- စစ်ကောင်စီ လက်နက်ကြီးကြောင့် သံတွဲတွင် ကမန် ၉ ဦးနှင့် ရခိုင် ၁ ဦး သေဆုံး
- သံတွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လက်နက်များဖြင့် ထွက်ပြေးနေကြ
- မိုခါမုန်တိုင်း ၁ နှစ်ပြည့်အချိန်ထိ ရခိုင်ပြည်သူများ နာလန်မထူနိုင်သေး
- ဂွဒေသခံတစ်ဦးကို AA နှင့် ဆက်စပ်သည်ဆိုပြီး စစ်ကောင်စီ ဖမ်းဆီး
- စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် မောင်တော ဒေသခံ ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ
ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် ALD ပါတီဝင် တစ်ဦးအပါအဝင် တောင်ကုတ်ဒေသခံ သုံးဦးအမှုတွင် လိုပြသက်သေအား ရုံးထုတ်စစ်ဆေး
နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က)နှင့် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ တို့ ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီဝင် တစ်ဦးအပါအဝင် တောင်ကုတ်ဒေသခံသုံးဦးအမှုနှင့်ပတ်သက်ပြီး ဇွန်လ ၂၉ ရက်နေ့က တရားလိုပြသက်သေတစ်ဦးကို တောင်ကုတ်မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
29 Jun 2021
DMG ၊ ဇွန် ၃၀
နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က)နှင့် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ တို့ ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီဝင် တစ်ဦးအပါအဝင် တောင်ကုတ်ဒေသခံသုံးဦးအမှုနှင့်ပတ်သက်ပြီး ဇွန်လ ၂၉ ရက်နေ့က တရားလိုပြသက်သေတစ်ဦးကို တောင်ကုတ်မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
ရုံးချိန်းတွင် အမှုနှစ်ခုလုံးနှင့်ပတ်သက်ပြီး တရားလိုပြသက်သေ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ရဲမင်းထွန်းကို စစ်ဆေးခဲ့ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် အမှုဆောင်ရှေ့နေ ဦးခင်မောင်ဌေးက ပြောသည်။
“ဒီနေ့ရုံးချိန်းမှာတော့ တရားလိုပြသက်သေ ရဲအုပ် ရဲမင်းထွန်းကိုစစ်ဆေးဖြစ်တယ်။ သူက (တရားစွဲဆိုခံထားရ သူတွေဟာ) နိုင်ငံတော်ရဲ့ အစိုးရအုပ်ချုပ်ရေးယန္တရားကို ပျက်စီးအောင်အတွက် ဆန္ဒပြတယ်လို့ ထွက်ဆို တယ်” ဟု ပြောသည်။
အဆိုပါ အမှုနှစ်ခုနှင့်ပတ်သက်ပြီး လာမည့် ဇူလိုင်လ ၅ ရက်နေ့တွင် ရုံးပြန်လည်ချိန်းဆိုထားပြီး ယင်းနေ့တွင် တရားလိုပြသက်သေနှစ်ဦးကို စစ်ဆေးသွားမည်ဖြစ်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှ သိရသည်။
တရားစွဲဆိုခံထားရသူများမှာ ALD ပါတီ ဗဟိုတွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်လင်း၊ တောင်ကုတ်ဒေသခံ ကိုလှိုင်မင်းထွန်း(ခ)သားကြီးနှင့် ကိုဇာနေထူးတို့ဖြစ်ကြပြီး ၎င်းတို့မှာ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က တောင်ကုတ် မြို့ပေါ်၌ အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်စဉ် ဖမ်းဆီးခြင်းကို ခံရခြင်းဖြစ်သည်။
၎င်းတို့သုံးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် တောင်ကုတ်မြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ထွီးခိုင်မှ တရားလိုလုပ်ပြီး တရားစွဲဆိုထားသလို ငြိမ်းစုစီပုဒ်မဖြင့်လည်း တောင်ကုတ်မြို့နယ် ဒု-ရဲမှူး ဇော်လတ်က တရားလိုလုပ်ပြီး တရားစွဲဆိုထားခြင်းဖြစ်သည်။