- တောဟိန်းတောင်ဗျူဟာကုန်းကို AA သိမ်းပိုက်
- ပေါက်တောမြို့နယ်တွင် စစ်ကောင်စီလက်နက်ကြီးကျ၍ အရပ်သားသုံးဦးဒဏ်ရာရ
- သံတွဲတိုက်ပွဲတွင် စစ်ကောင်စီ ဒုတပ်ရင်းမှူးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦးသေဆုံး
- ဒေသတွင်းထွက်ကုန် မတင်ပို့နိုင်သဖြင့် ရခိုင်ပြည်စီးပွားရေး ကျဆင်းနေ
- အမ်းမြို့နယ်က ချင်းလူမျိုး ၁၀၀ ကျော်ကို စစ်မှုထမ်းရန် စစ်ကောင်စီ ဖိအားပေးနေ
အမေရိကန်ထံမှ ဘလက်ဟော့ရဟတ်ယာဉ် အစီး ၄၀ သြစတြေးလျ ဝယ်မည်
အမေရိကန်ဒေါ်လာ ၁.၉ ဘီလျံတန်ဖိုးရှိသည့် ယခုဝယ်ယူမှုအား ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် သဘောတူခဲ့ခြင်း ဖြစ်သည်။
19 Jan 2023
ဓာတ်ပုံ - Reuters
အမေရိကန်ထံမှ ဘလက်ဟော့ရဟတ်ယာဉ် အစီး ၄၀ ဝယ်ယူရန် သဘောတူညီထားကြောင်း သြစတြေးလျက ဇန်နဝါရီလ ၁၈ ရက်နေ့တွင် အတည်ပြုပြောကြားလိုက်သည်။
အမေရိကန်ဒေါ်လာ ၁.၉ ဘီလျံတန်ဖိုးရှိသည့် ယခုဝယ်ယူမှုအား ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် သဘောတူခဲ့ခြင်း ဖြစ်သည်။
သြစတြေးလျ စစ်တပ်သည် လက်ရှိတွင် MRH-90 Taipan ရဟတ်ယာဉ်များကို အသုံးပြုလျက်ရှိသည်။ ပြင်သစ်အစိုးရက တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်သည့် Airbus ကုမ္ပဏီက ထုတ်လုပ်သည့် Taipan များသည် ပြုပြင်ထိန်းသိမ်းရေး ပြဿနာများကြောင့် အဆင်မပြေ ဖြစ်နေရသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သည်။
အမေရိကန်ကုမ္ပဏီ လော့ဟစ်မာတင် ထံမှ အသစ်ဝယ်ယူမည့် ရဟတ်ယာဉ်အသစ်များဖြင့် MRH-90 များကို အစားထိုးသွားမည်ဖြစ်ကာ ရဟတ်ယာဉ်အသစ်များကို ယခုနှစ်အတွင်း စတင်ရရှိမည်ဖြစ်သည်။
“Taipan တွေကို ကျွန်တော်တို့ လုံလောက်တဲ့အချိန် တစ်ခုတောင် မမောင်းရသေးပါဘူး” ဟု သြစတြေးလျ ကာကွယ်ရေးဝန်ကြီး ရစ်ချက်မာလက်က အေဘီစီသတင်းဌာနသို့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။
“ဒီလိုအပ်ချက်ကို ဘလက်ဟော့တွေဆီက ရမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ သူ့စနစ်က ကျွန်တော်တို့နဲ့ ရင်းနှီးပြီးသားပါ” ဟုလည်း သူက ပြောကြားသည်။
အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်က လွှမ်းမိုးမှုများ တိုးမြှင့်လာသည်နှင့်အမျှ ပြီးခဲ့သောနှစ်များအတွင်း သြစတြေးလျသည် ၎င်း၏ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲလျက်ရှိသည်။
သြစတြေးလျသည် ၂၀၂၁ ခုနှစ်ကလည်း ပြင်သစ်ထံမှ ရေငုပ်သင်္ဘောဝယ်ယူမည့် အစီအစဉ်ကို ဖျက်သိမ်းပြီး ထိုထက်နည်းပညာမြင့်သည့် အမေရိကန်နှင့် ဗြိတိန်လုပ် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ ဝယ်ယူရန် သဘောတူခဲ့သည်။