- စစ်ကောင်စီ လက်နက်ကြီးကြောင့် သံတွဲတွင် ကမန် ၉ ဦးနှင့် ရခိုင် ၁ ဦး သေဆုံး
- သံတွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လက်နက်များဖြင့် ထွက်ပြေးနေကြ
- မိုခါမုန်တိုင်း ၁ နှစ်ပြည့်အချိန်ထိ ရခိုင်ပြည်သူများ နာလန်မထူနိုင်သေး
- ဂွဒေသခံတစ်ဦးကို AA နှင့် ဆက်စပ်သည်ဆိုပြီး စစ်ကောင်စီ ဖမ်းဆီး
- စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် မောင်တော ဒေသခံ ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ
အမေရိကန်နှင့် ချုပ်ဆိုထားသည့် နျူကလီးယားသဘောတူညီချက်ကို ရပ်ဆိုင်းသည့်ဥပဒေ သမ္မတပူတင် တင်သွင်း
အမေရိကန်နှင့် ရုရှားအကြား နျူကလီးယားအရေး သဘောတူညီချက်ကို ၂၀၁၀ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကာ ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးထားသည်။
22 Feb 2023
ရုရှားနှင့် အမေရိကန်အကြား ချုပ်ဆိုထားသည့် နျူကလီးယားအရေး သဘောတူညီချက် စာချုပ်ကို ဆိုင်းငံ့သည့် ဥပဒေကြမ်းတစ်ရပ်အား ရုရှားသမ္မတပူတင်က အင်္ဂါနေ့တွင် ရုရှားအောက်လွှတ်တော်သို့ တင်သွင်းလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါဥပဒေအား ဗုဒ္ဓဟူးနေ့တွင် စိစစ်ကာ ချက်ချင်းဆုံးဖြတ်မည်ဟု လွှတ်တော်ပြောခွင့်ရ Vyacheslav Volodin က ကြေညာချက်တစ်စောင်၌ ထည့်သွင်းပြောကြားထားသည်။
အမေရိကန်နှင့် ရုရှားအကြား နျူကလီးယားအရေး သဘောတူညီချက်ကို ၂၀၁၀ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကာ ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးထားသည်။ ဤသဘောတူညီချက်အရ နှစ်နိုင်ငံသည် တပ်ဖြန့်ထားသည့် နျူကလီးယားလက်နက် အရေအတွက်ကို ၁၅၅၀ ထက်မပိုစေရေး၊ တာဝေးပစ်ဒုံးကျည်များနှင့် ဗုံးကြဲမှုများကို ၇၀၀ ထက်မပိုစေရေးတို့ ပါဝင်သည်။
ယခုကဲ့သို့ ဆိုင်းငံ့ချက်ကို သမ္မတဗလာဒီမာပူတင်က ရုရှားလွှတ်တော် နှစ်ရပ်လုံးသို့ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် ၎င်း၏လက်သုံးစကားဖြစ်သော အနောက်အုပ်စုသည် ရုရှားကို ဖျက်ဆီးရန် ကြံစည်နေကြသည် ဟူသည့်စကားကိုလည်း ပူတင်က ထပ်မံပြောကြားခဲ့သည်။
နျူကလီးယားသဘောတူညီချက် လက်မှတ်ရေးထိုးစဉ်က ရှိခဲ့သည့် အခြေခံကျသော နိုင်ငံရေးအရှိတရားများသည် ပြောင်းလဲသွားပြီဟု မော်စကိုက ဆိုသည်။ စာချုပ်ပါ ပြဋ္ဌာန်းချက်များသည် တစ်ဘက်သတ်ဖြစ်နေပြီး အမေရိကန်ကို မျက်နှာသာပေးထားသလို ဝါရှင်တန်သည်လည်း နေရာချထားခွင့်ရှိသည့် နျူကလီးယားထိပ်ဖူး အရေးအတွက် ကန့်သတ်ချက်ကို ဖောက်ဖျက်နိုင်သည့် နည်းလမ်းများ ရရှိသွားပြီဟု မော်စကိုက ပြောကြားသည်။
အမေရိကန်၊ နေတိုး အပါအဝင် အခြားသော နျူကလီးယားပိုင် ဗြိတိန်နှင့် ပြင်သစ်တို့ကမူ ယူကရိန်းကျူးကျော်စစ် တစ်နှစ်ခန့်ကြာလာချိန်၌ ကြေညာလိုက်သော ပူတင်၏ ဆုံးဖြတ်ချက်အပေါ် ဝေဖန်လျက်ရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။