- ပုဏ္ဏားကျွန်းတွင် မြန်မာစစ်တပ်နှင့် AA တို့ စစ်သုံ့ပန်းများ ထပ်မံလှဲလှယ်
- အခြေခံကျောင်းသားများသမဂ္ဂ(စစ်တွေမြို့နယ်) ဖွဲ့စည်းထားမှုကို အသိအမှတ်ပြုပေးရန် တောင်းဆို
- ရခိုင်နှင့် ပလက်ဝတွင် မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် တစ်နှစ်အတွင်း သေဆုံး၊ ဒဏ်ရာရသူ ၂၂၀ ကျော်ရှိခဲ့
- မြောက်ဦးက စစ်ဘေးရှောင်များအတွက် ရိက္ခာထောက်ပံ့သည့် အစီအစဉ်ကို ICRC မှ WFP သို့ လွှဲပြောင်း
- စစ်ကောင်စီအစီအစဉ်ဖြင့် နေရပ်ပြန်သွားကြသော စစ်ဘေးရှောင်များ ဘ၀ရပ်တည်ရေး ခက်ခဲနေ
- ဘူးသီးတောင်တွင် မြေမြှုပ်မိုင်းပေါက်ကွဲပြီး ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ
- ၂၀၂၂ တွင် မြန်မာနိုင်ငံ၌ ဘိန်းစိုက်ဧက တစ်သိန်းနီးပါးအထိ မြင့်တက်ခဲ့ကြောင်း ကုလထုတ်ပြန်
- မင်းပြားတွင် မိုင်းနင်းမိ၍ အမျိုးသားတစ်ဦး သေဆုံး
လောင်းလုံတွင် မင်္ဂလာပွဲအတွင်း ဗုံးပေါက်ကွဲမှုဖြစ်၊ ၁၀ ဦး ဒဏ်ရာရ
တနင်္သာရီတိုင်း လောင်းလုံမြို့နယ် ဝေဒီကျေးရွာတွင် ယမန်နေ့ (ဒီဇင်ဘာ ၂၉) ရက်က မင်္ဂလာဆောင်ပွဲအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့မှုဖြစ်ကာ ဒေသခံ ( ၁၀ ) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
30 Dec 2022

ဝေဒီကျေးရွာရှိ မင်္ဂလာဆောင်ပွဲ ဗုံးပေါက်ကွဲမှုဖြစ်စဥ်မြင်ကွင်းများ။ ဓာတ်ပုံ- CJ
DMG | ဒီဇင်ဘာ ၃၀
တနင်္သာရီတိုင်း လောင်းလုံမြို့နယ် ဝေဒီကျေးရွာတွင် ယမန်နေ့ (ဒီဇင်ဘာ ၂၉) ရက်က မင်္ဂလာဆောင်ပွဲအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့မှုဖြစ်ကာ ဒေသခံ ( ၁၀ ) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
ယမန်နေ့ နံနက် ၈ နာရီ အချိန်၌ မင်္ဂလာဆောင်ပွဲ ဧည့်ကြိုစားပွဲခုံနေရာတွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အနီးအနားရှိ ပွဲလာရောက်သူ ဒေသခံ ၁၀ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း မင်္ဂလာဆောင်သို့ ရောက်ခဲ့သူ ဒေသခံတစ်ဦးက ပြောသည်။
“ ဧည့်ကြိုလုပ်တဲ့ စားပွဲအနားမှာ ဗုံးပေါက်သွားတယ်။ တစ်လုံးပဲ ပေါက်သွားတာ။ စားပွဲခုံအနားက ဧည့်ကြိုလုပ်တဲ့သူရယ်၊ ဘေးနားသူတွေ အကုန်ထိသွားတယ် ” ဟု အဆိုပါဒေသခံကပြောသည်။
မိုင်းစထိမှန်သူများမှာ ဉီးခေါင်း၊ ခြေလက်၊ ဝမ်းဗိုက်၊ ခန္ဓာကိုယ်များတွင် ဒဏ်ရာ အများအပြားတွေ့ရပြီး ထိုအထဲမှ ၃ ဉီးမှာ ဒဏ်ရာပြင်းထန်ကြောင်းလည်း သိရသည်။ ကျန် (၇) ဦးမှာလည်း ခြေလက်တို့၌ မိုင်းစထိမှန် ပွန်းပဲ့ ဒဏ်ရာများရရှိခဲ့ကြောင်း လူမှုကူညီရေး လုပ်ဆောင်နေသူများထံမှ သိရသည်။
“ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦးက ဒဏ်ရာပြင်းလို့ ထားဝယ်ဆေးရုံကို ပို့ထားရတယ်။ ကျန်တဲ့ သူတွေကတော့ ပွန်းပဲ့ ဒဏ်ရာရသွားတယ် ” ဟု လောင်းလုံမြို့ရှိ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ကျေးရွာအနီးတဝိုက်သို့ စစ်တပ်နှင့် ရဲအဖွဲ့မှ လာရောက်စစ်ဆေးခဲ့ကာ ယနေ့ (ဒီဇင်ဘာ ၃၀) နံနက် ၄ နာရီ အချိန် က လူငယ် (၁၅) ဦးကို လောင်းလုံမြို့ မရဲစခန်းသို့ ဖမ်းဆီးခေါ် ဆောင်သွားခဲ့ကြောင်း သိရသည်။
“ အခု မနက်ပဲ မင်္ဂလာဆောင် အိမ်အနီးက သူတွေရယ်။ ရွာထဲက လူငယ်တွေရယ် ၁၅ ဦးလောက်ရှိမယ်။ မေးမြန်းစရာရှိလို့ဆိုပြီး ဖမ်းခေါ်သွားတယ်။ ဗုံးပေါက်တဲ့ အိမ်အနီးတဝိုက်ရယ်၊ ရွာအနီးကိုလည်း လာစစ်ဆေးသွားတယ် ” ဟု ဝေဒီကျေးရွာသား တစ်ဦးကပြောသည်။
ဝေဒီကျေးရွာ မင်္ဂလာပွဲ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့လက်ချက်ဖြစ်သည်ကို မသိရသေးပေ။
သို့သော်လည်း လောင်းလုံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကေအန်ယူ တပ်မဟာ ၄ KNDO၊ ဒေသခံကာကွယ်ရေးအဖွဲ့ ပူးပေါင်းတပ်ကြား တိုက်ပွဲများမကြာခဏ ဖြစ်ပွားမှုများ၊ နှစ်ဖက် စစ်ရေးတင်းမာနေမှုများ ရှိနေသည့် ဒေသတစ်ခုလည်း ဖြစ်သည်။