ဖိလစ်ပိုင်စစ်တပ်က အွန်လိုင်းကာကွယ်ရေးအတွက် ‘ဆိုက်ဘာစစ်သည်တော်များ’ ခန့်အပ်သွားမည်

ဖိလစ်ပိုင်စစ်တပ်သည် နေ့စဉ်နှင့်အမျှ ရှိနေသည့် ဆိုင်ဘက်တိုက်ခိုက်မှုများကို ခုခံကာကွယ်ရေးအတွက် ဆိုက်ဘာထိန်းချုပ်ကွပ်ကွဲရေး ဌာနတစ်ရပ်ကို ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဦးစီးချုပ်က ဗိုလ်ချုပ်ကြီး ရိုမီယိုဘရော်နာက အောက်တိုဘာလ ၁၉ ရက်နေ့တွင် ပြောကြားလိုက်သည်။ အွန်လိုင်းနှင့် ဆက်စပ်ပြီး ကျွမ်းကျင်ပညာရှင်များကိုပါ ဆွဲဆောင်ခေါ်ယူနိုင်ရေးအတွက် ဝန်ထမ်းလိုအပ်ချက် စည်းကမ်းများကိုလည်း ဖြေလျှော့သွားမည် ဖြစ်ကြောင်း သူကပြောသည်။

By Admin 19 Oct 2023

ဓာတ်ပုံ - Telecom Review Asia
ဓာတ်ပုံ - Telecom Review Asia

DMG ၊ အောက်တိုဘာ ၁၉

ဖိလစ်ပိုင်စစ်တပ်သည် နေ့စဉ်နှင့်အမျှ ရှိနေသည့် ဆိုင်ဘက်တိုက်ခိုက်မှုများကို ခုခံကာကွယ်ရေးအတွက် ဆိုက်ဘာထိန်းချုပ်ကွပ်ကွဲရေး ဌာနတစ်ရပ်ကို ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဦးစီးချုပ်က ဗိုလ်ချုပ်ကြီး ရိုမီယိုဘရော်နာက အောက်တိုဘာလ ၁၉ ရက်နေ့တွင် ပြောကြားလိုက်သည်။ အွန်လိုင်းနှင့် ဆက်စပ်ပြီး ကျွမ်းကျင်ပညာရှင်များကိုပါ ဆွဲဆောင်ခေါ်ယူနိုင်ရေးအတွက် ဝန်ထမ်းလိုအပ်ချက် စည်းကမ်းများကိုလည်း ဖြေလျှော့သွားမည် ဖြစ်ကြောင်း သူကပြောသည်။

ဖိလစ်ပိုင်နိုင်ငံတွင် မကြာသေးမီ ကာလအများအတွင်း အောက်လွှတ်တော်အပါအဝင် အစိုးရရုံးဌာန အများအပြားသည် ဆိုက်ဘာတိုက်ခိုက်မှုများ ရင်ဆိုင်ခဲ့ရကာ ကာကွယ်ရေးဘက်တွင် နေ့စဉ်နီးပါး ဆိုက်ဘာတိုက်ခိုက်ခံရမှု အများစုသည် ပြည်ပမှတိုက်ခိုက်ကြခြင်းဟုလည်း ရိုမီယိုဘရော်နာက ပြောကြားသည်။

“လက်နက်ကိုင် တပ်ရင်းတွေအတွက် တပ်သားသစ် စုဆောင်းမှုအစား ဒီတစ်ခါတော့ ဆိုက်ဘာစစ်သည်တွေ စုဆောင်းသွားမှာပါ” ဟု ရိုမီယိုဘရော်နာက ပြောသည်။

“ဒီစစ်သည်အမျိုးအစားသစ်ဟာ ကြွက်သားအထုထုနဲ့ သန်စွမ်းနေစရာ မလိုလောက်ဘူးလို့ ယူဆရပါတယ်” ဟုလည်း သူကဆိုသည်။

ပြည်ပမှတိုက်ခိုက်မှုများဟု ဘရော်နာက ဆိုသော်လည်း မည်သည့်နိုင်ငံမှ ဟူ၍တော့ တိတိပပ မပြောပေ။ သို့သော်လည်း ဖိလစ်ပိုင်လည်း တောင်တရုတ်ပင်လယ် ပိုင်နက်အရေးနှင့် ပတ်သက်ပြီး ပြီးခဲ့သောလများအတွင်း တရုတ်နှင့် တင်းမာမှုများ ပိုမိုမြင့်တက်လာနေသည်ဟု အေအက်ဖ်ပီသတင်းက ဖော်ပြသည်။

ဆိုက်ဘာကာကွယ်ရေး သင်တန်းများသည် ယခုနှစ်အတွင်း အမေရိကန်နှင့် ပူးတွဲလေ့ကျင့်မှုများ၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်ဟု ဘရော်နာက ပြောသည်။ ကာကွယ်ရေး ဗျူဟာပိုင်းတွင် ဆိုက်ဘာကာကွယ်ရေး အခန်းဏ္ဍသည်လည်း ပိုမိုအရေးပါလာနေသည်ဟု သူကပြောကြားသည်။

ဖိလစ်ပိုင်စစ်တပ်သည် ဆက်သွယ်ရေးကုမ္ပဏီများအား စစ်စခန်းဝင်းများအတွင်း တာဝါတိုင်များ တည်ဆောက်ခွင့်ပြုခြင်းကိုလည်း ရပ်ဆိုင်းတော့မည်ဟု ဘရော်နာ၏ ပြောကြားချက်အရ သိရသည်။ ဖိလစ်ပိုင် စစ်အခြေစိုက်စခန်းများ၌ တရုတ်ပိုင် ချိုင်းနားတယ်လီကွန် ကုမ္ပဏီကြီး အပါအဝင် မိုဘိုင်းဖုန်းကုမ္ပဏီ အများအပြားကို ဆက်သွယ်ရေးတာဝါတိုင်များ ဆောက်လုပ်ခွင့် ပြုထားသည်။

ဗီဒီယိုများ