အဘာဘားသို့ သားကြီးပြန်စာ

အဘာရေ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နိန့် ပေါက်တောမြို့မှာ မြန်မာစစ်ကောင်စီ၏ လက်နက်ကြီးကျဉ်စ ထိမံမှုကြောင့် ရဟန်းဘဝဖြင့်ပင် အနိစ္စတရားကိုမရှောင်ရှားနိုင်ပဲ အသက်ပီး ပျံလွန်တော်မူလားခရပါရေ။

By Admin 16 Nov 2024

အဘာဘားသို့ သားကြီးပြန်စာ

"ရဲဖော် သက်သာလာ"

"သက်သာပါရေဆရာ၊ စားလို့တော့ မခြီပါသိ"

"ငါပီးရေ ဆီးတိကို အချိန်မှန်သောက်ထားလိုက်၊ စားလို့ခြီလာလိမ့်မယ်နှောင်း"
"ဟုတ်ပါယင့်ဆရာ"

အကျွန်အိပ်ရာမှာမှီးနီစိုင် ဆရာဗိုလ်မှူးမောင်စောယိုင် လူနာကြည့်ချိန် သတင်းလာမိန်းစွာပါ။ သူက တပ်ဦးမှာ စစ်ရေးတာဝန်ခံ၊ စစ်သင်တန်းမှူးအပြင် ဆေးမှူးတစ်ဦးလည်းဖြစ်တေ။ အကျွန်တိုက်ဖွိုက်‌ရောဂါဖြစ်နီစွာ သုံးလေးရက်ဖြစ်နီယာ၊ လူထူ လူလှဲ။ စားမဝင်အိပ်မပျော်၊ စားချင်စာကိုတောင့်တကေ နိမ္ဗာန်ဆုတောင်းစွာနန့် အတူတူလို့စီ ရဲဖော်ထုထဲမှာ ကြားဖူးပြီးသား။ ဆရာက နီထိုင်မကောင်းရေ သင်တန်းသားတိကို မိုးထတချိန်၊ ညဇာတချိန်စီ ဆီးလာကုပီးရေ။ အရေးကြီးကေ ဆရာဘားက ဆီးလားယူကတ်တေ။ သူ့တာဝန်က ကြီးကြီးမားမားဆိုကေလည်း သင်တန်းသားတိနန့် ချစ်ချစ်ခင်ခင် အရောတဝင်နီလေ့ဟိရေ။

နောက်နိန့် ညဇာပိုင်း ဆရာ လူနာကြည့်ဖို့ အကျွန်ရို့တန်းလျားကိုလာလို့ နီမကောင်းရေ သင်တန်းသားတိနန့် စကားလည်းပြော ဆီးလည်းကုသပြီးခါ၊ အကျွန့်အခြေအနေကိုပါမီးမြန်းရေ။ ယပြီးကေ "ဒေနိန့်စောစောက မင်းဖဘားက စာပါလာရေကား၊ စာပြန်စရာဟိကေ နက်ဖြန်မိုးသောက်ဖက် ငါလာရေခါ ပီးလိုက်၊ မင်းဖနန့် တွိချင်ရေဆိုကေလည်း ငါ သူ့ကို စခန်းထဲ ခေါ်ခိုင်းလိုက်မယ်"

"အော် ဟုတ်ပါယင့်၊ ကျေးဇူးတင်ပါရေ ဆရာ"

အကျွန့်အဖဘားက စာကို ဆရာလက်ထဲကယူပြီးကေ တချက်ချေ တွေဝေလားမိရေ။ စာထဲမှာ ဇာအကြောင်းတိ ပါလာနိုင်လေဆိုစွာကို စိုင်းစားကြည့်မိရေ။ မိသားစုအကြောင်းလား၊ အကျွန့်အကြောင်းလား။ အကျွန်ဝေခွဲမရ။ ခေါက်ထားရေစာရွက်ကို ဖြန့်ပြီးကေ မှတ်မိနီရေ အဘာလက်ရီးနန့်စာကို တစ်ကြောင်းချင်းဖတ်နီမိရေ။ အားလုံးပေါင်းမှ စာငါးကြောင်းချေ၊ ယကေလည်း ငါးမိနစ်လောက်အချိန်ယူပြီးကေ ဖတ်လိုက်တေ။ ဆရာပီးထားရေဆီး မျိုဖို့အချိန်ကျယာဖြစ်လို့ ဖြစ်အောင်မျိုပနာ အိပ်ရာမှာပြန်လှဲနီယင်း အဘာရီးရေစာကို မျက်စိထဲမှာ တရိပ်ရိပ်မြင်ယောင်နီဖြစ်တေ။ နံပါတ်တစ်ဆုံးဖြတ်ချက်က ဆရာပြောရေပိုင် စခန်းထဲကို ခေါ်သွင်းလိုက်ဖို့တော့ မဖြစ်နိုင်။ အကျွန်၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေ၊ အကျွန်နီထိုင်နီရေ ပတ်ဝန်းကျင်တိကို အဘာမြင်လားလို့မဖြစ်။ နံပါတ်နှစ်ကတော့ခါ နက်ဖြန်မိုးထဖက်သား လူနာကြည့်ဖို့ ဆရာလာရေခါ အဘားကို ပြန်ဖို့စာကို ဇာပိုင်စီကုံးရဖို့လဲဆိုစွာကို ဒေနိန့်ညဉ့်ခါ အကွက်ကျကျနန့် အကောင်းဆုံးဖြစ်နိုင်အောင် စိတ်ထဲမှာ ဖန်တီးထားလိုက်ဖို့ဖြစ်တေ။

ညဉ့် ၁၂ ချက်တီးရေထိ အိပ်မပျော်၊ ထိုစိုင်းစား ဒေစိုင်းစားနန့်။ မိုးထဖက် ၅ နာရီမှာ နိုးကျလာကေလည်း စစ်တန်းလျားမှာ မီးထွန်းခွင့်မဟိ၊ ခြောက်နာရီတီးအောင်ထိ စောင့်ရဖို့။ အဘာဘားတို့ပြန်ဖို့စာကို ခေါင်းအုံးအောက်မှာထားရေ ဗလာစာအုပ်မှာ ညဉ့်ခါက စိုင်းစားထားသမျှ ရီးချကြည့်ချင်ကေလည်း နောက်ထပ် တစ်နာရီကို ပင်ပင်ပမ်းပမ်းစောင့်လိုက်ရယင့်။

၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက် စစ်အာဏာသိမ်းပြီးနောက် အကျွန်ရေ ဆင်တက်မော်ရွာကတဆင့် ပင်လယ်ရီကြောင်းကို အသုံးပြုပနာ ဘင်္ဂလားနယ်စပ်ကို ရောက်ဟိလာခရေ။ ရခိုင်ပြည်အနှံ့အပြားက ရောက်ဟိလာကတ်တေ ကျောင်းသားရို့တိရေ ရခိုင်တော်လှန်ရေး အဖွဲ့အစည်းတိ စုပေါင်းဖွဲ့စည်းတည်ဆောက်ထားရေ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးတပ်ဦး၏ ဌာနချုပ်ဖြစ်တေ ဝါးခွတ်ချောင်းစခန်းမှာ စစ်သင်တန်းတက်ကတ်ပါရေ။

မိုးနှောင်းကာလဖြစ်လို့ ရာသီဥတုဒါဏ်ကပြင်းရေ၊ အစားအသောက်ကလည်း ခေါင်းပါးရေ၊ ဆီးဝါးကလည်း မပြည့်စုံရေကြားထဲက ခံစားချက်ကိုယ်စီကို ရင်မှာပိုက်ပြီးကေ စစ်အာဏာရှင်ပြုတ်ကျရေး၊ ဒီမိုကရေစီထွန်းကားရေး ခံယူချက်နန့် ကြံ့ကြံ့ခံကတ်ရရေ။

မြို့ထက်မှာ လွယ်အိပ်ချေတစ်လုံး ကြိုးချေထုံးလို့ ရွစိရွစိ ကျောင်းတက်လာခကတ်တေ ကောလိပ်နန့် တက္ကသိုလ်ကျောင်းသားတိမှာ အထက်ကဖော်ပြခရေ မပြည့်စုံမှုဒါဏ်တိကို တောင့်ခံနိုင်သူရို့က ရှားရေ။ တခုမဟုတ်တခုကတော့ ဖြစ်ကတ်စွာယာ။ ခံနိုင်ရေလူဟိရေပိုင်၊ မခံနိုင်ရေလူတိကလည်း ဒုနန့်ဒေး။ နိန့်စိုင်ရက်ဆက် အသစ်ရောက်လာသူနန့်၊ အိမ်ပြန်သူတိ ယောက်ယက်ခတ်နီယင့်။

အကျွန်က မိသားစုမှာ သားကြီးဩရသ၊ အောက်ကညီ လေးယောက်နန့် အထွီးဆုံး ညီမချေတစ်ယောက်ဟိရေ။ အကျွန်မှတ်မိခါစ လယ်သမားမိသားစုဖြစ်တေ၊ တလင်းပွဲ စပါးသိမ်းပြီးချိန်မှာ အဘာရေ လက်သမားလုပ်တေ၊ အမ်းဖက်ကသစ်တိကို ဝယ်ယူလာပြီးကေ ကိုယ့်ဘားက သစ်ဆိုင်တိမှာ ရောင်းရေအလုပ်ကိုပါတွဲလုပ်တေ။ အမိကလည်း အိမ်မှုကိစ္စအဝဝတိကို ဆောင်ရွက်ရုံမက၊ စပါးဝယ်ပြီးကေ ဆန်ဖွတ်လို့ရောင်းရေ။

အကျွန် လေးတန်းရောက်တေခါ အဘာရေ ရွာမှာ ဥက္ကဌဖြစ်လာရေ။ ကိုယ့်ရွာမှာတောင်မက အနီးအနားက ရွာသုံးရွာစုပေါင်းထားရေ အုပ်စု၏ဥက္ကဌလည်းဖြစ်တေ။ အကျွန်က ယင်းခါ ဥက္ကဌသားပါ့ယေ။ အိမ်ကို မြို့ကလူကြီးတိနန့် ရွာသုံးရွာကလူတိ ကိစ္စများမြောင်နန့် အရောက်အပေါက်များရေခါ မနားတမ်းပိုင် ထမင်းချက်ပီးရရေ အမိဘားက ဆူမြည်သံတိကိုလည်း မကြာခဏကြားလာရတတ်တေ။

ဥက္ကဌဖြစ်လာရေအဘာမှာ အယင်ခါပိုင် လက်သမားအလုပ်၊ သစ်အလုပ်တိကို လုပ်လို့မရယာ။ ရပ်ရေးရွာရေးကိစ္စတိနန့် အချိန်ကုန်နီရရေအတွက်လည်း အမိဘားက မြည်တွန်သံတိကို ကြားလာရရေ။ မိသားစုမှာ ဝင်ငွေနည်းပါးပါလတ်တေ။

အကျွန် ရှစ်တန်းတက်တေခါ ဥက္ကဌအလုပ်ကို အဘာစွန့်လွှတ်လိုက်တေ။ အကျွန်ရေ ခြောက်တန်းကပင် ရှစ်တန်းထိ အမိအဘာရို့က မြို့ကဆွေမျိုးအိမ်မှာ အဖိုးအခပီးလို့ သားကြီးပညာရေးအတွက် ထားပီးခကတ်တေ။ အဘာမှာ ခံယူချက်တစ်ခု ကြီးကြီးမားမားဟိခဖူးရေ၊ ကိုယ့်ရွာမှာ ဆယ်တန်းအောင်ဆိုလို့ တစ်ယောက်ချေလည်း မဟိခဖူးသိစွာကို တော်လှန်လိုစိတ်ပြင်းပြရေ။ ငါ့ရွာမှာ ဆယ်တန်းအောင်ဟိရဖို့၊ ငါ့သားလည်း ဆယ်တန်းအောင် ဖြစ်ရဖို့လို့စီ  မကြာမကြာပြောလေ့ဟိရေ။ အကျွန် ကိုးတန်းတက်လာရေခါ အောက်ကညီချေတိလည်း ကျောင်းတက်ဖို့လိုလာကတ်လို့ မိသားစု မြို့ကိုပြောင်းလာခကတ်တေ။ ဟိသမျှ လယ်နန့်ကျွဲတိကို ရောင်းချပြီးကေ ခြီစုန်ပစ်လို့ မြို့တက်လာရေခါ၊ ဗြုန်းခနဲ မြို့မှာအဝတ်ကျဖို့ဆိုစွာကလည်းမလွယ်။ မိသားစုရပ်တည်ရေးအတွက် စီးပွါးတစ်ရပ်တည်ဆောက်ဖို့ဆိုစာကလည်း တချက်ချေနန့်ကမဖြစ်ယေ။ ပါလာစာကိုထိုင်စားယင်း မနည်းကြာလားခကတ်ရေခါ ဖောင်းရေအိတ်က ပျောင်ကပ်ပါလတ်တေ။

အဘာရေ အယင်ခါပိုင် သစ်လုပ်ငန်းကိုစလုပ်လာရရေ၊ အမိလည်း အိမ်မှုကိစ္စတဖက်နန့် ဆန်ရောင်းရေ။ ယကေလည်း သားတိကငယ်သိရေ၊ အားလုံးက မူလတန်း၊ အလယ်တန်း၊ အထက်တန်းတိမှာတက်လို့။ အဘာခရီးကပြန်လာကေ အဆင်မပြေစွာတိအတွက် တခါတခါ အမိနန့် စကားကတောက်ကဆဖြစ်ကတ်တေ။

ယင်းပိုင် ယင်းပိုင်နန့်ပင် အလယ်တန်း၊ အထက်တန်းတိမှာ ပညာသင်ဆုပီးပွဲကျင်းပတိုင်း ဆုတခုခုတော့ ရယူဖူးပြီးကေ၊ အကျွန် ဆယ်တန်းအောင်ရေ။ အဘာကတော့ ပြုံးစိ ပြုံးစိနန့်။ ကောလိပ်ဆက်တက်ဖို့လား၊ အလုပ်လုပ်ယင်းနန့် စာပီးစာယူတက်ဖို့လားဆိုရေ မိန်းခွန်းက မိသားစုထဲကိုရောက်လာရေ။ အဖိုးရှင်အဘောင်ရှင်ရို့က အကျွန့်ကို ကောလိပ်ဆက်တက်စီချင်ရေ။ တချို့ဆွေမျိူးတိက ရဲသားဝင်ဖို့ အားပီးကတ်တေ၊ ဝင်ငွေကောင်းရေလတ်။ တချို့က မြေစာရင်းရုံးမှာ အလုပ်ရကေ စားယာလတ်။ တချို့ကလည်း စပါးအဝယ်ဒိုင်မှာ အလုပ်ရရေ တစ်ဘဝစာ ပူဖို့မလိုယာဆိုယင့်။ သူငယ်ချင်းတိကတော့ ငါရို့ ကျောင်းဆရာလျှောက်ဖို့ယာဝေးလို့ လာပြောကတ်‌ယင့်။

ဇာပင်ဖြစ်ဖြစ် အဘာခရီးလားနီရေအချိန်ထဲမှာ အမိနန့်အကျွန် သဘောတူညီချက်တခုကို ရယူလိုက်ကတ်စွာက ကောလိပ်ဆက်တက်ဖို့၊ တစ်လကို အမိဘားက ငွေကျပ်သုံးရာစီ ပို့ပီးဖို့။ ရွီးချယ်လိုက်တေဘာသာက ဓာတုဗေဒ။ အမှန်မှာ အကျွန့်အမိရေ စီးပွါးရေးအကြပ်အတည်းကြားထဲက အကျွန့်ဘားကို တစ်လမှာ ကျပ်ငွေသုံးရာကို နှစ်ကြိမ်ကျစီပို့ပီးရရေ လတိက အများကြီး။

မယောင်မလည်နန့် စစ်တွေဒီဂရီကောလိပ်ဖွင့်စနှစ်မှာ ကောလိပ်ကျောင်းသားဖြစ်လာရေ။ ပထမနှစ်၊ ဒုတိယနှစ်ရို့ကို အောင်ပါလတ်တေ။ တတိယနှစ်ကို တက်ဖြစ်လာရေ။ နောက်တစ်နှစ်ဆိုကေ ဘွဲ့ရဖို့ယာပါ့။

၁၉၈၈ မတ်လမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသား မောင်ဖုန်းမော်ကျဆုံးရေ ကျောင်းသားအရေးအခင်းဖြစ်လို့ ကျောင်းတိပိတ်လိုက်တေ၊ အခြေအနေငြိမ်ရေခါ ပြန်ဖွင့်ရေ။ နောက်ထပ်တကြိမ် ဩဂုတ်လမှာ ၈၈ လူထုအုံကြွမှု အရေးတော်ပုံကြီး (ရှစ်လေးလုံးအရေးတော်ပုံ) ပေါ်ပေါက်လာရေ၊ ကျောင်းတိပြန်ပိတ်လို့ အိမ်ကိုပြန်လာရေ။ ကိုယ့်မြို့အရေးအခင်းမှာ ထိပ်ပိုင်းကပါဝင်ခပြီးနောက်၊ စက်တင်ဘာ ၁၈ ရက်နိန့် အာဏာသိမ်းပြီးနောက်ပိုင်း ဝါးခွတ်ချောင်းစခန်းကို ရောက်လားခရစွာဖြစ်တေ။

အကျွန်ရေ မိုးထဖက်ခြောက်ချက်တီးစွာနန့် သွားတိုက်မျက်နှာသစ်ပနာ ခေါင်းအုံးအောက်က ဗလာစာအုပ်နန့် အဝတ်အိတ်ထဲက ကလောင်ကို အသင့်ယူထားပြီးဖြစ်နီရေ။ အဘာဘားကိုပြန်ဖို့ စာရွီးရဖို့အလုပ်က ဒေနိန့်အတွက် ပထမဦးစားပီးအလုပ်ဖြစ်နီရေ။ တိုက်ဖွိုက်ဒဏ်ကလည်း အလှပလှ မသက်သာနိုင်သိ။ လူက မအီမသာ ခေါင်းတခုလုံးက ထိုင်းမှိုင်းလို့။ ကလောင်ကိုင်ထားရေလက်က တုန်တုန်ယင်ယင်။ ကြက်သားဆန်ပြုတ်တခွက်ချေလောက် သောက်လိုက်ရကေတော့ မြန်းလီဖို့ထင်ယင့်။

အကျွန့်ကို စာတတ်ပီတတ်ဖြစ်စီချင်လို့၊ ဒုက္ခဘုံဘဝထဲမှာ ရုန်းကန်ယင်း ခရီးဆက်နီကတ်တေ မိသားစုကို ခွန်အားဖြစ်စီဖို့၊ အားပီးစကားလုံးချေတခုကို ရှာကြည့်နီစိုင် အဘာဘားကပို့လိုက်တေစာကို ပြန်လို့တခေါက် ဖတ်ကြည့်မိလိုက်တေ။ ဟုတ်ယာ၊ ရယာ။ အဘာစာထဲမှာ အကျွန်ပြန်ရီးဖို့ အဖြေစာကိုပါတွိရရေ။ "မင်းအမိလွှတ်လိုက်လို့ မင်းအကြောင်းကို စုံစမ်းဖို့လိုက်လာရစွာဖြစ်‌တေ၊ ကျန်းမာရေးကို အထူးဂရုစိုက်၊ အိမ်မှာလည်း အားလုံးသူနိန်ကောင်းကတ်ယင့်"

အကျွန့်နန့်ပတ်သက်လို့ အကျွန့်အမိ ဇာဒုက္ခတိ တွိကြုံနီရလေဆိုစွာကို တစွန်းတစ အကျွန်ကြားသိပြီးသား ဖြစ်နီရေ။ ရုံးချိန်တရက်လုံး စစ်ထောက်လှမ်းရေးရုံးခန်းဝမှာ အမိကို အကြိမ်ကြိမ် ထမင်းငတ်ဟင်းငတ် ထိုင်ခိုင်းထားစွာကအစ၊ သားကို ရအောင်ခေါ်ပီးလို့ အခါခါအလီလီ ဖိအားမျိုးစုံပီးစွာကအဆုံး အတွင်းသတင်းအရ အကျွန်သိရေ။ နောက်ဆုံးမှာ မိသားစု ရွာကိုပြန်ပြောင်းလားကတ်ခရရေ။ ယကေလည်း အကျွန့်အမိရေ အကျွန့်ကိုတွိကေ ပြန်ခေါ်ယူလာဖို့ အဘာကို မမှာလိုက်။ အကျွန် အသက်ထင်ရှားဟိနီကေပြီးယာလို့ ခံယူထားရေဆိုစွာကို အဘာရီးလိုက်တေစာမှာ လျှို့ဝှက်ပါဟိစွာကို အကျွန်တွိလိုက်ယာ။

စစ်အာဏာရှင်ရို့ လက်ချက်ကြောင့် ပေါက်တောမြို့တိုက်ပွဲမှာ အဘာ ဘဝတပါးကိုပြောင်းလားခစွာ တစ်နှစ်တင်းတင်း ပြည့်လားပါယာ၊ အဘာ၏ ကျွေးမွေးသင်ပြ ဆုံးမသွန်သင် ပြုစုပျိုးထောင်မှုအစစကို ရိုကျိုးခယစွာ ဦးညွှတ်ဂါရဝပြုယင်း၊ အဘာ ကောင်းရာဘုံဘဝမှာ စံပျော်ပါစီကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါယင့်။

သို့

အဘာနန့်အမိ

ရိုသေစွာနန့် စာပြန်ရီးလိုက်ပါရေ။ အကျွန် ကျန်းကျန်းမာမာဟိပါရေ။ အလုပ်များနီရေအတွက် အဘာနန့် မတွိဖြစ်လိုက်နိုင်စွာကို အထူးစိတ်မကောင်းပါ။ အကျွန့်အတွက် အစစအရာရာကို စိတ်ချပါလီ။ ညီချေတိနန့် ညီမချေကို သတိရပါရေ၊ နောက်မှ ကိုကြီးနန့် အေးဆေးတွိကတ်ဖို့လို့ရာ သူရို့ကို ပြောထားပီးစီချင်ပါရေ။ အဖိုးရှင်နန့် အဘောင်ရှင်ကိုပါ အကျွန်သတိရအောက်မိရေအကြောင်း ပြောပြပီးပါ။ အဘာနန့်အမိရို့လည်း ကျန်းမာရေးကို ဂရုစိုက်ကတ်ပါ။

ရိုသေစွာဖြင့်

သားကြီး ခိုင်ဆန်းအောင်

(မှတ်ချက် - အဘာရေ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နိန့် ပေါက်တောမြို့မှာ မြန်မာစစ်ကောင်စီ၏ လက်နက်ကြီးကျဉ်စ ထိမံမှုကြောင့် ရဟန်းဘဝဖြင့်ပင် အနိစ္စတရားကိုမရှောင်ရှားနိုင်ပဲ အသက်ပီး ပျံလွန်တော်မူလားခရပါရေ)