- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
ဘာလို့ တိရစ္ဆာန်ကနေ လူကိုကူးစက်တဲ့ ဗိုင်းရပ်စ်တွေ ပိုများလာတာလဲ
တရုတ်နိုင်ငံကနေ စတင်ကူးစက်ပျံ့နှံ့လာတဲ့ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝန်း အထိတ်တလန့်ဖြစ်နေကြရတာ အားလုံးအသိပါပဲ။ ဒီဗိုင်းရပ်စ်စတင်ကူးစက်တဲ့ အရင်းအမြစ်ကို အတိအကျမထုတ်ပြန်နိုင်သေးပေမယ့် တိရစ္ဆာန်ကနေတစ် ဆင့်ကူးစက်လာတယ်လို့ ယူဆထားရပြီး ယခုဆယ်စုနှစ်တွေအတွင်း တိရစ္ဆာန်တွေကနေ လူကိုကူးစက်တဲ့ ဗိုင်းရပ်စ်တွေရဲ့ အန္တရာယ်မြင့်တက်လာမှုကို မီးမောင်းထိုးပြလျက်ရှိပါတယ်။ ဒါကြောင့် အရင်ကထက် ဒီခေတ်မှာ တိရစ္ဆာန်ကနေ လူကို ရောဂါပိုးကူးစက်မှုတွေဘာလို့ ပိုမြင့်လာရတာလဲ ဆိုတာ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။
12 Feb 2020
တရုတ်နိုင်ငံကနေ စတင်ကူးစက်ပျံ့နှံ့လာတဲ့ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝန်း အထိတ်တလန့်ဖြစ်နေကြရတာ အားလုံးအသိပါပဲ။ ဒီဗိုင်းရပ်စ်စတင်ကူးစက်တဲ့ အရင်းအမြစ်ကို အတိအကျမထုတ်ပြန်နိုင်သေးပေမယ့် တိရစ္ဆာန်ကနေတစ် ဆင့်ကူးစက်လာတယ်လို့ ယူဆထားရပြီး ယခုဆယ်စုနှစ်တွေအတွင်း တိရစ္ဆာန်တွေကနေ လူကိုကူးစက်တဲ့ ဗိုင်းရပ်စ်တွေရဲ့ အန္တရာယ်မြင့်တက်လာမှုကို မီးမောင်းထိုးပြလျက်ရှိပါတယ်။ ဒါကြောင့် အရင်ကထက် ဒီခေတ်မှာ တိရစ္ဆာန်ကနေ လူကို ရောဂါပိုးကူးစက်မှုတွေဘာလို့ ပိုမြင့်လာရတာလဲ ဆိုတာ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။
ကုန်လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ အတွင်း တိရစ္ဆာန်တွေမှာဖြစ်ပွားတဲ့ ရောဂါပိုးတွေဟာ ဆင့်ကဲပြောင်းလဲမှုတွေဖြစ်ပေါ်ပြီး လူတွေကိုကူးစက်ပျံ့နှံ့မှုတွေ အလျင်အမြန်တိုးပွားလို့လာတာကို ကိန်းဂဏန်းအချက်အလက်တွေအရ ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါတယ်။ ဒီအတွက် ၁၉၈၀ လွန်နှစ်တွေမှာ မျောက်ဝံများမှတင်ကူးစက်ပြီး ကပ်ဆိုက်ခဲ့ရတဲ့ HIV ဗိုင်းရပ်စ်ကနေ စလို့ ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း ကြက်၊ ငှက် တို့ကနေကူးစက်တဲ့ တုပ်ကွေး၊ အဲဒီနောက် ၂၀၀၉ ခုနှစ်မှာ ဝက်တွေကနေ ကူးစက်တဲ့ တုပ်ကွေး နဲ့ SARS နဲ့ အီဘိုလာရောဂါတွေဟာ သက်သေပါပဲ။
လူတွေဟာ ရှေးယခင်ကလည်း တိရစ္ဆာန်တွေဆီက ရောဂါပိုးတွေ ကူးစက်ခံခဲ့ရပြီး တကယ်တမ်းမှာ ကူးစက်ပျံ့နှံ့နိုင်တဲ့ ရောဂါအများစုဟာ တိရစ္ဆာန်တွေဆီကနေ စတင်ကူးစက်တာပါ။ ဒါပေမဲ့ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုနဲ့အတူ လူဦးရေများပြားတဲ့ မြို့ပြဒေသတွေ တိုးပွားလာခြင်း၊ နိုင်ငံတကာခရီးသွားလာမှု မြင့်တက်လာခြင်းတွေကြောင့် ဒီလိုရောဂါပိုးတွေ ဖြစ်ပွားတဲ့အခါမှာ ကူးစက်မှုနှုန်းက ယခင်ထက် ပိုမိုမြန်ဆန်လာခဲ့ပါတယ်။
တိရစ္ဆာန်အများစုဟာ ရောဂါဖြစ်ပွားစေနိုင်တဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို သယ်ဆောင်ထားကြပြီး မူလသူတို့ကပ်တွယ်ရာ သတ္တဝါမျိုးစိတ်ကနေ နောက်တစ်မျိုးစီ ကူးစက်တဲ့အခါမှာ ဆင့်ကဲ ပြောင်းလဲသွားတတ်ကြပါတယ်။ သူတို့ ပြောင်းလဲတွယ်ကပ်လိုက်တဲ့ သတ္တဝါမျိုးစိတ်အသစ်ရဲ့ ကိုယ်ခံအားစနစ်က ရောဂါပိုးကိုသတ်နိုင်ဖို့ ကြိုးစားသလို ရောဂါပိုးကလည်း သူတွယ်ကပ်လိုက်တဲ့ ခန္ဓာအသစ်မှာ ရှင်သန်နိုင်ဖို့ ပြန်လည်တိုက်ခိုက်ပါတယ်။ ဒီလိုကနေ ကိုယ်ခံအားစနစ်နဲ့ ရောဂါပိုးတွေဟာ အပြန်အလှန်တိုက်ခိုက်ရင်း အဆင့်ဆင့်ပြောင်းလဲလာတာပါ။ ဥပမာအနေနဲ့ သာမန်တုပ်ကွေးရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးမှုရာခိုင်နှုန်းဟာ ဝ.၁ ရာခိုင်နှုန်းသာရှိပေမယ့် ၂၀၀၃ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ SARS တုပ်ကွေးရောဂါကူးစက်ခံရမှုကြောင့် သေဆုံးမှုရာခိုင်နှုန်းကတော့ ၁၀ ရာခိုင်နှုန်းအထိရှိတာကို တွေ့နိုင်ပါတယ်။
သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေက တိရစ္ဆာန်တွေရဲ့ ရှင်သန်နေထိုင်ရာနေရာ၊ နေထိုင်မှုပုံစံ၊ ဘယ်သတ္တဝါက ဘယ်သတ္တဝါကိုစားတယ်ဆိုတဲ့ အလေ့အထတွေကိုပါ ပြောင်းလဲစေပါတယ်။ အဲဒီလိုပဲလူတွေရဲ့ နေထိုင်မှုပုံစံတွေဟာလည်း ပြောင်းလဲလာပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ခန့်က မြို့ပြမှာ နေထိုင်တဲ့လူဦးရေဟာ ကမ္ဘာ့လူဦးရေရဲ့ ၃၅ ရာခိုင်နှုန်းသာ ရှိခဲ့ရာကနေ အခုအခါမှာ ၅၅ ရာခိုင်နှုန်းအထိ ရောက်ရှိနေပါပြီ။
အဲဒီလိုကြီးမားလာတဲ့ မြို့ပြဧရိယာတွေဟာ ကြွက်၊ ရက်ကွန်း၊ ရှဉ့်၊ မြေခွေး၊ ငှက်၊ ဝံပုလွေ၊ မျောက်စတဲ့ တိရစ္ဆာန်တွေနဲ့ လူတွေကို ပိုမိုနီးစပ်စေကာ ထိတွေ့မှုလည်း ပိုများလာစေပါတယ်။ ဒီလိုတောရိုင်းတိရစ္ဆာန်တွေဟာ တောထဲမှာ သူတို့ဘာသာနေတာထက် မြို့ပြတွေမှာ လူတွေရဲ့စားကြွင်းစားကျန်တွေကြောင့် သူတို့အတွက်အစာရေစာ ပို ပေါများတာကြောင့် ပိုမိုရှင်သန်ပေါက်ဖွားနိုင်ကြကာ မြို့ပြဧရိယာတွေကို ရောဂါမျိုးစုံ ဆင့်ကဲပြောင်းလဲပေါက်ပွားရာ နေရာတွေအဖြစ် ရောက်ရှိစေပါတော့တယ်။
ဒီလိုအခြေအနေတွေကနေတစ်ဆင့် ပေါက်ဖွားလာတဲ့ ရောဂါပိုးတွေဟာ ရောဂါဝေဒနာအသစ်တွေကို ယူဆောင်လာပြီး ကုသနိုင်မယ့်ဆေးရှာဖွေဖို့ အချိန်ယူရတာကြောင့် အန္တရာယ်များလှပါတယ်။ အထူးသဖြင့် အစာအာဟာရပြည့်မီအောင် စားသုံးနိုင်ခြင်းမရှိတဲ့ မြို့ပြနေ အခြေခံလူတန်းစားတွေ၊ လူတွေအနေနဲ့ ပုံမှန်စားနေကျမဟုတ်တဲ့ တိရစ္ဆာန်အမျိုးမျိုးကို စားတတ်တဲ့ အလေ့အထရှိသူတွေအတွက် ပိုလို့အန္တရာယ်ကြီးပါတယ်။
လက်ရှိအချိန်မှာ အစိုးရတွေနဲ့ လူမှုအဖွဲ့အစည်းတွေဟာ ကူးစက်ရောဂါပိုးမွှားအသစ်တွေကို ကမ္ဘာကြီး ဖောက်ပြန်ပြောင်းလဲလာမှုကြောင့် ဖြစ်ပေါ်လာတဲ့ လက္ခဏာတစ်ရပ်အဖြစ် ရှုမြင်ခြင်းမရှိဘဲ သီးခြားစိန်ခေါ်မှုတစ်ရပ် အနေနဲ့သာ ရှုမြင်လျက်ရှိ တာဟာလည်း စိုးရိမ်စရာပါပဲ။
လက်တွေ့မှာတော့ လူသားတွေက သဘာဝပတ်ဝန်းကျင်ကို ပြောင်းလဲလေလေ၊ ကမ္ဘာကြီးရဲ့ ဂေဟဗေဒစနစ် ယိုယွင်းပျက်စီးလေလေဖြစ်ပြီး ရောဂါပိုးမွှားအသစ်တွေ ပေါ်ပေါက်လာနိုင်ခြေလည်း မြင့်မားလာမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူသားတွေအနေနဲ့ ရောဂါပိုးမွှားအသစ်တွေ ကူးစက်ခံမှု၊ ပေါက်ဖွားမှုတွေအန္တရာယ်ကို လျှော့ချနိုင်ဖို့ဆိုရင် ရောဂါပိုးမွှားတွေစတင်ဇစ်မြစ်ခံရာ သတ္တဝါတွေကို ယခုထက်ပိုပြီး စနစ်တကျလေ့လာသုတေသနပြု မှတ်တမ်းတင်တာ၊ ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါအခြေအနေတွေကို ကြိုတင်လေ့လာဖော်ထုတ်တာ၊ မိလ္လာနဲ့အမှိုက်စွန့်ပစ်စနစ်တွေကို အဆင့်မြှင့်တင်တာ၊ အိမ်မွေးတိရစ္ဆာန်ဆိုင်ရာ ထိန်းချုပ်မှုတွေပြုလုပ်တာတွေကို လုပ်ဆောင်ရမှာဖြစ်သလို တစ်ဖက်မှာလည်း သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟဗေဒစနစ်ကို ထိခိုက်အောင်လုပ်ဆောင်နေတာတွေကို လျှော့ချနိုင်ဖို့ အစီအမံတွေကိုလည်း ဆောင်ရွက်ဖို့ လိုအပ်လျက်ရှိပါတယ်။
မောင်ဖြိုး
(BBC သတင်းဌာနတွင် ဖော်ပြထားသော Coronavirus: Why are we catching more diseases from animals? By Prof Tim Benton ကိုဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။)
ဆက်စပ်ဖတ်ရှုရန် - ဝူဟန်ဗိုင်းရပ်စ်ကူးစက်မှု မည်မျှအထိ ဆိုးဝါးလာနိုင်သနည်း