စိုးရိမ်မှူ၊ စိန်ခေါ်မှူတွေနဲ့ အနောက်တံခါးက ရွှေ့ပြောင်းပညာရေး

 

   အဲဒီလို မကြာခဏ တိုင်းရင်းသားတွေသတ်ဖြတ်ခံရလိုက်၊ ပေါက်ကွဲမှုတွေဖြစ်ပွားလိုက်၊ ဒေသတွင်းနေထိုင်တဲ့ ရခိုင်၊မြို၊ သက်၊ ဒိုင်းနက်နှင့် တစ်ခြားတိုင်းရင်းသားတွေရဲ့ ဘဝဟာ ဘယ်လို့မှ လွတ်လပ်တဲ့အခြေအနေမရှိလို့ဆိုရမှာပါ။ ကျောင်းတွေပိတ်ထားလိုက်၊ ပြန်ဖွင့်လိုက်၊ ဆရာ၊ ဆရာမတွေ မရောက်လိုက်၊ ပြန်ရောက်လိုက် အခြေအနေမှာ ကျောင်းသားကျောင်းသူတွေ နဲ့ ကျောင်းသားမိဘတွေကပါ မိမိတို့ရဲ့ ကလေးတွေလုံခြုံရေးကို အဓိကဦးစားပေးစဉ်းစားလာကြ တာလည်းဖြစ်ပါတယ်။

By စိမ်းကိုကို 21 May 2018

မကြာမီ ဘင်္ဂလီများဝင်ရောက်လာတော့မည်ဖြစ်၍ ပြသာနာများဖြစ်ပွားလျှင် ကလေးများဖြင့် ထွက်ပြေးရန်ခက်ခဲမည်ကိုစိုးရိမ်သဖြင့် မေလ ၁၂ ရက်နေ့က ကလေးငယ်များကို အခြားမြို့သို့ပညာသင်ရန် ပြောင်းရွှေ့စဉ်။ 

စိမ်းကိုကို ရေးသားသည်

ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေး၊ လူတိုင်းစာတတ်မြောက်ရေးအတွက် အခြေခံပညာရေးကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ အရေးကြီးတယ်ဆိုတာကိုလည်း မိဘတိုင်း သိရှိကြပါတယ်။ ဒါကြောင့် မျက်မှောက်ခေတ်ပညာရေးကဏ္ဍရဲ့ အရေးပါမှုနောက်ကို လိုက် ကြရင်းက မိမိတို့ရဲ့သား၊ သမီးတွေကို အစိုးရအလယ်တန်း၊ အထက်တန်းကျောင်းတွေအပြင် ကိုယ်ပိုင်ကျောင်းတွေမှာ အပ်နှံကြတာလည်း များစွာရှိလာပါတယ်။ အဲဒီလို ပညာရေးနောက် ကိုလိုက်ကြတဲ့ မိဘနဲ့ကျောင်းသားတွေကို နားလည်ရခက်သွားစေတာကတော့ အကြောင်း အမျိုးမျိုးကြောင့် ကျောင်းပိတ်တာရယ်။ ဆရာ၊ ဆရာမတွေ ကျောင်းမတက်နိုင်တာရယ်။ ကျောင်းသူ၊ ကျောင်းသားတွေ ကိုယ်နှိုက်ကလည်း ကျောင်းလာမတက်နိုင်ကြတာတွေရယ်ကြောင့် ကလေးတွေရဲ့ ပညာရေးဟာ ဆုံးခန်းတိုင်မရောက်ခဲ့တာဟာဆိုရင် ၂၀၁၂ ခုနှစ် နောက်ပိုင်းက စတင်ခဲ့ပါတယ်။

 ပြဿနာဖြစ်တိုင်း နာခဲ့ရသူတွေ

           ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က သြဂုတ် လ ၂၅ ရက်နေ့ဖြစ်ပေါ်ခဲ့တဲ့ လုံခြုံရေးကင်းစခန်း ၃၀ ကို ARSA ကြမ်းဖက်သမားတွေ အချိန်တည်း တစ်ပြိုင်တည်းတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေထဲမှာ ကလေးအများစုဟာ ကျောင်းမသွားနိုင်တော့တဲ့ အခြေအနေကို ရောက်ရှိသွားခဲ့တာပါ။ ကလေးတွေအပြင် ဆရာ၊ ဆရာမတွေပါ အကြမ်းဖက်သမားတွေကြောင့် ထွက်ပြေးခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ် တွေထဲက ကျောင်းပေါင်း ၄၀၀ ကျော်ကို လအနည်းငယ်ပိတ်ထားခဲ့ရပြီး၊ တစ်ချို့ကျောင်းတွေမှာ မီးရှို့တာ၊ ဖျက်ဆီးတာတွေကိုခံခဲ့ရပါတယ်။  လူတွေအကုန်လုံးဟာလည်း ဘေးလွတ်ရာကိုထွက်ပြေးခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ်ကနေ စိုးရိမ်မှုကြီးစွာဖြင့် ကျောင်းတက်၊ ကျောင်းဆင်းရတဲ့ ဆရာ၊ဆရာမတွေဟာ လုံခြုံရေးအစီမံတွေရှိမှသာ ကျောင်းတက်၊ ကျောင်းဆင်း နိုင်တဲ့အခြေအနေတွေပါ။ ဒေသတွင်းမှာ ကောင်းမွန်စွာပညာသင်ဖို့ရန်အတွက်လည်း ကျောင်းသူ၊ကျောင်းသားတွေနဲ့ မိဘတွေကိုယ်တိုင်က စိုးရိမ်မှုတွေလွန်ကဲရတဲ့အခြေအနေပါ။ တ ကယ်မြေပြင်အခြေအနေမှာလည်း မောင်တောဒေသမှာ တာဝန်ထမ်းဆောင်နေကြရတဲ့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ၊ကျောင်းသားတွေရဲ့ နေ့ စဉ်ကျောင်းတက်ကျောင်းဆင်းရတဲ့ အ ခြေအနေဟာလည်း မျက်စိကိုဖွင့်၊ နားကိုစွင့်နေရဆဲပါ။ ပြဿနာဖြစ်တိုင်းမှာ ကျောင်းနဲ့ဝေး၊ စာနဲ့ ဝေးခဲ့ရသူတွေက ဒေသခံကျောင်းသား၊ ကျောင်းသူတွေနဲ့ ပညာသင်ပေးနေတဲ့ ဆရာ၊ ဆရာမ တွေသာဖြစ်တယ်။

 ကျောင်းတွေဖွင့်လိုက်၊ မဖွင့်လိုက်

 မောင်တောမြို့နယ်အတွင်းမှာ အခြေခံပညာကျောင်းပေါင်း ၁၈၃ ကျောင်း၊ ဘူးသီးတောင်မြို့နယ် မှာ ၂၂၁ ကျောင်း၊ ရသေ့တောင်မြို့နယ်မှာ ၂၄၆ ကျောင်းရှိတယ်လို့ အစိုးရရဲ့ထုတ် ပြန်ချက်တွေ အရသိရပါတယ်။ အသေးစိတ်စာရင်းတွေအရဆိုရင်တော့ မြို့နယ်သုံးခုမှာ အထက်တန်းကျောင်း ပေါင်း ၃၉ ကျောင်း၊ ၂၇၅ ကျောင်း၊ မူလတန်းကျောင်း ၃၃၆ ကျောင်းရှိပါတယ်။ အဲဒီအထဲမှာ အကြမ်းဖက်မှုဖြစ်ပွားပြီးနောက်ပိုင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တဲ့ စာရင်းကတော့ ၂၀၁၇ ခုနှစ် နှစ်ကုန် ပိုင်းအထိ ၂၆၄ ကျောင်းကိုသာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ နောက်ထပ် ဖွင့်လှစ်မဲ့ကျောင်း ၁၁၂ ကျောင်းနှင့် ဖွင့်လှစ်နိုင်ခြင်းမရှိသေးတဲ့ ကျောင်း ၄၈ ကျောင်းရှိသေးတယ်လို့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း အစိုးရကထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ဇွန်လက စတင်ပြီး ကျောင်းတွေပြန်လည်ဖွင့်လှစ်ကာ ကျောင်းလက်ခံရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် မောင်တောဒေသအတွင်းမှာရှိတဲ့ ကျောင်းတွေအားလုံးကတော့ ပြန်ဖွင့်ဖို့ကြိုးစားနေဆဲဖြစ်ပေမယ့် လုံးဝပြန်ဖွင့်ဖို့ အခြေအနေမရှိတဲ့ ကျောင်းပေါင်း ၇၀ ကျော်အထိ ရှိနေသေးတယ်လို့ ပြည်နယ်ပညာရေးမှူးရုံးက သိရပါတယ်။

 စိုးရိမ်မှုတွေနဲ့ မောင်တောပညာရေးရဲ့ အနာဂါတ်

           အဲဒီလို မကြာခဏ တိုင်းရင်းသားတွေသတ်ဖြတ်ခံရလိုက်၊ ပေါက်ကွဲမှုတွေဖြစ်ပွားလိုက်၊ ဒေသတွင်းနေထိုင်တဲ့ ရခိုင်၊မြို၊ သက်၊ ဒိုင်းနက်နှင့် တစ်ခြားတိုင်းရင်းသားတွေရဲ့ ဘဝဟာ ဘယ်လို့မှ လွတ်လပ်တဲ့အခြေအနေမရှိလို့ဆိုရမှာပါ။ ကျောင်းတွေပိတ်ထားလိုက်၊ ပြန်ဖွင့်လိုက်၊ ဆရာ၊ ဆရာမတွေ မရောက်လိုက်၊ ပြန်ရောက်လိုက် အခြေအနေမှာ ကျောင်းသားကျောင်းသူတွေ နဲ့ ကျောင်းသားမိဘတွေကပါ မိမိတို့ရဲ့ ကလေးတွေလုံခြုံရေးကို အဓိကဦးစားပေးစဉ်းစားလာကြ တာလည်းဖြစ်ပါတယ်။ အလုပ်ကိုင်နဲ့ တောတောင်တွေကို သွားရောက်လုပ်ကိုင်ရမယ့် အရေး မှာလည်း တစ်ဦးချင်းတစ်ယောက်ချင်း မသွားရဲမလာရဲကြတဲ့ အခြေနေရှိသလို၊ လစ်ရင်လစ်သလို အကြမ်းဖက်သတ်ဖြတ်တတ်တဲ့ အကြမ်းဖက်အုပ်စုရဲ့ရန်ဟာ ဘယ်တော့မှမငြိမ်သေးဘူးဆိုတာကို ဒေသခံတိုင်းရင်းသားတွေ အကုန်လုံးနားလည်ထားကြပါတယ်။ သူတို့ သား၊ သမီးတွေရဲ့ အနာဂါတ်အတွက် ပညာရေးအခြေအနေဟာ ထင်ထားသလိုဖြစ်နိုင်စရာမရှိဆိုတာလည်းကို ကောင်းကောင်းသဘောပေါက်ခဲ့ကြပြီဖြစ်တယ်။ နောက်တစ်ကြိမ်ဖြစ်လာခဲ့ရင် ဆိုတဲ့ စိုးရိမ်မှုတွေနောက်မှာ မောင်တောရဲ့ပညာရေးအနာဂတ်ဟာ ေ၀ဝါးနေဆဲဆိုတာပါပဲ။

 ကလေးတွေရဲ့ တော်ရာခရီး

           နောက်ဆုံးတော့ မောင်တောဒေသမှာနေထိုင်ကြတဲ့ ကျောင်းသားမိဖတိုင်းက မိမိတို့ရဲ့ ဒေသမှာ သား၊ သမီးတွေကို ပညာသင်ယူဖို့မသင့်ဆိုပြီးတော့ တစ်ခြားမြို့နယ်တွေကို ရွေးချယ်ခဲ့ကြပါတယ်။ ဒါ့ကြောင့်လဲ ကျောင်းသားမိဘတွေဟာ ၂၀၁၈ ခုနှစ် ဇွန်လမှာ မိမိတို့ရဲ့သားသမီးတွေကို တစ်ခြားမြို့နယ်တွေမှာ ကျောင်းအပ်နှံနိုင်ဖို့ အစုလိုက် ထွက်ခွာနေကြတာပါ။ မေလ ၁၀ ရက်နေ့မှာတော့ မောင်တောမြို့နယ်မြောက်ပိုင်း နန်းရာကိုင်း၊ တရိမ်း၊ လောင်းဒုံ၊ ကြိမ်ချောင်း စတဲ့ကျေးရွာတွေက ပဉ္စမတန်းနဲ့အထက် ကလေးပေါင်း ၈၀ ကျော်ကို မိဘတွေကိုယ်တိုင်းဦးစီးပြီး ဆွေမျိုးတွေရှိရာ မြို့တွေမှာ ပညာသင်ဖို့ပို့ဆောင်ပေးခဲ့ကြပါတယ်။ အခုလိုပို့ဆောင်တာဟာ တ ကယ်လို့ နောက်ထပ်ပြဿနာဖြစ်လာရင်လည်း ကလေးတွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်စရာ မလိုတော့သလို၊ ပညာရေးကိုလည်း ကောင်းမွန်စွာသင်ယူနိုင်မယ့် တစ်ခုတည်းသော နည်း လမ်းလည်းဖြစ်ပါတယ်။ နောက်လည်း တစ်ခြားမြို့နယ်တွေမှာ ပညာသင်ယူနိုင်ဖို့အတွက် ပို့ဆောင်ဖို့် စီစဉ်နေကြတာတွေ အများကြီးရှိသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

            ငွေကုန်ကြေးကျများမယ်ဆိုတာကို သိပေမယ့် မိဘတိုင်းက ဒီရွေး ချယ်မှုကို အကောင်းဆုံးလက်ခံထားတာပါ။ ဒါကြောင့် ကလေးတွေကို မိမိတို့ ဒေသတွင်းမှာရှိတဲ့ ကျောင်းတွေမှာ မထားတော့ပဲ ပညာရေးအတွက် တော်ရာမြို့နယ်တွေကိုပို့ဆောင်နေကြတာပါ။

 ပညာရေးအကြောင်းပြ နေရပ်စွန့်ခွာမှုလား

           နှစ်ပေါင်းများစွာ ဘင်္ဂါလီတွေရဲ့ အကြမ်းဖက်မှုတွေ၊ ခြိမ်းမြောက်မှုတွေကို ခံစားလာခဲ့ရတဲ့ ဒေသခံတိုင်းရင်းသားတွေဟာ မိမိတို့ရဲ့နေရပ်တွေကိုစွန့်ခွာပြီး သွားနေကြတာဟာ အခုအချိန် ထိလို့ ဆိုနိုင်ပါတယ်။ လူဦးရေအားဖြင့် မပြောစလောက်သာကျန်တော့တဲ့ တိုင်းရင်းသားတွေရဲ့ ဘဝဟာလည်း ဆင်းရဲတွင်းထဲမှာရှိပါတယ်။ ဒါကြောင့်လည်း အကြမ်းဖက်မှုနောက်ပိုင်း အစိုးရရဲ့ ပြန်လည်ထူထောင်ရေး၊ ပြန်လည်လက်ခံရေး အပိုင်းတွေနဲ့ပတ်သက်ပြီး မောင်တောတောင်ပိုင်း၊ မြောက်ပိုင်း၊ အလယ်ပိုင်းစတဲ့ ဒေသတစ်ခုလုံးက ထွက်ပြေးဘင်္ဂါလီတွေကို မူလနေရာတွေမှာ ပြန်လည်နေရာချထားရင် တစ်ကျော့ပြန်ပြဿနာဖြစ်လာနိုင်တဲ့အတွက် လုံးဝမချထားပေးဖို့ တောင်းဆိုခဲ့သလို၊ တကယ်လို့ အစိုးရက မူလနေရာတွေမှာသာ ချထားပေးခဲ့ရင် မိမိတို့အနေနဲ့ မိမိတို့ရဲ့ ရပ်ရွာတွေကိုစွန့်ခွာသွားကြဖို့လည်း ထုတ်ပြန်ခဲ့ကြပါတယ်။

လက်ရှိမှာလည်း ပြန်လည်လက်ခံရေးအတွက် အစိုးရဆောင်ရွက်နေတာရှိသလို၊ တရားဝင် ပြန်လည်လက်ခံရေးခန်းတွေကမဟုတ်ပဲ တစ်ဖက်နိုင်ငံဖက်က ခိုးဝင်လာကြတဲ့သူတွေ များလာတဲ့ အတွက် ဒေသခံတွေရဲ့ စိုးရိမ်မှုကိုမြင့်တက်လာစေပါတယ်။ ဒါကြောင့်လည်း ကလေးတွေရဲ့ ပညာရေးအတွက် အကြောင်းပြကာ ရွှေ့ပြောင်းနေရတာလားဆိုတဲ့ မေးခွန်းလည်းထွက်ပေါ်လာ ခဲ့ပါတယ်။

 အဆုံးမဲ့သံသယတွေနဲ့ မောင်တောပြန်လည်ရှင်သန်ရေး

           မောင်တောဒေသပြန်လည်ရှင်သန်စေရေး၊ တည်ငြိမ်အေးချမ်းရေး အတွက်ဆိုရင် ဒေသခံတွေဖက်က အဓိကတောင်းဆိုတာကတော့ လုံခြုံရေးပါ။ လုံခြုံရေး အပြည့်အဝချထားပေးဖို့ကိုသာ အဓိကတောင်းဆိုကြတာပါ။ တစ်ကျော့ပြန်လာမှာကို ဒေသခံတွေက စိုးရိမ်ဆဲ၊ ယုံကြည်နေကြဆဲပါ။ မောင်တောဒေသ တိုက်ခိုက်ခံနေရတာဟာ တစ်ကြိမ်တစ်ခါ မဟုတ်တော့သလို ရှေးယခင်ကလည်း တိုင်းရင်းသားတွေကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်သတ်ဖြတ်ခဲ့ပြီးဖြစ်တယ်။ ဒါကြောင့်လည်း ဘင်္ဂါလီတွေနဲ့ အတူယှဉ်တွဲနေထိုင်ရေးဟာ လုံးဝမဖြစ်နိုင်တော့ဘူးဆိုတာကို ဒေသခံတိုင်းရင်းသားတွေ အားလုံးက သိရှိနားလည်ထားပြီး ဖြစ်ပါတယ်။

           မကြာခင်ကျောင်းဖွင့်ရင် ဆရာ၊ ဆရာမတွေဟာလည်း တာဝန်ကျရာ ကျောင်းတွေမှာ ပညာသင်ကြားရတော့မှာဖြစ်တယ်။ သူတို့ရဲ့ လုံခြုံရေးအခြေအနေဟာလည်း အရေးကြီးပါတယ်။ လုံခြုံရေးမပါဘဲ ကျောင်းသွား၊ ကျောင်းပြန်လုပ်ရမယ့်အလုပ်ကို ဆရာ၊ ဆရာမတိုင်း လက်မခံပါဘူး။ လုံခြုံရေးအစောင့်အရှောက်ကို အဓိကအားကိုးပြီး ကျောင်းသွား၊ ကျောင်းပြန် လုပ်နေရတာဆိုတော့ အဲဒီဒေသမှာနေထိုင်တဲ့ ဒေသခံတိုင်းရင်းသားတွေရော၊ တာဝန်ထမ်းဆောင် နေကြတဲ့၊ ဆရာ၊ ဆရာမတွေရော၊ ကျောင်းသားကျောင်းသူတွေပါ စိုးရိမ်မှုများစွာ ရှိနေကြတာ ကိုတော့ အထူးပြောစရာမလိုပေမဲ့ သက်ဆိုင်ရာ အစိုးရအနေနဲ့ ဘယ်လိုစီမံသွားမယ်၊ လုံခြုံ ရေးအခြေအနေကို ဘယ်လိုချထားပေးမယ်။ ပြဿနာတွေ နောက်ထပ်ဖြစ်မလာအောင် ဘယ်လိုကာကွယ်မယ်ဆိုတဲ့ အရာတွေဟာ အရေးကြီးပါတယ်။ ဒီလို အာမခံနိုင်မှု မရှိသေးသရွေ့ တော့ မောင်တောဒေသမှာရှိတဲ့ မိဘတိုင်းက မိမိတို့ရဲ့သားသမီးတွေကို တည်ငြိမ်အေးချမ်းတဲ့ နေရာမှာထားမှာ အမှန်ပါ။  လွတ်လပ်စွာ ပညာသင်ကြားခွင့်ရှိတယ်ဆိုပေမယ့် မိမိတို့ရဲ့ ရပ်ရွာတွေ မှာ တကယ်အရေးကြီးပါတယ်။ ဘယ်လိုပဲ ဆိုကြပါစေ မောင်တောရဲ့ အခြေအနေကတော့ဖြင့် သံသယများစွာ၊ စိုး ရိမ်မှုများစွာဖြင့် ခရီးဆက်နေရဦးမှာပဲ ဖြစ်ပါတယ်။