- စစ်ကောင်စီ လက်နက်ကြီးကြောင့် သံတွဲတွင် ကမန် ၉ ဦးနှင့် ရခိုင် ၁ ဦး သေဆုံး
- သံတွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လက်နက်များဖြင့် ထွက်ပြေးနေကြ
- မိုခါမုန်တိုင်း ၁ နှစ်ပြည့်အချိန်ထိ ရခိုင်ပြည်သူများ နာလန်မထူနိုင်သေး
- ဂွဒေသခံတစ်ဦးကို AA နှင့် ဆက်စပ်သည်ဆိုပြီး စစ်ကောင်စီ ဖမ်းဆီး
- စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် မောင်တော ဒေသခံ ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ
မြို့မရဲစခန်းမှူး ထွက်ပြေးပြီးနောက် စစ်ကောင်စီက တောင်ကုတ်မြို့ကို လုံခြုံရေးတိုးမြှင့်
တောင်ကုတ်စခန်းမှူး စန်းညွှန့်မှာ ခရိုင်ရဲမှူး၏ ဖိနှိပ်ဆက်ဆံမှုများကြောင့် ဧပြီလ ၃ ရက် ညအချိန်တွင် ရဲခစန်းမှ လက်နက်မဲ့ထွက်ပြေးသွားကြောင်း ရဲစခန်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
05 Apr 2024
DMG ၊ ဧပြီ ၅
ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင် မြို့မရဲစခန်းမှူး ထွက်ပြေးသွားပြီးနောက် စစ်ကောင်စီက မြို့အဝင်/အထွက် ဂိတ်များနှင့် မြို့အတွင်းနေရာအနှံ့တွင် လုံခြုံရေးတိုးမြှင့်ချထားကြောင်း ဒေသခံများထံမှ သိရသည်။
တောင်ကုတ်စခန်းမှူး စန်းညွှန့်မှာ ခရိုင်ရဲမှူး၏ ဖိနှိပ်ဆက်ဆံမှုများကြောင့် ဧပြီလ ၃ ရက် ညအချိန်တွင် ရဲခစန်းမှ လက်နက်မဲ့ထွက်ပြေးသွားကြောင်း ရဲစခန်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
“စခန်းမှူးအပေါ်မှာ ခရိုင်မှူးက တော်တော်လေး ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတာမျိုးတွေ ရှိတယ်လို့ ကြားတယ်။ ဒါကြောင့် ဖိအားတွေများပြီး ထွက်သွားတာဖြစ်မယ်” ဟု ၎င်းက ပြောသည်။
ထွက်ပြေးသွားသည့်စခန်းမှူးကို အသည်းအသန်လိုက်ရှာနေပြီး မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်(၃)ခုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား အများအပြားဖြင့် လမ်းသွားလမ်းလာများကို တင်းကျပ်စွာ စစ်ဆေးနေသည်။
“မြို့ထဲမှာလည်း စစ်သားတွေ၊ ရဲတွေ အများကြီး သွားလာနေကြတယ်။ ရဲစခန်းထဲက ဝန်ထမ်းမိသားစုတွေကိုလည်း အပြင်ကို လုံးဝထွက်ခွင့်မပေးသေးဘူးလို့ သိရတယ်” ဟု တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။
တောင်ကုတ်စခန်းမှူး စန်းညွှန့်မှာ ရခိုင်ဒေသခံတစ်ဦးဖြစ်ပြီး မအီမြို့နယ်ခွဲမှ တောင်ကုတ်မြို့သို့ ပြောင်းရွှေ့ပြီး တာဝန်ထမ်းဆောင်နေသည်မှာ ၃ နှစ်ခန့်ရှိပြီဖြစ်သည်။
၎င်းမှာ လက်ရှိ၌ ရက္ခိုင့်တပ်တော်(AA) ထိန်းချုပ်ရာနယ်မြေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသော်လည်း DMG က သီးခြားအတည်နိုင်ပြုခြင်း မရှိသေးပေ။
တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) ကြား လက်တလောတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း မြို့အနှံ့တွင် စစ်ကောင်စီက စစ်အင်အားတိုးချဲ့ နေရာချထားပြီး ဒေသခံများခရီးသွားလာခွင့်ကို ပိတ်ဆို့ထားသည်။