကစတင်ပြီး ဆန်ပြန်လည်တင်ပို့

23 May 2017

ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကို စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်ကနေ အခုလပိုင်းကစတင်ပြီး ဆန် ပြန်လည်တင်ပို့နေပြီး ဒေါ်လာ နှစ်သောင်းဝန်းကျင် တန်ဖိုးရှိတဲ့ ဧည်မထ ၂၅ မတ် ဆန် ၆၅ တန် ပို့ဖြစ်တယ်လို့ စစ်တွေစခန်းတာဝန်ခံ ဦးခင်မောင်ဆွေက DMG ကိုပြောပါတယ်။

ကျောက်ဖြူမြို့နယ်က ရေလုပ်သားတွေ CNPC တရုတ်ကုမ္ပဏီကို ဒုတိယအကြိမ် ဆန္ဒပြ

23 May 2017

တရုတ်နိုင်ငံသို့ ရေနံတွေတင်ပို့ဖို့ မဒေးကျွန်းမှာ ရေနံတင်သင်္ဘောကြီးတွေ ဆိုက်ကပ်တာကြောင့် ငါးဖမ်းလုပ်ကွက်တွေ ပျက်စီးပြီး လှေသမားတွေ နားခိုဖို့ နေရာအဆင်မပြေတဲ့အတွက် ကျောက်ဖြူမြို့နယ်က ရေလုပ်သားတွေ မနေ့က CNPC တရုတ်ကုမ္ပဏီကို ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ မြိုလူမျိုးကို မြိုစာပေတွေ သင်ကြားပေးနေ

22 May 2017

ပုဏ္ဏားကျွန်းမြို့နယ် ပြိုင်တောကျေးရွာမှာ မေလ ၂၁ ရက်ကနေ ၂၆ ရက်နေ့အထိ ကျောက်တော်၊ ဘူးသီးတောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေက မြိုတိုင်းရင်းသားတွေကို မြိုစာပေသင်ကြားနေ တယ်လို့ သိရပါတယ်။ အဲဒီမြိုစာပေသင်တန်းကို မြိုစာပေနှင့်ယဉ်ကျေးမှူအဖွဲ့က ဦးစီးဖွင့်လှစ်တာဖြစ်ပြီး ဒီနေ့ နံနက် ၈ နာရီက သင်တန်းဖွင့်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ကြပါတယ်။

ရွှေကရုဏာ စေတနာဆေးခန်းမှာ ၁၁ ကြိမ်မြောက် မျက်စိအတွင်းတိမ် ဝေဒနာရှင်များကို အခမဲ့ဆေးကုသပေး

22 May 2017

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဖွင့်လှစ်ထားတဲ့ ရွှေကရုဏစေတနာဆေးခန်းမှာ ၁၁ ကြိမ်မြောက် မျက်စိအတွင်းတိမ် ဝေဒနာရှင် (၃၀၀) ဦးကို ဒီကနေ့ မေလ ၂၂ ကနေ ၂၄ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ဆေးကုသပေးနေတာ ဖြစ်ပါတယ်။ အဲဒီအခမဲ့ဆေးကုသမှုကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနှင့် ရွှေကရုဏာ စေတနာဆေးခန်းတို့ပူးပေါင်း လုပ်ဆောင်တာဖြစ်ပြီး ရန်ကုန်မြို့ မျက်စိအထူးကု

ငပလီကမ်းခြေသန့်ရှင်းရေး လူငယ်တွေ အမှိုက်ကောက်ရှင်းလင်း

21 May 2017

အမှိုက်ကြောင့် သဘာဝပတ်ဝန်းကျင် အခြေအနေ စိုးရိမ်နေရတဲ့ ရခိုင်ပြည်နယ် သံတွဲခရိုင် ငပလီမြို့မှာ အမှိုက်ကောက်လှုပ်ရှားမှု တစ်ရပ်ပြုလုပ်ခဲ့ကြပါတယ်။အမှိုက်ကောက်လှုပ်ရှားမှုကို ဂျိတ္တောရပ်ကွက်ပရဟိတလူငယ်တွေ စုပေါင်းထားတဲ့ အမှိုက်များ၏ ရန်သူ (Foe Of Rubbish) အဖွဲ့မှ မေ ၂၁ ရက် ညနေ ၃နာရီကစတင်ပြီး ဂျိတ္တောရပ်ကွက်အဝင်တံတားမှ ဂျိတ္တော(လုံးသာ)လမ်းမကြီးအတိုင်း ဖောင်ဆိပ်ထိကို အမှိုက်ကောက်ခဲ့ကြတာပါ။

ရှေးဟောင်းမြောက်ဦးမြို့က ကျောက်သားအနုပညာလက်ရာများ

သားသျှေလေး 21 May 2017

ရခိုင့်ရှေးဟောင်းအမွေအနှစ် ပုရားပုထိုးစေတီတွေမှာ ကျောက်သားအနုပညာလက်ရာတွေကို လက်ရှိအချိန်ထိ တွေ့မြင်နေရသလို ကျောက်သားတွေကို နိုင်နင်းစွာအသုံးချပြီး အနုပညာလက်ရာမြောက်အောင် ဖန်တီးပုံဖော်မှုတွေကိုလည်း မြောက်ဦးဒေသမှာ တွေ့မြင်နေရဆဲ ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်အတွင်း ပင်လယ်နဲ့ထိစပ်တဲ့မြို့နယ်တွေမှာ အရေးပေါ်အတွက် စပိဘုတ်တွေ ၃ စီးနှုန်းထားရှိမည်

21 May 2017

မကြာခဏဆိုသလို သဘာဝဘေးအန္တရာယ်နဲ့ မုန်တိုင်းဒဏ်ခံရတဲ့ ရခိုင်ပြည်နယ်မှာ ပင်လယ်နဲ့ထိစပ်တဲ့မြို့နယ်တွေကို အရေးပေါ်ကယ်ဆယ်ရေးအမြန်ယာဉ် စပိဘုတ် တစ်မြို့နယ်မှာ ၃ စီးနှုန်းထားရှိသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က DMG ကို ပြောပါတယ်။

အစိုးရနိုင်ငံပိုင်သတင်းစာမှာ ရခိုင်ဘာသာစကားကို ထည့်သွင်းဖော်ပြသွားမယ်

21 May 2017

အစိုးရပိုင် သတင်းစာတစ်ခုဖြစ်တဲ့ မြန်မာ့အလင်းသတင်းစာမှာ သတင်း၊ ဆောင်းပါးအပါအဝင် ကဣစုံကို ရခိုင်ဘာသာစကားဖြင့်ရေးသားပြီး ထည့်သွင်းဖော်ပြသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ ဦးမင်းအောင်က ပြောဆိုလိုက်ပါတယ်။

မောင်တောမြို့မှာ ဆရာတော် ဦးဥတ္တမ ရုပ်ထုနဲ့ ပန်းခြံထားရှိတော့မည်

20 May 2017

ရခိုင်ပြည်နယ်အတွင်း မြို့နယ်တွေမှာ အာရှနေဝန်း ဆရာတော် ဦးဥတ္တမ ရုပ်ထုနဲ့ ပန်းခြံပြုလုပ်လာကြတာကြောင့် မောင်တောမြို့မှာလည်း ဆရာတော်ရုပ်ထုနဲ့ ပန်းခြံတစ်ခု ဖြစ်ပေါ်လာဖို့ ဒီနေ့ သာသနာ့ဗိမ္မာန်တော်ကြီးမှာ အစည်းအဝေးပြုလုပ်ပြီး ဆွေးနွေးကြတယ်လို့ သိရပါတယ်။

ကမ္ဘာ့ဘဏ်အစီအစဉ်ဖြင့် ဂွမြို့နယ်မှာ ကျေးရွာပေါင်း ၃၆ ရွာကို Solar တွေပေး

20 May 2017

ရခိုင်ပြည်နယ်အတွင်း မဟာဓာတ်အားလိုင်းမရတဲ့ ကျေးရွာတွေကို၂၀၃၀ ခုနှစ်အမှီ မြို့ပြနဲ့တစ်ပြိုင်နက်တည်း လျှပ်စစ်မီးရရှိဖို့ဆောင်ရွက်နေတာကြောင့် ဂွမြို့နယ်အတွင်းမှာ လျှပ်စစ်မီးမရရှိသေးတဲ့ ကျေးရွာပေါင်း ၃၆ရွာကို ကမ္ဘာ့ဘဏ်အစီအစဉ်နှင့် ဂွမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနဲ့ Earth Renuwable Energy ကုမ္ဗဏီလိမိတက်တို့ ပူပေါင်းပြီး Solar နဲ့

ရခိုင်မှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ ၂ နှစ်အောက် ကလေးငယ်တွေကို ငွေကြေးထောက်ပံ့မည်

19 May 2017

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အသက် (၂) နှစ်အောက် ကလေးငယ်တွေကို အဟာရနဲ့ ကျန်းမာရေးဆိုင်ရာ တိုးတက်ကောင်းမွန်လာစေရေးအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ငွေကြေးထောက်ပံ့ပေးသွားမယ်လို့ သိရပါမယ်။

ကလေးတွေလုံခြုံရေး စိုးရိမ်နေရတယ်ဆိုတဲ့ မြတန်ဆောင်းဘုန်းကြီးကျောင်း

19 May 2017

ရခိုင်ပြည်နယ် မြောက်ဦးမြို့ မြတန်ဆောင်း ဘက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာရှိတဲ့ ကလေးတွေအနေနဲ့ ယခင်တာဝန်ယူထားတဲ့ မြတန်ဆောင်းဆရာတော်ဟာ မတရားအသင်းနဲ့ ဆက်နွယ်တယ်ဆိုတဲ့ ပုဒ်မ ၁၇ (၁) နဲ့ အမှုရင်ဆိုင်နေရပါတယ်။ ဆရာတော်မရှိတဲ့ နောက်ပိုင်းမှာ ပညာသင်ခိုလုံနေကြတဲ့ ကလေးတွေအတွက် ခြိမ်းခြောက်မှုတွေရှိနေပြီး လုံခြုံရေးပိုင်းဆိုင်ရာ အားနည်းနေတယ်လို့ဆိုပါတယ်။

NLD နာယကသူရဦးတင်ဦး ကျန်းမာရေးကောင်းမွန်ရေး ရခိုင်မြို့သုံးခုမှာ ဆွေးနွေး

19 May 2017

ရခိုင်ပြည်နယ် သံတွဲခရိုင်အတွင်းမှ ဂွမြို့၊ ကျိ န္တလီမြို့နဲ့ တောင်ကုတ်မြို့တို့တွင် မေလ ၁၈ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး သူရဦးတင်ဦး ကျန်းမာရေးပြန်လည် ကောင်းမွန်ပြီး နလန်ထူလာနိုင်ရေးအတွက် ကျန်းမာရေးဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ရေး ပထမအကြိမ်ဆွေးနွေး

18 May 2017

မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ယူနစ်စကိုင်နိုင်အောင် ဆောင်ရွက်ရေး (ပထမအကြိမ်) ဆွေးနွေးပွဲတစ်ရပ်ကို မေလ ၁၇ ရက်နေ့က မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီနှစ်အတွင်းကျောက်ဖြူမြို့မှာ မြို့ပြလမ်း ၇ လမ်းနဲ့ မြို့ပြတံတား ၆ စင်း ပြုလုပ်မည်

18 May 2017

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍနှစ်တွင် မြိုနယ်စည်ပင် ရန်ပုံငွေဖြင့် မြို့ပြလမ်း၇လမ်းနဲ့ မြို့ပြတံတား ၆ စင်းကို ဧပြီလမှစတင်ကာ ပြုလုပ်နေပြီဖြစ်ကြောင်း မြို့နယ်စည်ပင်ရုံးကသိရပါတယ်။

၅ နှစ်တာ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းမှာ ပြင်ပရောက် ကလေးတွေအတွက် ထည့်သွင်းရေးဆွဲထား

17 May 2017

ပညာရေးဝန်ကြီးဌာနက ဦးစီးပြီး အဆင့်မြင့်ပညာရေးဦးစီဌာနက ၂၀၁၆ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ၅ နှစ်တာ ရေးဆွဲထားတဲ့ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းမှာ ကျောင်းမတက်ရောက်နိုင်တဲ့ ပြင်ပရောက် ကလေးငယ်တွေအတွက် ကျောင်းတက်ဖို့မလိုဘဲ အတန်းနဲ့ ပညာရေး

ပေါက်တောမြို့ မီးလောင်မှုမှာ သိန်း (၁၅၀) ဖိုး ဆုံးရှုံးသွားခဲ့ပြီး လူ (၁၆) ဦး ဒဏ်ရာရရှိ

17 May 2017

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ ရပ်ကွက် (၃)မှာ ဒီနေ့ နံနက် ၈ နာရီကျော်ခန့်က မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် ကျပ်သိန်း (၁၅၀) ဖိုး ဆုံးရှုံးသွားခဲ့ပြီး လူ (၁၆) ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ပေါက်တောမြို့မရဲစခန်းမှ ဒုရဲမှူးကျော်ဇံက ပြောပါတယ်။ 

ရခိုင်တောင်သူ လယ်သမားသမဂ္ဂ ၆ လပတ် အစည်းအဝေးပြုလုပ်

17 May 2017

ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂရဲ့ ၆ လပတ် အစည်းအဝေးနဲ့ လယ်ယာမြေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို စစ်တွေမြို့က မဏိရတနာ ဘုန်းတော်ကြီးကျောင်းတိုက်မှာ မေလ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပနေပါတယ်။ 

ယခုဖြစ်ပေါ်နေသော ပဋိပက္ခများ မသဘနှင့်မသက်ဆိုင်ဟု ရှင်းလင်းမိန့်ကြား

16 May 2017

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ယခုဖြစ်ပေါ်နေသည့် ပဋိပက္ခများသည် မဘသက စေခိုင်းခြင်းမဟုတ်သည့်အပြင် အဆိုပါကိစ္စများသည် မဘသနှင့် မသက်ဆိုင်ကြောင်း မေလ ၁၆ ရက် ယနေ့ နေ့လည်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မဘသ(ဗဟို)က ရှင်းလင်းမိန့်ကြားသည်။

မြိုလူမျိုးဟာ ရခိုင်ပြည်နယ်မှာ ရှေးကျဆုံးလူမျိုးတစ်မျိုးဖြစ်တယ်လို့ ဆို

16 May 2017

မြိုလူမျိုးတွေဟာ ရခိုင်ပြည်နယ်မှာ ရှေးအကျဆုံးလူမျိုးတစ်မျိုးဖြစ်တယ်လို့ ဒီနေ့ မေလ ၁၆ နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ ဗန်းဗွီးကျေးရွာတွင် ကျင်းပပြုလုပ်တဲ့ (၂) ကြိမ်မြောက် မြိုအမျိုးသားနေ့မှာ ဦးဆောင်ကျင်းပသူတစ်ဦးဖြစ်တဲ့ မြိုစာပေနှင့်ယဉ်ကျေးမှု ဥက္ကဌဦးဇနီဖြူက ပြောကြားလိုက်တာ ဖြစ်ပါတယ်။ 

Showing 121-140 of 176 items.