AA ၏ တော်လှန်ရေးအောင်မြင်မှုအပေါ်  အင်အားကြီးလက်နက်ကိုင်အဖွဲ့ UWSP ချီးကျူး 

အာရက္ခတပ်တော်(AA)၏ တော်လှန်ရေးခရီး အောင်မြင်လာမှုအပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲတွင် အင်အားအကြီးဆုံးအဖွဲ့ဖြစ်သော “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)က ချီးကျူးပြောကြားလိုက်သည်။ 

By Admin 11 Apr 2024

AA ၏ တော်လှန်ရေးအောင်မြင်မှုအပေါ်  အင်အားကြီးလက်နက်ကိုင်အဖွဲ့ UWSP ချီးကျူး 

DMG ၊ ဧပြီ ၁၁ 

အာရက္ခတပ်တော်(AA)၏ တော်လှန်ရေးခရီး အောင်မြင်လာမှုအပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲတွင် အင်အားအကြီးဆုံးအဖွဲ့ဖြစ်သော “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)က ချီးကျူးပြောကြားလိုက်သည်။ 

“အဆွေတော်တို့အဖွဲ့အစည်းသည် မရေတွက်နိုင်သောအခက်အခဲများကို ကျော်ဖြတ်ခဲ့ရကာ သာမန်မဟုတ်သော (၁၅) နှစ်တာခရီးကို ဖြတ်သန်းခဲ့ပြီးနောက် တဖြည်းဖြည်းဖွံ့ဖြိုးတိုးတက် အင်အားကြီးမားလာခဲ့သည်” ဟု AA တည်ထောင်ခြင်း (၁၅)နှစ်ပြည့်အခမ်းအနားသို့ UWSP က ပေးပို့သည့်သဝဏ်လွှာတွင် ပါရှိသည်။ 

“ဝ” ပြည်နှင့် “ရက္ခိုင်”တို့သည် ညီနောင်အဖွဲ့အစည်းနှစ်ခုဖြစ်ပြီး ဖော်ရွယ်သောဆက်ဆံရေးကို အမြဲထိန်းသိမ်းကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ကြိုးပမ်းဆောင်ရွက်ခြင်း၊ ပြည်သူလူထုလူနေမှုဘဝ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရာတို့တွင် အပြန်အလှန်လေ့လာသင်ယူခဲ့ကြောင်း UWSP က ဆိုထားသည်။ 

AA နှင့် UWSP ကြား တည်ဆောက်ထားသော ချစ်ကြည်ရင်းနှီးမှုသည်လည်း အချိန်ကြာလာသည်နှင့်အမျှ ပို၍ခိုင်မာလာမည်ဟု မျှော်လင့်ကြောင်း သဝဏ်လွှာတွင် ပြောထားသည်။ 

အာရက္ခတပ်တော်(AA)ကို ကချင်ပြည်နယ် KIA ဌာနချုပ်ရှိရာ လိုင်ဇာတွင် ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်က လူငယ် ၂၆ ဦးဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က တော်လှန်ရေးသက်တမ်း (၁၅)နှစ် ပြည့်ခဲ့ပြီဖြစ်သည်။

ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရခိုင်ဒေသအတွင်း စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်မှုနှင့်အတူ လက်ရှိတွင် ချင်းပြည်နယ်၊ ပလက်ဝနှင့် ရခိုင်က မြို့နယ် ၈ ခုအထိကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။  

ဗီဒီယိုများ