- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ရုပ်ပွားတော်မြတ် ကိန်းဝပ်သည့်ရွှေမြေ (အပိုင်း -၄)
နိုဝင်ဘာလ၏ ညတစ်ညတွင် ဒတ်ချ်တို့သည်အမှောင်ထုကို အသုံးချလျက် သဘောၤလေးစင်းတို့အား စက်ရုံနှင့်အလွန်နီးကပ်ရာသို့ ယူလာခဲ့ပြီး နိုင်သမျှပစ္စည်းပစ္စယတို့အား သဘောၤများပေါ်သို့ သွက်လက်မြန်ဆန် စွာပြောင်းရွေ့ကြသည်။ ထို့နောက် အသင့်တိုက်ခတ်ပေးသောလေ၏ အကူအညီဖြင့်စုန်ဆင်းလာခဲ့ကြသည်။
19 May 2018
ရှေးဟောင်းမြောက်ဦးမြို့တော်ရှိ ကိုးသောင်းဘုရားအား တွေ့ရစဉ်။ဓာတ်ပုံ - www.rosscollins.smugmug.com
ဝေသာ ရေးသားသည်
ရှာယိစတာခန်သည် ချက်ချင်းပင်ဒတ်ချ်တို့နှင့်ညှိနှိုင်းလျက် အကူအညီတောင်းခံသည်။ အခွင့်အရေး များပြ၍ မြူဆွယ်သော်လည်း ဒတ်ချ်တို့ကသတိကြီးစွာဖြင့် ငြင်းပယ်လိုက်သည်။ ထိုအခါ ခန်သည်သံအရာရှိ တစ်ဦးအား ဘာတေးဗီးယားသို့ တိုက်ရိုက်စေလွှတ်လျက် အကူအညီပေးရန် အစီအစဉ်ရှိ-မရှိ၊ပေးမည့်အကူအ ညီ၏ အနေအထားတို့ကို မေးမြန်းစုံစမ်းပြန်သည်။ ဒတ်ချ်တို့အနေဖြင့် အကူအညီပေးရန်ငြင်းဆန်သည်ဖြစ်စေ၊ ရခိုင်ပြည်မှ ခြေရာလက်ရာမကျန်အောင် ရုပ်သိမ်းမသွားလျှင်ဖြစ်စေ ဘင်္ဂလားဒေသရှိ ဒတ်ချ်တို့နှင့်သက်ဆိုင်ရာ အလုံးစုံကို ဖျက်သိမ်းဖယ်ရှားပစ်မည်ဖြစ်ကြောင်း အတိအလင်းပင်ခြိမ်းခြောက်လေတော့သည်။ ရခိုင်ဘုရင်က လည်း ဒတ်ချ်တို့ထံမှ အကူညီကိုမရမကတောင်းခံလျက်ရှိသည်။ ရခိုင်ဘုရင်သည် ဘင်္ဂလားကိုနောက်ထပ်တစ် ကြိမ်အပြင်းအထန်တိုက်ခိုက်ရန်ကြံစည်ထားသည်။ သူ့အနေဖြင့် ဒတ်ချ်သဘောၤအားလုံးကို ရခိုင်ရေတပ်နှင့်အ တူတိုက်ခိုက်ရေး တာဝန်ထမ်းဆောင်လာရအောင် လုပ်နိုင်စွမ်းရှိသည်ဟုပြောပါသည်။ နှစ်ဘက်ညှပ်၍ အကျဉ်း အကြပ်ရောက်နေသော ဒတ်ချ်တို့အဖို့ကံကောင်းသွားသည်ကတော့ ချီတက်မှုမပြုမီတွင် ရခိုင်ရေတပ်ကြီးလေ မုန်တိုင်းမိသွားခြင်းဖြစ်သည်။ အပျက်အစီးများကို ပြန်လည်ပြုပြင်နေစဉ်အတွင်း ရခိုင်ဘုရင်က ဒတ်ချ်သဘောၤ များအား ဘာတေးဗီးယားသို့ ခေတ္တပြန်ခွင့်ပြုလိုက်သည်။ ဘင်္ဂလားသို့ချီတက်သောခါတွင် စစ်သဘောၤအရေအ တွက် ၄၀၀ အထိပင်ပါဝင်မည်ဖြစ်ပြီး ယခင်ထိုးစစ်ထက် အဆများစွာပြင်းပြင်းထန်ထန်ကို တိုက်ချေမှုန်းပစ်ရန် စီစဉ်ထားရှိသည်။
ဤသို့သော အသစ်ဖြစ်ပေါ်တိုးတက်မှုတို့ကြောင့် ဘာတေးဗီးယားကောင်စီသည် အထူးပင်စိုးရိမ် ကြောင့်ကြလာရပါသည်။ ၁၆၆၅ ခုနှစ်ဇူလိုင်လတွင် အထူးအစည်းအဝေးတစ်ရပ်ကျင်းပလျက် အခြေအနေ တစ်ခုလုံးကိုခြုံငုံသုံးသပ်ကြပါသည်။ သူတို့၏ ဘင်္ဂလားဒေသကုန်သွယ်မှုလုပ်ငန်းသည် လျှင်မြန်စွာတိုးတက် အောင်မြင်လျက် ဦးဆောင်နေသည်။ ချင်ဆူရာ(Chinsura)၊ကာဆင်ဘဇာ(kasimbazar)နှင့် ပတ္တနာ(Patna)တို့ တွင် ဖြစ်ထွန်းအောင် မြင်နေသော၊ ကြွယ်ဝစည်ပင်နေသော စက်ရုံများရှိနေကြသည်။ ယင်းတို့အပြင် ဟူးဂလိ၊ ဒက္ကာနှင့် အခြားနေရာများစွာတို့တွင်လည်း စက်ရုံအငယ်စားများရှိနေသေးသည်။ ဘင်္ဂလားဒေသသည် သူတို့အ တွက် ရခိုင်ပြည်ထက်ပိုမို လုံခြုံစိတ်ချရသည်။ အစစကို ချိန်ဆတွက်ချက်လိုက်လျှင် သူတို့အတွက်လုပ်ဆောင်စ ရာတစ်ခုသာရှိသည်။ ရခိုင်ပြည်မှ ချက်ချင်းရုပ်သိမ်းထွက်ခွာသွားရန်ပဲ ဖြစ်သည်။ သူတို့ထွက်ခွာသွားခဲ့လျှင် ရှာယိစတာခန်သည်လည်း သူတို့၏အကူအညီကို မရသည့်တိုင်ကြေနပ်သွားလိမ့်မည်ဟု ဒတ်ချ်တို့မျော်လင့် ထားကြသည်။ ဤသို့ဖြင့် ဆူရက်(Surat)ရှိ စက်ရုံဒါရိုက်တာမှ တဆင့်မဂိုဧကရာဇ်ထံအသနားခံရန် ဆုံးဖြတ် လိုက်ကြသည်။ စစ်ပွဲများအတွင်း တစ်ဘက်ဘက်သို့ အကူညီပေးခြင်းသည် မိမိတို့ကုမ္ပဏီ၏ အခြေခံစည်ကမ်း ချက်နှင့် ဆန့်ကျင်နေပါကြောင်း၊ ကုမ္ပဏီ၏မှုဝါဒမှာ အိန္ဒိယရှိဘုရင်တို့၏ ပဋိပက္ခများတွင် လုံးဝတည့်မတ်စွာဖြင့် ကြားနေရေးဖြစ်ပါကြောင်း၊ စသည်တို့အားဘုရင်လွှတ်ရုံးတော်မှ ဝန်ကြီးများသိရှိသဘောပေါက်အောင် အထူး လိမ္မာပါးနပ်စွာဖြင့် တင်လျောက်ရှင်းပြရန် ဆူရတ်စက်ရုံဒါရိုက်တာအားညွှန်ကြားလိုက်သည်။ တပြိုင်တည်းတွင် ရခိုင်ပြည်စက်ရုံအုပ်ချုပ်ရေးမှုး ဒင်နီယယ်ဆစ်(Daniel Six) ထံသို့လည်း ရခိုင်ပြည်မှချက်ချင်း ရုပ်သိမ်းထွက်ခွာ လာရန် လျှို့ဝှက်ညွန်ကြားချက်များပေးပို့လိုက်သည်။ ထို့ပြင် ဤသို့စီစဉ်ထားကြောင်း သိရှိအကဲဖြတ်နိုင်စေဖို့ အတွက် ရှာယိစတာခန်ထံသို့ လျှို့ဝှက်သဝဏ်ပေးပို့လိုက်ပါသည်။
ဘာတေးဗီးယားကောင်စီသည် ရခိုင်နန်းတော်အသိုင်းအဝိုင်းအား လှည့်စားနိုင်ရန်အတွက် ဖြစ်နိုင်သမျှ တို့ကို လုပ်ဆောင်နေကြပါသည်။ ရခိုင်အာဏာပိုင်တို့ မျက်စိလည်သွားစေရန် လုပ်ဇာတ်ခင်းသည့်အနေဖြင့် ဒတ်ချ်နန်းတော်အတွက် ဆန်နှင့်ကျွန်များထပ်မံဝယ်ယူမည်ဖြစ်ကြောင်း လူသိရှင်ကြားထုတ်ပြန်ကြေငြာသည်။ ကုန်များတင်ဆောင်ရန်အတွက် သဘောၤအပိုတစ်စင်းရောက်လာလိမ့်မည်ဟုလည်း သတင်းလွင့်ထားသည်။ ဒင်နီယယ်ဆစ်ထံသို့ သီးသန့်ညွန်ကြားစာတွင်မှု သဘောၤတစ်စင်းထပ်ဆောင်းရောက်လာမည်ဆိုခြင်းကို ဒဏ္ဍာရီအဖြစ်သာမှတ်ယူထားရန်၊ ကုမ္ပဏီဝန်ထမ်းနှင့် ကုမ္ပဏီဥစ္စာပစ္စည်းများလုံခြုံရေးသည် ယခုလျှို့ဝှက် အရေးကိစ္စအပေါ်လုံးဝတည်မှီနေသဖြင့် တစ်ကမ္ဘာလုံးကိုလှည့်စားထားရန်တို့ပါရှိသည်။ ဒတ်ချ်တို့၏လှည့်ကွက် အောင်မြင်သည်ဟုပြောချင်ပြောနိုင်ပါသည်။ သို့သော် ဒတ်ချ်စဘောၤများ ပုံမှန်အရေအတွက်ပိုမိုရောက်ရှိလာ သောအခါတွင်ရခိုင်အာဏာပိုင်တို့ စိတ်စနိုးစနှောင့်ဖြင့် သကာၤမကင်းဖြစ်လာရသည်။ ဒတ်ချ်တို့လစ်ပြေးရန်စီစဉ် နေကြသည်ဟူသော ကောလဟာလသတင်းစကားချက်ချင်း လိုလိုပျံ့နှံ့လာခဲ့ပါသည်။ ရှာယိစတာခန်ထံမှ သံတမန်တစ်ဦး ဘာတေးဗီးယားသို့ ရောက်သွားခဲ့ပြီဖြစ်ကြောင်း ရခိုင်နန်းတော်က အတိအကျသိရှိထားပြီးဖြစ် သည်။ မည်သို့ဆိုစေ ဒတ်ချ်စကားပြန်က ပိပိရိရိသေသေသပ်သပ်လိမ်လာပြောဆိုနိုင်မှုကြောင့် ရခိုင်အာဏာပိုင် တို့၏ သံသယများပြေပျောက်သွားသဖြင့်သာလျှင် ဒတ်ချ်တို့ရခိုင်ပြည်မှအောင်မြင်စွာ ထွက်ခွာလာနိုင်ကြခြင်း ဖြစ်ပါသည်။
နိုဝင်ဘာလ၏ ညတစ်ညတွင် ဒတ်ချ်တို့သည်အမှောင်ထုကို အသုံးချလျက် သဘောၤလေးစင်းတို့အား စက်ရုံနှင့်အလွန်နီးကပ်ရာသို့ ယူလာခဲ့ပြီး နိုင်သမျှပစ္စည်းပစ္စယတို့အား သဘောၤများပေါ်သို့ သွက်လက်မြန်ဆန် စွာပြောင်းရွေ့ကြသည်။ ထို့နောက် အသင့်တိုက်ခတ်ပေးသောလေ၏ အကူအညီဖြင့်စုန်ဆင်းလာခဲ့ကြသည်။ မိုးလင်းသောအခါ ရခိုင်ဘုရင်သည် အလိမ်မိခဲ့ပြီဖြစ်ကြောင်း သဘောၤပေါက်သွားပါသည်။ သူတို့ဘာကြောင့် ယခုလိုပြောင်းရွေ့ထွက်ခွာသွားရကြောင်း ရှင်းလင်းပြောပြသော သတင်းစကားကို ဒတ်ချ်တို့ချန်ထားရစ်ခဲ့ကြ သည်။
ရှာယိစတာခန်အား ကူညီပံ့ပိုးရန်ရည်ရွယ်ချက်မရှိပါကြောင်းကိုလည်း ရခိုင်ဘုရင်အား အာမခံစကား ပြောခဲ့ကြသည်။ ဒတ်ချ်တို့ပင်လယ်သို့ မထွက်မီကလေးတွင် ရခိုင်ဘုရင်ထံမှအထူးသံတမန်တော်တစ်ဦးရောက် လာသည်။ ဘုရင်ခံချုပ်ထံရည်ညွန်းသော သဝဏ်တစ်စောင်လည်းပါရှိလာပါသည်။ ထိုသဝဏ်၌ ဒတ်ချ်တို့အား သိမ့်မွေ့စွာပြစ်တင်ဝေဖန်ထားသည်။ သင်္ဘလားဘုရင်ခံအား ဒတ်ချ်တို့ဘာကြောင့် ဤမျှကြောက်ရွံ့ရပါသလဲဟု လည်း မေးခွန်းထုတ်ထားပါသည်။ ဤသူမတိုင်မီက အုပ်ချုပ်ခဲ့ကြသော ဘုရင်ခံဆက်ဆက်တို့သည်လည်း ရခိုင် ပြည်ကို သိမ်းယူမည်ဖြစ်ကြောင်း စသည်ဖြင့်အလားတူ ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ကြသည်သာဖြစ်သည်။ သို့တ စေ ထိုသူတို့၏ကြိုးပမ်းမှုမှန်သမျှ ရှုံးနိမ့်သွားခဲ့ရသည်သာ။ ယခုခြိမ်းခြောက်မှုသည်လည်း ယခင်အတိုင်းပင်ရှုံး နိမ့်သွားပေလိမ့်မည်။ “ ရှာယိစတာသည် ကျွန်ုပ်၏နိုင်ငံအား အောင်နိုင်သိမ်းပိုက်ရန် ကြိုးပမ်းမည့်အစား ကောင်းကင်ဘုံသို့ တက်ရောက်ရာ ဘာဘယ်မျှော်စင်(Tower 0f Babel) ဆောက်လုပ်ရန် ကြိုးပမ်းခြင်းက ပိုမို သက်သာလွယ်ကူမည်ဖြစ်ပေသည်။”ဟူ၍ ရခိုင်ဘုရင်က ရေးသားထားပါသည်။
အခြေအနေအရပ်ရပ်အပေါ်ရခိုင်ဘုရင်၏ မျှော်လင့်ခန့်မှန်းမှုထက် ဒတ်ချ်တို့၏တွက်ဆသုံးသက်မှုက အမှန်တရားနှင့် ပိုမိုနီးစပ်ကြောင်း အဖြစ်အပျက်များက အချိန်အတိုအတွင်းမှာပင်ပြသလာသည်။ ဘင်္ဂလားရေ တပ်သည် ရခိုင်ရေတပ်၏ ချေမှုန်းမှုကို မရှုမလှခံလိုက်ရသည်။ သို့သော် ရှာယိစတာခန်သည် ရေတပ်အသစ် နောက်တစ်ခုကို အလျင်အမြန်ထပ်မံဖွဲ့စည်းပြီး လက်နက်ကိရိယာပြည့်စုံစွာ တပ်ဆင်ပေးလိုက်နိုင်သည်။ ဒတ်ချ်တို့မြောက်ဦးမြို့တော်မှ ထွက်ခွာမသွားမီမှာပင် ဘင်္ဂလားရေတပ်အသစ်သည် တိုက်ပွဲဝင်ရန်အသင့်ဖြစ် နေခဲ့ပါပြီ။ ဒီယင်းဂါးကို စစ်ဆင်တိုက်ခိုက်ရာတွင် အခြေခံစခန်းအဖြစ် အသုံးပြုရန်ရည်ရွယ်လျက် ဘင်္ဂလားရေ တပ်က ဆင်းဒဝစ်ကျွန်းကိုရှောင်တခင်ဝင်ရောက်တိုက်ခိုက်သည်။ သို့သော ဆင်းဒဝစ်မှ ပေါ်တူဂီအားခပ်ညံ့ညံ့ တိုက်ခိုက်ရေးသမားများမဟုတ်ကြပါ။ ရေကြာင်းကျွမ်းကျင်မှုတွင်လည်း ပေါ်တူဂီတို့သည် ဘင်္ဂလားမှမှုစလင် များထက် အများကြီးသာလွန်ကြသည်။ ဤအခြေအနေတွင် ကံတရားကရှာယိစတန်ဘက်၌ ရပ်တည်နေပါ၏။
ဗရင်ဂျီများနှင့် ရခိုင်တို့အခိုက်အတန့်တွင် ခိုက်ရန်ဖြစ်နေခဲ့ဲကြသည်။ ထိုအချက်ကို အခွင့်ကောင်းယူ လျက်ရှာယိစတာခန်သည် ပေါ်တူဂီတို့အား မိမိဘက်သို့ဝင်ရောက်ခိုလုံပါက ဤသို့နှယ်အခွင့်အရေးများပေးမည် ဖြစ်ကြောင်း ကမ်းလှမ်းလိုက်သည်။ ထိုအခါ ပေါ်တူဂီအများစုတို့ ဒီယင်းဂါးကိုစွန့်ခွာလျက် မဂိုတို့ဘက်သို့ကူး ပြောင်းသွားကြသည်။ ဤသို့ဖြင့် ၁၆၆၆ ခုနှစ်တွင် ပင်လယ်ဓားပြတို့၏ အခြေခံစခန်းကြီးအား ရေကြောင်းကြည်း ကြောင်းနှစ်ခုလုံးဖြင့် ဝိုင်းဝန်းချေမှုန်းပစ်လိုက်သည်။ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီးနောက် ဖေဖဝါရီလအတွင်း တွင် ရခိုင်ရေတပ်ကြီးအရေးနိမ့်ကာ နောက်နှစ်ရက်အကြာတွင် ရခိုင်တို့၏စစ်တကောင်းခံတပ်ကြီး လက်နက်ချ ခဲ့ရတော့သည်။ ထိုအချိန်မှစ၍ ပေါ်တူဂီပင်လယ်ဓားပြတို့၏ အင်အား၊ အာဏာနှင့်အစွမ်းသတ္တိတို့မှာ ထာဝရပျက်စီးပျောက်ကွယ်သွားခဲ့ပါသည်။ထို့ပြင် နတ်မြစ်အထိကျယ်ဝန်းသော စစ်တကောင်းခရိုင်တစ်ခုလုံး သည်လည်း မဂိုအင်ပါယာအတွင်းသို့ သက်ဆင်းကျရောက်သွားခဲ့ရပါတော့သည်။