- တောဟိန်းတောင်ဗျူဟာကုန်းကို AA သိမ်းပိုက်
- ပေါက်တောမြို့နယ်တွင် စစ်ကောင်စီလက်နက်ကြီးကျ၍ အရပ်သားသုံးဦးဒဏ်ရာရ
- သံတွဲတိုက်ပွဲတွင် စစ်ကောင်စီ ဒုတပ်ရင်းမှူးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦးသေဆုံး
- ဒေသတွင်းထွက်ကုန် မတင်ပို့နိုင်သဖြင့် ရခိုင်ပြည်စီးပွားရေး ကျဆင်းနေ
- အမ်းမြို့နယ်က ချင်းလူမျိုး ၁၀၀ ကျော်ကို စစ်မှုထမ်းရန် စစ်ကောင်စီ ဖိအားပေးနေ
ယူကေ-ဂျပန် တပ်ဖွဲ့ဝင်များ အပြန်အလှန် တပ်ဖြန့်နေရာချခွင့် ပါဝင်သည့် ကာကွယ်ရေးသဘောတူညီချက် လက်မှတ်ထိုး
၂၀၂၁ ခုနှစ်တွင် ညှိနှိုင်းမှုများ စတင်ခဲ့သည့် ဤသဘောတူညီချက်အား “နှစ်နိုင်ငံအကြား ရာစုနှစ်တစ်ခုကျော် ကာလအတွင်း အရေးအကြီးဆုံး ကာကွယ်ရေးသဘောတူညီချက်” ဟု ဆူနပ်၏ရုံးက ခေါ်ဆိုသုံးနှုန်းထားသည်ကို တွေ့ရသည်။
12 Jan 2023
ရုပ်ပုံ - Daily Mail
ဂျပန်တွင် ယူကေတပ်ဖွဲ့ဝင်များ ဝင်ရောက်ခွင့်ပြုသည့် ကာကွယ်ရေးသဘောတူညီချက်တစ်ရပ်ကို ယူကေဝန်ကြီးချုပ်နှင့် ဂျပန်ဝန်ကြီးချုပ်တို့ လက်မှတ်ရေးထိုးလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
လန်ဒန်တွင် ရောက်ရှိနေသည့် ဂျပန်ဝန်ကြီးချုပ် ဖူမိအိုကိရှိဒသည် ဗုဒ္ဓဟူးနေ့က ယူကေဝန်ကြီးချုပ် ရာရှိဆူနပ်နှင့် တွေ့ဆုံပြီး ယခုကဲ့သို့ သဘောတူလက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။
ဤသဘောတူညီချက်အရ ဗြိတိသျှတပ်ဖွဲ့ဝင်များသည် ဂျပန်သို့ ဝင်ရောက်ခွင့် ရမည်ဖြစ်သလို အပြန်အလှန်အားဖြင့်လည်း ဂျပန်တပ်များသည် ဗြိတိန်ပိုင်နက် ဧရိယာအတွင်း ဝင်ရောက်ခွင့် ရမည်ဖြစ်ကာ နှစ်ဘက်တပ်များသည် သင်တန်းများပို့ချမှုနှင့် အခြားသော လုပ်ငန်းဆောင်ရွက်မှုများပါ ရှိမည်ဖြစ်သည်။
“နှစ်နိုင်ငံအကြား ဆက်ဆံရေးဟာ ကုန်သွယ်ရေးနဲ့ လုံခြုံရေးမှာသာမက စံတန်ဖိုးတွေမှာပါ ပိုမိုအားကောင်းလာနေပါတယ်” ဟု လက်မှတ်ရေးထိုးပွဲ၌ ရာရှိဆူနပ်က ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ်တွင် ညှိနှိုင်းမှုများ စတင်ခဲ့သည့် ဤသဘောတူညီချက်အား “နှစ်နိုင်ငံအကြား ရာစုနှစ်တစ်ခုကျော် ကာလအတွင်း အရေးအကြီးဆုံး ကာကွယ်ရေးသဘောတူညီချက်” ဟု ဆူနပ်၏ရုံးက ခေါ်ဆိုသုံးနှုန်းထားသည်ကို တွေ့ရသည်။
ဗြိတိန်သည် တရုတ်ကိုချည်းကပ်ရာတွင် တင်းတင်းမာမာ ပြောကြားမှုများ ရှိလာနေပြီး ပြီးခဲ့သည့် နိုဝင်ဘာလတွင်လည်း ဝန်ကြီးချုပ် ဆူနပ်က ဘေကျင်းသည် ယူကေ၏ စံတန်ဖိုးများနှင့် အကျိုးစီးပွားများကို “ရည်ရွယ်ချက်ရှိရှိ စိန်ခေါ်နေ”သည်ဟု ပြောကြားခဲ့သည်။
ယခုသဘောတူညီချက်သည် အာရှ-ပစိဖိတ်ဒေသတွင် ယူကေ၏ စိတ်ဝင်စားမှု မြင့်တက်လာခြင်းကို ပြသသည့် ဖြစ်ရပ်များအနက် နောက်ဆုံးတစ်ခု ဖြစ်သည်။
အခြားတစ်ဘက်တွင် ဂျပန်သည်လည်း ပိုမိုကြီးထွားလာနေသော တရုတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရေးအတွက် မဟာမိတ်အင်အားကို တိုးချဲ့လျက်ရှိသည်။ ဂျပန်သည် အလားတူ ကာကွယ်ရေးသဘောတူညီချက်ကို သြစတြေးလျနှင့်လည်း လက်မှတ်ရေးထိုးထားသည်။