မောင်တောဒေသမှာ သွေးအားနည်းတဲ့ရောဂါတွေ အများဆုံးတွေ့နေရတယ်လို့ ဆရာဝန်ကြီးတွေပြောဆို

ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတဲ့ မောင်တောမြို့နယ်မှာ မြန်မာနိုင်ငံ ဆရာဝန်များအသင်း (ဗဟို)မှ အထူးကုဆရာဝန်ကြီး ၁၈ ဦး၊ ကျန်းမာရေးဆရာမ ၁၂ ဦးနဲ့ ကျန်းမာရေး ကျွမ်းကျင်လုပ်သား ၆ ဦးတို့က အခမဲ့ ဆေးကုသပေးနေတယ်လို့ သိရပါတယ်။

မောင်တောမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့က စပြီး သုံးရက်တာ ဆေးကုသပေးနေတာ ဖြစ်ပြီး ဆေးလာကုတဲ့ဒေသခံတွေမှာ သွေးနဲ့ပတ်သက်တဲ့ ရောဂါတွေကို အများဆုံးတွေ့နေရတယ်လို့ မြောက်ဥက္ကလာ ဆေးရုံကြီးက သွေးရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာ အေးအေးကြီးက ပြောပါတယ်။

01 Jan 2018