- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
AI ရဲ့ ထုတ်ပြန်ချက်ဟာ ပွဲဦးထွက်အမှန်တရားလား
မောင်တောအကြမ်းဖက်မှု ဖြစ်စဉ်တွေနောက်ပိုင်း ၁၀ လအကြာ ထုတ်ပြန်ခဲ့တဲ့ AI ရဲ့ အစီရင်ခံစာကို တိုင်းရင်းသားတွေအပါဝင် ဟိန္ဒူဘာသာဝင်တွေကလက်ခံကြိုဆိုကြသလို ယခင်က ဒေသတွင်း တိုင်းရင်းသားတွေကို ဘင်္ဂါလီအကြမ်းဖက်တွေက သတ်ဖြတ်ခဲ့တာတွေကိုလည်း သေချာစွာ စစ်တမ်းကောက်ယူဖို့ကိုလည်း လိုလားနေကြပါတယ်။
04 Jun 2018
စစ်တွေမြို့ ဓညဝတီ(ယာယီ)ကယ်ဆယ်ရေးစခန်းတွင် နေထိုင်ခဲ့သည့် ဟိန္ဒူအမျိုးများအား တွေ့ရစဉ်
ဝင်းထိန် ရေးသားသည်
၂၀၁၈ ခုနှစ်၊မေလ ၁၃ ရက်နေ့က ကမ္ဘာ့လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International (AI)အဖွဲ့သည် ARSA အကြမ်းဖက်အဖွဲ့က ဟိန္ဒူဘာသာဝင်တွေအပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်ပြီး တွေ့ရှိချက်အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီလိုထုတ်ပြန်ပြီး သိပ်မကြာခင်မှာပဲ နိုင်ငံတကာမီဒီယာတွေအပါဝင် ပြည်တွင်းမီယာတွေမှာပါ အချိန်အပိုင်း အခြားသာခြားပြီး အလေးထားဖေါ်ပြခဲ့ကြပါတယ်။ အဲဒီထုတ်ပြန်ချက်အပေါ်မှာ မြန်မာတပ်မတော် ဘက်က ကြိုဆိုကြောင်းလည်း ထုတ်ပြန်ခဲ့ပါသေးတယ်။
AI ရဲ့ ထုတ်ပြန်ချက်တွေထဲမှာတော့ ARSA အကြမ်းဖက်အဖွဲ့ရဲ့ ဟိန္ဒူဘာသာဝင်တွေ အပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တာတွေကိုဖေါ်ပြထားပြီး ဟိန္ဒူဘာသာဝင် ၁၀၀ ကျော်ကို ARSA က သတ်ဖြတ်ခဲ့တယ်လို့ ဖေါ်ပြထားပါ တယ်။ AI ရဲ့ထုတ်ပြန်ချက် ထုတ်ပြန်ပြီးရက်ပိုင်း အတွင်းမှာပဲ ဘင်္ဂလာဒေရှ့်နိုင်ငံခြားရေးဝန်ကြီးကတော့ AI ရဲ့ထုတ်ပြန်ချက်ဟာ ယုတ္တိမဆန်ပဲယုံ ကြည်ကြမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့တာတွေရှိပါတယ်။
ဟိန္ဒူဆိုတာ
ဟိန္ဒူဆိုတာ အိန္ဒိယနွယ်ဖွား၊ ဟိန္ဒူဘာသာကိုးကွယ်ယုံကြည်ကြသူတွေပါ။ ပုံမှန်အားဖြင့် ကြည့်ရင်တော့ ဘင်္ဂါလီတွေနဲ့ရုပ်ရည်အားဖြင့် အသွင်အပြင်အားလုံးတူညီပေမဲ့ ကိုးကွယ်ယုံကြည် မှုှုလုံးဝကွဲလွဲပါတယ်။ ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုမဖြစ်ခင်အထိ ဟိန္ဒူဘာသာဝင်တွေနဲ့ ဘင်္ဂါလီ တွေဟာ မောင်တောမြို့နယ်အတွင်း ရောနှောနေထိုင်ခဲ့ကြတာတွေရှိပါတယ်။ ဒါ့အပြင် ၂၀၁၂ ခုနှစ် ဖြစ်ပွားခဲ့တဲ့ပြဿနာတွေ၊ အဲဒီမတိုင်ခင်ဖြစ်ခဲ့တဲ့ ပြဿနာတွေကိုကြည့်ပြန်ရင်လဲ ဟိန္ဒူဘာသာဝင် တွေကို ပစ်မှတ်ထားတာမရှိခဲ့သလောက်ပါပဲ။ ဒါပေမဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ကစခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေထဲမှာတော့ ဟိန္ဒူဘာသာဝင် ၁၀၀ ကျော်အထိကို အကြမ်းဖက် သမားတွေကသတ်ဖြတ်ခဲ့ပါတယ်။ ဒါဟာ AI ရဲ့ အစီရင်ခံစာမထွက်ပေါ်မီကတည်းက မြန်မာ အစိုးရနဲ့ ဟိန္ဒူဘာသာရေးခေါင်းဆောင်တွေ၊ ဘင်္ဂလားဒေရှ့်ဘက်ကိုရောက်ရှိသွားတဲ့ ဟိန္ဒူအမျိုး သမီးတွေရဲ့ ပြောပြချက်တွေအရ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့မှာ မောင်တောမြို့နယ် မြောက်ပိုင်း ရဲဘော်ကျကျေးရွာအနီးမှာ ဟိန္ဒူဘာသာဝင် အလောင်း ၄၅ လောင်းကို တူးဖေါ်တွေ့ ရှိခဲ့ပြီး စက်တင်ဘာလ ၂၅ ရက်နေ့မှာ နောက်ထပ် ၁၇ လောင်းကိုတူးဖေါ်တွေ့ရှိခဲ့ပါတယ်။
အကြမ်းဖက်သူတွေရဲ့ ပစ်မှတ်
ARSA ရဲ့ လုပ်ရပ်တွေဟာ ရဲတပ်ဖွဲ့ ကင်းစခန်းပေါင်း ၃၀ ကျော်ကို တစ်ချိန်တည်း တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း တပ်မတော်က ပြန်လည်ရှင်းလင်းရေးတွေလုပ်တဲ့အခါမှာ အကြမ်းဖက် သမားတွေဟာ နေအိမ်တွေ၊ ကျေးရွာတွေမီးရှို့ပြီး တော့ ဆုတ်ခွာသွားကာ လမ်းမှာတွေ့တဲ့ လူမှန်သမျှ တစ်ခြားဘာသာဝင်တွေကို သတ်ဖြတ်ခဲ့တဲ့ သဘောကိုဆောင်နေပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေကို ပစ်မှတ်ထားရာကနေ သူတို့နဲ့မတူတာတွေကို အကုန် သုတ်သင်ရမယ် ဆိုတဲ့ အစွန်းရောက်အတွေးခေါ်ကြောင့် အပြစ်မဲ့တဲ့ဟိန္ဒူဘာသာဝင်တွေကို သတ်ဖြတ်ကာ မြေမြုပ်ခဲ့ကြတာပါ။ ဒါ့အပြင် အမျိုးသမီးတစ်ချို့ကိုလည်း သူတို့ဘာသာဝင်ရင် အသက်ချမ်းသာ ပေးမယ်လို့ပြောဆိုပြီးတော့ သဘောတူမှသာ အသက်ချမ်းသာပေးပြီး ဘင်္ဂါလားဒေရှ့်ဖက်ကို ခေါ်သွားကြတယ်လို့ လွတ်မြောက်လာတဲ့ ဟိန္ဒူအမျိုးသမီးတွေကပြောပါတယ်။ ဟိန္ဒူတစ်ခုတည်းကို သတ်တာလားဆိုတော့မဟုတ်ပြန်ဘူး။ အဲဒီဒေသမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေ။ အထူးသဖြင့် မူစလင်မဟုတ်သူတွေကို သတ်ဖြတ်ကြတာဖြစ်ပါတယ်။ အဓိက အချက်ကတော့ မောင်တောနယ်မြေထဲက တိုင်းရင်းသားတွေအပါဝင်၊ ဟိန္ဒူတွေကိုပါ မနေရဲအောင် မောင်းထုတ်လိုတဲ့ဆန္ဒဟာ အကြမ်းဖက်သမား တွေဆီမှာ ရှိနေတာကိုတွေ့ရပါတယ်။
ဘာကြောင့် သမိုင်းနဲ့ချီ ပြောနေရသလဲ
ဒီမေးခွန်းကတော့ နိုင်ငံတကာသံအဖွဲ့ တွေနှင့် တစ်ခြားသော နိုင်ငံတကာကပုဂ္ဂိုလ်တွေ ဒေသခံတွေနဲ့တွေ့ရင် ဒါမှမဟုတ် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေနဲ့တွေ့ရင် ပြောဆိုကြတဲ့ စကားပါ။ သမိုင်းနဲ့ချီပြီး ပြောနေတယ်။ ဆိုတာမျိုးတွေပေါ့။ ပွင့်ပွင့်လင်းလင်းပြောရင် ဘင်္ဂါလီအရေး ဟာ သမိုင်းနဲ့မချီလို့ မရတဲ့ကိစ္စပါ။ ဘာကြောင့်လဲ ဆိုတော့ ARSA အကြမ်းဖက်အဖွဲ့ မပေါ်မီက တည်းက ဒီမြေကိုသိမ်းပိုက်ဖို့ကြိုးစားခဲ့ကြတဲ့ ဘင်္ဂါလီအကြမ်းဖက်အဖွဲ့တွေရှိခဲ့ပါတယ်။ မူဂျာဟစ်တ့ိုလို RSO တို့လို အကြမ်းဖက်အဖွဲ့တွေဟာ လစ်ရင်လစ်သလို မောင်တောဒေသကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့တဲ့ဖြစ်စဉ်တွေဟာ အများကြီးရှိခဲ့ပါတယ်။
အဲဒီလို အကြမ်းဖက်မှုတွေ၊ ရွာလုံးကျွတ် မီးရှို့သတ်ဖြတ်မှုတွေ၊ လယ်ယာမြေတွေကို သိမ်းယူမှုတွေ၊ တိုင်းရင်းသားတွေကို သတ်ဖြတ်တာတွေ မိန်းကလေးတွေကို မုဒိန်းကျင့်တာတွေ ဒါတွေကို နှစ်ပေါင်းများစွာခံစားလာရတဲ့ တိုင်းရင်းသားတွေက သမိုင်းနဲ့ချီပြီးသိနေကြပါတယ်။ ၁၉၄၂ ခုနှစ် အကြမ်းဖက်မှူမှာ ရခိုင်အပါဝင် တိုင်းရင်းသား ၂၀၀၀၀ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဖေါ်ပြထားတဲ့မှတ်တမ်းတွေလဲရှိပါတယ်။ အခုအချိန်ထိလဲ အဲဒီအချိန်က မောင်တောဒေသကနေ ထွက်ပြေးလာပြီး တစ်ခြားမြို့နယ်တွေမှာ ရပ်ရွာတည်ကာနေထိုင်ကြတဲ့သူတွေ ရှိနေသေးတယ်။ ဆိုတော့ ရခိုင်အပါဝင် ဒေသခံတိုင်းရင်းသားတွေနှင့် သက်ဆိုင်ရာအစိုးရအဖွဲ့ အစည်းတွေရဲ့ ပြောဆိုချက်တွေဟာ သမိုင်းနဲ့ချီပြီး ပြောနေရတာဖြစ်တယ်။
အစီရင်ခံစာအပေါ်AI ရဲ့ ရပ်တည်ချက်
မောင်တောမြို့နယ် မြောက်ပိုင်းခမောင်းဆိပ်ကျေးရွာမှ ဟိန္ဒူဘာသာဝင် အမျိုးသား၊ အမျိုးသမီးကလေး ၁၀၀ ခန့်ကို ARSA က သတ်ဖြတ်ခဲ့တယ်လို့ အစီရင်ခံစာထုတ်ပြန်ပြီး ရက်ပိုင်းအတွင်းမှာပဲ မြန်မာအစိုးရနဲ့ တပ်မတော်ဘက်က အကျယ် တဝင့်ဖေါ်ပြခဲ့ပြီးနောက် ဗျွှဗ ဖက်ကတော့ ARSA အကြမ်းဖက်အဖွဲ့ခေါင်းဆောင် Ata Ullah ကလက်မှတ်ရေးထိုးပြီး သူတို့ရဲ့ Twitter အကောင့်မှာ ထုတ်ပြန်ထားတဲ့ကြေညာချက်ထဲမှာ တော့ AI အစီရင်ခံစာပါအချက် တွေဟာ မှန်ကန်မှုမရှိတဲ့ စွပ်စွဲချက်တွေသာဖြစ်တယ်လို့ VOA သတင်းတစ်ရပ်မှာ ဖေါ်ပြထားပါတယ်။ တစ်ဖက်မှာလည်း ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးက AI ရဲ့ ထုတ်ပြန်ချက်ဟာ ယုတ္တိမရှိဘူးလို့ ပြောဆိုထားခဲ့ကြပေမယ့် AI အဖွဲ့ရဲ့ အစီရင်ခံစာကို ပြုစု ရေးသားခဲ့သူတစ်ဦးဖြစ်တဲ့ Matthew Wells က သူတို့ရဲ့အစီရင်ခံစာအပေါ် အခိုင်အမာရပ်တည် ကြောင်းနဲ့ ARSA အကြမ်းဖက်အဖွဲ့ရဲ့ အခုလိုငြင်းဆိုတုံ့ပြန်ချက်ဟာ မြန်မာစစ်တပ်လိုပဲ တဖက် သတ်ငြင်းဆိုတဲ့ ပုံစံမျိုးဖြစ်နေကြောင်း VOA ရဲ့ မေးမြန်းမှုကို ဖြေဆိုထားပါတယ်။ ဘာပဲဖြစ်ဖြစ် AI အဖွဲ့အနေနဲ့ကတော့ ဒီထုတ်ပြန်ချက်အပေါ်မှာ အခိုင်အမာရပ်တည်နေတာကိုတွေ့ရပါတယ်။
AI ထုတ်ပြန်ချက်နဲ့ ရခိုင်၊ဟိန္ဒူအသိုင်းအဝိုင်း
AI ရဲ့ ထုတ်ပြန်ချက်အပေါ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ ဟိန္ဒူဘာသာဝင်အများစုက လက်ခံကြိုဆိုခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ မြေပြင်အခြေအနေမှာ အကြမ်းဖက်သမား တွေရဲ့ သတ်ဖြတ်မှုကို အမှန်တကယ်လည်း ကိုယ့်တွေကြုံတွေ့ခဲ့ရလို့ဖြစ်ပါတယ်။ မောင်တောအကြမ်းဖက်မှုဖြစ်စဉ်ဖြစ်ဖြစ်ချင်း၊ ပြည်တွင်း၊ပြည်ပ သတင်းမီဒီယာတွေကို သက်ဆိုင်ရာအစိုးရက မောင်တောဒေသရဲ့အခြေအနေအရ သတင်းရယူခွင့်မပြုခဲ့ပါဘူး။ ဒါကြောင့် မီဒီယာကြီးတွေဟာ ဘင်္ဂလာဒေရှ့်ဘက်က သတင်းရယူခဲ့ပြီး ဒုက္ခသည်ထွက်ပြေးကြတာတွေကို ကမ္ဘာ့မီဒီယာတွေမှာ ပထမဆုံးတင်ပြနိုင်ခဲ့ပါ တယ်။ ဒါပေမယ့် တိုင်းရင်းသားတွေနဲ့ ဟိန္ဒူဘာ သာဝင်တွေ တကယ်ခံစားခဲ့ရတဲ့ မြေပြင်အခြေအနေမှန်ကို တင်ပြမှုမရှိတဲ့အတွက် ဒေသခံတွေ ဘက်က မီဒီယာတွေအပေါ် တစ်ဖက်စောင်းနင်းရပ်တည်နေတယ်လို့ တွေးမြင်ခဲ့ကြပါတယ်။ အဲဒီ နောက်ပိုင်းမှာတော့ အင်းဒင်ကိစ္စကို ရိုက်တာသတင်းဌာနက ဖေါ်ထုတ်ပြီးနောက်ပိုင်းမှာလည်း ဟိန္ဒူတွေ ရာနဲ့ချီသတ်ဖြတ်ခံရတာတွေ၊ တိုင်းရင်းသားတွေ သတ်ဖြတ်ခံရတာတွေကိုမဖေါ်ထုတ်ဘဲ အကြမ်းဖက်သမား ၁၀ ဦး သတ်ဖြတ်ခံရတာကို အရေးတယူလုပ်တယ်ဆိုပြီး ဝေဖန်မှုတွေလဲ ရှိခဲ့ပါတယ်။
မောင်တောအကြမ်းဖက်မှု ဖြစ်စဉ်တွေနောက်ပိုင်း ၁၀ လအကြာ ထုတ်ပြန်ခဲ့တဲ့ AI ရဲ့ အစီရင်ခံစာကို တိုင်းရင်းသားတွေအပါဝင် ဟိန္ဒူဘာသာဝင်တွေကလက်ခံကြိုဆိုကြသလို ယခင်က ဒေသတွင်း တိုင်းရင်းသားတွေကို ဘင်္ဂါလီအကြမ်းဖက်တွေက သတ်ဖြတ်ခဲ့တာတွေကိုလည်း သေချာစွာ စစ်တမ်းကောက်ယူဖို့ကိုလည်း လိုလားနေကြပါတယ်။
AI ရဲ့ထုတ်ပြန်ချက်ဟာ ဒေသခံတွေအဖို့ ပွဲဦးထွက်အမှန်တရားလား
လက်ရှိထုတ်ပြန်လိုက်တဲ့ AI ရဲ့အစီရင်ခံစာဟာ ဒေသတွင်းနေထိုင်ကြတဲ့ တိုင်းရင်းသား တွေနှင့် ဟိန္ဒူဘာသာဝင်တွေအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ဘယ်လောက်ထိ ကိုယ်ချင်းစာနာနိုင်မှာလဲ။ လူသားချင်းစာနာနိုင်မလဲဆိုတဲ့ မေးခွန်းတွေဟာလည်းရှိနေပါတယ်။ ဒါ့အပြင် ပြန်လည်ခေါ်ယူရေးနှင့် ဒေသတွင်းငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက်ကော ဘယ်လောက်ထိအရေးပါမှာလဲ။ ARSA ရဲ့ လုပ်ရပ်တွေအပေါ်မှာကော နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ရှုပ်ချကန့်ကွက်နိုင်မှာလားဆိုတဲ့ မေးခွန်းတွေဟာလဲ ထွက်ပေါ်လာပါတယ်။ ဒါမှမဟုတ် AI ရဲ့ထုတ်ပြန်ချက်ဟာ မြန်မာနိုင်ငံအစိုးရနဲ့ တိုင်းရင်းသားတစ်ရပ်လုံးက အမှန်တကယ်လိုလားနေကြတဲ့ အကြမ်းဖက်မှုဖြစ်စဉ်မှန် ဇာတ်လမ်းရဲ့ ပွဲဦးထွက်အမှန်တရားများ ဖြစ်နေမှာလားဆိုတာကို စောင့်ကြည့်နေရဦးမှာ ဖြစ်ပါတယ်။