- တောဟိန်းတောင်ဗျူဟာကုန်းကို AA သိမ်းပိုက်
- ပေါက်တောမြို့နယ်တွင် စစ်ကောင်စီလက်နက်ကြီးကျ၍ အရပ်သားသုံးဦးဒဏ်ရာရ
- သံတွဲတိုက်ပွဲတွင် စစ်ကောင်စီ ဒုတပ်ရင်းမှူးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦးသေဆုံး
- ဒေသတွင်းထွက်ကုန် မတင်ပို့နိုင်သဖြင့် ရခိုင်ပြည်စီးပွားရေး ကျဆင်းနေ
- အမ်းမြို့နယ်က ချင်းလူမျိုး ၁၀၀ ကျော်ကို စစ်မှုထမ်းရန် စစ်ကောင်စီ ဖိအားပေးနေ
စစ်ကောင်စီလက်နက်ကြီးကြောင့် အမ်းနှင့်သံတွဲတွင် ကလေးတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
ရခိုင်ပြည် အမ်းမြို့နယ်နှင့် သံတွဲမြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေမှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး၊ တစ်ဦးဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။
10 Apr 2024
DMG ၊ ဧပြီ ၁၀
ရခိုင်ပြည် အမ်းမြို့နယ်နှင့် သံတွဲမြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေမှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး၊ တစ်ဦးဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဧပြီလ ၉ ရက် နေ့လယ်ပိုင်းက အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ (၃၇၃)တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ကြောင်ဖြူကွင်းကျေးရွာမှ မောင်ဆန်းလင်းထွန်း(၁၀ နှစ်) သေဆုံးသွားခဲ့သည်။
“သူက ရွာထဲမှာလမ်းလျှောက်နေချိန် လက်နက်ကြီးက အနားကိုကျလာပြီး နေရာမှာပဲဆုံးသွားတယ်။ မနေ့က လေယာဉ်တွေနဲ့ အရပ်သားရွာတွေကကို ပစ်ခတ်တာတွေရှိတယ်” ဟု အမ်းဒေသခံတစ်ဦးက ပြောသည်။
သံတွဲမြို့နယ်တွင်လည်း ဧပြီ ၉ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီနေဗီက ပစ်ခတ်သည့် လက်နက်ကြီးကြောင့် တောင်ညိုရွာမှ မောင်ဖြိုးမင်းဟိန်း(၁၆ နှစ်)၏ ဘယ်ဖက်လက်တွင် ဒဏ်ရာရရှိသွားခဲ့သည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆင်ခေါင်းရွာအနီးမြစ်ကြောင်းရှိ စစ်ကောင်စီနေဗီမှ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယင်းသို့ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။
“ရွာမှာ လက်နက်ကြီးနှစ်လုံးကျတယ်။ သူက အိမ်ရှေ့မှာရှိနေချိန် လက်နက်ကြီးကျည်စထိပြီး ဒဏ်ရာရသွားတာ” ဟု မောင်ဖြိုးမင်းဟိန်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်နေမှုကြောင့် တောင်ညိုကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ရက္ခိုင့်တပ်တော်(AA)လက်ထဲသို့ မြို့နယ် ၉ ခုနှင့်အတူ တပ်စခန်းများတစ်ခုပြီးတစ်ခု ထိုးအပ်နေရသော စစ်ကောင်စီသည် အရပ်သားများကို အဓိကပစ်မှတ်ထားတိုက်ခိုက်နေ၍ သေဆုံး၊ ဒဏ်ရာရရှိမှု နေ့စဉ်ရှိနေသည်။