- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ရုပ်ပွားတော်မြတ် ကိန်းဝပ်သည့်ရွှေမြေ (အပိုင်း - ၃)
ရခိုင်ပြည်မှ အခြားပို့ကုန်များမှာ မဲနယ်၊ ခြိပ်၊ ဆင်များနှင့် ဒန်ဂရီ(dungerries) ခေါ်တိပ္ပါရနယ် ထွက်ဈေးပေါ့အထည်အကြမ်းများဖြစ်သည်။ ဆင်များမှ အမြတ်အစွန်းကောင်းကောင်းရရှိသည်။ ဆင်တစ် ကောင်ကို ရခိုင်ပြည်တွင် တန်းဂါး ၁၃၀၀ နှင့် ၁၄၀၀ကြားဝယ်ယူရပြီး ကိုရိုမင်ဒယ်ကမ်းများတန်းတွင် ယင်းဈေး နှုန်း၏လေးဆဖြင့်ပြန်ရောင်းသည်။ ထိုခေတ်က ရခိုင်ပြည်တွင် ကြွေစေ့များကို ငွေအကြွေအဖြစ်ဖြင့် အသုံးပြု သည်ဖြစ်ရာ ဒတ်ချ်သဘောၤတို့သည် မော်လဒိုက်ကျွန်များသို့ဝင်၍ ကြွေစေ့များစုဆောင်းရယူသည်။
17 May 2018
ရခိုင်မှ ပင့်ဆောင်သွားသော မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရား
ဝေသာ ရေးသားသည်
ဤ ဒတ်ချ်-ရခိုင်ကပြားကလေးများအား မူစလင်ဘာသာသို့သွတ်သွင်းပစ်သည်ဟု ဘာတေးဗီးယားက သတင်းရရှိထားသည်၊ ဒတ်ချ်တို့သည် ပရိုတက်စတင့်ခရစ်ယာန် ဂျွန်ကယ်ဗင်ဝါဒီ(calvanist) များဖြစ်ကြလေရာ ဤသတင်းကြောင့်များစွာ တုန်လှုပ်သွားခဲ့ကြသည်။ဤသို့သောအကြောင်းကြောင့် သားသမီးများအား လွှဲပြောင်းပေးအပ်ရန် တောင်းဆိုခြင်းဖြစ်သည်။ ဤတောင်းဆိုမှုမျိုးကို ၁၆၃၆ ခုနှစ်က ဒတ်ချ်တို့ ပထမဆုံးအကြိမ်ပြုလုပ်ဖူးပါသည်။ သို့သော် ဘုရင်သီရိသုဓမ္မနှင့် ဘုရင်နရပတိကြီး မင်းနှစ်ပါးလုံးက “ရှေးဟောင်းထုံးတမ်းစဉ်လာကို မချိုးဖောက်နိုင် ” ဟူသော အကြောင်းပြချက်ဖြင့် တောင်းဆိုမှုကို ပြတ်ပြတ်သားသားပယ်ချထားခဲ့ပေသည်။
ယခုလတ်တလောအခြေအနေတွင်တော့ ဘုရင်စန္ဒသုဓမ္မက ဒတ်ချ်တို့၏တောင်းဆိုမှုကို လိုက်လျော ခွင့်ပြုတော်မှုပါသည်။ ဘုရင်မင်းမြတ်၏ခွင်ပြုချက်ကိုရသောအခါ ဒတ်ချ်ကုန်တိုက်အရာရှိများက တိုင်းပြည်မှ ထုတ်ယူခေါ်ဆောင်သွားမည့် ကလေးများစာရင်းကိုတင်ပြကြသည်။ ယောကျာ်းကလေးနှစ်ဦး နှင့် မိန်းကလေး သုံးဦး၊ ပေါင်းငါးဦးဖြစ်ပါသည်။ မိန်းကလေးသုံးဦးအနက် နှစ်ဦးမှာ ဂျန်(Jan) အမည်ရှိ အင်္ဂလိပ်လူမျိုးတစ်ဦး၏ သမီးငယ်များဖြစ်သည်ဟုဆိုပါသည်။ ကျန်သောကလေးသုံးဦး၏မိခင်များက မိမိတို့၏သားသမီးအား မစွန့်လွှတ်နိုင်ကြောင်း ကန့်ကွက်ပြောဆိုသည်။ ရခိုင်သူမ မိခင်တို့က ဤသို့ကန့်ကွက်ငြင်းဆန်ခဲ့ကြမည် ဖြစ်ကြောင်း ယခင် ဘုရင်နှစ်ပါးကလည်း မိန့်ဆိုခဲ့ဖူးပါသည်။
ဘုရင်စန္ဒသုဓမ္မသည် ဒတ်ချ်တို့၏တောင်းဆိုချက်အားလုံးကို လိုက်လျောခွင့်ပြုတော်မှုသည်။ ထို့ပြင် ယခင်စိုးစံခဲ့သော မင်းတို့လက်ထက်က ကျင့်သုံးခဲ့သည့်မူဝါဒများလည်း ယခုပြီးဆုံးခဲ့ပြီဆိုသည်ကို ဒတ်ချ်တို့ စိတ်ချယုံကြည်လာအောင် ဆောင်ရွက်ခဲ့သည်။ ဘုရင်မင်းမြတ်သည် ဂျိုဝန်ဂိုဦးဆောင်သော ဒတ်ချ်ကိုယ်စား လှယ်အဖွဲ့အား ခန်းနားကြီးကျယ်စွာကြိုဆိုပါသည်။ ဒတ်ချ်တို့က ဘုရင်စန္ဒသုဓမ္မ၏ စံနန်းတော်မည်မျှကြီးကျယ် ခန်းနားပုံကို ဘာတေးဗီးယားသို့ အစီရင်ခံတင်ပြကြသည်။ ထိုအစီအရင်ခံစာတွင်ပါရှိသော အသုံးအနှုန်းများမှာ ယခင်ဘုန်းတော်ကြီး မန်နရိတ်၏အသုံအနှုန်းများနှင့် အတူတူနီးပါးဖြစ်းပါသည်။ ရခိုင်နန်းတော်သို့ ပထမဆုံးအ ကြိမ်ရောက်ရှိမှု အတွေ့အကြုံကို ဒတ်ချ်ကုန်သွယ်ရေးစခန်းမှတ်တမ်းတွင် ဤသို့ဖော်ပြထားသည်။
(ရွှေနန်းတော်၏ရှေ့သို့ရောက်ကြသောအခါ သူတို့ (ဒတ်ချ်ကိုယ်စားလှယ်အဖွဲ့) သည်ဆင်များပေါ်မှ ဆင်းလိုက်ကြသည်။ ဝရံတာသဏ္ဍန်ခုံတန်းတစ်ခုတွင်ထိုင်နားရင်း ဘုရင်မင်းမြတ်ကြွချီတော်မှုလာမည့်အချိန်ကို သုံးနာရီကြာမျှစောင့်ဆိုင်းကြရသည်။ နောက်ဆုံးတွင် နန်းတော်သို့ဝင်ရောက်ခစားရန်သူတို့အားခေါ်ယူသည်။ တံခါးပေါက်သုံးတန်ကို ဖြတ်ကျော်ဝင်ရောက်ကြရသည်။ တံခါးတစ်တန်စီ၏ကြားတွင် မြေကွက်လပ်ကွင်း ကျယ်ကြီးတစ်ခုစီရှိသည်။ ထိုကွင်းကျယ်များကို ချပ်ဝန်တန်ဆာလက်နက်ကိရိယာ အပြည့်အစုံတပ်ဆင်ထားသော မြင်းသည်တော်များနှင့် ခြေမြန်စစ်သည်များကို မြင်တွေ့ကြရသည်။ စစ်ဆင်ရေးများစွာတို့ကိုလည်း တိုက်ပွဲဝင် အသင့်အနေအထားဖြင့်စီတန်းထားသည်။ တတိယကွင်းကျယ်တွင်တွေ့ခဲ့ရသော စစ်ဆင်တို့ကိုမှု တန်ဖိုးကြီးမား လှသောက ကြိုးတန်ဆာများဆင်ယင်ပြီး ရွှေခြည်ငွေခြည်ထိုးအထည်များ ခြုံလွှမ်းထားသည်။ တချို့သောဆင် တို့၏အစွယ်တွင် ရွှေသားကွင်းများ စွပ်ထားသည်။ တချို့တွင် အစွယ်တစ်ချောင်းလုံးကို ရွှေသားဖြင့်ကွပ်ထားသည်။ နန်းတော်သို့နီးလာလေလေ မြင်ကွင်းများကြီးကျယ်ခန်းနားလာလေလေပင်၊ ဘုရင်မင်းမြတ်၏အလုံးစုံသောစည်းစိမ်ဥစ္စာ ဂုဏ်ကျက်သရေတို့ကို တည်း၌စုစည်းထားရှိလေသလားဟု ယုံမှားလောက်ဖွယ်ပင်ဖြစ် သည်။
ဘုရင်မင်းမြတ်စမ္ပာယ်နေသော ပလ္လင်တော်တစ်ခုလုံးကို ရွှေပိန်းချထားသဖြင့် မြင်ရသည်မှာခန်းနားလှ သည်။ ဝန်းရံခစားလျက်ရှိကြသော ပရိတ်သတ်အရေအတွက်မှာအပြင်မြေကွက်များ၌မြင်တွေ့ခဲ့ရသော လူအရေအတွက်ထက် လျော့နည်းလိမ့်မည်မဟုတ် ၊ ဒတ်ချ်သံမှုးနှင့်အဖွဲ့အတွက် နေရာတစ်ခုသတ်မှတ်ထားရာ သြဇာကြီးမားသော ရခိုင်စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ ကြားတွင်ဖြစ်သည်။ ခစားနေကြသူများကဲ့သို့ပင် သံအမတ်ကြီးသည် ဒူးထောက်လျက်က ဘုရင်ခံပေးအပ်လိုက်သော စာချွန်တော်ကို လက်နှစ်ဘက်ဖြင့် ဦးထိပ်ထက်သို့ မြှောက်တင်လိုက်ရာတစ်စုံတစ်ယောက်ကယူပြီး ဝန်ကြီးတစ်ဦး၏ လက်သို့ရိုသေစွာ ကမ်းပေးလိုက်သည်။ ထိုဝန်ကြီးက ဘုရင်နှင့် ပရိသတ်တို့၏ရှေ့မှောက်တွင် စာချွန်တော်အားပထမဦးစွာ ပေါ်တူဂီဘာသာဖြင့်လည်းကောင်း၊ တဖန်ရခိုင်ဘာသာစကားဖြင့်လည်းကောင်း ဖတ်ကြားလျှောက်တင်သည်။)
ဒတ်ချ်တို့၏မှတ်တမ်းတွင် အထက်ပါကဲ့သို့သော စာပိုဒ်မျိုး အနည်းအကျဉ်းပါရှိသည်။ သူတို့၏ရှုထောင့်အမြင်သည် မန်နရိတ်နှင့်မတူချေ။ ဒတ်ချ်တို့က ကုန်သည်များပီပီ အားလုံးကိုစီးပွားရေး မျက်စိဖြင့်သာရှုမြင်ကြသည်။ သို့ဖြစ်၍ သူတို့၏မှတ်တမ်းများကိုလေ့လာလျှင် သူတို့စိတ်ဝင်တစားရေး မှတ်ထားသည်များများကို တစုံတရာတွေ့ရှိရမည်မဟုတ်ပါ။ ကျွနု်ပ်တို့လိုချင်သောအရာများ မှတ်တမ်းထဲတွင် မပါရကောင်းလားဟု အပြစ်ဆိုလျှင်လည်း တရားမျှတမှုမရှိရာကျပါလိမ့်မည်။ ကုန်သွယ်စီးပွားလုပ်ငန်းနှင့် ပတ်သတ်လျှင်တော့ ဒတ်ချ်မှတ်တမ်းများတွင် ပထမတန်းစားကောင်းမွန် တန်ဖိုးရှိသော သတင်းအချက် အလက်တို့အပြည့်ဖြစ်နေသည်။ ဒတ်ချ်တို့သည် ဘာတေးဗီးယားမှ ဟင်းခတ်အမွေးအကြိုင်မျိုးစုံနှင့် ဂျပန်ပြည်ဖြစ်သံသတ္တုများကို ရခိုင်ပြည်သို့ တင်သွင်းလာခဲ့ပါသည်။ ကိုရိုမင်ဒယ်ကမ်းရိုးတန်းမှထွက်သော အထည်အလိပ်များလည်းပါရှိလာပါသည်။ ဝယ်လိုအားများလွန်းသည်ဖြစ်ရာ ပါလာသမျှပစ္စည်းများ မလုံလောက်ပါ၊ သူတို့၏ပစ္စည်းများနှင့်ဖလှယ်လိုက်လျှင် အပြန်ခရီးအတွက် တင်ဆောင်ယူသွားမည့် ကုန်များလိုချင်သည့် ပမာဏပြည့်မီမည်မဟုတ်ပါ။ သို့ဖြစ်၍ ရခိုင်ပြည်သို့လာသမျှ သူတို့သဘောၤများတွင် ငွေဒင်္ဂါးအမြောက်အများ သယ်ဆောင်လာခဲ့ကြသည်။ ဒင်္ဂါးများမှာ ငွေကြေးတန်ဖိုးအရ အမျိုးမျိုးရှိကြပါသည်။ ထိုခေတ်က ကမ္ဘာ့အရှေ့ပိုင်းတိုင်းပြည်များ၌သုံးစွဲဖို့အတွက် ဒတ်ချ်နှင့် အင်္ဂလိပ်ကုမ္ပဏီတို့က ငွေဒင်္ဂါးများ ခပ်နှိပ်ကြသည်။ အသုံးအများဆုံးမှာ(Real of eight) ဒင်္ဂါးဖြစ်ပြီး ထိုခေတ် အင်္ဂလိပ်ငွေကြေး လေးရှီလင် ခြောက်ပဲနိတန်ဖိုးနှင့်ညီမျှသည်။
ရခိုင်ပြည်မှ ဝယ်ယူသွားသောကုန်များမှာ အဓိကအားဖြင့် ဆန်နှင့်ကျွန်များဖြစ်ကြသည်။ သဘောၤတစ် စင်းတွင် ကျွန်ဦးရေ ၂၁၀ တင်ဆောင်သည်။ နောက်တစ်စင်းတွင် ၃၂၅ ဦး၊ နောက်တစ်စင်းတွင် ၁၄၅ ဦးတင် ဆောင်ကြသည်။ သဘောၤကိုလိုက်၍ တင်ဆောင်သည့် ကျွန်အရေအတွက်ကွာခြားသည်။ ထို့ကြောင့် ဘာတေး ဗီးယားသို့ ကျွန်ပျမ်းမျှအရေအတွက် မည်မျှတင်ပို့သည်ဟု တွက်ချက်၍မရနိုင်ပါ။ အဆင်ပြေသောနှစ်များတွင် ဘာတေးဗီးယားသို့ သဘောၤအနည်းဆုံးလေးစင်းထွက်သည်။ ဤနှုန်းဖြင့်ထွက်လျှင် တစ်နှစ်တစ်နှစ်တွင် တင်ပို့ သောကျွန်ဦးရေသည် တစ်ထောင်အောက်သို့ များများလျော့နည်းမည်မဟုတ်ပါ။ ငွေကြေးတန်ဖိုးတွင်လည်း အမျိုးမျိုးပင်ဖြစ်သည်။ တခါတရံ ကျွန်တစ်ယောက်ကို ၁၀ ဖလော်ရင်(florin)မျှဖြင့်ဝယ်ယူရသည်။ မှတ်တမ်း တင်ထားသမျှ ဈေးအမြင့်ဆုံးမှာ ကျွန်တစ်ယောက်အတွက် ဖလော်ရင် ၃၀ ဈေးနှုန်းဖြစ်သည်။ (ဒတ်ချ်ငွေကြေး ၁ ဖလော်ရင်သည် အင်္ဂလိပ်ငွေကြေး ၁ ရှီလင်၊ ၈ ပဲနိနှင့်ညီမျှသည်။ ) ၁၆၄၁ ခုနှစ်တွင် ရခိုင်ပြည်အစိုးရက တိုင်းပြည်မှ ခေါ်ထုတ်သွားမည့် ကျွန်တစ်ယောက်အတွက် တန်းဂါး ၁၀ စီစည်းကြပ်ကောက်ခံသည်။ လူခွန် တော်ဖြစ်သည်။ ဒတ်ချ်တို့က အပြင်းအထန် ကန့်ကွက်သော်လည်း အချည်းနှီးသာဖြစ်သည်။ ၁၆၅၃ ခုနှစ် စက်ရုံပြန်ဖွင့်ပြီး နောက်ပိုင်းတွင် ဤသို့ အခွန့်ကောက်ခံမှုမျိုးရှိသည်ဟုမကြားရတော့ပါ။ သို့သော် အတတ်ပညာ တစ်ခုခုကျွမ်းကျင်သော ကျွန်များကိုတော့ ဒတ်ချ်တို့ ခေါ်ထုတ်သွားခွင့်မပြုပေ။ အထူးသဖြင့် လက်မှုပညာသည်တို့အား ထုတ်ယူမသွားရလေအောင် ဘုရင့်အမိန့်တော်ဖြင့် ထိန်းထားပါသည်။
ရခိုင်ပြည်မှ အခြားပို့ကုန်များမှာ မဲနယ်၊ ခြိပ်၊ ဆင်များနှင့် ဒန်ဂရီ(dungerries) ခေါ်တိပ္ပါရနယ် ထွက်ဈေးပေါ့အထည်အကြမ်းများဖြစ်သည်။ ဆင်များမှ အမြတ်အစွန်းကောင်းကောင်းရရှိသည်။ ဆင်တစ် ကောင်ကို ရခိုင်ပြည်တွင် တန်းဂါး ၁၃၀၀ နှင့် ၁၄၀၀ကြားဝယ်ယူရပြီး ကိုရိုမင်ဒယ်ကမ်းများတန်းတွင် ယင်းဈေး နှုန်း၏လေးဆဖြင့်ပြန်ရောင်းသည်။ ထိုခေတ်က ရခိုင်ပြည်တွင် ကြွေစေ့များကို ငွေအကြွေအဖြစ်ဖြင့် အသုံးပြု သည်ဖြစ်ရာ ဒတ်ချ်သဘောၤတို့သည် မော်လဒိုက်ကျွန်များသို့ဝင်၍ ကြွေစေ့များစုဆောင်းရယူသည်။ ကြွေစေ့ ၄၈ ပိသာကို ၁ ရူပီးဈေးနှုန်းဖြစ်ပါသည်။ (တစ်ပိသာ=အကြမ်းအားဖြင့် ၃.၅ပေါင်)၊ ဒတ်ချ်တို့သည် ဘုရင်မင်းမြတ်အတွက် လက်ဆောင်ပဏ္ဏာများကိုလည်း ယူဆောင်လာတတ်ကြသည်။ ရံဖန်ရံခါ ဆေးရွက်ကြီးများတင်သွင်းလာကြသည်။ ယင်းတို့ကို ဘုရင်မင်းမြတ်က အကုန်သိမ်းကျုံးဝယ်ယူပြီး ပြည်သူတို့ထံလက်လီပြန်ရောင်းလေ့ရှိ သည်။ ဘုရင်မင်းမြတ်၏ခွင့်မပြုချက်မရှိဘဲ ဆေးရွက်ကြီးကို မည်သူမျှမရောင်းရပါ။ ဘုရင်နရပတိကြီးသည် ယမကာကိုကြိုက်နှစ်သက်ပါသည်။ တစ်ခါတွင် ဒတ်ချ်တို့ ဝိုင်ချိုတစ်ပုလင်း နှင့် ဟော်လန်အရက် တစ်သေတ္တာဆက်သရာ ဘုရင်နရပတိကြီးသည်။ နှစ်သက်ကျေနပ်တော်မှုသဖြင့် အားပါးတရရယ်မော ဝမ်းမြောက်တော်မှုသည်ဟုဆိုသည်။
ဘုရင်စန္ဒသုဓမ္မလက်ထက်တွင် ဒတ်ချ်ကုန်သည်အကြီးအမှုးတစ်ဦး မြောက်ဦးမြို့တော်၌ကွယ်လွန် သည်။ ဘုရင်မင်းမြတ်အလွန်တရာနှစ်သက်မြတ်နိုးတော်မှုသော ပုဂ္ဂိုလ်ဖြစ်သဖြင့် ထိုသူနှင့်ပတ်သတ်၍ ဘာ တေးဗီးယားသို့ ကောင်းသောထင်မြင်ချက်များ ပေးလေ့ရှိသည်။ သဝဏ်တစ်စောင်တွင် ဘုရင်မင်းမြတ်က ဤသို့ဖော်ပြထားသည်။
(ကျွနု်ပ်သည်ဤသူအား ချစ်ခင်နှစ်လိုမိသည်။ ဤသူ၌ထက်သန်သော စိတ်ဓါတ်အင်အားရှိသည်ကို ကျွနု်ပ်မြင်တွေ့ရသည်။ သူလက်ခံရရှိသော အမိန့်အကြားချက်ဟူသမျှကို ကျွန်ုပ်ထံလျောက်တင်အသိပေး တတ်သည်။ သို့ဖြစ်၍ ရခိုင်သားရခိုင်သူမများက သူ့အားခင်မင်လေးစားကြသည်မှာ သူကွယ်လွန်သည့်အထိ ပင်ဖြစ်သည်။ ဤသို့ဂုဏ်ပြုလေးစားမှုနှင့် ထိုက်သင့်သည့်အားလျှော်စွာ ကျွနု်ပ်၏ နန်းတော်မှပညာရှိများ၊ သူကောင်းမျိုးများအတွက် သတ်မှတ်ထားရာသုသာန်၌ ဤသူအား မြုပ်နှံသဂြိၤုလ်ပေးလိုက်သည်။ ဤကဲ့သို့ ကြီးကျယ်မြင့်မြတ်သူတစ်ဦးကို လက်လွတ်ဆုံးရှုံးလိုက်ရသဖြင့် ကျွန်ုပ်နှင့် ကျွနု်ပ်နှင့်၏ ဝန်ကြီးမှူးမတ်အပေါင်း တို့ဝမ်းနည်းကြေကွဲမှုကြီးစွာခံစားရသည်။ဤမြင့်မြတ်သောပုဂ္ဂိုလ်မျိုးကို လူလောကထဲမှ ယူဆောင်သွားရသဖြင့် ဤသူ၏ ဘုရားသခင်သည် ကျေနပ်ဝမ်းမြောက်ပေလိမ့်မည်။) ဟူ၍ဖြစ်သည်။
မြောက်ဦးမြို့တော်ရှိ ဒတ်ချ်စက်ရုံကို ၁၆၆၅ ခုနှစ်တွင် အပြီးသတ်ရုပ်သိမ်းသွားခဲ့သည်။ ၁၆၆၆ ခုနှစ် မဂိုတို့၏ လက်ချက်ကြောင့် ဒီယင်းဂါးမှ ပေါ်တူဂီတို့ပျက်သုဉ်းသွားရခြင်းဖြင့် နိဂုံးချုပ်သော ဝထ္ထုဇာတ်လမ်း ဆန်ဆန် အဖြစ်အပျက်အစဉ်သည် စက်ရုံရုပ်သိမ်းသွားရခြင်း၏အကြောင်းအရင်းပင်ဖြစ်သည်။ အကျဉ်းမျှပြောရလျှင် အိန္ဒိယသမိုင်းတွင် အလွန်ထင်ရှားကျော်ကြားသောအဖြစ်အပျက်နှင့်စတင်ရပါသည်။ မဂိုဧကရာဇ် ရှားဂျဟန်၏ တတိယမြောက်သားတော် ရားရှုဂျာသည် ၁၆၆၀ ခုနှစ်တွင် ဘင်္ဂလားမှသည် စစ်တကောင်းကိုဖြတ်သန်းလျှက် မြောက်ဦးမြို့တော်သို့ ခိုဝင်လာပြီးများမကြာမီမှာပင် သေဆုံးသွားသည်။ ရှားရှုဂျာသေဆုံးခြင်းသည် လျှို့ဝှက်သဲဖိုပဟေဠိဇာတ်လမ်းတစ်ပုဒ်သဖွယ် ထိုခေတ်က စာရေးဆရာမများစွာ တို့၏ အာရုံကိုဆွဲဆောင်ထားနိုင်ခဲ့သည်။ ရှုဂျာ၏အကြောင်းကို စကူတန်(Schouten)၊ ဘာနီယာ(Manucci)၊ ဘောင်ရီ(Bowery)၊ ဟာမီလ်တန် (Hamilton) တို့က အသီးသီးရေးသားတင်ပြခဲ့ကြသည်။ ရေးသူ၏အာဘော်ကိုလိုက်၍ ဇာတ်လမ်းဖြစ်စဉ်လမ်း အမျိုးမျိုးကွဲပြားနေသည်။
စိတ်အချရဆုံးသက်သေခံကတော့ ထိုအချိန်ကရခိုင်ပြည်တွင် အမှန်တကယ်ရှိနေခဲ့ကြသော ဒတ်ချ်လူမျိုးတို့၏ ပေးစားများပင်ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ရှားရူဂျာ၏ဖြစ်စဉ်ကို ထိုပေးစာများအပေါ်အခြေခံ လျှက်တင်ပြလိုက်ပါသည်။
ရှားရှုဂျာအားခမည်းတော်က ဘင်္ဂလားဘုရင်ခံအဖြစ်ခန့်အပ်ထားသည်။ ၁၆၅၇ ခုနှစ် ခမည်းတော် နာမကျန်းဖြစ်သောအခါ သားတော်များနန်းလုပွဲဆင်နွှဲကြတော့သည်။ အနိုင်ရသူမှာ အော်ရန်ဇပ်(Aurungzeb) ဖြစ်သည်။ အော်ရန်ဇပ်သည် ခမည်းတော်အား ထီးနန်းမှဖယ်ရှားပစ်ပြီး ညီတော်မူရတ်(Murad) ကိုအကျဉ်းချ ထားလိုက်သည်။ ထို့နောက် ၁၆၅၈ ခုနှစ်တွင် မိမိကိုယ်ကို ဧကရာဇ်အဖြစ်ကြော်ငြာလျှက် နန်းသိမ်းပွဲခံယူပြီး ဘင်္ဂလားရှိ ရှုဂျာအားသွားရောက်တိုက်ခိုက်ပါသည်။ ၁၆၆၀ ခုနှစ် နှစ်ဦးပိုင်းတွင် မင်းသားရှုဂျာသည် ဘုရင့်သေ နာပတိကြီးမားဂျမ္မလာ ချီတက်သိမ်းပိုက်မလာမီကလေးတွင် ဒက္ကာသို့ထွက်ပြေးလေသည်။ ဒက္ကာတွင်မနေနိုင် သဖြင့် ရခိုင်ပြည်သို့သဘောၤစီး၍ ထွက်ပြေးရပြန်သည်။ ရခိုင်ရေတပ်နှင့်တွေ့ဆုံပြီး ရှုဂျာအား ဒီယင်းဂါးသို့ပို့ပေး လိုက်သည်။ ထိုမှတစ်ဆင့် သီတင်းပတ်အနည်းငယ်အကြာတွင် မြို့တော် မြောက်ဦးသို့ဆက်လက်ပို့ပေးသည်။ ရွှေမြို့တော်သို့ရောက်သောအခါ ရှုဂျာနှင့်အပေါင်းအပါတို့အား မြို့တော်အပြင်ဘက်၌ ဝါးအိမ်တစ်ဆောင်တွင် နေထိုင်စေပြီး မည်သည့်နိုင်ငံခြားသားကိုမျှ ရှုဂျာနှင့်တွေ့ဆုံခွင့်မပေးပါဟု ဒတ်ချ်တို့ကဆိုသည်။ ရှုဂျာနှင့်အတူပါ လာခဲ့သော ရတနာများထဲမှ ၂၃ တန်ထက်မလျော့သော ပမာဏကိုဗရင်ဂျီ(ပေါ်တူဂီလူမျိုး) များက ခိုးဝှက်ယူ သွားကြဟုဆိုသည်။ ရခိုင်ဘုရင်သည် အော်ရန်ဇပ်၏အန္တရာယ်ကို ကြိုတင်တွက်ဆလျက် ဒီယင်းဂါးကမ်းလွန် တွင် ရေတပ်မတော်ကို အသင့်အနေအထားရှိနေစေပြီး တပ်ကူများဖြည့်တင်းထားရှိသည်။
၁၆၆၀ ပြည့် ဒီဇင်ဘာတွင် ဒတ်ချ်တို့ထံ သတင်းများထပ်မံရောက်ရှိလာသည်။ အိန္ဒိယမှ မူစလင် ၇၀၊ ၈၀ ခန့် ရှားရှုဂျာနှင့် လာရောက်ပူးပေါင်းကြသည်၊ ရခိုင်သားများအား သတ်ဖြတ်ပစ်ပြီး နန်းတော်ကိုပင် မီးတင်ရှို့၍ ရလုနီးပါးအောင်မြင်သွားကြသည်ဟုဆိုသည်။ ထိုသူတို့အား ရခိုင်တပ်များက ဝိုင်းဝန်းသုတ်သင် လိုက်သည်။ ရခိုင်ဘုရင်သည် ရှုဂျာကိုလည်း ကွပ်မျက်ပစ်ရကောင်းနိုးနိုးဖြစ်နေခဲ့သေးသည်။ သို့သော် မယ်တော်ကြီးနှင့် ပညာရှိတို့က မင်းညီမင်းသားတို့အားကွပ်ပစ်ခြင်းသည် အင်မတန်အန္တရာယ်များသော လုပ်ရပ်ဖြစ်ကြောင်း ၊ ဤလုပ်ရပ်မျိုးကို မင်းမှုထမ်းများ အကြိုက်တွေ့သွားကာ အတုယူပြုမှုကျင့်ကြံ လာကြမည်ဟု သတိမှုသင့်ကြောင်း ဖျောင်းဖျပြောဆိုတားမြစ်လိုက်ကြပါသည်။
၁၆၆၁ ခုနှစ် ဖေဖဝါရီလ ၇ ရက်နေ့တွင် (ရခိုင်ဘုရင်၏) နောက်ထပ်သုတ်သင်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာ သည်။ ယခုတစ်ကြိမ်တွင် နိုင်ငံခြားသားများ မသိမမြင်နိုင်စေရန် အသေးစိတ်အသေအချာစီစဉ်ထားသည်။ မြို့တော်၏လမ်းများပေါ်တွင် စစ်သည်များက ၊ ရေကြောင်းလမ်းများကို စစ်သဘောၤများက ကင်းလှည့်စောင့် ကြပ်နေကြသည်။ သို့ဖြစ်၍ အစကနဦးတွင် စက်ရုံမှဒတ်ချ်များလည်း ယုံကြည်လောက်သော သတင်းအစစ် အမှန်များကို မရနိုင်ကြပေ။ ကောလဟလသတင်းများကို စုစည်းဆက်စပ်ကြည့်ခြင်းအားဖြင့် ရရှိလာသော ပထမဇာတ်လမ်းမှာ ရှားရှုဂျာသည် သူ့အားထိန်းသိမ်းစောင့်ကြပ်ထားရာမှ ထွက်ပြေးရန်၊ ရခိုင်ထီးနန်းကို သိမ်း ပိုက်ရန် ကြံစည်လာသောကြောင့် သူ၏နောက်လိုက်နောက်ပါများအား သုတ်သင်ပစ်လိုက်သည်ဟုဆိုသည်။ ရှားရှုဂျာနှင့်သားတော်ငယ် သုံးဦး၊ မိဖုရားတို့သည် ညအချိန်ထွက်ပြေးလွတ်မြောက်သွားကြသည်။ ရခိုင်တပ် များက လိုက်လံဖမ်းဆီးရာ သားနှစ်ဦးကို ပြန်လည်ဖမ်းမိသည်။ ရှုဂျာနှင့်ကျန်သားတစ်ဦးတို့ တိပ္ပါယ်ရသို့ထွက် ပြေးလွတ်မြောက်သွားသည်ဟုဆိုသည်။ အမှန်က ရှုဂျာသည် လွတ်မြောက်သွားခြင်းမဟုတ်။ လိုက်လံဖမ်းဆီး သူများက ကျောက်တုံးကျောက်ခဲများဖြင့် ဝိုင်းဝန်းထုသတ်လိုက်ကြသည်ဟုယူဆရကြောင်း နောက်ပိုင်းတွင် သိလာရသည်။ အတိအကျဘာဖြစ်ခဲ့သည်ကိုတော့ ဒတ်ချ်တို့လုံးဝမသိသွားကြပါ။ ပထမဆုံးသော တိုက်ခိုက်မှု အတွင်း၌းပင် ရှုဂျာသည် အိမ်ထဲ၌သေဆုံးသွားပြီဖြစ်ကြောင်း ၊ ရခိုင်အရာရှိများက သူဝတ်ဆင်ထားလေ့ရှိသော ရတနာများကို ယူငင်ရန်အတွက် သူ့အားမမှတ်မိနိုင်တော့လောက်အောင် ရုပ်ဖျက်ပစ်လိုက်ကြကြောင်း၊ ရှုဂျာ၏ မိဖုရားနှင့် ကလေးများအားအသက်ရှင်လျက်ဖမ်းဆီးထားကြောင်း အမျိုးသမီးတို့အား နန်းတော်တွင်း၌လည်း ကောင်း သားတော်များအား အကျဉ်းထဲ၌လည်းကောင်း ထိန်းသိမ်းထားကြောင်း ရွှေမြို့တော်အတွင်း သတင်း ပြန့်နေပါသည်။ရှုဂျာထံမှ သိမ်းဆည်းရမိသော ဥစ္စာပစ္စည်းတို့မှာအလွန်ပင်များပြားလှသဖြင့် ရက်အတန်ကြာမျှ အချိန်ယူလျှက်ဘုရင့်ဘဏ္ဍာတိုက်သို့ ပြောင်းရွှေ့သယ်ယူကြရသည်ဟုဆိုသည်။
ဒက္ကာရှိစက်ရုံသို့ပေးပို့သော ဒတ်ချ်တို့၏သတင်းတွင် ဤသို့ဖော်ပြသည်။ ရှားရှုဂျာအားသုတ်သင်ပစ်မှု သတင်းကို ဘင်္ဂလားဘုရင်ခံအသစ်ကြားသိသည်နှင့်တပြိုင်နက် ဒတ်ချ်သဘောၤတစ်စင်းအား ချောဆွဲကာ မြောက်ဦးမြို့တော်သို့ အဆောတလျင်လာခဲ့သည်။ ဘဘောၤပေါ်တွင် သံအရာရှိတစ်ဦး၊ ရှုဂျာ၏ ကျန်ရစ်သော သားသမီးများအားလွဲအပ်ပေးရန် တောင်းဆိုကြောင်း ရာဇသံ၊ ရခိုင်ဝန်ကြီးများအား လာဘ်ထိုးရန်အတွက် ရူပီငွေတစ်သောင်းနှစ်ထောင်ပါလာခဲ့သည်။ သည်တစ်ခါမှတော့ ဒတ်ချ်တို့အနေဖြင့် အကျဉ်းအကြပ်နှင့်ကြုံတွေ့ကြရပြီဖြစ်သည်။ သဘောၤကို မဂိုတို့အားအသုံးပြုခွင့်ပေးလိုက်ခြင်းအပေါ် ရခိုင်က အကြီးမကျေနပ်ဖြစ်တော့မည်မလွဲပါ။ မှန်ပါသည်။ ရခိုင်ဘုရင်အမှန်ပင်ဒေါသဖြစ်ရသည်။ သို့သော်အခြေအနေမှာ ဒတ်ချ်တို့မျော်မှန်းထားသည်ထက်များစွာ ပိုမိုဆိုးရွားလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဘင်္ဂလားဘုရင်ခံအနေဖြင့် ဒတ်ချ်တို့ မျော်မှန်းထားသည်ထက်များစွာ ပိုမိုဆိုဝါးလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဘင်္ဂလားဘုရင်ခံအနေဖြင့် ဒတ်ချ်တို့၏ထောက်ခံမှုကို ရရှိထားပြီဟူ၍ ရခိုင်ဘုရင်ထံပေးပို့သောရာဇသံတွင် ဖော်ပြပါရှိနေသောကြောင့်ဖြစ်သည်။ ရခိုင်ဘုရင်သည် ဒေါသကြီးစွာဖြင့် ဘာတေးဗီးယားရှိဘုရင်ခံချုပ်ထံ ပြင်းထန်လှသောကန့်ကွက်စာ တစ်စောင် ပေးပို့လိုက်တော့သည်။ ထို့ပြင် ဘင်္ဂလားဘုရင်ခံ၏ တောင်းဆိုမှုကိုလည်းပယ်ချပစ်လိုက်သည်။ ဤသို့ထပ်ခါ ထပ်ခါဖြစ်ပျက်လာလေရာ သုံးဦးသုံးဘက်ဆက်ဆံရေးများထိခိုက်ယိုယွင်းလာခဲ့ရသည်။ ရခိုင်ကရော မဂိုတို့ ကပါ ဒတ်ချ်တို့၏ ထောက်ခံမှုကိုရရန် အသေအလဲကြိုးပမ်းနေခိုက် ဒတ်ချ်တို့ကလည်း ကြားနေရေးမှုဝါဒကို ခေါင်းမော့စွာဖြင့် တွယ်ဖက်ထားလေရာ မဂိုဘုရင်နှင့် ရခိုင်ဘုရင် နှစ်ဦးစလုံးက ဒတ်ချ်တို့အပေါ်သဘောမတွေ့ ဖြစ်လာခဲ့တော့သည်။
၁၆၆၃ ခုနှစ် ဇူလိုင်လတွင် ရှားရှုဂျာ၏ နောက်လိုက်တချို့တို့က မင်းသားငယ်များအား ကယ်တင်ရန် အသည်းအသန်ကြိုးစားကြပြန်တယ်။ ထိုသူတို့သည် နန်းတော်၏ တစိတ်တပိုင်းကိုပင်မီးရှို့ပစ်နိုင်ခဲ့ကြသည်။ ထိုလုပ်ရပ်ကို လက်တုံ့ပြန်သည့်အနေဖြင့် ရခိုင်ဘုရင်သည် မင်းသားငယ်သုံးဦးတို့အား ကွပ်မျက်ပစ်လိုက် သည်။ ဤအခြေအနေဆိုက်နေပြီးမှတော့ ရခိုင်ဘုရင်အနေဖြင့် နောက်ဆုတ်ဖို့မဖြစ်နိုင်တော့ပါ။ နှစ်ပြည်ထောင်စစ်ပွဲ မလွဲမသွေဆင်နွှဲရတော့မည့်ကိန်းဖြစ်နေတော့သည်။ ၁၆၆၄ နှစ်ဦးပိုင်းတွင် အင်အားကြီးမားသော ရခိုင်ရေတပ်က ဘင်္ဂလားကိုဝင်ရောက်တိုက်ခိုက်လိုက်တော့သည်။ နာမည်ဆိုးဖြင့်ကျော်ကြားသော ဗရင်ဂျီ(ပေါ်တူဂီ)များ ကွပ်ကဲသည့်စစ်သဘောၤ ၇၀ ခန့်သည် ဒီယင်းဂါးမှ ဒက္ကာအထိဆန်တက်လာခဲ့ပြီး သဘောၤ ၂၆၀ ပါ မဂိုရေတပ် ကိုအနိုင်ယူလိုက်သည်။ မဂိုစစ်သဘောၤ ထက်ဝက်ကျော်ကို နှစ်မြုပ်ဖျက်ဆီးပစ်လျက် ကျေးလက်ဒေသများမှ လူရာပေါင်းများစွာကို ဖမ်းဆီးခေါ်ဆောင်ယူလာခဲ့သည်။ ဤသို့ လူများကိုဖမ်းယူပြီး ကျွန်ပြုခြင်းမျိုးမှာ အဆန်းမဟုတ်ပါ။ယခင်က နှစ်စဉ်နှစ်တိုင်းလုပ်နေကျလုပ်ရပ်သာဖြစ်သည်။ တခါမျှလက်တုံ့ပြန်မှုမခံခဲ့ရပါ။ သို့သော် ယခု အခြေအနေမှာ တစ်မျိုးဖြစ်လာခဲ့သည်။ အော်ရန်ဇပ်သည် သူ၏မိခင်ဘက်မှ ဦးရီးတော်စပ်သူ ရှာယိစတာခန့် (Shayista Khan) အား ဘင်္ဂလားဘုရင်ခံအဖြစ် ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။ ထို့ပြင် ဒီယင်းဂါးရှိ ပင်လယ်ဓားပြ အသိုက်အမြုံကို မြေလှန်အမြစ်ဖြုတ်ပစ်ရန် ဆုံးဖြတ်ချက်ချထားပြီးလည်း ဖြစ်နေပါသည်။