- စစ်တွေမြို့သို့ စစ်ကောင်စီက ကုန်စည်တင်သွင်းနေသော်လည်း ပြည်သူများထံ မရောက်
- သုံးရက်အတွင်း ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၃၀ ကျော်ရှိ
- မောင်တောဒေသတွင် အရေးပါသည့်တံတားများအား စစ်ကောင်စီ ဖျက်ဆီးနေ
- ဘူးသီးတောင်မြို့တွင် မွတ်ဆလင်များ AA ကို ဆန္ဒပြပြန်
- စစ်ကောင်စီထောင်ထားသည့် မိုင်းကိုနင်းမိ၍ ကျောက်ဖြူဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
လူ ၂၂ ဦးလိုက်ပါသွားသည့် နီပေါလေယာဉ်၏ အပျက်အစီးများ ရှာတွေ့ပြီဟု အာဏာပိုင်များပြော
မေလ ၂၉ ရက်နေ့က ပျောက်ဆုံးသွားသည့် လေယာဉ်ပျက်ကျရာနေရာကို တွေ့ရှိထားပြီဟု နီပေါစစ်တပ်က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
31 May 2022
DMG ၊ မေ ၃၁
မေလ ၂၉ ရက်နေ့က ပျောက်ဆုံးသွားသည့် လေယာဉ်ပျက်ကျရာနေရာကို တွေ့ရှိထားပြီဟု နီပေါစစ်တပ်က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
အဆိုပါလေယာဉ်ပေါ်၌ လူ ၂၂ ဦးလိုက်ပါသွားပြီး ယမန်နေ့က တိမ်ထူထပ်သည့် ရာသီဥတုအတွင်း ပျောက်ဆုံးသွားခြင်း ဖြစ်သည်။
“ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဟာ လေယာဉ်ပျက်ကျရာနေရာကို ကိုယ်တိုင်ကိုယ်ကျ တွေ့ရှိထားပါပြီ” ဟု စစ်တပ်ပြောခွင့်ရ နာရယန်းဆီဝါက တွစ်တာပေါ်တွင် ရေးသားထားပြီး လေယာဉ်နံပါတ်ကို ရှင်းရှင်းလင်းလင်းမြင်ရသည့် လေယာဉ်အမြီးပိုင်းဓာတ်ပုံနှင့် တွဲတင်ထားသည်။
အဆိုပါလေယာဉ်သည် မြို့တော်ခတ္တမန္ဒုအနောက်ဘက် ၁၂၅ ကီလိုမီတာအကွာရှိ ပိုခရာမြို့မှ ဂျောဆွန်းသို့ ထွက်ခွာလာခြင်း ဖြစ်သည်။ စတင်ထွက်ခွာပြီး မိနစ် ၂၀ အကြာတွင် အဆက်အသွယ် ပြတ်တောက်သွားခြင်း ဖြစ်သည်။
လေယာဉ်ပေါ်၌ အိန္ဒိယလူမျိုး ၄ ဦး၊ ဂျာမန် ၂ ဦးနှင့် နီပေါ ၁၆ ဦးတို့ လိုက်ပါသွားကြောင်း လေကြောင်းလိုင်းနှင့် အစိုးရအရာရှိများထံမှ သိရသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နီပေါနိုင်ငံသည် လေကြောင်းမတော်တဆမှုများ အဖြစ်များသည့်နိုင်ငံဖြစ်သည်။ နိုင်ငံ၏ ရာသီဥတုသည် အပြောင်းအလဲမြန်ပြီး လေယာဉ်ကွင်းများသည် တောင်ထူထပ်သည့် နေရာများပေါ်၌ တည်ရှိကာ ဆင်းသက်ရန် ခက်ခဲလေ့ရှိသည်။ ကမ္ဘာအကြီးဆုံး တောင်တန်း ၁၄ လုံးအနက် ၈ လုံးသည် နီပေါတွင် တည်ရှိသည်။