ရခိုင်ပြည်သူများ လူသားချင်းစာနာမှု အကူအညီရရှိရေး ALP က စစ်ကောင်စီထံ တောင်းဆို

စစ်ဘေး၊ မုန်တိုင်းနှင့် ရေဘေးဒဏ်များကို ခံစားနေကြရသော ရခိုင်ပြည်သူများ လူသားချင်းစာနာထောက်ထားရေး အကူအညီများ ရရှိရေးအတွက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က စစ်ကောင်စီထံ တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။

By Admin 02 Sep 2023

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဥက္ကဌ စောမြရာဇာလင်း။ ဓာတ်ပုံ - MRTV
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဥက္ကဌ စောမြရာဇာလင်း။ ဓာတ်ပုံ - MRTV

DMG ၊ စက်တင်ဘာ ၂

စစ်ဘေး၊ မုန်တိုင်းနှင့် ရေဘေးဒဏ်များကို ခံစားနေကြရသော ရခိုင်ပြည်သူများ လူသားချင်းစာနာထောက်ထားရေး အကူအညီများ ရရှိရေးအတွက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က စစ်ကောင်စီထံ တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ ငြိမ်းချမ်းရေးကော်မတီနှင့် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် (၅)ဖွဲတို နေပြည်တော်၌ ၃ ရက်တာတွေ့ဆုံမှုအပြီး ALP နှင့် စစ်ကောင်စီတို သီးသန့်တွေ့ဆုံစဉ် ယင်းသိုတောင်းဆိုခဲ့ခြင်းဟု ALP တာဝန်ရှိသူက ပြောသည်။

“ရခိုင်ပြည်မှာ အခုဆိုရင် မိုခါကိစ္စကြောင့် စားနပ်ရိက္ခာတွေ အခက်အခဲရှိကြတယ်။ အဲဒါတွေကို ဆွေးနွေးပါတယ်။ နောက်ပြီး EAO (တိုင်းရင်းသားလက်နက်ကိုင်) ဒေသတွေမှာလည်း လူသားချင်းစာနာထောက်ထားတဲ့ ကိစ္စတွေမှာ ပါဝင်ခွင့်ရဖို ဆွေးနွေးဖြစ်ပါတယ်။ အဲဒါဟာ ရခိုင်ပြည်သူတွေအတွက် သီးသန့်ဆွေးနွေးခြင်းပါ” ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဌ စောမြရာဇာလင်းက ပြောသည်။

ALP ၏ တင်ပြဆွေးနွေးချက်များကို ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)က လုပ်ဆောင်လျက်ရှိသည်ဟု တုန့်ပြန်ကြောင်း စောမြရာဇာလင်းက ဆက်ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရသေ့တောင်မြို့ခံ တက်ကြွလှုပ်ရှားသူတစ်ဦးက “ALP အနေနဲ့ AA စိုးမိုးထားတဲ့ နယ်မြေတွေမှာ တိုက်ရိုက်ပါဝင်ခွင့် ရရှိရေးကို စိတ်ရင်းမှန်နဲ့ တင်ပြတောင်းဆိုပြီး အမှန်တကယ် ဝင်ရောက်လုပ်ဆောင်နိုင်မယ်ဆို‌ရင်တော့ ထိရောက်နိုင်ပြီး ကြိုဆိုဖိုလည်းကောင်းပါတယ်။ အဲဒီလိုမဟုတ်ဘဲ ALP အနေနဲ့ စကစနဲ့ပေါင်းပြီးတော့ ULA/AA နယ်မြေထဲကိုဝင်ပြီး ALP ယန္တရား လည်ပတ်တယ်ဆိုတာကို ပြည်သူတွေကို ချပြတဲ့ပုံစံမျိုးဆိုရင်တော့ ဝေဖန်စရာဖြစ်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်တွင် ပြီးခဲ့သည့် ၂၀၁၈ နှစ်ကုန်ပိုင်းမှစ၍ စစ်ရေးပဋိပက္ခများကြောင့် ပြည်သူအများအပြား နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရပြီး စစ်ဘေးရှောင် ၆ သောင်းခန့်မှာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပေ။

ထိုအပြင် ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော "မိုခါ"မုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်များစွာရှိနေချိန် ဩဂုတ်လ ပထမပတ်တွင် ရေကြီးရေလျှံမှုဒဏ်ကို ထပ်မံကြုံတွေ့ခဲ့ရသည်။

သိုသော် လူသားချင်းစာနာမှုအကူအညီများ လိုအပ်နေသော စစ်ဘေးရှောင်များနှင့် သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် ကုလအပါအဝင် INGO/NGO/CSO အဖွဲများက လွတ်လပ်စွာ ကူညီထောက်ပံ့ခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားဆဲဖြစ်သည်။

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စနှင့်ပတ်သက်ပြီး ကုလအကြီးအကဲ Mr. Martin Griffiths သည် စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်နှင့် ဩဂုတ်လ ၁၅ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး နောက်တစ်နေ့တွင် ရခိုင်ပြည် မြေပြင်အခြေအနေများကို လာရောက်လေ့လာခဲ့သည်။

သိုသော်လည်း ရခိုင်ပြည်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးမှုများကို စစ်ကောင်စီက ကန့်သတ်ထားဆဲဖြစ်၍ စစ်ဘေး၊ လေဘေးနှင့် ရေဘေးသင့်ပြည်သူများမှာ အခက်အခဲများစွာ ရှိနေကြသည်။

#I003

ဗီဒီယိုများ