- ဘူးသီးတောင် စကခ(၁၅)နှင့် တပ်ရင်း ၂ ခုကို AA သိမ်းပိုက်
- ဂျီနိုဆိုက် စကားလုံးကို လက်နက်သဖွယ် အသုံးချနေကြသည်ဟု AA ပြော
- ပုဏ္ဏားကျွန်း စစ်ဘေးရှောင်စခန်းတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး သေဆုံးသူ (၃) ဦးထိရှိလာ
- စစ်ကောင်စီ၏ လက်နက်နှင့်ရိက္ခာသယ်လာသည့် ယာဉ်များကို AA တားဆီးထား
- မသန့်ရှင်းသောရေကို သုံးစွဲနေရ၍ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဝမ်းရောဂါဖြစ်နေ
ဘူးသီးတောင် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်ကို ၅ ရက်အတွင်း AA သိမ်းပိုက်
၂၀၂၄ ခုနှစ်၊ ဧပြီ ၁ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ၅ ရက်အကြာတွင် တပ်ရင်းဌာနချုပ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဟု AA က ဆိုသည်။
06 Apr 2024
DMG ၊ ဧပြီ ၆
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းကြီးတစ်ခုဖြစ်သော ခမရ (၅၆၄) တပ်ရင်းဌာနချုပ်ကို ဧပြီလ ၅ ရက် နံနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်သည်။
၂၀၂၄ ခုနှစ်၊ ဧပြီ ၁ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ၅ ရက်အကြာတွင် တပ်ရင်းဌာနချုပ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဟု AA က ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၈၀) ကျော်သေဆုံးပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အများအပြားကို သိမ်းဆည်ရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း အသက်ပေးဆပ်စွန့်လွှတ်ခဲ့သော အာရက္ခစစ်သည်တော်များကို ရက္ခိုင်တပ်တော် စစ်ရုံးချုပ်မှ လေးနက်စွာ မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ပြောဆိုထားသည်။
ဘူးသီးတောင်အခြေစိုက် ခမရ (၅၅၂) တပ်ရင်းကိုလည်း AA က တစ်လကျော်ကြာ ထိုးစစ်ဆင်ပြီးနောက် ပြီးခဲ့သည့် မတ်လ ၂၅ ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။
ယခု AA သိမ်းပိုက်ပြီးသော တပ်စခန်းကြီးများသည် စကခ(၁၅)လက်အောက်ခံတပ်ရင်းများဖြစ်ပြီး ဘူးသီးတောင် စကခ(၁၅) လက်အောက်တွင် ခမရ - ၃၄၅၊ ၃၅၂၊ ၃၅၃၊ ၅၃၅၊ ၅၅၁ ၊ ၅၅၂၊ ၅၆၄၊ ၅၆၅ တပ်ရင်းများအပါအဝင် ခြေလျင်တပ်ရင်း (ခလရ) ၂၃၃၊ ၂၃၄၊ ၂၆၃ နှင့် အမြောက်တပ်ရင်း (အမတ) ၃၇၈ တို့ရှိသည်။
မောင်တောမြို့နယ်ရှိ ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေ၍ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း ယမန်နေ့ AA ထုတ်ပြန်ချက်တွင် ပါရှိသည်။
လက်ရှိတွင် ရက္ခိုင့်တပ်တော်(AA)သည် မောင်တောခရိုင်ရှိ စစ်ကောင်စီတပ်စခန်းကြီးများနှင့် အမ်း၊ မြေပုံမြို့နယ်ရှိ တပ်စခန်းကြီးများကို သိမ်းပိုက်နိုင်ရေး ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေခြင်းဖြစ်သည်။