နှုတ်ခမ်းမှာပျား ဝမ်းမှာမြား ရခိုင်ပြည်သူများအတွက် အန်ဖတ်များ

၂၀၁၂ခုဇွန်လအရေးအခင်းသည် လက်ရှိဖြစ်ပေါ်ခဲ့သော ပြဿနာများ၏ မီးပွားတစ်စဖြစ်ကောင်းဖြစ်နိုင်ေသာ်လည်း၊ ယင်းဖြစ်ရပ်မတိုင်မီက ကြိမ်မီးအုံးသကဲ့သိုဖြစ် ပျက်ခံစားနေရသည်များရှိခဲ့သည်။ ၁၉၇၆ ခုနှစ် နှင့် ၂၀၁၂ ခုနှစ် အကြား မောင်တောဒေသတွင် ယူူအန်နှင့်အိုင်အန်ဂျီအိုအဖွဲ့များမှာ ဒေသနှင့်မလိုက်ဖက်အောင်ပင် အမြောက်အများရှိနေခဲ့ပြီး၊ လူသားချင်းစာနာထောက်ထားမှု ခေါင်းစဉ်အမျိုးမျိုးဖြင့် လုပ်ကိုင်နေသည့် အဖွဲအစည်းပေါင်း ၂၀ ကျော် ထိရှိခဲ့သည်ကိုတွေ့ခဲ့ရသည်။ ဘင်္ဂါလီများသည်     ယူအန်(UN)လက်အောက်ခံအဖွဲ့များ၏ အကာအကွယ်ကို ကောင်းစွာရရှိနေခဲ့ကြသည်။

By ကျွန်းသားငမန်း 13 Aug 2018

ကျွန်းသားငမန်း ရေးသားသည်

UN(ယူအန်), UNHCR(ယူအန်အိပ်စီအာ) နှင့် UNDP (ယူအန်ဒီပီ) စသည်များက ရခိုင်ပြည်နယ်တွင် လတ်တလောဆောင်ရွက်နေသည့် ထွက်ပြေးဘင်္ဂါလီကုလားများအား ပြန်လည်လက်ခံရေးကိစ္စတွင် ပါဝင်ကူညီနိုင်ရေး မြန်မာနိုင်ငံအစိုးရအဖွဲနှင့် နားလည်မှုစာချွန်လွှာ(MoU) ထိုးခဲ့ပြီးဖြစ်သည်။ သို့ရာတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသသို့ ဝင်ရောက်ဆောင်ရွက်ခဲ့ကြဖူးသော ကုလသမဂ္ဂလက် အောက်ခံ အဖွဲအစည်းများဖြစ်သည့် UNHCR အပါအဝင် အစိုးရမဟုတ်သော နိုင်ငံတကာကူညီရေးအဖွဲ့အစည်း များ(International Non Govermental Organizations) ၏ လုပ်ကိုင်ဆောင်ရွက်ချက်များအပေါ် ရခိုင်ပြည် နယ်  ပြည်သူလူထုက ယုံကြည်မှုမရှိကြတော့။ UN အဖွဲ့အစည်းများဖြစ်သော UNDP,UNHCR,UNICEF,WFP,FAO စသည့်အဖွဲအစည်းကြီးများ၏  မူလရည်ရွယ်ချက်မှာကောင်းသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၊ (သို့မဟုတ်)စစ်ဘေးသင့်ဒေသများ၊ (သို့မဟုတ်)သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသော ဒေသများတွင် အစိုးရအကူအညီ လက်လှမ်းမမီသည့်ကဏ္ဍများတွင် ဒေသခံပြည်သူလူထုကို တတ်နိုင်သမျှ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အကူအညီများပေးရန်ဖြစ်သည်။ ပြောရမည်ဆိုပါက အဆိုပါအဖွဲ့များ၏ ရည်ရွယ်ချက်မှာ ကောင်းသည်။ အပြောအရ နှုတ်ခမ်းမှာပျားရည် ဆမ်းထားသည်နှင့် တူသည်။

၂၀၁၇ ခု သြဂုတ်လ ၂၅ ရက် နေ့ ဘင်္ဂါလီများအကြမ်းဖက်သတ်ဖြတ်မှုများနောက်ပိုင်း အဆိုပါ ယူအန်၊ ယူအန်အိပ်စီအာရ်၊ ယူအန်ဒီပီ အစရှိသော အဖွဲ့အစည်းများ(မှတ်ချက်-ရခိုင်စကားဖြင့်(N) အင် ဆိုသည်ကို အန်ဟုအသံထွက်ပါသည်) အပါအဝင် NGO (အန်ဂျီအို)များအား မလိုလားအပ်သော အဖွဲ့အစည်းများအဖြစ် ရခိုင်ပြည်သူများက (Black  List ) သတ်မှတ်ထားခဲ့ပြီးဖြစ်သည်။ အဆိုပါ အဖွဲ့အစည်းများသည် လူသား ချင်းကူညီထောက်ပံ့ရေးခေါင်းစဉ်ေအာက်မှာ အကူအညီအထောက်အပံ့များပေးပြီး ရခိုင်ပြည်နယ်ရှိဘင်္ဂါလီများ အား သီးခြား လူမျိုးတစ်မျိုးအမည်သစ်ရရှိရေး၊ ဘင်္ဂါလီများအတွက် နယ်မြေတစ်ခုရရှိစေ ရေး၊ ဘင်္ဂါလီများအား မြန်မာနိုင်ငံသား အခွင့်အရေးရရှိစေရေးအတွက် အားပေးအားမြှောက် ပြုလုပ်ခဲ့ကြသည်မှာ မပြေးသော်ကန်ရာရှိ အထောက်အထားများစွာရှိနေခဲ့သည်မှာ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများက အထင်အရှားပင်ဖြစ်သည်။

ယူအန်နှင့် အခြားအဖွဲ့များ ရခိုင်ပြည်နယ်တွင် ခြေချမိခြင်း

ရခိုင်ပြည်နယ်အတွင်း ယူအန်(UN)အပါအဝင် လူသားချင်းစာနာမှုထောက်ပံ့မှုများ၊ ဒေသ ဖွံ့ဖြိုးရေးဆောင်ရွက်ရန် ထောက်ပံ့မှုများပေးသည့် နိုင်ငံတကာ အိုင်အန်ဂျီအို(INGO)စသည့် အဖွဲ့အစည်းများ နှင့် ယင်းတို့ကို ဦးဆောင်ပေးနေသည့် နိုင်ငံခြားသားများအား ၁၉၈၀ ပြည့်နှစ် များမတိုင်မီကမကြား၊ မသိ၊ မ မြင်ခဲ့ကြဘူးပေ။ သို့ရာတွင် ၁၉၇၈ ခုနှစ်တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက် ခဲ့သည့် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော နိုင်ငံခြားသားများအား စိစစ်သည့် နဂါးမင်းစစ်ဆင်ရေး နောက် ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြသည့် ဘင်္ဂါလီများအား ပြန်လည်လက်ခံရေးဆောင်ရွက်ခဲ့ရသည်မှ အကြောင်းပြုစတင်ကာ (UN), ယူအန်၊ (UNHCR),ယူအန်အိပ်စီအာ နှင့်(UNDP) ယူအန်ဒီပီ တို့၏ အမည်များ၊ ယင်းတို့နှင့် ဆက်စပ်ရောက်ရှိလာသော နိုင်ငံခြားသား ကုလားဖြူများကို မြင်ဖူးတွေ့ဖူးရခြင်းဖြစ်သည်။ (မြန်မာ အပါအဝင်၊ ရခိုင်ပြည်သူများသည် အိန္ဒိယတိုက်ငယ်မှ ကုလားများကိုကုလားဟုလည်းကောင်း၊ ဥရောပတိုက် သားများကို ကုလားဖြူဟုလည်းကောင်း ခေါ်ကြသည့် အစဉ်အလာရှိသည်)။

၁၉၇၈ ခုနှစ်ကနိုင်ငံသားစီစစ်မှုလုပ်ငန်းကို  မြန်မာနိုင်ငံနယ်စပ်များတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များတွင် ဆောင်ရွက်ခဲ့သော်လည်း ပြဿနာစိုးစိမျှဖြစ် ပွားခဲ့ခြင်းမရှိခဲ့ပေ။ ရခိုင်ပြည်နယ်စစ်တွေမြို့တွင် နဂါးမင်းစစ်ဆင်ရေးကို ၁၉၇၈ ခုနှစ် ဖေဖေါ်ဝါရီလတွင် စတင် ဆောင်ရွက်ခဲ့သည်။ ဆက်လက်ပြီး နယ်စပ်ဒေသဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် ဆောင်ရွက်စဉ် ဘင်္ဂါ လီများသည် နိုင်ငံသား စစ်ဆေးရေးကို လက်ခံခြင်းမရှိဘဲ၊ ၎င်းတို့၏ ဇာတိနေရာဖြစ်သော ဘင်္ဂလားဒေ့ရှ်သို့ထွက် ပြေးသွားကြသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရသည် နဂါးမင်းစီမံချက်ဖြင့် ထွက်ပြေးသွားသည့် ဘင်္ဂါလီများအား မြန်မာ နိုင်ငံသားများ အဖြစ်ပုံဖော်ကာ၊ မြန်မာနိုင်ငံဖက်မှ မောင်းထုတ်လိုက်ခြင်းဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။ အစပိုင်းတွင် သံတမန်ရေးအရဖြေရှင်းခဲ့သော်လည်း  နောက်ပိုင်းတွင်လုံခြုံရေးကို ထိပါးလာနိုင်သည် အပြုအမူများ ကိုပြုလုပ်လာခဲ့သည်။ ထွက်ပြေးဘင်္ဂါလီများ၏ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ဘင်္ဂါလီမျိုးချစ်တစ်ဦးကလည်း ကုလသမဂ္ဂလူ့အခွင့်အရေး ရုံးသို့ တိုင်ကြားမှုများပြုလုပ်ကာ နိုင်ငံတကာ မျက်နှာစာသို့ ဆွဲတင်ခဲ့ကြသည်။                     

အထက်ပါအခြေအနေများသည် လူဝင်မှုကြီးကြပ်ရေးကိစ္စများကို အထင်မှားလာနိုင်စေနိုင် သည့်အပြင်၊ မူဆလင်နိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာက ပါပါဝင်ပတ်သက်လာမည်ဖြစ်ကြောင်း မြန်မာအစိုးရအ ဖွဲ့အနေဖြင့် သတိပြုလာသဖြင့် နယ်စပ်တွင်ဖြစ်ပေါ်နေသော ပြဿနာများကို ဖြေရှင်းရန်အတွက် နှစ်နိုင်ငံဆွေးနွေး ပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး၊ ဟင်္သာစီမံချက်ကို ဖော်ဆောင်ကာ ၁၉၇၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ မှစတင်၍ ထွက်ပြေးဘင်္ဂါလီများ ပြန်လက်ခံရေးကို ဆောင်ရွက်ခဲ့ရသည်။ နဂါးမင်းစီမံချက်ကြောင့် ထွက်ပြေးသွားသည့်အိမ်ထောင်စု ပေါင်းမှာ ၂၅,၉၀၅ စု၊ လူဦးရေ ၁၅၆,၆၃၀ သာဖြစ်သော်လည်း ပြန်လည်လက်ခံသောအခါ အိမ်ထောင်စု ၃၁,၅၀၅ စု၊ လူဦးရေ ၁၈၆,၆၉၈ ဦးကိုလက်ခံခဲ့ရသည်။ ဟင်္သာစီမံချက်အရ အိမ်ထောင်စု ၅,၆၀၃ စု၊ လူဦးရေ ၃၀,၃၃၈ ဦး ကို ပိုမိုလက်ခံခဲ့ရသည်။ ဤသို့ လက်ခံစေရန်လည်း UN အဖွဲ့က ဖိအားပေးမှုများ ရှိခဲ့ကြောင်းသိရသည်။ 

(ဤအခြေအနေများသည် ယနေ့ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့ ်(၂၀၁၇၂၀၁၈) ဖြစ်ရပ်များနှင့် ထပ်တူအသွင် ဆောင်နေသည်ကို တွေ့ရမည်ဖြစ် သည်။)

ဟင်္သာစီမံချက်ဖြင့် ပြန်လည်လက်ခံရေးဆောင်ရွက်ရာတွင်လည်းကောင်း၊ ပြန်လည်ဝင်ရောက်လာသူများအား နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း အကူအညီပေးရန်ခေါင်းစဉ်ဖြင့် ယူအန်၊ ယူအန်အိပ်စီအာ၊ ယူအန်ဒီပီနှင့် ၎င်းတို့၏ လက်ဝေခံ အိုင်အန်ဂျီအို အဖွဲများသည် မောင် တောနှင့် ဘူးသီးတောင်မို့နယ်များတွင် စတင်၍ အခြေချခွင့်ရသွားခဲ့ကြသည်။ ယင်းအဖွဲများနှင့်အတူပါလာသည့် အနောက်နိုင်ငံသား ကုလားဖြူများမှာလည်း ယူအန်အရေကိုခြုံကာ ဒေသခံများသာမက၊ အစိုးရအဖွဲ့အစည်း များကိုပါ မထေမဲ့မြင်ပြုလုပ်ခဲ့ကြသည်။ ဘင်္ဂါလီများနှင့် ပတ်သက်သည့် အမှုအခင်များတွင်လည်း တရားဥပဒေ စိုးမိုးရေးကိုပင် ဝင်ရောက်စွက်ဖက်မှုများရှိခဲ့ေကြာင်း ဒေသခံများက ထောက်ပြခဲ့ကြသည်။ ၁၉ရ၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ အတောအတွင်း မောင်တော၊ ဘူးသီးတောင်နှင့်ရသေ့တောင်(သူတို့အခေါ် ရခိုင်ပြည်နယ်မြောက်ပိုင်း) ဒေသများသို့ လူသားချင်းစာနာမှု အကြောင်းပြချက်ဖြင့် နိုင်ငံခြားသား ကုလားဖြူများဦးဆောင်သည့် ယူအန်အိပ်စီအာ၊ ယူအန်ဒီပီ တို့၏ လက်ဝေခံ အိုင်အန်ဂျီအို အဖွဲ့များမှာ အတော မသတ်ပင်ဝင်ရောက်လာခဲ့ကြသည်။ ၎င်းတို့အဖွဲ့များသည်ဝန်ထမ်း များကိုလည်း ဘင်္ဂါလီကုလားများကိုသာ အများဆုံးခန့်ခဲ့ကြသည်။ လူသားချင်းစာနာမှုအကူအညီပေးရာတွင်လည်း ဒေသခံရခိုင်ပြည်သူများထက် ကုလားများကို ဦးစားပေးအကူအညီပေးခဲ့ကြသဖြင့် ဒေသခံများအကြားမ ကြေမလည်မှုများ၊ မကျေနပ်မှုများဖြစ်ပေါ်လာခဲ့ကြရသည်။

၂၀၁၂ခုဇွန်လအရေးအခင်းသည် လက်ရှိဖြစ်ပေါ်ခဲ့သော ပြဿနာများ၏ မီးပွားတစ်စဖြစ်ကောင်းဖြစ်နိုင်ေသာ်လည်း၊ ယင်းဖြစ်ရပ်မတိုင်မီက ကြိမ်မီးအုံးသကဲ့သိုဖြစ် ပျက်ခံစားနေရသည်များရှိခဲ့သည်။ ၁၉၇၆ ခုနှစ် နှင့် ၂၀၁၂ ခုနှစ် အကြား မောင်တောဒေသတွင် ယူူအန်နှင့်အိုင်အန်ဂျီအိုအဖွဲ့များမှာ ဒေသနှင့်မလိုက်ဖက်အောင်ပင် အမြောက်အများရှိနေခဲ့ပြီး၊ လူသားချင်းစာနာထောက်ထားမှု ခေါင်းစဉ်အမျိုးမျိုးဖြင့် လုပ်ကိုင်နေသည့် အဖွဲအစည်းပေါင်း ၂၀ ကျော် ထိရှိခဲ့သည်ကိုတွေ့ခဲ့ရသည်။ ဘင်္ဂါလီများသည်     ယူအန်(UN)လက်အောက်ခံအဖွဲ့များ၏ အကာအကွယ်ကို ကောင်းစွာရရှိနေခဲ့ကြသည်။

ရခိုင်ပြည်နယ်ရှိ အိုင်အန်ဂျီအိုများ၏ဆောင်ရွက်မှုများ

၂၀၁၂ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခနောက်ပိုင်းတွင် နိုင်ငံတကာအဖွဲအစည်းများဖြစ်သည့် CARE, Malteser  International ,ECHO, Danish Refugee Concil , Solidarities International, CDN, Action Contre la Faim, MSF, USAID, MSF (Medicins Sans Frontieres),Insan Hakve Hurriyetleri, RIW(Islamic Relief Worldwide, AMI, AZG, MRCS,CSSEF   စသည့် အဖွဲ့အစည်းများ အလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့ကြသည်။ သို့ဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရာနှင့်ချီသော INGO များသည် နာမည်အမျိုးမျိုး၊ အကြောင်းအရာခေါင်း စဉ်မျိုးစုံဖြင့် လှုပ်ရှားခွင့်ရရှိခဲ့ကြသည်။ INGO  FORUM MYANMAR စာရင်းအရ၊ ရခိုင်ပြည်နယ်တွင် တရားဝင် ဆောင်ရွက်နေကြသော INGO ပေါင်းမှာ ၈၉ ဖွဲ့ရှိခဲ့ကြောင်းသိရပြီး INGO FORUM MYANMAR အဖွဲ့မဝင် သေးဘဲ တစ်သင်းချင်း လှုပ်ရှားနေခဲ့သည့်အဖွဲ့များလည်း ရှိနိုင်ကြောင်းဖြင့်လည်းဆိုကြသည်။

အဆိုပါ အဖွဲ့များအနက် INGOs များ၏ မူလရည်ရွယ်ချက်များနှင့်အညီ သန့်သန့်ရှင်း ရှင်း ကူညီနေသောအဖွဲ့များရှိသော်လည်း အချို့သော နိုင်ငံရေး၊ ဘာသာရေးအဖွဲ့များသည် INGO  အရေခြုံ၍ နိုင် ငံရေး၊ ဘာသာရေးများတွင် ဘက်လိုက်ကူညီခြင်းဖြင့် ရောက်ရှိနေသော နိုင်ငံကို ဝင်ရောက်စွက်ဖက်မှုများရှိလာခဲ့သည်။ ဤအချက်နှင့်ပတ်သက်၍ ၂၀၁၂ ခုနှစ် ရခိုင် ပြည်နယ် ပဋိပက္ခစုံစမ်းရေး ကော်မရှင်အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သူ ဒေါက်တာ ရင်ရင်နွယ်က ရခိုင်ပြည်နယ်တွင်တာ ဝန်ယူနေသော ကုလသမဂ္ဂအဖွဲ့အစည်းများအနက် UNHCR နှင့်WFP အဖွဲ့အစည်းများသည် လူသားချင်းစာနာ ထောက်ထားခြင်းအကူအညီများပေးနေေသာ်လည်း ယနေ့အချိန်ထိ အဆိုပါအဖွဲ့များသည် မမျှတသော အကူအ ညီများပေးခဲ့ပြီး ဘင်္ဂါလီအဖွဲ့အစည်းများကို အခြားအဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်ပေးလေ့ရှိကြောင်း၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၀ ရက် နေ့ကပြောကြားခဲ့သည်။ ဒေါက်တာ ရင်ရင်နွယ်မှာ ရခိုင်ပဋိပက္ခစုံစမ်းရေးကော်မရှင်တွင် ပါဝင်ခဲ့သူဖြစ်ရာ ဆရာမ၏ ပြောကြားချက်မှာ အလေးထားစရာဖြစ်သည်။ အမှန်ပြောနိုင်သည်မှာ အဆိုပါအဖွဲ့များ၏ ကူညီဆောင်ရွက်မှုများသည် ရခိုင်ပြည်နယ်တစ်ခုလုံးအတွက် မဟုတ်ဘဲရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရသေ့တောင်၊ ဘူးသီးတောင်နှင့်မောင်တောဒေသရှိ ဘင်္ဂါလီကျေးရွာများကို သာဦးစားပေးနေပြီး၊ ပစ္စည်းပစ္စယဝေငှထောက်ပံ့ခြင်းမှ အစ ရုံးတွင်း အလုပ်အကိုင်များအတွက် ဝန်ထမ်းခန့်ထားရာတွင် ဘင်္ဂါလီများကိုသာ ဦးစားပေခြင်း၊ ရွေးချယ်ခန့်ထားခဲ့ခြင်းများရှိခဲ့သည်။ အထူးသဖြင့် ရာထူးကြီးနေရာများတွင် ဘင်္ဂါလီလူမျိုးများကို ခန့်ထားပြီး ရာထူးငယ်ရခိုင်အမျိုးသ မီးငယ်များကို နှုတ်အားဖြင့် စော်ကားမှုများပြုလုပ်ခြင်း၊ ဘင်္ဂါလီကုလားများအား မြှောက်ထိုးပင့်ကော်လုပ်ပေးခြင်း ရှိခဲ့ကြောင်း ခံစားရသူတို့အပြောအရသိရသည်။ ထို့အပြင် မောင်တောအခြေစိုက် UNHCR ရုံးရှိ အခန်းတစ်ခန်းအား ပုဂ္ဂိုလ်ရေးဆန်ဆန် ဗလီအဖြစ်အသုံးပြုရန် ခွင့်ပြုပေးခဲ့ခြင်း ရှိခဲ့သလို ၂၀၁၂ ဇွန်လ ၈ ရက်နေ မောင်တော ပဋိပက္ခဖြစ်စဉ်တွင်လည်း မောင်တောအခြေစိုက် UNHCR ရုံးတွင် ရခိုင်လူမျိုးဒုက္ခသည်များ၏ ခေတ္တခိုလှုံခွင့်တောင်းခံမှုကို ခွင့်မပြုခဲ့သော်လည်း၊ အဆိုပါအရေးအခင်းတွင် လူမျိုးရေးလှုံ့ဆော်သူဟု ရခိုင်တို့က ယူဆထားသည့် ဘင်္ဂၤါလီ ခေါင်းဆောင်တစ်ဦးကို နေထိုင်ခိုလှုံခွင့်ပေးထားခဲ့သည်။ ၎င်းအပြင် UNHCR, CSSEP တို့မှ ပဋိပက္ခဖြစ်ပွားရန် လှုံ့ဆော်သူဝန်ထမ်းများ ပြစ်ဒါဏ်မှ လွတ်မြောက်စေရန် UNHCR  က မြန်မာအစိုးရအား ဖိအားပေးတောင်းဆိုမှုများရှိခဲ့ေကြာင်း မောင်တောဒေသခံများက ပြောကြသည်။ ထိုအပြင် INGO အဖွဲ့ပိုင်ဖြစ်သော အင်တာနက်နှင့် အခြားဆက်သွယ်ရေး ကွန်ယက်များအား ဘင်္ဂါလီတို့ စိတ်ကြိုက်အသုံးပြုခွင့်ပေးထားြခင်းများရှိခဲ့ရာ၊ ၎င်းတို့အနေဖြင့် ပြည်ပမှလူမျိုးရေး၊ ဘာသာရေးလှုံ့ဆော်သူများ ၊ အဖွဲ့အစည်းများ၊ အကြမ်းဖက်အဖွဲ့အစည်းများ နှင့်ပါ ချိတ်ဆက်မိနေစေရန် အကူအညီများပေးနေခြင်းပင် ဖြစ် သည်။ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် ပဋိပက္ခစုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် ဒေါ်ရင်ရင်နွယ်ကမူ ၂၀၁၂ ခုနှစ် ပဋိပက္ခ ဖြစ်စဉ်တွင် UNHCR သည် ပါဝင်ခဲ့ကြောင်း အတိအလင်းပင်ပြောဆိုခဲ့သည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်၊၂၀၁၇ ခုသြဂုတ်လ ၂၅ ရက်ဖြစ်စဉ်များတွင်လည်း ဘင်္ဂါလီအစွန်းရောက်အကြမ်းဖက်သမားများလက် ဝယ်မှ INGO  အဖွဲ့အစည်းများသာ အသုံးပြုနိုင်သည့် ကြားခံစက်များထားရှိဆက်သွယ်ရသည့် စကားပြော ဆက်သွယ်ရေးစက်များ ဖမ်ဆီးရရှိခဲ့မှု၊ အကြမ်းဖက်သမားများ ပုန်းခိုသောနေရာများမှ UNHCR နှင့် WFP တို့၏ ထောက်ပံ့ပစ္စည်းများနှင့် တံဆိပ်အမှတ်အသားပါသော ပစ္စည်းများတွေ့ရှိခဲ့ရခြင်းက INGO အဖွဲ့များ ပါဝင်ပတ်သက်မှု ရှိခြင်း၊ မရှိခြင်းဆိုသည်မှာ မပြေးသော် ကန်ရာရှိဆိုသလိုဖြစ်ကြောင်း ရခိုင်ပြည်သူများကထောက်ပြ ေ၀ ဖန်ခဲ့ကြသည်။ ဤသို့ဖြင့် ရခိုင်ပြည်နယ်တွင် လာရောက် လုပ်ငန်းဆောင်ရွက်နေကြသည့် INGO  အဖွဲ့အစည်းများအား ရခိုင်ပြည်သူတို့ အယုံအကြည်ကင်းမဲ့လာခြင်းမှာ ၂၀၁၂ ခုနှစ် ပဋိပက္ခအလွန်တွင် ပိုမို ကြီးထွားလာခဲ့ပြီး၊ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများဖြစ်ပေါ်ရာတွင် INGO  အဖွဲ့အစည်းများသည် မီးလောင်ရာ လေ ပင့်ဆောင်ရွက်နေသူများအဖြစ်လည်  ရှုမြင်လာခဲ့ကြပေသည။ ၂၀၁၄ ခုနှစ် တွင်ဖြစ်ပွားခဲ့သည့် မောင်တော မြို့နယ် ဒုချီးရားတန်းကျေးရွာတွင် ရဲတပ်ကြပ်တစ်ဦးအသတ်ခံရပြီး ယင်းနောက်ပိုင်း ကျေးရွာနေ အိမ်အချို့အား ဘင်္ဂါလီများကိုယ်တိုင် မီးရှို့မှုဖြစ်စဉ်တွင် INGO အဖွဲ့ဝန်ထမ်းများက မမှန်သတင်းများ အား နိုင်ငံတကာသို့  ဖြန့်ဝေပေးခဲ့ပြီး မြန်မာနိုင်ငံအပေါ် အထင်အမြင်လွဲမှားအောင် လုပ်ဆောင်ခဲ့ခြင်းကြောင့် အဆိုပါအဖွဲ့၏ လှုပ်ရှားမှုများကို အစိုးရအဖွဲ့မှ ကိုင်တွယ်ပြီး လုပ်ငန်းဆောင်ရွက်မှုများကို ရပ်ဆိုင်းစေခဲ့ရသည်။

ယုံကြည်မှုကင်းမဲ့

INGOs  များအနက် သဘောထားဖြူဖြူစင်စင်ဖြင့် ဝင်ရောက်လာလုပ်ကိုင်ဆောင်ရွက်ေနသည့် အဖွဲ့ အစည်းများရှိသလို၊ မကောင်းသောစိတ်ထားဖြင့် ဝင်လာသည့်အဖွဲ့အစည်းများလည်းရှိေကြာင်း သုံးသပ်တွေ့ရှိရသည်။ စိတ်ရင်းစေတနာကောင်းကောင်းဖြင့် INGOs များ၏ အခြေခံသဘောတရားများကို လက်ကိုင်ထားဆောင် ရွက်သောအဖွဲ့အစည်းများ၊ စိတ်ရင်းမှန်သောဝန်ထမ်းများကို လက်ခံကြိုဆိုရမည်ဖြစ်သော်လည်း၊ စိတ်သဘောထား မမှန်သောအဖွဲ့အစည်းများကို ကားလက်ခံရန်ဝန်လေးကြသည်။ ယူအန်အိပ်စီအာရ်သည်ပင် ရခိုင်လူမျိုး တို့၏ ဂုဏ်သိက္ခာကို စော်ကားသောအပြုအမူများကို ဆောင်ရွက်ခဲ့ဖူးကြောင်း ဒေါက်တာ ရင်ရင်နွယ်ကထောက်ပြခဲ့သည်။ ၂၀၁၂ ခုနှစ် မသီတာထွေး ကိစ္စရပ်မပေါ်ပေါက်မီ ယူအန်အိပ်စီအာက ဘင်္ဂါလီလူငယ်များနှင့် ရခိုင်လူငယ်များကိုဖိတ်ခေါ်ပြီး ဘင်္ဂါလီ-ရခိုင်ချစ်ကြည်ရေး Peace  Marking လုပ်ခဲ့ရာ၊ ယင်းသို့လုပ်ဆောင်ရာတွင် ရခိုင်အမျိုးသမီးငယ်များနှင့် ဘင်္ဂါလီလူငယ်များကို ညားစေပြီး လူမျိုးတစ်မျိုးအသစ်ဖြစ်ပေါ်စေကာ ချစ်ကြည်ရေးရစေမြည်ဖစ်ကြောင်း စိတ်ဓာတ်သွင်းခဲ့ခြင်းဖြစ်သည်။ ရခိုင် လူမျိုးတို့၏ ဇာတိပုည၊ ဂုဏ်မာနကို ထိခိုက်စော်ကားခြင်းပင်ဖြစ်သည်။ UNHCR  သာမကAZG,MSFအဖွဲ့များ၏ လူမျိုးချင်း ခွဲခြားဆက်ဆံမှု၊ ဘက်လိုက်ဆောင်ရွက်မှုစသည်များေကြာင့် ရခိုင်ပြည်သူတို့ကြားထဲတွင် ယုံကြည်မှု ကင်းမဲ့လာကြပြီး နောက်ဆုံးရခိုင်ပြည်သူများအနြေဖင့် INGO အဖွဲ့များအား ရွံရှာမုန်းတီးစိတ်များဖြစ်ေပါ်လာခဲ့ကြသည်။ ယုတ်စွအဆုံး နိုင်ငံတကာ ကြက်ခြေနီအဖွဲ့အစည်း (ICRC) ကိုပင် ယုံကြည်မှုကင်းမဲ့သည်အထိဖြစ်သွားခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်။

တစ်ဆက်တည်းမှာပင် အဆိုပါအဖွဲ့အစည်းများသည် ရခိုင်ပြည်သူလူထု အားသော်လည်းကောင်း၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ေရးအတွက်သော်လည်းကောင်း အကျိုးပြုခြင်းမရှိဟုလည်း ရခိုင်ပြည်သူအများစုတို့က ယုံကြည်ထားကြသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဒေသဖွံ့ဖြိုးရေးဆောင် ရွက်ခဲ့သည်ဆိုသော်လည်း ၎င်းတို့ အဓိကကူညီထောက်ပံ့ပေးနေသည့် ဘင်္ဂါလီများ၏ ဘဝမှာ တိုးတက်ပြောင်းလဲလာခြင်းမရှိခဲ့သလို၊ ထိုဒေသနေပြည်သူများ၏ စီးပွားရေး၊ လူမှုရေးအခြေအနေများမှာ လည်းတိုးတက်ပြောင်းလဲလာခြင်းမရှိေကြာင်း ဒေသခံများသုံးသပ်ကြသည်။ တိုးတက်ဖြစ်ထွန်းလာသည်မှာ ဘင်္ဂါလီတို့၏ နယ်မြေပိုင်စိုးရေးစိတ်ဓာတ်များပင်ဖြစ်သည်။ ဒေသနေရခိုင်တို့အားခြိမ်းခြောက်လာမှုများပင်ဖြစ်သည်။ ဤဖြစ်ရပ်များကြောင့်လည်း INGOs အဖွဲ့များအပေါ် ရခိုင်ပြည်သူတို့က စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အန်ဖတ်အဖွဲ့များအဖြစ် Black  List  သွင်းထားခဲ့ကြပြီးြဖစ်သည်။

 

ယူအန် သည် အန်ဖတ်မဖြစ်သင့်

မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် UN  အဖွဲ့အပါအဝင်လက်အောက်ခံ  အဖွဲ့အစည်းများအား မချစ်သော်လည်း အောင့်ကာနမ်းရမည့်အနေအထားပင်ြဖစ်သည်။ သို့ရာတွင် ရခိုင်ပြည်သူ တို့စိတ်ထဲတွင် နှစ်နှစ်ကာကာလိုလားခြင်းမရှိကြေတာ့။ မည်သို့ဆိုစေ နောက်ပိုင်းဆောင်ရွက်မည့်လုပ်ငန်းများ အသီးသီးတွင် ပွင့်လင်းမြင်သာမှုများရှိစေပြီး ရခိုင်ပြည်သူများ လက်ခံနိုင်သော ဆောင်ရွက်မှုများရှိစေရန်ကြိုး စားဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်သည်။ ယူအန်အဖွဲ့များ၏ မွန်မြတ်သော မူလရည်ရွယ်ချက်များအတိုင်း ဆောင်ရွက်ရန်လည်းလိုအပ်မည်လည်းြဖစ်သည်။နိုင်ငံတကာ၏ ဖိအားကို အခွင့်ကောင်းရယူကာယနေ့ ရခိုင်ပြည် နယ်တွင်ပြန်လည်ခြေချခွင့်ရ လာသည်ဆိုငြား၊ ရခိုင်ပြည်သူတို့၏ အကျိုးစီးပွား၊ မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့် နိုင်ငံနှင့်လူမျိုးတည်တံံ့မှုကို မျက်ကွယ်ပြုဆောင်ရွက်ခဲ့မည်ဆိုလျှင်၊ အပြောတစ်ခြား၊ အလုပ်တစ်ခြား ဆောင်ရွက်ကြမည်ဆိုလျှင်၊ နှုတ်ခမ်းမှာပျားဝမ်းမှာမြား ဆိုသကဲ့သို့ ကောက်ကျစ်ယုတ်မာမှုများဖြင့် ဆောင်ရွက်ကြမည်ဆိုလျှင် ယူအန်အပါအဝင်အဖွဲ့အစည်းအသီးသီးသည် ရခိုင်ပြည်သူတို့အတွက် စက်ဆုတ်ရွှံရှာဖွယ်ကောင်းသော အန်ဖတ်များသာဖြစ်နေပေလိမ့်မည်။