တရုတ်ရဲ့ ပို့ကုန်တင်သွင်းမှုကန့်သတ်ချက်ကို ထိုင်ဝမ်ဝန်ကြီးချုပ်ဝေဖန်

ထိုင်ဝမ်ကနေ အဖျော်ယမကာနဲ့ပတ်သက်တဲ့ ပို့ကုန်တင်သွင်းမှုတချို့ကို တရုတ်အကောက်ခွန် အရာရှိတွေက ရုတ်တရက်ကန့်သတ်လိုက်တယ်လို့ ထိုင်ဝမ်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။

By Admin 12 Dec 2022

တရုတ်ရဲ့ ပို့ကုန်တင်သွင်းမှုကန့်သတ်ချက်ကို ထိုင်ဝမ်ဝန်ကြီးချုပ်ဝေဖန်

ထိုင်ဝမ်ဝန်ကြီးချုပ် ဆူဆန်ချန်။ ဓာတ်ပုံ - AFP

DMG | ဒီဇင်ဘာ ၁၂

ထိုင်ဝမ်ကနေ အဖျော်ယမကာနဲ့ပတ်သက်တဲ့ ပို့ကုန်တင်သွင်းမှုတချို့ကို တရုတ်အကောက်ခွန် အရာရှိတွေက ရုတ်တရက်ကန့်သတ်လိုက်တယ်လို့ ထိုင်ဝမ်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။

တရုတ်ပြည်မကြီးကို အစားအစာအားလုံးနဲ့ ဖျော်ရည်ယမကာ တင်သွင်းသူတွေအနေနဲ့ ဇန်နဝါရီ ၁ ရက်ကစပြီး တရုတ်အကောက်ခွန်ရုံးတွေမှာ မှတ်ပုံတင်ရမယ်လို့ ဘေဂျင်းက စည်းကမ်းအသစ် ချမှတ်ခဲ့ပါတယ်။ ထိုင်ဝမ်ကုမ္ပဏီ တချို့ကတော့ တရုတ်နိုင်ငံရဲ့ စည်းကမ်းသစ်နဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်နေကြဆဲပါ။

ထိုင်ဝမ်ဝန်ကြီးချုပ် ဆူဆန်ချန်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ် (WTO)က ချမှတ်ထားတဲ့စံနှုန်းတွေကို ဘေဂျင်းက ချိုးဖောက်နေတယ်လို့ စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

ထိုင်ဝမ်နဲ့ပတ်သက်ရင် တရုတ်က တင်းတင်းကျပ်ကျပ် လုပ်ချင်နေတယ်။ အထူးသဖြင့် ထိုင်ဝမ်အပေါ် ခွဲခြားဆက်ဆံတာမျိုး လုပ်နေတယ်လို့ ဝန်ကြီးချုပ်က မီဒီယာတွေကိုပြောပါတယ်။

တရုတ်ကြောင့် ထိုင်ဝမ်ရဲ့စီးပွားရေးလုပ်ငန်းတွေ ထိခိုက်စရာဖြစ်လာပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ချုပ် (WTO) ဆီ အယူခံဝင်ဖို့စီစဉ်ထားပြီး ထိုင်ဝမ်ရဲ့စီးပွားရေး လုပ်ငန်းတွေအတွက် ကူညီပေးသွားမယ်လို့ သူက ပြောပါတယ်။

ဗီဒီယိုများ