ဖျက်စီးခံနေရသော မေယုတောင်ခြေမှ ရှေးဟောင်းပေါ်တော်မူဘုရားများ

 ယခုအနေအထား အတိုင်း စောင့်ရှောက်သူမရှိဘဲ ပစ်ထားခံရလျှင် တစ်နေ့တစ်ချိန်တွင် ဘင်္ဂလီကုလား လက်ချက်များကြောင့် ပြန်လည်ပျောက်သွားနိုင်သည်။ လုံးဝမပျောက်သွားသော်လည်း တန်ဖိုးရှိသော အမွေများ တစ်ဖြည်းဖြည်း ဖျက်စီးခံရနိုင်သည်။ စောင့်ရှောက်နေထိုင်မည့် ဆရာတော်ဘုရား ရှိပါလျက် နေရာထိုင်ခင်း ပြုလုပ်မပေးခြင်းသည် သက်ဆိုင်ရာတာဝန်ရှိသူများ၏ အားနည်းချက်များလည်း ဖြစ်သည်။

By မောင်မေယု(ဘူးသီးတောင်) 21 May 2018

မောင်မေယု(ဘူးသီးတောင်) ရေးသားသည်

ကျွနု်ပ်တို့ရဲ့ မေယုဒေသ၌ နယ်မြေလု ဘင်္ဂလီကုလားများကြောင့် တစ်နေ့တစ်မျိုး မရိုးနိုင်သော သတင်းဆိုးများကို နေ့တိုင်းလိုလို ကြားနေရသည်။ ထို့ကြောင့် ပြင်ဆင်ဖို့နှင့် ဆင်ခြင်ဖို့ ဒေသနှင့် ပတ်သက်ပြီး သတင်းများကို အမြဲလိုလို ဂရုစိုက်နေမိသည်။ မေလ (၁) ရက် နေ့နံနက်တွင် အင်တာ နက်ပေါ်၌ မြင်လိုက်ရသော သတင်းတစ်ပုဒ်ကြောင့် ရင်ထဲအမှန်ခံစားခဲ့ရ သည်။ စာရေးသူနှင့်အတူ ဗုဒ္ဓဘာသာဝင်များအားလုံး မခံမရပ်နိုင်အောင် ဖြစ်ရသော သတင်းလည်းဖြစ်သည်။ ထိုသတင်းမှာ ဘူးသီးတောင်မြို့နယ် တောင်ပိုင်းရှိ သရက်တောင်ပေါ်မှ ဗုဒ္ဓဆင်းတုတော်များအား ဘင်္ဂလီ ကုလားများက ဖျက်စီးထားခြင်း သတင်းပင်ဖြစ်သည်။ ဤသို့သော ဗုဒ္ဓဘာသာ ဒေသခံ တိုင်း ရင်းသားများ နစ်နာကြသော သတင်းမျိုးဆိုလျှင် နာမည်ကြီး သတင်းဌာနတ ချို့ကလည်း ဖော်ပြလေ့မရှိပေ။ သို့ သော် ဘင်္ဂလီကုလားများ၏ လုပ်ကြံသတင်းများကိုတော့ အချိန်နှင့် တပြေးညီ ဖော်ပြကြသည်။ ထို့ကြောင့် မျက်ကွယ်ပြုခံနေရသော မယူတောင်ခြေမှ ပေါ်တော်မူ ဘုရားများ အကြောင်းကို အများပြည်သူ သိရှိနိုင်ဖို့ ဆောင်းပါးရေးလိုက်ရခြင်းဖြစ်သည်။ ဤဘုရားများ ဖျက်စီးခံနေရခြင်းသည်မှာ ယခုမှ မဟုတ်ပေ။ လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ဖျက်စီးခံနေရခြင်းဖြစ်သည်။

 ဘုရားများတည်ရှိသောဒေသ

           ဘူးသီးတောင်မြို့မှ ညောင်ချောင်းကျေးရွာသို့ ဆက်သွယ်ထားသော ကားလမ်းမဘေး တစ်နေရာ၌ သရက်တောင်ဟုခေါ်သော တောင်ပေါ်တွင် ဘုရားနှစ်ဆူရှိသည်။ ထိုသရက်တောင်သည် မယူတောင်ကြီး၏ အောက်ခြေမှ အရံတောင် ကုန်းငယ်တစ်ကုန်းလည်းဖြစ်သည်။ ထိုဘုရားများကို ဘုရားပေါ် ဘုရားများဟုခေါ်ကြသည်။ ထိုသရက်တောင်သည် ဘူးသီးတောင်မြို့နှင့် ဆယ့်နှစ်မိုင်ခန့်ဝေးသော ဂူတာပြင်ကျေးရွာအုပ်စု ဂူတာပြင်ကျေးရွာနှင့် ကပ်လျက်တွင်တည်ရှိသည်။ ဂူတာပြင်ကျေးရွာအုပ်စုတွင် ရခိုင်လူမျိုးတို့ နေထိုင်သော ရွာဆို၍ ကျောက်စာတိုင်နှင့် ငှက်ပျောချောင်း နှစ်ရွာသာရှိသည်။ ထို နှစ်ရွာသည်လည်း ထိုဘုရားများရှိသော နေရာနှင့် အလွန်အလှမ်းဝေးလှသည်။ ထိုသရက်တောင်ပေါ်၌ အမြင့်လေးပေနှင့် အနံ သုံးပေခွဲခန့်ရှိသော ထိုင်တော်မူ ဘုရားအား ရတနာသိဒ္ဓိပေါ်တော်မူဘုရား ဟုခေါ်ကြသည်။ တစ်ချိန်က ထိုဘုရား ပတ်ဝန်းကျင်ဘုရားဒါယိကာမ ဒေါ်ဒုံးမ တို့နေခဲ့သောကြောင့် ထိုဝန်းကျင်ကို ဒုံးမရွာဟုလည်းခေါ်ခဲ့ကြသည်။ ထိုကြောင့် ထိုဘုရားကို ဒုံးမဘုရားဟုလည်း ခေါ်ကြသည်။ နောက်ဘုရားတစ်ပါးမှာ အမြင့် ငါးပေခွဲခန့်ရှိပြီး အမည်နာမ မရှိဟုသိရသည်။ ထိုဘုရားများတည်ရှိသော ပတ်ဝန်းကျင်၌ ယခုအချိန်တွင် ဘင်္ဂလီ ကုလားရွာများ ဖြစ်သွားရသည်မှာ ရင်နာစရာကောင်းလှပါသည်။

 ထိုနေရာသည် တစ်ချိန်က မည်ကဲ့သို့ သောနေရာနည်း

           ထိုနေရာ ထိုဒေသသည် တစ်ချိန်က ရခိုင်လူမျိုးတို့၏ ဘိုးဘွားပိုင်မြေများဖြစ်ကြသည်။ ယခုဖျက်စီးခံနေရသော ဘုရားများနှင့် ဇာတီမူရာဟုခေါ်သော တောင်ကုန်းမှ သက်သေပြ နေသည်။ ဇာတီမူရာဆိုသည်မှာ ကုလားစကားဖြင့် စေတီတောင် ဟုခေါ်ဆိုခြင်းဖြစ်သည်။ တစ်ချိန်က စေတီရှိခဲ့သော တောင်ဖြစ်၍ ကုလားများမှ ထိုတောင်ကို ဇာတီမူရာဟုခေါ်ကြသည်။  ဘူးသီးတောင်မြို့သည် ၁၉၀၈ ခုနှစ်တွင်မှ မြို့ဖြစ်လာခြင်းဖြစ်သည်။ ဘူး သီးတောင်မြို့ မရှိခင်ကတည်းက ထိုဒေသ၌ သပိတ်တောင်ရွာသည် မြို့တစ်မြို့သို့ စည်ကားသော ရွာကြီးတစ်ရွာပင် ဖြစ်သည်။ ထိုသပိတ်တောင်ရွာ အနီးအနားမှ ရွာများသည်လည်း ရခိုင်လူမျိုး များနေထိုင်သော ရွာကြီးများဖြစ်ကြသည်။ ယခု ဘုရားတည်ရှိနေသော ဂူတာပြင်ရွာသည်လည်း ရခိုင်လူမျိုးများ နေထိုင်ခဲ့သော ရွာတစ်ရွာဖြစ်သည်။ ထိုအချိန်၌ ကုလားဆို၍ လယ်ကူလီ အလုပ် သမား အနည်းငယ်သာရှိသေးသည်ဆိုသော အကြောင်းအရာကို ဦးစံထွန်းအောင်ရေးခဲ့သော “ကိုယ်တွေ့မေ ယုမြေ” စာတမ်း၌ ဤသို့တွေ့ရသည်။ သူသည် ၁၉၀၅ ခုနှစ်တွင် ဘူးသီးတောင် မြို့သို့ သင်္ဘောစီး၍လာခဲ့သည်။ ထိုအချိန်တွင် သင်္ဘောပေါ်မှ သူတွေ့မြင်ရသည်များကို ဤသို့ရေးသားထားခဲ့ သည်။ ပန်ဇင်းချောင်းထဲသို့ တဖြည်းဖြည်း ဆန်တက်လာရာ ဖရုံချောင်း၊ ငှက် ပျောချောင်း၊ ဂူတာပြင်၊ စိမ်းညင်းပြား၊ ဖိုခေါင်ချောင်း၊ ကံပြင်ရွာတို့ကို တွေ့ရပြန်သည်။ ထိုရွာများအနက် ဂူတာပြင်တွင် ကုလားအနည်းငယ်ရှိ၍ စိမ်းညင်းပြားဈေးအနီးတွင် ကုလားအနည်းငယ် ရှိကြောင်းသိရပြန်သည်။ ရွာတွင်း၌ လုံးဝမရှိချေ။ ဈေးနေ့တွင် ဈေးအနီး ရောင်းရန်ရှိနေကြသူများသာ၊ တစ်ဖန် ဦးကျော်ရွာ၊ လိုင်ရှည်ပြင်၊ ဆေးအိုးကျ၊ ဝါးထုကျွန်း၊ ဒိုးတန်း၊ ကြိမ်ချောင်းရွာများကိုတွေ့ရပါသည်။ အားလုံးမှာ ရခိုင် ရွာချည်းဖြစ်သည်။ ဝါးရကျွန်း၏ အရှေ့ဘက် လယ်ကွင်းကြီးခြားနေသောရွာမှာ သဇင်တောရွာဖြစ်သည်။ ထိုရွာများတွင်လည်း ကုလားမရှိကြောင်း ဘခင်၏ ဖြေရှင်းချက်အရသိရပါသည်။ ဝါးရကျွန်း ၏မျက်နှာချင်းဆိုင် မြစ်တစ်ဖက်၌ သပိတ်တောင်ရွာကို သင်္ဘောပေါ်မှ ကောင်းစွာမြင်ရ၏။ အလွန်စည်ကား၍ လူချမ်းသာပေါသော အိမ်ခြေ ၂၀၀ ခန့် ရှိသော ရွာကြီးတစ်ရွာဖြစ်ကြောင်း သိခဲ့ရပြန်သည်။ ကုလားရွာဟူ၍ အနီးအနားတွင်မရှိကြောင်း ပြောပြသဖြင့် ကျွန်ုပ်မှတ်သားမိသည်။ စသည်ဖြင့် ရေးသား မှတ်တမ်းတင်ခဲ့သည်ကို တွေ့ရသည်။ သူ၏ မှတ်တမ်းအရ ၁၉၀၅ ခုနှစ်အထိ ထိုနေရာထိုဒေသများသည် ရခိုင်လူမျိူးများနှင့် စည်ကားနေသော ရွာများသာဖြစ်ကြသည်။ ယခု ဖျက်စီးခံနေရသည်ဟုဆိုသော ဘုရားများသည်လည်း ထိုဒေသ၌ ဗုဒ္ဓသာသနာ ထွန်းကားခဲ့ ချိန်တွင် ရခိုင်လူမျိုးများ တည်ထားကိုးကွယ်ခဲ့သော ဗုဒ္ဓဆင်းတုတော်များ ဖြစ်ကြသည်။

 ရခိုင်ရွာများနှင့် ဘုရားစေတီများ ပျောက်ဆုံးခဲ့ရခြင်း

           ဒုတိယကမ္ဘာစစ်ကာလအတွင်း အင်္ဂလိပ်တို့ စစ်တွေမှ ဆုတ်ခွာသွားသောအခါ ရခိုင်ပြည်၌ အင်္ဂလိပ်စစ်တပ်မှ ကျန်ခဲ့သော ဘင်္ဂလီလူမျိုးပုလိပ်များနှင့် ဘင်္ဂလီလယ်ကူလီ တို့ပူးပေါင်းကာ မူဂျာဟစ် သောင်းကျန်းမှု စတင်ခဲ့သည်။ ထိုနောက် ၁၉၄၂ ခုနှစ်တွင် ကုလား-ရခိုင် အဓိကရုဏ်းကြီး ဖြစ်ပွားခဲ့ရသည်။ ထိုအချိန်တွင် ဘူးသီးတောင်မြို့နယ်ရှိ ရခိုင်လူမျိုးများ နေထိုင်သော ကျေးရွာပေါင်းမြောက်များစွာကို ဘင်္ဂလီကုလားများ မီးရှို့ဖျက်စီးခဲ့သည်။ ရခိုင် နှင့် တိုင်းရင်းသားမျိုးနွယ်စု မြောက်များစွာလည်း သတ်ဖြတ်ခံခဲ့ရသည်။ ဘုရားပုထိုးစေတီများနှင့် ဘာသာရေး အဆောက်အဦးများလည်း ဖျက်စီးဖြိုဖျက်ခံခဲ့ရသည်။ ဒေသခံတိုင်းရင်းသား များမှာလည်း အသက်ဘေးမှ လွတ်မြောက်ဖို့ အိမ်ပစ်ယာပစ်ပြီး လွတ်ရာသို့ ထွက်ပြေးခဲ့ကြရသည်။ စစ်ပြီး ခေတ်ရောက်သောအခါ ဗြိတိသျှအစိုးရသည် မူရင်းနေထိုင်ခဲ့သော ရခိုင်လူမျိုးများအား မိမိတို့ဒေသ၌ ပြန်လည်အခြေချ နေထိုင်နိုင်ရန် စီစဉ်ပေးခဲ့သော်လည်း အများစုမှာ ရက်စက်တတ်သော မိစ္ဆာကုလားဆိုးများကို ရွံရှာ၍ ပြန်မလာခဲ့ကြပေ။ ထိုအချိန်မှစ၍ ဘူးသီး တောင်မြို့နယ်တွင် သားဖေါက်နှုန်းကောင်းသော ဘင်္ဂလီကုလားတို့ လွှမ်းမိုးလာခဲ့သည်။ ထိုအရေးအခင်းနှင့်အတူ အထက်တွင် ဖော်ပြခဲ့သောရွာများ၌ ဒေသခံတိုင်းရင်းသားများ ပျောက်ဆုံး ကာ ဘင်္ဂလီကုလားများ အစားထိုးဝင် ရောက်လာခဲ့သည်။ ဒေသခံတိုင်းရင်းသားတို့ ကိုးကွယ်ခဲ့ ကြသော ဘုရားစေတီများမှာလည်း ပျက်စီးပျောက်ပျက် ခဲ့ရသည်။ ထိုအချိန်မှစ၍ ယခုဖျက်စီး ခံနေရသည်ဟုဆိုသော ဘုရားဆင်းတုတော်များသည် ကုလားဆိုးတို့ကြောင့် သဲဆွမ်း၊ မြက်ဆွမ်း များကို စားသုံးလျက် ဒါယိကာ ပျောက်ဆုံးကာ ထိုအရပ်ဒေသ၌ သာသနာလည်း ကွယ်ပျောက်ခဲ့ သလို ရခိုင်ရွာများလည်း ပျောက်ဆုံးခဲ့ သည်။

 ဘုရားများ မူလနေရာသို့ ပြန်ရောက်ရှိခြင်း

           မေယုဒေသပြည်လည် တည်ငြိမ်အေးချမ်းလာသောအခါ ဘုရားများပြန်ပေါ်လာခဲ့သည်။ ပထမဆုံး ပြန်ပေါ်လာသောဘုရားမှာ အလှူဒါယိ ကာမ ဒုံးမ၏ ရတနာသိဒ္ဓိဘုရားပင် ဖြစ်သည်။ ထိုဘုရားကို တစ်ချိန်က ဒုံးမ ရွာဟုခေါ်ခဲ့ကြသော ယခုဘုရားတည် ရှိနေသော သရက်တောင်အောက်မှ တူးဖော်ရရှိခဲ့ခြင်းဖြစ်သည်။ မိုးရေတိုက် စားမှုကြောင့် ပြန်ပေါ်လာခဲ့ရသည်။မည်သည့် ခုနှစ်တွင် ပြန်ပေါ်လာခဲ့သည်ကို စာရေးသူမသိရှိခဲ့ပေ။ ထိုအခါ အနီးအနားရှိ တိုင်းရင်းသား ဗုဒ္ဓဘာ သာများနှင့် တာဝန်ရှိသူများမှ မူလနေရာသို့ ပင့်ဆောင်ပြီး ပူဇော်ကိုးကွယ်ခဲ့ကြသည်။ ထို့ကြောင့် ထိုဘုရားအား ရတနာသိဒ္ဓိပေါ်တော်မှုဘုရားဟု လူသိများလာခဲ့သည်။ နောက်ဘုရားတစ်ပါးအား ၁၃၅၇ ခု ဝန်းကျင်တွင် တောင်ချေရွာဟုခေါ်သော ဘင်္ဂလီကုလားရွာ မှရရှိခဲ့သည်ဟုသိရသည်။ ဘင်္ဂလီကုလားများသည် ထိုဘုရားအား ရွာထဲရှိ ညစ်ညမ်းသော တစ်နေရာတွင် မြုပ်ထား ခဲ့ကြသည်ဆို၏။ မကောင်းမှုဟုသည် ဆိပ်ကွယ်ရာမရှိဟုဆိုသည့်အတိုင်း အချိန်တန်တော့ ထိုဘုရားသတင်းသည်လည်း ဘင်္ဂလီကုလားများပါးစပ်မှ တစ်ဆင့်ဆင့် ပေါက်ကြားလာခဲ့သည်။ ထိုအခါ တွင် ဘုရားအား တာဝန်ရှိသူများ နှင့် ဗုဒ္ဓဘာသာ တိုင်းရင်းသားများက ပင့်ဆောင်ယူလာပြီး သရက်တောင်ပေါ်၌ပင် တည်ထားကိုးကွယ်ခဲ့ကြသည်။ ထိုအချိန်က ထိုပေါ်တော်မူဘုရားများအား နှစ်ဆန်းတစ်ရက်နေ့များတွင် အနီးရှိ ဗုဒ္ဓဘာသာ တိုင်းရင်းသားရွာများမှ ဆရာတော်များနှင့် ရပ်သူရွာသားများမှ ခက်ခဲစွာလာရောက်ပြီး ဘုရားရေသပ္ပါယ်ပွဲ ကျင်းပလေ့ရှိကြ သည်။ ယခုတော့ စိတ်မချရသော ဒေသအခြေအနေကြောင့် ထိုပွဲများလည်း မရှိတော့ပါ။ တစ်ချိန်က ဘိုးဘေးတို့ ကိုးကွယ်ခဲ့သော ဘုရားနှစ်ဆူ ပြန်ပေါ်လာခဲ့၍ ကြွင်းကျန်ရစ်ခဲ့သော ထိုဒေသမှ ရခိုင်လူမျိုးများ အလွန်ဝမ်းသာခဲ့ရသည်။

 ထိုဘုရားအား စောင့်ရှောက်ခဲ့သော ဆရာတော်တစ်ပါး

           ဘင်္ဂလီကုလားရွာဘေး၌ တည်ရှိနေသောကြောင့် ထိုဘုရားများအား စောင့်ရှောက်၍ နေထိုင်မည့်သူ မရှိသလောက်ပင် ဖြစ်ရသည်။ စောင့်ရှောက်သူ မရှိခဲ့ပါလျှင်လည်း နောက်တစ်ကြိမ် ကုလားများ ဖျက်စီးခြင်းကိုခံရမည်မှာ အသေအချာပင်ဖြစ်သည်။ထိုအချိန်ခါကပင် ဘင်္ဂလီကုလားများ သည် ဤနေရာ ဤဒေသအား မိမိတို့ ဘိုးဘွားပိုင်မြေဟု သမိုင်းကို လိမ်လည်ရန်ကြိုးစားနေကြပြီ ဖြစ်သည်။ ဤဘုရားများရှိနေလျှင် ဤနေရာ ဤဒေသ သည် တစ်ချိန်က ဗုဒ္ဓဘာသာရခိုင်တိုင်း ရင်းသားတို့ နေထိုင်ခဲ့ကြောင်းကို သက်သေပြနေသည်နှင့် တူနေသည်။ ထိုကြောင့် ၁၉၄၂ ခုနှစ် အရေးအခင်းကပင် ရည်ရွယ်ချက်ကြီးကြီးဖြင့် ဤဘုရားများအား အစအန ဖျောက်ပစ်ခဲ့ကြခြင်း ဖြစ်သည်။ ပြန်ပေါ်လာသော တစ်နေ့မှာ သူတို့ အကြီးအကျယ် စိတ်ပျက်ခဲ့ကြလိမ့်မည်။ ထိုကြောင့် ဖျက်လိုဖျက်စီးလုပ်ရန် အချိန်တိုင်းကြိုးပမ်းခဲ့ကြသည်။ ထိုသို့ ဘင်္ဂလီကုလားများ များပြားသောနေ ရာ၌ ဘုရားများကို စောင့် ရှောက်၍ နေထိုင်သီတင်းသုံးမည့် ရ ဟန်းသံဃာ ရှားပါးသည် မဟုတ်ပါ လား။ သို့သော် ထိုဘုရားများအား ရသေ့တောင်မြို့နယ် လောင်းချောင်းကျေးရွာဇာတိ ဆရာတော်တစ်ပါးမှ အမျိုးသားရေး စိတ်ဓါတ်ဖြင့် အသက်ကိုလှူကာ စောင့်ရှောက်၍ နေထိုင်ခဲ့ ကြောင်း သိရသည်။

 ထိုဆရာတော်ပြောပြသော အခက်အခဲများ

           ထိုဆရာတော်ဘုရား၏ ဘွဲ့တော်အမည်မှာ ဦးဓမ္မသာရ ဖြစ်သည်။ သက်တော်မှာ (၇၀) ရှိပြီး သိက္ခာတော် ၂၀ ရှိသည်။ ထိုဆရာတော်သည် ယခု ဘူးသီးတောင်မြို့နယ် ကံပြင်ကျေးရွာတွင် ကျောင်းထိုင်ဆရာတော်အဖြစ် သီတင်းသုံးနေထိုင်လျက်ရှိသည်။ ထို ဆရာတော်သည် ထိုပေါ်တော်မူဘုရားများအား စောင့်ရှောက်၍ (၁၆) နှစ် တိတိနေခဲ့သည်။ ထိုဆရာတော်ဘုရား ထိုနေရာသို့ မရောက်မီ တခြားမည်သူတို့ စောင့်ရှောက်ခဲ့သည်ကို မသိရပေ။ ထိုဆရာတော် နေထိုင်ခဲ့သော အချိန်၌ ဘုရားဆင်းတုတော်များသည် ကုလားများ၏ ဖျက်စီးခြင်းကိုမခံခဲ့ရပေ။ ဆွမ်းပို့မည့် ရွာမရှိသောကြောင့် မိမိဆွမ်းကို မိမိကိုယ်တိုင်ချက်ပြုတ်၍ စားခဲ့ရသည်ဟုဆိုသည်။ ၂၀၁၂ ခုနှစ် ဘင်္ဂလီကုလားများ၏ နယ်မြေလု စစ်ပွဲဆင်နွှဲသောအခါ ထိုဒေသပတ်ဝန်းကျင်မှ တိုင်း ရင်းပြည်သူများ ဘေးလွတ်ရာကို ခေတ္တတိမ်းရှောင်ပြေးခဲ့ကြသော်လည်း ထိုဆရာတော် မပြေးခဲ့ပေ။ အသက်ကိုပေး၍ ကာကွယ်သွားမည်ဟု ဆုံးဖြတ်ခဲ့သည်ဆို၏။ ၂၀၁၆ အောက်တိုဘာ အရေး အခင်း၌လည်း လုံး၀ ထွက်မပြေးခဲ့ပေ။ ထိုဘုရားများကို အသက်ကိုပေး၍ ကာကွယ်ခဲ့သော လေးစားဖွယ် စိတ်ဓါတ် နှင့် သံဃာတော်တစ်ပါးဖြစ်သည်။ သို့ သော် ထိုနေရာမှ ကုလားဘေး ကြောင့် မစွန့်ခွာခဲ့သော်လည်း မုန်တိုင်းဘေးကြောင့် စွန့်ခွာခဲ့ရသည်။ ၂၀၁၇ ခုနှစ် မေလ ၃၀ ရက်နေ့ တိုက်ခိုက်ခဲ့သော မိုရာမုန်တိုင်းကြောင့် ဘုရားသိမ်များ ပြိုပျက်စီးခဲ့ရသည်။ သိမ်ပြိုပျက်သောအခါ သိမ်ထဲ၌ ရှိခဲ့သောကြောင့် ခါးရိုးနာခဲ့ရပြီး ဆေးကုသခံယူခဲ့ရသည်။ ကျန်းမာရေး ပြန်ကောင်းလာ သောအခါ ထိုနေရာ၌ သိမ်များပြိုပျက်ခဲ့သောကြောင့် ဆရာတော်မှာ နေထိုင်စရာနေရာ ပျောက်ဆုံး ခဲ့ရသည်။ တာဝန်ရှိ သူများကို တင်ပြတောင်းဆိုမှု ရှိခဲ့သော် လည်း ယခုအချိန်ထိ ပြန်လည်ပြုပြင် ခြင်းကို မလုပ်ပေးခဲ့ကြပေ။ ထို့ကြောင့် ယခုအချိန်တွင် ကံပြင်ရွာရှိ ဘုန်းတော်ကြီးကျောင်း၌ နေထိုင်နေရခြင်း ဖြစ်သည်။ စောင့်ရှောက်သူ ဆရာတော်မရှိသော နောက်ပိုင်းတွင် ဤသို့ဖျက်စီး ခံခဲ့ရသော သတင်းများထွက်ပေါ်လာခြင်းဖြစ်သည်။ အကယ်၍ ထိုဘုရားသိမ်များအား တာဝန်ရှိသူများမှ ပြန်လည်ပြုပြင်ပေးမည်ဆိုလျှင် ထိုဆရာတော်မှ ပြန်လည်နေထိုင်သွားမည်ဟု ပြောသည်။

           နိဂုံးချုပ် အနေဖြင့်ပြောရလျှင် ထိုဘုရားများသည် မေယုဒေသမှ ကျွန်ုပ်တို့ ဘိုးဘွားများ ကိုးကွယ်တန်ဖိုးထားခဲ့ကြသော ရှေးဟောင်းဆင်းတုတော်များ ဖြစ်ကြသည်။ ထိုကြောင့် အစိုးရ တာဝန်ရှိသူများနှင့် ဒေသခံများအားလုံးဝိုင်းဝန်း၍ ထိန်းသိမ်းပြုပြင်မွမ်းမံ ထားသင့်သည်။ ထိုနေရာ၌ ထိုဘုရားများရှိနေသရွေ့ ထိုနေရာ ထိုဒေသသည် တစ်ချိန်က ကျွန်ုပ်တို့၏ ဘိုးဘွား ပိုင်မြေများအဖြစ် သက်သေထူနေလျက် ရှိနေမည်။ ထိုဘုရားများ ရှိနေသရွေ့ ရင်နာစရာကောင်းသော ထိုသမိုင်းမှန်လည်း ဆက်ရှိနေမည်။ ယခုအနေအထား အတိုင်း စောင့်ရှောက်သူမရှိဘဲ ပစ်ထားခံရလျှင် တစ်နေ့တစ်ချိန်တွင် ဘင်္ဂလီကုလား လက်ချက်များကြောင့် ပြန်လည်ပျောက်သွားနိုင်သည်။ လုံးဝမပျောက်သွားသော်လည်း တန်ဖိုးရှိသော အမွေများ တစ်ဖြည်းဖြည်း ဖျက်စီးခံရနိုင်သည်။ စောင့်ရှောက်နေထိုင်မည့် ဆရာတော်ဘုရား ရှိပါလျက် နေရာထိုင်ခင်း ပြုလုပ်မပေးခြင်းသည် သက်ဆိုင်ရာတာဝန်ရှိသူများ၏ အားနည်းချက်များလည်း ဖြစ်သည်။ ဘူးသီးတောင်မြို့နယ်၌ ကျေးရွာသစ်များ တည်ဆောက်ရန်အစီစဉ်ရှိလျှင် ထိုနေရာမျိုး၌သာ ချသင့်ပေသည်။ ရွာမချနိုင်လျှင်လည်း ရဲစခန်းငယ် တစ်ခုခန့်ပြုလုပ်ပေးမည် ဆိုလျှင်လည်း အနီးအနားရှိ ဒေသခံ ရခိုင်တိုင်းရင်းသားများအတွက် အတိုင်းမသိ ဝမ်းသာစရာ ပင်ဖြစ်သည်။ ထိုသို့ ပြုလုပ်ပေးခြင်းကြောင့် ဒါယိကာ ပျောက်ဆုံးနေသော ရှေးဟောင်းဘုရားများ လည်း ဘုရားဖူးသူများနှင့် စည်ကားလာမည်။ မည်သို့ပင်ဆိုစေကာမူ ဤဘုရားများအား နောက်တစ်ကြိမ် ဖျက်စီးခံရမှုနှင့် မကြုံရအောင် တာဝန်ရှိသူများမှ ဂရုစိုက်သင့်ပေသည်။ ဂူတာပြင် ဘင်္ဂလီကျေးရွာဘေးရှိ သရက်တောင်ပေါ်မှ ပေါ်တော်မူရှေးဟောင်းဆင်းထုတော်များ ဒုတိယတစ်ကြိမ် မပျောက်ဆုံးပါစေနှင့် ဟုဆုတောင်းလျက် ....။