ငပလီမြို့မှာ ဓားထောက် လုယက်မှုတစ်ခုဖြစ်ပွား

11 Jun 2018

dtv news - ဇွန်လ ၉ ရက်နေ့ ညဉ့်အချိန် တစ်ဦးတည်းအိပ်ပျော်နေတဲ့ ဒေါ်သိန်းရင် အသက်(၆၇) နှစ်ရဲ့ နေအိမ်ပေါ်သို့ အမည်မသိ လူနှစ်ဦးတက်လာပြီး ဒေါ်သိန်းရင်ရဲ့ မျက်လုံးကို လက်ဖြင့်ပိတ်ကာ ပါးစပ်ထဲကို အဝတ်တွေထည့်ပြီး လက်တွေကို ကြိုးနဲ့ချည်းနှောင်ကာ နားကပ်တစ်ရံနဲ့ ငွေတစ်သိန်းကို ဓားထောက် လုယူသွားကြတာဖြစ်တယ်လို့ ဒေါ်သိန်းရင်က ပြောပါတယ်။

သတင်း - မျိုးမြင့်ဇော်

နိုင်ငံတကာဖိအားကို လုပ်နေချိန်မှာ အမျိုးသားလုံခြုံရေးအား ထိခိုက်သွားမည်ကို စိုးရိမ်နေ

ရွှေထက် 11 Jun 2018

dtv news - ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာဖိအားတွေကို အစိုးရကလိုက်လုပ်နေရချိန်မှာ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိပါးစေမလားလို့ စိုးရိမ်ချက်တွေ ရှိနေပါတယ်။

သတင်း - ရွှေထက်

ဆရာ၊ ဆရာမတွေ ရာထူးတိုးအတွက် ငွေကျပ် ၅ သိန်းပေးရတယ်လို့ သတင်းတွေ ထွက်ပေါ်နေ

ခင်သရဖီဦး 11 Jun 2018

ဆရာ၊ ဆရာမတွေက ရာထူးတိုးလျောက်တဲ့အခါမှာ ငွေကျပ် ၅ သိန်းပေးရင် စိတ်ကြိုက်နေရာကို ချပေးတယ်လို့ ငွေတောင်းခံရတဲ့ ဆရာမတစ်ဦးနဲ့ နီးစပ်သူ အမည်မဖော်လိုတဲ့ ကျောင်းဆရာတစ်ဦးက ပြောပါတယ်။

ရမ်းဗြဲလွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို တရားမစွဲသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များဆို

စိမ်းကိုကို 11 Jun 2018

dtv news - ရမ်းဗြဲမြို့နယ်၊ အမှတ်(၂) မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို ပညာရေးကိစ္စဝေဖန်တဲ့အတွက် အမှုဖွင့်တာဟာ မဖြစ်သင့်တဲ့ ကိစ္စတစ်ခုလို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောဆိုလိုက်ပါတယ်။

သတင်း - စိမ်းကိုကို

ဘင်္ဂါလီကျေးရွာများတွင် တာဝန်ကျနေသည့် ဆရာ/ မများအတွက် လုံခြုံရေးအားနည်း

10 Jun 2018

မောင်တောမြို့နယ်က ဘင်္ဂါလီကျေးတွေမှာ ဆရာ၊ ဆရာမတွေအတွက် လုံခြုံရေးအားနည်း ဝံသမောင်တောသတင်းပေးပို့ထားတာကို ဇင်စုခိုင်က တင်ဆက်ထားပါတယ်။ မောင်တောမြို့နယ်အတွင်း ဝေးလံခေါင်းဖျားတဲ့ ဘင်္ဂါလီကျေးရွာတွေမှာ တာဝန်ကျတဲ့ ပညာရေးဝန်ထမ်းတွေကို လုံခြုံရေးအပြည့်အဝပေးအပ်ဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။

ရေလှိုင်းတာဘောင်တွေ ပြိုကျမှုရှိလာတဲ့အတွက် ဒေသခံကျေးရွာသားတွေ စိုးရိမ်

10 Jun 2018

ကမ်းပါးပြိုမှုကို ကာကွယ်ဖို့ပြုလုပ်ထားတဲ့ ရေလှိုင်းတာဘောင်တွေ ပြိုကျမှုရှိလာတဲ့အတွက် ဒေသခံကျေးရွာ သားတွေ စိုးရိမ် မာန်အောင်မြို့နယ်အတွင်းက ရေမျက်ဝကျေးရွာကမ်းခြေမှာ ကမ်းပါးပြိုကျလာနေတဲ့အတွက် ရေလှိုင်း တာဘောင်တွေပြုလုပ်ပြီး ကမ်းပြိုမှုကိုကာကွယ်ထားပေမယ့် လက်ရှိမှာ အဲဒီရေလှိုင်းတာဘောင်တွေကပါ ပြိုကျမှုရှိလာနေပြီလို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။

ကျောက်ဖြူအထူူးစီးပွားရေးဇုန်ကိစ္စ ဒေသခံများတွေ့ဆုံဆွေးနွေး

09 Jun 2018

ကျောက်ဖြူအထူးစီးပွားရေးုဇုန်ဆိုင်ရာ ဒေသခံလူထုတွေ့တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ဒီကနေ့ ဇွန်လ ၈ ရက်နေ့၊နေ့လည်ပိုင်းက ကျောက်ဖြူမြို့နယ် ၊မင်းတက်တောင်ကျေးရွာမှာ ပြုလုပ်ခဲ့ပြီး အဲဒီတွေ့ဆုံဆွေးနွေး ပွဲကနေ အဓိကအချက်(၂) ချက်ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဆက်သွယ်ရေးဥပဒေနဲ့ အမှုဖွင့်ခံထားရတဲ့ ရမ်းဗြဲလွှတ်တော်အမတ်ကို သိန်း ၁၀၀ နဲ့ အာမခံပေး

09 Jun 2018

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခံထားရတဲ့ ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို ကျပ်သိန်း ၁၀၀ နဲ့ စစ်တွေမြို့မရဲစခန်းကနေ အာမခံပေးလိုက်တယ်လို့ သိရပါတယ်။

မိုးရေအောက်မှာ ၂ ရက်တာ စာသင်ခဲ့ရသည့် သံတွဲမြို့ အ.ထ.က(၂)

09 Jun 2018

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ မေ ၂၉ ရက်က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းဒဏ်ကြောင့် သံတွဲမြို့က အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၂) အဆောက်အဦမှာ အမိုးလန်ပျက်စီးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတချို့မှာ မိုးရေထဲ ၂ ရက်တာ စာသင်ကြားခဲ့ရတယ်လို့ သိရပါတယ်။

ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူ ၃၇၈ ဦးကို ပညာရည်ချွန်ဆုချီးမြှင့်

ခိုင်ရိုးလ 09 Jun 2018

တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ရခိုင်ပြည်နယ်အတွင်းက ထူးချွန်စွာ အောင်မြင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ခရိုင်အလိုက် ဆုချီးမြှင့်ပေးအပ်သွာမှာဖြစ်ပြီး ဒီနေ့ ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းမှာတော့ စစ်တွေခရိုင်အတွင်းက ကျောင်းသား၊ ကျောင်းသူတွေကို စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ဆုချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

ရခိုင်မှာ နိုင်ငံပိုင်သစ်ခွဲစက်များက အခွန် ၈ ရာခိုင်နှုန်း ကောက်ခံရရှိမှု မြင့်တက်

နေရောင်မင်း(စစ်တွေ) 08 Jun 2018

၂၀၁၇-၂၀၁၈ ခုနှစ် ရခိုင်ပြည်နယ်အတွင်း အထူးကုန်စည်ခွန်မှာပါဝင်တဲ့ နိုင်ငံပိုင်သစ်ခွဲစက်တွေက အခွန်ကောက်ခံရရှိမှုတိုးလာတာကြောင့် ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ထက် ၈ ရာခိုင်နှုန်းအထိ မြင့်တက်သွားတယ်လို့ စီမံကိန်းနှင့် ဘဣာရေးဝန်ကြီးဌာနရဲ့ ပြည်တွင်းအခွန်များဦးစီးဌာနက သိရပါတယ်။

ရခိုင်တွင် လုပ်သားရှားပါးလာသည့်အတွက် လယ်ထွန်စက် ဝယ်ယူအသုံးပြုမှုများလာ

08 Jun 2018

ရခိုင်ပြည်နယ်အတွင်း လယ်ယာစိုက်ပျိုးရေးအပိုင်းမှာ ကျွဲနွားတွေနည်းပါးလာပြီး အလုပ်သမားတွေ ရှားလာတဲ့အတွက် လယ်ထွန်စက် အသုံးပြုသူတွေ များလာနေတယ်လို့ လယ်ယာစိုက်ပျိုးရေး ထွန်စက်ရောင်းသူတွေထံက သိရပါတယ်။

အစိုးရအဖွဲ့ နှင့် လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စီကိုင်စွဲထားသည့် မာနများကို လျော့ချရန်လို

08 Jun 2018

ရခိုင်ပြည်နယ်အတွက်ချပေးတဲ့ ဘတ်ဂျက်ငွေတွေကိုပြန်မအပ်ရအောင် အစိုးရအဖွဲ့နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ကိုယ်စီကိုင်စွဲထားကြတဲ့မာနတွေကို လျော့ချဖို့လိုတယ်လို့ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်က ဆေးရုံများတွင် ဆရာဝန်လိုအပ်ချက် ရှိနေ

စိမ်းကိုကို 08 Jun 2018

ရခိုင်ပြည်နယ်မှာ စစ်တွေပြည်သူ့ဆေးရုံကြီးအပါဝင် ပြည်သူ့ဆေးရုံးတွေနဲ့ တိုက်နယ်ဆေးရုံး ၇၀ ရှိပြီးတော့ အဲဒီဆေးရံုံတွေမှာ ဆရာဝန်တွေ လိုအပ်နေဆဲဖြစ်တယ်လို့ ပြည်နယ် ကျန်းမာ ရေးဦးစီးမှူး ဒေါက်ကြည်လွင်ကပြောပါတယ်။

အခမဲ့သင်ကြားနေတဲ့ စေတနာညကျောင်းက သုံးနှစ်အတွင်း ကျောင်းသား/သူ ၆၂ ဦး အောင်မြင်

ခိုင်ရိုးလ 07 Jun 2018

စစ်တွေမြို့ အထက ၁ ကျောင်းမှာ တက္ကသိုလ်ဝင်တန်း ၂ နှစ်အထက်ကျတဲ့ ကျောင်းသားတွေကို သင်ကြားပေးနေတဲ့ စေတနာညကျောင်းမှာ ၂၀၁၅ ခုနှစ် စတင်ဖွင့်လှစ်စဉ်ကနေ ယခု ၂၀၁၈ ခုနှစ် အထိ ကျောင်းသား၊ကျောင်းသူ ၆၂ ဦးအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ 

အုပ်ချုပ်ရေးအတွက်ပဲ ဘက်ဂျက်ငွေများစွာတောင်းခံမှု လွှတ်တော်ကိုယ်စားလှယ်များ ထောက်ပြ

07 Jun 2018

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွက်ပဲ ဘတ်ဂျက်ငွေတွေ များစွာတောင်းခံနေမှုဟာ သင့်တော်မှုမရှိဘူးလို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက အစိုးရကို ထောက်ပြပြောဆို လိုက်ပါတယ်။

ပင်စင်ယူ ပညာရေးဝန်ထမ်းများကို ကရုဏာကြေး တစ်လမှာ ၃ ဦးနှုန်းဖြင့် ထောက်ပံ့ပေးနေ

07 Jun 2018

ပင်စင်ယူသွားတဲ့ ပညာရေးဝန်ထမ်းတွေကို ထောက်ပံ့ငွေပေးအပ်ဖို့ မြောက်ဦးမြို့နယ်အတွင်းက ပညာရေးဝန်ထမ်းဆီကနေ ကရုဏာကြေးကို အခုနှစ်မှာ တိုးမြှင့်ကောက်ခံလိုက်ပြီး တစ်လကို ၃ ဦးနှုန်းနဲ့ ပင်စင်ယူပညာရေးဝန်ထမ်းတွေကို ထောက်ပံ့ပေးအပ်နေတယ်လို့ သိရပါတယ်။

ရခိုင်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၉၅ ဦးရှိ၊ သံတွဲခရိုင်မှာ အများဆုံးဖြစ်ပွားနေ

စိမ်းကိုကို 07 Jun 2018

ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ပေါက်တော၊ သံတွဲ စတဲ့ မြို့နယ်တွေမှာ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားနေပြီး သံတွဲခရိုင်အတွင်းမှာ အများဆုံးဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ကျောက်ဖြူမှာ လမ်းပျက်စီးနေမှုကြောင့် ကျောင်းသား ၈၀၀ ခန့် သွားလာရေးအခက်အခဲဖြစ်

06 Jun 2018

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ပြင်ဖြူမော်ကျေးရွာမှာရှိတဲ့ လမ်းဟာ မိုးရွာသွန်းမှုကြောင့် ပျက်စီးနေပြီး ကျောင်းသား၊ ကျောင်းသူ ၈၀၀ နီးပါးမှာ သွားလာရအခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ရခိုင်မှာ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးထက် ဌာန၊ အဖွဲ့အစည်းများ၏ အသုံးစရိတ်က ပိုများနေ

06 Jun 2018

၂၀၁၈-၁၉ ခုဘဏ္ဍာရေးနှစ်အတွက် ရခိုင်ပြည်နယ်ရဲ့ငွေလုံးငွေရင်းအသုံးစရိတ်လျာထားချက်မှာ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးထက် ဌာနနဲ့ အဖွဲ့အစည်းတွေရဲ့အသုံးစရိတ်က ၂၃ ဒသမ ၈၇ ရာခိုင်နှုန်း ပိုများနေတယ်လို့ ရခိုင်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီရဲ့အစီရင်ခံစာက ဖော်ပြထားပါတယ်။

Showing 101-120 of 349 items.