ပြည်ပတိမ်းရှောင် တက်ကြွလှုပ်ရှားသူများ လာရောက်အဖမ်းခံကြရန် ဟောင်ကောင်ခေါင်းဆောင်ပြော

ပြည်ပတွင် ရောက်ရှိနေကြသော နိုင်ငံရေး တက်ကြွလှုပ်ရှားကြသူများ အနေဖြင့် ကိုယ်တိုင်လာရောက် အဖမ်းခံကြရန် ဟောင်ကောင်ခေါင်းဆောင် ဂျွန်လီက ဇူလိုင်လ ၄ ရက်နေ့တွင် ပြောကြားလိုက်သည်။

By Admin 04 Jul 2023

ပြည်ပတိမ်းရှောင် တက်ကြွလှုပ်ရှားသူများ လာရောက်အဖမ်းခံကြရန် ဟောင်ကောင်ခေါင်းဆောင်ပြော

ပြည်ပတွင် ရောက်ရှိနေကြသော နိုင်ငံရေး တက်ကြွလှုပ်ရှားကြသူများ အနေဖြင့် ကိုယ်တိုင်လာရောက် အဖမ်းခံကြရန် ဟောင်ကောင်ခေါင်းဆောင် ဂျွန်လီက ဇူလိုင်လ ၄ ရက်နေ့တွင် ပြောကြားလိုက်သည်။

ပြည်ပတွင် တိမ်းရှောင်နေကြသည့် ဒီမိုကရေစီအရေး လှုပ်ရှားနေကြသူ ၈ ဦးကို ဖမ်းမိရေးနှင့် ပတ်သက်သည့် သတင်း ပေးနိုင်သူအား တစ်ဦးချင်းစီအတွက် ဆုငွေ ဟောင်ကောင်ဒေါ်လာ တစ်သန်းစီ ပေးမည်ဟု ဟောင်ကောင်ရဲတပ်ဖွဲ့က ဇူလိုင်လ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ပြည်ပအင်အားစုများနှင့် ပူးပေါင်းပြီး အဖျက်အမှောင့် လုပ်ရပ်များ ပြုလုပ်သည်ဟူသော အချက်များဖြင့် ရဲတပ်ဖွဲ့က ၎င်းတို့ကို တရားစွဲဆိုထားသည်။

ရဲတပ်ဖွဲ့၏လုပ်ရပ်ကို မိမိထောက်ခံပြီး တက်ကြွလှုပ်ရှားသူများ အနေဖြင့်လည်း ကိုယ်တိုင်လာရောက် အဖမ်းခံကြရန် ဂျွန်လီက ပြောကြားသည်။

“တစ်သက်လုံး အလိုက်ခံနေရမယ့် ဝရမ်းပြေးဘဝကို အဆုံးသတ်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ အဖမ်းခံလိုက်ဖို့ပါပဲ” ဟု ဂျွန်လီက သတင်းထောက်များကို ပြောကြားသည်။ သို့မဟုတ်ပါက ၎င်းတို့၏ နေ့ရက်များကို အကြောက်တရားများဖြင့် ဖြတ်သန်းနေရလိမ့်မည်ဟုလည်း သူက ပြောကြားသည်။

ဟောင်ကောင်တွင် ၂၀၁၉ ခုနှစ်အတွင်း ဒီမိုကရေစီအရေးအတွက် ဆန္ဒပြမှုများ အကြီးအကျယ် ဖြစ်ပွားခဲ့ကာ ၂၀၂၀ ခုနှစ်တွင် တရုတ်ပြည်မအစိုးရက အမျိုးသားလုံခြုံရေး ဥပဒေသစ်တစ်ရပ် ပြဌာန်းခဲ့ပြီးနောက် အဆိုပါ တက်ကြွလှုပ်ရှားသူ ၈ ဦးသည် ဟောင်ကောင်မှ တိမ်းရှောင်ထွက်ပြေးသွားခြင်း ဖြစ်သည်။

၎င်းတို့ကို ဖမ်းဆီးရေးအတွက် ဆုငွေထုတ်ပြန်ခဲ့ခြင်းနှင့် ပတ်သက်ပြီး အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျနိုင်ငံတို့က ဝေဖန်ခဲ့ကြသည်။ တိမ်းရှောင်သွားသူများအနက် အချို့မှာ အဆိုပါနိုင်ငံများတွင် နေထိုင်လျက်ရှိသည်။

ဓာတ်ပုံ - Reuters

ဗီဒီယိုများ