- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ဂျူးလူမျိုး၊ ဆိုက်ဘေးရီးယားငှက်နဲ့ ဒိုင်ယာစပိုရာ
ဂျူးလူမျိုးတွေဟာ အခြားလူ မျိုးတွေထံမှာ အကြိမ်ကြိမ် စစ်ရှုံးခဲ့ပေမဲ့ ဇီယွန်ဒေသကို အခြေပြုပြီး နိုင်ငံတစ်နိုင်ငံကို တည်ဆောက်နိုင်ခဲ့ကြတယ်။ AD ခြောက်ရာစုမှာ ကမ္ဘာကျော် ခရူးဆိတ်စစ်ပွဲ ဖြစ်ပွားခဲ့တဲ့နေရာဟာ ယခု ဂျူးလူမျိုးတွေနေတဲ့ အစ္စရေးဒေသမှာပါ။ အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ပေမဲ့ ဇီယွန်ဝါဒနဲ့ ကြိုးစားရင်း နိုင်ငံတစ်ခုကို ကြိုးစားတည်ထောင်နိုင်ခဲ့ကြတယ်။
10 Feb 2019
Written by အောင်ကြည်မိုး (သင်ပုန်းတန်း)
ဂျူးလူမျိုးတို့ နေထိုင်ကြတဲ့ အစ္စရေးနိုင်ငံဟာ စာရေးသူတို့ ရခိုင်ပြည်နယ်လို မူဆလင်အစွန်းရောက် တချို့၏အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဒေသတစ်ခုဖြစ်တယ်။ အစ္စရေးနိုင်ငံကို လက်ဘနွန်နိုင်ငံ၊ ဆီးရီးယားနိုင်ငံ၊ ဂျော်ဒန်နိုင်ငံ အစရှိတဲ့ အာရပ်မူဆလင်ကမ္ဘာက ဝိုင်းရံထားပေမဲ့ ဂျူးလူမျိုးတွေဟာ ဒုက္ခပေါင်း မျိုးစုံခံပြီး အစ္စရေးနိုင်ငံကို ထူထောင်နိုင်ခဲ့တယ်။
ဂျူးလူမျိုးတွေဟာ ကမ္ဘာမှာ အချမ်းသာဆုံး လူမျိုးဖြစ်သလို ပညာ တတ်တဲ့လူမျိုးလည်း ဖြစ်ပါတယ်။ အစ္စ ရေးနိုင်ငံရဲ့ အကျယ်အဝန်းဟာ စတုရန်းမိုင်ပေါင်း ရှစ်ထောင်ကျော်ပဲရှိပြီး ရခိုင်ပြည်နယ်ရဲ့ တဝက်နီးပါးသာ ရှိပါတယ်။ ဂျူးလူမျိုးတို့ အစ္စရေးနိုင်ငံကို ပြန်ထူထောင်ဖို့အတွက် အုံနဲ့ကျင်းနဲ့ ကမ္ဘာတစ်ဝန်းက ဂျူးလူမျိုး သူဌေးတွေ၊ သိပ္ပံညာရှင်တွေဟာ မိမိတို့ရဲ့စည်းစိမ်၊ ဂုဏ်သိက္ခာ၊ ကျော်စောမှုတွေကို ထားခဲ့ပြီးတော့ ပူပြင်းတဲ့ သဲကန္တာရပေါ်မှာ ဒုက္ခမျိုးစုံခံပြီး နေထိုင်ခဲ့ကြတယ်။
ရုရှားနိုင်ငံ ဆိုက်ဘေးရီးယား ဒေသက ငှက်တစ်မျိုးဟာ ဆိုက်ဘေးရီး ယားဒေသရဲ့ အလွန်အေးတဲ့ ဆောင်း ရာသီဒဏ်ကို ရှောင်ချင်လို့ အခြားဒေသတွေကို ထွက်ခွာကြတဲ့ ဓလေ့ရှိတယ်။ ဒါပေမဲ့ ဆိုက်ဘေးရီးယားဒေသမှာ အအေးလျော့ပြီး နွေရာသီပြန်ရောက်တဲ့ အချိန်ဆိုရင် ကိုယ့်ဒေသကို ဖြစ်အောင် ပြန်လာကြတယ်။ ဆယ်လမွန်ငါးတို့ဆိုရင်လည်း ရေချိုမှာမွေးပြီး ရေငန်မှာ ကြီးပြင်းကြတဲ့ ငါးမျိုးဖြစ်ပေမဲ့ ရေချိုမှာ ပျမ်းမျှ (၂) နှစ်လောက် နေပြီးလို့ အရွယ်ရောက်ရင် ပင်လယ်ပြင်ကြီးဆီ ထွက်ကြတဲ့ အကျင့်ရှိပေမဲ့ ပင်လယ်ပြင် မှာ (၃) နှစ်လောက်နေပြီးလျှင် ကြင်ဖော်ရှာပြီး မိမိတို့မွေးဖွားရာ ဇာတိရပ်မြေ ရေချိုအရပ်ဆီကိုပဲ မျိုးပွားဖို့ ကြင် ရာနှင့်အတူ ပြန်လာကြပါတယ်။
တစ်ချို့ရခိုင်လူမျိုးတွေက မိမိတို့ဟာ ဂျူးလူမျိုးနဲ့တူတယ်ဆိုပြီး ခိုင်းနှိုင်း ပြောဆိုနေကြတာကို ကြားနေရတယ်။ ဂျူးလူမျိုးတွေက အစ္စရေးနိုင်ငံ ပြန်လည် ထူထောင်ဖို့ (ဇီယွန်တောင်ဖျားဒေသ) ယခု ဂျေရုဆလင်ဒေသကို ပြန်လာခဲ့ကြတယ်။ ရခိုင်လူမျိုးတွေမှာ ပညာတတ် ဖြစ်သွားပြီဆိုရင် ရန်ကုန်မြို့မှာပဲ နေထိုင်ကြတာများတယ်။
အင်္ဂလိပ်ခေတ်ကတည်းက ICS တွေ၊ စက်ရှင်တရားသူကြီး အစရှိတဲ့ ရခိုင်လူမျိုး ပညာတတ်တွေဟာ ရခိုင်ကို ပြန်မလာကြတော့ဘဲ ရန်ကုန်၊မန္တလေး အစရှိတဲ့ အထက်မြန်မာပြည်က မြို့ကြီး တွေမှာ မိသားစုအလိုက် အခြေချသွားရုံ သာမက ရခိုင်မှာရှိနေတဲ့ ဆွေမျိုးသားချင်း တွေကိုပါ ခေါ်ထားလိုက်ကြသေးတယ်။ ကမ္ဘာတစ်ဝန်းရှိ ဂျူးလူမျိုးရဲ့ ပညာတတ် သူဌေးတွေဟာ အစ္စရေးမှာ မနေဖြစ် ရင်တောင် အစ္စရေးနိုင်ငံကို ကိုယ်တတ် နိုင်တဲ့ဘက်က အခုထိ အထောက်ပံ့ ပေးနေကြဆဲဖြစ်တယ်။
အင်္ဂလိပ်ခေတ်က ICS ရခိုင် ပညာတတ်တွေဟာ ရခိုင်အမျိုးသားရေး လုပ်ရှားမှု အခန်းကဏ္ဍမှာ မတွေ့ရ သလောက်ဟု ဆိုရပါမယ်။ မြန်မာနိုင်ငံ မှာICS ပညာတတ် (၁၂) ဦးရှိခဲ့ရာ (၉) ဦးဟာ ရခိုင်လူမျိုးတွေ ဖြစ်ကြတယ်။ လွတ်လပ်ရေးရခါနီး ဗိုလ်ချုပ်အောင် ဆန်းက “မြန်မာနိုင်ငံကို တည်ဆောက်ဖို့ အန်ကယ်တို့ ပညာတတ်လူကြီးတွေ ကိုပဲ အားကိုးရမယ်”လို့ ပြောခဲ့ချိန် မြန်မာနိုင်ငံမှာ ပညာတတ် အများစုဟာ ရခိုင်လူမျိုးတွေ ဖြစ်နေကြတယ်။ အင်္ဂလိပ်နယ်ချဲ့တို့ အားကိုးယုံကြည်ခဲ့ရတဲ့ ICS ပညာတတ်တွေဖြစ်ကြတဲ့ ဆာပေါ်ထွန်း၊ ဦးမေအောင်၊ ဆာထွန်းအောင်ကျော် တို့ဟာ ရခိုင်လူမျိုးတွေပါ။
အင်္ဂလိပ်ခေတ်မှာ ICSနဲ့ ရခိုင်လူမျိုး ဥပဒေပညာရှင်တွေကသာ အမျိုးသားနိုင်ငံရေးကို စိတ်ဝင်စားခဲ့ မယ်ဆိုရင် ရခိုင်ပြည်နယ်ဟာ ဒိုမီနီယံ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်နိုင်တဲ့ အခွင့်အရေးတွေ ရှိခဲ့ပါတယ်။
ဒါပေမဲ့ ရခိုင်လူမျိုး ပညာတတ်တွေဟာ အမျိုးသားရေးထက် ကိုယ့်ရဲ့ မိသားစုနဲ့ဆွေမျိုး ကောင်းစားရုံလောက်သာ တွေးခဲ့ကြတယ်။ ရခိုင်တစ်မျိုးသားလုံးအတွက် မစဉ်းစားခဲ့သလို မဆောင် ရွက်ခဲ့ကြဘူး။ အင်္ဂလိပ်နယ်ချဲ့တွေအတွက်ပဲ အမှုထမ်းကောင်းတွေ ဖြစ်ခဲ့ကြတယ်။ ဆရာတော်ဦးဥတ္တမ ဒိုင်အာခီ အုပ်ချုပ်ရေး တောင်းဆိုခဲ့ချိန် ရခိုင်ပညာတတ်တွေကသာ ဝိုင်းရံပြီး ရခိုင်ပြည်နယ်ကို အိန္ဒိယနိုင်ငံနှင့်တွဲပြီးနေရဖို့ ကြိုးစားခဲ့ကြမယ်ဆိုပါရင် အခုချိန်ဆို ရခိုင်ပြည်နယ်ဟာ ကိုယ်ပိုင်သီးခြားနိုင် ငံထူထောင်လို့ ရှိနေမှာပါ။
နောက်တစ်ခုက ဂျူးလူမျိုးတွေ မှာ လူငယ်တွေကို နေရာပေးကြတယ်။ အင်္ဂလိပ်ခေတ် ရခိုင်လူမျိုး ပညာတတ်တွေက ဆရာတော်ဦးဥတ္တမကို အာရှနေဝန်းဟု မမြင်သလို နေရာပေးဖို့လည်း စိတ်မကူးခဲ့ကြဘူး။ စစ်တွေမြို့ ရူပမြောက်ရပ်ကွက်က “ဆံခြူချေ” လို့ပဲ မြင်ခဲ့ကြ တယ်။ ကိုရင်ငယ်ဘဝက ရွှေစေတီကျောင်းမှာ စာတက်နေခဲ့တဲ့ နှပ်ချေးတွဲလောင်းနဲ့ ပုံစံကိုပဲ ပြောနေခဲ့ကြတယ်။ ဒါကြောင့် ဆရာတော်ဟာ ရန်ကုန်ရောက် ရခိုင်လူမျိုး ပညာတတ်တွေရဲ့ ထောက်ခံမှုကို မရရှိခဲ့လို့ ဝံသာနုအင်အားစုရဲ့ ချောင်ထိုးထားခြင်းကို ခံခဲ့ရပြီးတော့ လမ်းဘေးမှာ လူမသိရှင်မသိ ပျံလွန်တော်မူခဲ့ရတာပါ။
ဂျူးလူမျိုးတွေဟာ တမန်တော်မိုးဇက်ကို ယုံကြည်ကြပြီး သူတို့ရဲ့ ဟီဘရူးဘာသာ ပညတ်တော်(၁၀)ပါးကို လိုက်နာကြတယ်။ သူတို့ရဲ့ ဝတ်ပြုချိန်ကို အလေးထားကြတယ်။ ရှေးရခိုင်လူမျိုးတွေ ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲလို့ “အမျိုးသီလ၊ နှစ်ဌာနကို ပြည့်ဝမဏ္ဍိုင်၊ စွမ်းဆောင်နိုင်၍ ရက္ခိုင်နာမ ဘွဲ့မည်လှဖြင့် အနွတ္တသညာ ခေါ်အပ်ရာတည်း” ဟု ရှင်နာဂိန္ဒမော်ကွန်းက ဆိုထားပေမဲ့ ယနေ့ ရခိုင်လူငယ်တွေဟာ အရက်နွံမှာ နစ်နေကြတာများပါတယ်။ မျိုးဆက်သစ်လူငယ်တွေ မူးယစ်ဆေးဝါး သားကောင်ဖြစ်နေကြတယ်။ လူတော်၊ လူကောင်းတွေနဲ့မှ တိုင်းပြည်တစ်ခုကို တည်ဆောက်နိုင်မှာမို့ ဒါတွေကို ရခိုင် လူမျိုး အထူးသတိပြုဖို့ လိုကြပါလိမ့်မယ်။
ဂျူးလူမျိုးတွေဟာ အရမ်းစာ ဖတ်ကြတဲ့ လူမျိုးဖြစ်ပြီး တစ်ယောက်ကို တစ်ယောက် လက်ဆောင်ပေးရင်တောင် စာအုပ်ပဲ ပေးတတ်ကြတယ်။ စာဖတ်တဲ့ အလေ့အကျင့်က ဂျူးလူမျိုးကို အာရပ် ကမ္ဘာမှာ လက်မထောင်ပြီးနေနိုင်အောင်နဲ့ ကြီးပွားချမ်းသာအောင် ဆောင်ရွက်ပေးနိုင်ခြင်းသာ ဖြစ်တယ်။ ဂျူးလူမျိုးတွေဟာ စာဖတ်အား၊ မှတ်အားကောင်းတဲ့အပြင် စာဖတ်ခြင်းဝယ် စံပြုခံထားရတဲ့ လူမျိုးလည်း ဖြစ်ပါတယ်။
ဂျူးလူမျိုးတွေရဲ့ ကလေးတွေ ဟာ တစ်ယောက်နဲ့တစ်ယောက် ပြိုင်ရင် တောင် မင်းစာအုပ်စင်မှာ စာအုပ်ဘယ် လောက်ရှိလဲ၊ ငါ့မှာ စာအုပ်စင် ဘယ်နှစ်ခုရှိတယ်ဆိုပြီး ပြိုင်ကြပါတယ်။ ဂျူးလူမျိုးကို စံပြုနေကြတဲ့ ရခိုင်လူမျိုးတချို့မှာ သားသမီးတွေကို ကျောင်းစာအပြင် အခြား ဗဟုသုတရရှိစေမယ့် စာအုပ်တွေဖတ်ဖို့ အားမပေးကြသလို မိဘတွေကိုယ်တိုင်က သားသမီးတွေကို စာအုပ်ဝယ်ပေးတဲ့ အလေ့အကျင့် မရှိကြဘူး၊။
စာကြည့်တိုက်သွားပြီး စာအုပ် ဖတ်တဲ့ အလုပ်ကို အပိုအလုပ်လို့ ယူဆထားကြတယ်။ စာအုပ်ဖတ်တော့ ဘာအကျိုးကျေးဇူး ရမှာလဲဆိုပြီး ပြောလာကြတာတွေလည်းရှိပါတယ်တယ်။ သားသမီးတွေကလည်း ပညာတတ်ဖို့မလို မှောင်ခိုလုပ်တတ်ရင် ချမ်းသာတာပဲ ဒီလိုမြင်လာကြတယ်။
ဂျူးလူမျိုးနဲ့ ရခိုင်လူမျိုးတို့ တူ တာတစ်ခုကတော့ နိုင်ငံရေးပါတီတွေ အများကြီး ရှိနေတတ်ကြတယ်။ စာရေး သူတို့ ရခိုင်လူမျိုးတွေလို ဂျူးလူမျိုးတွေ မှာလည်း ပါတီထဲမှာ လူကြီးလုပ်ချင်သူ နေရာလုချင်သူတွေ အများကြီး ရှိကြပါ တယ်။ ရခိုင်လူမျိုးတွေလို ဂျူးလူမျိုးတွေ မှာလည်း လူနှစ်ယောက်ပေါင်းရင် သုံးပါတီ ဖြစ်နေကြတယ်။ ပါတီတစ်ခုနဲ့ တစ်ခု ညှိနှိုင်းအဖြေရှာရခက်တယ်။ မတူတာတစ်ခုက ရခိုင်လူမျိုးတွေက တစ်လင်တစ်မယား စနစ်ကျင့်သုံးပြီး ဂျူးလူမျိုးတွေမှာ ယောက်ျားဝါဒ ထွန်းကားလို့ မိန်းမတွေအများကြီး ယူနိုင်အောင် ဥပဒေက ခွင့်ပြုပေးထားတယ်။
ဒါကလည်း ဖြစ်သင့်ပါတယ်။ မူဆလင်တွေ ဝန်းရံထားတဲ့ နေရာမှာ လူဦးရေအများကြီး တိုးပွားဖို့ လိုအပ် တယ်လို့ အစ္စရေးတွေက ခံယူထားကြပါ တယ်။ ရခိုင်ပြည်နယ်မှာလည်း တစ် ဘက်လူ့အဖွဲ့အစည်း ဘင်္ဂါလီလူမျိုးတွေ ကလေးကို ရသလောက် မွေးနေကြ တဲ့အချိန် ရခိုင်လူမျိုးတွေမှာ သားသမီး နှစ်ယောက်ဆိုရင် မယူချင်ကြတော့ဘူး။ နိုင်ငံတစ်ခု တည်ဆောက်ဖို့ဆိုရင် လူဦးရေကလည်း အဓိကကျပါတယ်။
ဂျူးလူမျိုးတွေဟာ အခြားလူ မျိုးတွေထံမှာ အကြိမ်ကြိမ် စစ်ရှုံးခဲ့ပေမဲ့ ဇီယွန်ဒေသကို အခြေပြုပြီး နိုင်ငံတစ်နိုင်ငံကို တည်ဆောက်နိုင်ခဲ့ကြတယ်။ AD ခြောက်ရာစုမှာ ကမ္ဘာကျော် ခရူးဆိတ်စစ်ပွဲ ဖြစ်ပွားခဲ့တဲ့နေရာဟာ ယခု ဂျူးလူမျိုးတွေနေတဲ့ အစ္စရေးဒေသမှာပါ။ အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ပေမဲ့ ဇီယွန်ဝါဒနဲ့ ကြိုးစားရင်း နိုင်ငံတစ်ခုကို ကြိုးစားတည်ထောင်နိုင်ခဲ့ကြတယ်။
“ဥသြရေသောက် ထီးနန်း ပျောက်” ကတည်းက တစ်ကြိမ်ရှုံးနိမ့်ရုံ ဖြင့် ရခိုင်လူမျိုးတွေမှာ ရခိုင်နိုင်ငံတော် ပြန်မတည်ဆောက်နိုင်ခဲ့တာကို အဖြေရှာ ကြည့်ရင် ရခိုင်လူမျိုးတွေဟာ ဂျူးလူမျိုး တို့လို အမျိုးချစ်ပြီး စည်းလုံးညီညွှတ်မှု မရှိခဲ့လို့ပါပဲ။
ဂျူးလူမျိုးတွေဟာ ပူပြင်းတဲ့ သဲကန္တာရမှာ နေထိုင်ကြပေမဲ့ မိမိတို့ ဒေသက ထွက်ခွာဖို့ စိတ်မကူးကြဘဲ ဘီ လျံချီ ချမ်းသာတဲ့သူဌေးတွေ၊ ကမ္ဘာ့ အတော်ဆုံးလို့ သတ်မှတ်ခံထားရတဲ့ သိပ္ပံ ပညာရှင် ဂျူးလူမျိုးတွေဟာ သူတို့နိုင်ငံ၊ သူတို့လူမျိုး တိုးတက်ဖို့ အစ္စရေးနိုင်ငံကို ပြန်လာနေကြတယ်။ ဒီနေ့အချိန် မြန်မာ နိုင်ငံမှာ ရခိုင်လူမျိုးတွေကို ရွေ့ပြောင်း အသွားလာဆုံးလူမျိုးအဖြစ် မှတ်တမ်း ဝင်နေတယ်။ ရခိုင်ပြည်နယ်က ထွက် သွားကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ဟာ ဆိုက်ဘေးရီးယားငှက်တွေလို အချိန် တန်ရင် ကိုယ့်ဒေသကို ပြန်မလာကြ တော့ပါ။ ပညာတတ်ပြီး လူချမ်းသာဖြစ် နေကြတဲ့ ရခိုင်လူမျိုးတွေဟာ ရခိုင်ပြည် နယ်ကို ပြန်မလာကြတော့ဘဲ ရန်ကုန်မြို့ နဲ့ နိုင်ငံခြားမှာ အခြေချနေထိုင်သူတွေ များတတ်ကြတယ်။ ရခိုင်လူမျိုး အစိုးရ ဝန်ထမ်းတွေဆိုရင် ပင်စင်ယူပြီးပါက ရခိုင်ဒေသကို ပြန်မလာကြတော့ဘဲ မိမိ တာဝန်ကျခဲ့ရာ အထက်မြန်မာပြည်ဒေသ တွေမှာ သေဆုံးသွားတဲ့အထိ ရခိုင်လူ မျိုးတွေ နေထိုင်သွားကြတာကို ကြားနေ၊ တွေ့နေရပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကပင် ရခိုင်လူမျိုးတွေဟာ ရခိုင်ပြည်နယ်အ တွင်း စီးပွားရေးအဆင်မပြေမှု၊ နိုင်ငံ ရေးပြဿနာ၊ အလုပ်အကိုင် ရှားပါးမှု စတဲ့ ပြဿနာအမျိုးမျိုးကြောင့် နယ်ရပ် စွန့်ခွာမှုများစွာ ရှိခဲ့လို့ ဦးနှောက်ယိုစိမ့်မှု ပြဿနာ ရှိလာနေပါတယ်။ ဒါကြောင့် ရခိုင်လူမျိုးတို့ ရခိုင်ပြည်နယ်ကနေ ထိုင်း၊ မလေးရှား၊ ဖားကန့်နဲ့ တရုတ်နယ်စပ် တွေမှာ ပြန့်ကျဲထွက်ခွာ ရွှေ့ပြောင်းအ လုပ်သမားများအဖြစ်နဲ့ အခြေချနေထိုင် လာကြလို့ ရခိုင်လူမျိုးကို ရွှေ့ပြောင်း နေထိုင်မှု အများဆုံးလူမျိုး (Diaspora) ဒိုင်ယာစပိုရာလို့ သတ်မှတ်နေကြတာပါ။
ရန်ကုန်မြို့အပါအဝင် ထိုင်း၊ မလေးရှား၊ တရုတ်နယ်စပ် ဖားကန့်၊ အမေရိကနဲ့ အခြားဥရောပနိုင်ငံတွေကို ဒုက္ခသည် (Refugee) အဖြစ် ရောက်ရှိသွားကြတဲ့ ရခိုင် ဒိုင်ယာစပိုရာတွေဟာ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ကျန်တဲ့ နယ်ပယ်အသီးသီးမှာ ပညာရှင်အဆင့်ထိ ဖြစ်နေ၊ ရောက်နေတဲ့ သူတွေ အများကြီး ရှိနေကြတယ်။ ဒါကြောင့် ရခိုင်ပြည်နယ် ဘက်စုံဖွံဖြိုး တိုးတက်လာဖို့ ရခိုင်ဒိုင်ယာ စပိုရာတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီး လာရခြင်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က အသေးစား၊ အလတ်စား လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ် နှံမှု၊ အဝေးရောက် ဒိုင်ယာစပိုတွေ တတ် ထား၊ သိထားတဲ့ ပညာရပ်တွေကို ရခိုင် မျိုးဆက်သစ် လူငယ်တွေကို ပြန်လည် မျှေ၀ (Share) လုပ်ပေးဖို့ လိုအပ်နေတဲ့ အချိန်တစ်ခု ရောက်နေပါပြီ။ ဒိုင်ယာစပို ရာတွေအနေနဲ့ ကိုယ်တတ်ထား၊ သိထား တဲ့ ပညာရပ်တွေကို ရခိုင်ပြည်နယ်မှာ ပြန်လည် အသုံးချနိုင်ဖို့အတွက် ဝံလက် ငှက်၊ ဆိုက်ဘေးရီးယားငှက်၊ ဆယ် လမွန်းငါးတို့လို မိမိတို့ဇာတိမြေ ရခိုင် ဒေသကို ပြန်လာသင့်ပါတယ်။
ရခိုင်လူမျိုးတို့မှာ ဝံလက်ငှက် ကို မျိုးစောင့်ငှက်လို့ တင်စားထားကြ တယ်။ မိမိအမျိုးအနွယ်ကို စောင့်ရှောက် ခြင်း၊ မိမိအသိုက်အမြုံကို ခင်တွယ်ခြင်း နဲ့ဘယ်ဒေသကို ရောက်ရှိနေပါစေ ကိုယ့် ရဲ့ ဇာတိမြေကို အရောက်ပြန်လာတတ် တဲ့ ငှက်ဖြစ်လို့ ရခိုင်ဒိုင်ယာစပိုရာတွေ အနေနဲ့ ဝံလက်ငှက်၊ ဆိုက်ဘေးရီးယား ငှက်နဲ့ ဆယ်လမွန်ငါးတို့လို မြန်မာနိုင်ငံ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာမယ့် ချိန်မှာ ရခိုင်ပြည်နယ် ဘက်စုံဖ့ွံဖြိုးတိုး တက်ဖို့ အရောက်ပြန်လာနိုင်ကြပါစေ။
ယခုဆောင်းပါးကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ် Development News Journal အမှတ်(၁၀၂) တွင်လည်း ဖတ်ရှုနိုင်သည်။