နှစ်ဖက်တိုက်ပွဲကြားမှာ ပြည်နယ်အစိုးရကြားညှပ်နေဟု ရခိုင်အစိုးရပြော

04 Jul 2019

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေမှုဟာ ၆ လကျော် ကြာမြင့်လာပြီဖြစ်သလို တိုက်ပွဲကာအတွင်းမှာ တပ်မတော်ကနေ အေအေနဲ့ပတ်သက်လို့ သံသယနဲ့ ဖမ်းဆီးစစ်ဆေးမှုတွေကြောင့် အရပ်သားပြည်သူသေဆုံးမှုတွေလည်း ရှိပါတယ်။

တခြားပြည်နယ်၊ တိုင်းများနှင့် နှိုင်းယှဉ်လျှင် ရခိုင်မှာ မုဒိမ်းမှုနည်းပါး

03 Jul 2019

ရခိုင်ပြည်နယ်ဟာ အခြားပြည်နယ်၊ တိုင်းတွေနဲ့နှိုင်းယှဉ်လို့ရှိရင် မုဒိမ်းမှုဖြစ်ပွားတာ ဒုတိယအနည်းဆုံး ဖြစ်တယ်လို့ ရခိုင်ပြည်နယ်အမျိုးသမီးကော်မတီက ဇူလိုင်လ ၃ ရက်နေ့မှာ ပြောပါတယ်။

တပ်မတော်က ဖမ်းဆီးစစ်ဆေးမှုကြောင့် အရပ်သားသေဆုံးမှုအပေါ် ရခိုင်လူငယ်များရှုံ့ချ

03 Jul 2019

တပ်မတော်ကဖမ်းဆီးစစ်ဆေးမှုကြောင့် အရပ်သားပြည်သူတွေသေဆုံးနေမှုကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ စစ်တွေမြို့က ဦးဥတ္တမပန်းခြံမှာ ရခိုင်လူငယ်တွေစုပေါင်းပြီး ဖမ်းဆီးအစစ်ဆေးခံရတဲ့ သရုပ်ပြတင်ဆက်မှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။

တပ်မတော်က ရဟတ်ယာဉ်သုံး ပစ်ခတ်သည့်အတွက် ရွာသားများဘေးလွတ်ရာသို့ ထွက်ပြေးနေရ

22 Jun 2019

မင်းပြားမြို့နယ် ရွှေကျန်ကျေးရွာအနီးအဝိုက်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်က ရဟတ်ယာဉ်သုံးပစ်ခတ်ခဲ့တဲ့အတွက် ရွှေကျန်ကျေးရွာသား ၆၀၀ ကျော်လောက်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

အောက်သကန်ကျေးရွာသား ၅ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်

21 Jun 2019

မြောက်ဦးမြို့နယ် အောက်သကန်ကျေးရွာက အသက် ၆၈ နှစ်အရွယ်ရှိသူတစ်ဦးအပါအဝင် ကျေးရွာသား ၅ ဦးကို မတ်လ ၂၉ ရက်နေ့က တပ်မတော်ကဖမ်းဆီးခဲ့ပြီး လက်ရှိမှာသူတို့ ၅ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့အမှုဖွင့်ထားတယ်လို့ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

"ကျွန်တော်တို့ဟာ အေအေတပ်ဖွဲ့ဝင်တွေ မဟုတ်ဘူး"

21 Jun 2019

မြောက်ဦးမြို့နယ် လက္ကာကျေးရွာကနေ အေအေနဲ့ပတ်သက်ပြီး သံသယနဲ့ ဖမ်းဆီးခံထားရသူတွေကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ်ထားပေမဲ့ သူတို့ဟာ အေအေတပ်ဖွဲ့ဝင်တွေ မဟုတ်ဘူးလို့ ဖမ်းဆီးခံထားရသူတွေက ရုံးထုတ်မှာ သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

ဆရာဝန်ဘဝနဲ့ ဘယ်တော့မှ ချမ်းသာအောင်မလုပ်ဘူး

25 May 2019

ဒေါက်တာကျော့သာစိန်ကတော့ ဆေးရုံတက်ပြီး ဆေးကုသမှု မခံယူနိုင်တဲ့သူတွေကို အခကြေးငွေမယူပဲ ကိုယ်တိုင်သွားရောက် ဆေးကုသပေးနေတာဖြစ်ပါတယ်။

ရခိုင်ပြည်တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်ရာဇာ ကျဆုံးခြင်း နှစ်(၂၀) ပြည့်

10 Sep 2018

ဒီနေ့ ဖေဖော်ဝါရီလ (၁၁) ရက်နေ့ဟာ လွန်ခဲ့တဲ့နှစ်(၂၀) ၁၉၉၈ ခုနှစ်က အိန္ဒိယအပိုင် အန်ဒမန်ကျွန်းစုရှိ လန်း(ဒ်)ဖော့ကျွန်းမှာ ရခိုင်ပြည်တပ်မတော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်ရာဇာအပါအဝင် ရခိုင်နှင့် ကရင်တော်လှန်ရေးခေါင်းဆောင် (၆) ဦး အသတ်ခံရကာ ရဲဘော် (၃၄) ဦး ဖမ်းဆီးခံခဲ့ရတဲ့နေ့တစ်နေ့ ဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေကို DMG ဝိုင်းတော်သားများက စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

မောင်တောခရိုင်မှာ ၂၀၁၈ ခုနှစ် မိုးစပါးစိုက်ပျိုးမှု လျှာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ခြင်းမရှိ

24 Aug 2018

မောင်တောခရိုင်အတွင်း ၂၀၁၈ ခုနှစ် ၊ မိုးစပါးစိုက်ပျိုးရာသီမှာ စိုက်ပျိုးဖို့ လျှာထားခဲ့တဲ့ လျှာထားချက်ပြည့် မီ အောင် စိုက်ပျိုးနိုင်မှု မရှိခဲ့ဘူးလို့သိရပါတယ်။ မောင်တောခရိုင်အတွင်းမှာ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွင်း စိုက်ပျိုးနိုင်ရန်အတွက် လယ်မြေ ဧက ၁၇၀၀၀ ကျော်ကို လျှားထားခဲ့ပေမယ့် အမှန်တကယ် စိုက်ပျိုးတဲ့ အချိန် မှာတော့ လျာထားသလောက် စိုက်ပျိုးနိုင်မှုမရှိဘူးလို့ မောင်တောခရိုင် စိုက်ပျိုးရေးမှူး ဦးသာကျော်က ပြောပါတယ်။

သတင်း - ဝံသ(မောင်တော)

ကျောက်တော်မြို့ရှိ နိဒင်ဒုက္ခသည်စခန်းအား အပြီးတိုင်ပိတ်သိမ်း

23 Aug 2018

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် နိဒင်ကျေးရွာမှာရှိတဲ့ဒုက္ခသည်စခန်းကို အပြီးတိုင်ပိတ်သိမ်းလိုက်ပြီးစခန်းတွင်းနေထိုင်သူတွေကိုနိဒင်ကျေးရွာရဲ့အနောက်ဘက်လယ်ကွင်းမှာပြန်လည်နေရာချပေးထားတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ အောင်သူရိန်ကပြောပါတယ်။

သတင်း- နေဝင်းစံ

၈ လေးလုံးအရေးတော်ပုံ နှစ် ၃၀ ပြည့်ခဲ့ပေမယ့် ဒီမိုကရေစီစနစ် မပြည့်ဝသေး

23 Aug 2018

၁၉၈၈ ကစတင်ခဲ့တဲ့ ဒီမိုကရေစီလှုပ်ရှားမှု ၈ လေးလုံးအရေးတော်ပုံဟာ အခု ၂၀၁၈ ခုနှစ်မှာ အနှစ် ၃၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပေမယ့် ဒီမိုကရေစီစနစ်ပြည့်ဝတဲ့တိုင်းပြည်မဖြစ်သေးဘူးလို့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

ရုံးချိန်းတိုင်းမှာ လုံခြုံရေးအကြောင်းပြချက်တွေအရ တခြားအမှုရင်ဆိုင်နေရသူတွေ နစ်နာမှုရှိနေ

ခိုင်ရိုးလ 08 Aug 2018

ဖမ်းဆီးခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ကို ရုံးထုတ်စစ်ဆေးတဲ့ ရုံးချိန်းတိုင်းမှာ လုံခြုံရေးအကြောင်းအရ တစ်ခြားအမှုရင်ဆိုင်နေရသူတွေကို ရုံးထုတ်စစ်ဆေးခြင်းမရှိတဲ့အတွက် နစ်နာမှုတွေရှိနေပြီး ဒါတွေကို ဖြေလျော့ပေးဖို့ လိုအပ်တယ်လို့ စာရေးဆရာဝေဟင်အောင်က ပြောပါတယ်။

ဒေါက်တာအေးမောင် နှင့် စာရေးဆရာ ဝေဟင်အောင် လွတ်မြောက်ရေး ဆုတောင်း

07 Aug 2018

ဖမ်းဆီးခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲကို သြဂုတ်လ ၅ ရက်နေ့က စစ်တွေမြို့မှာပြုလုပ်ခဲ့ကြပါတယ်။

စစ်တွေမြို့ပေါ်မှ ကျူးကျော်များကိုဖယ်ရှားရန် ပြည်နယ်အစိုးရစီစဉ်

06 Aug 2018

စစ်တွေမြို့အတွင်းက ကျူးကျော်နေထိုင်သူတွေကိုဖယ်ရှားသွားဖို့အတွက် ရခိုင်ပြည်နယ်အစိုးရက စီစဉ်နေပြီး လတ်တလောမှာတော့ ကျူးကျော်နေထိုင်သူတွေရဲ့စာရင်းကို ကောက်ယူပြုစုနေတယ်လို့ သိရပါတယ်။ ကျူးကျော်နေထိုင်သူတွေဟာ စစ်တွေမြို့အတွင်းက မီးလောင်မြေနေရာတွေနဲ့ အစိုးရပိုင်မြေနေရာတွေမှာ နေထိုင်နေကြတာဖြစ်တဲ့အတွက် ဒါတွေကိုဖယ်ရှားပြီး အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မင်းဂံရပ်ကွက်ကမြေနေရာမှာ ပြန်လည်နေရာချထားပေးသွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ စည်ပင်ဝန်ကြီးဦးဝင်းမြင့်ကပြောပါတယ်။

သတင်း - နေဝင်းစံ

သက်ငယ်မုဒိမ်းမှုလျော့ကျရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

06 Aug 2018

မောင်တောမြို့နယ်မှာ သက်ငယ်မုဒိမ်းမှု လျော့ကျရေးအတွက် အထက (၁) ကျောင်းခန်းမမှာ ဇူလိုင်လ သြဂုတ်လ ၂ ရက်နေ့က မြို့နယ်ရဲတပ်ဖွဲ့မှ ကြီးမှူးပြီး အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီအသိပညာပေးဟောပြောပွဲကို ကျောင်းသား၊ ကျောင်းသူတွေ၊ ဆရာ၊ ဆရာမတွေနဲ့ မြို့ပေါ် လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေက တက်ရောက်ခဲ့ကြပါတယ်။

မောင်တောမြို့မှာ ယာဉ်စည်းကမ်းအသိပညာပေး

06 Aug 2018

မောင်တောမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးတာတွေနဲ့ မော်တောယာဉ်တွေနဲ့ ကုန်တင်ယာဉ်တွေရဲ့ တန်ချိန်တွေကို မောင်တောခရိုင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်းဦးစီးဌာနက တိုင်းတာမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း - ဝံသ (မောင်တော)

ရှစ်လေးလုံးအထိမ်းအမှတ် တစ်ကိုယ်တော်ပန်းချီပြပွဲ ပြုလုပ်မည်

စိမ်းကိုကို 31 Jul 2018

ရခိုင်တိုင်းရင်းသား ပန်းချီဆရာတစ်ဦးဖြစ်တဲ့ မောင်မောင်စော(ရခိုင်ညွှ့န်ဖူး)ရေးဆွဲတဲ့ ပန်းချီကား ၈၀ ကျော်ပါဝင်တဲ့ တစ်ကိုယ်တော်ပန်းချီပြပွဲကို လာမယ့် သြဂုတ်လ ၈ ရက်နေ့ကစတင်ပြီး အမှတ်(၁) ပန်းချီပြခန်း၊ အမှတ် ၁၇ တက္ကသိုလ်ရိပ်သာလမ်း ဗဟန်းမြို့နယ်မှာကျင်းပသွားမယ်လို့ သိရပါတယ်။

မိုးသည်းထန်မှုကြောင့် ကျောက်တော်က စာသင်ကျောင်းများ ပိတ်ထားရ

31 Jul 2018

ကျောက်တော်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် ကျေးရွာသုံးရွာရှိ အခြေခံပညာကျောင်းတွေ ခေတ္တပိတ်ပင်ထားရတယ်လို့ သိရပါတယ်။ ဒီအပတ်အတွင်း ရခိုင်ပြည်နယ် မြို့နယ်အများစုမှာ မိုးများနေတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲနေပြီး ကျောက်တော်မြို့နယ်မှာ လမ်းတွေရေလျှံနေတာကြောင့် ကျောင်းသား၊ ကျောင်းသူတွေ 

စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့ မိသားစုဝင်တွေကို သက်ဆိုင်ရာက ဖယ်ရှား

စိမ်းကိုကို 30 Jul 2018

ရခိုင်ပြည်နယ်၊ စစ်တွေလေယာဉ်ကွင်းပိုင်မြေအတွင်း ငှားရမ်းကာ စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့ မိသားစုဝင်တွေကို သက်ဆိုင်ရာက ဇူလိုင်လ ၂၀ ရက်နေ့ အပြီးဖယ်ရှားပေးရန် စာထုတ်လိုက်တဲ့အတွက် စိုက်ပျိုးရေးလုပ်ကိုင်နေ တဲ့ မိသားစုဝင် ၂၀ ခန့်ဟာ နေအိမ်တွေကိုပြောင်းရွေ့နေကြပါတယ်။ 

ဦးအောင်သန်းဝေ အာမခံလျှောက်ထားမှု တရားရုံးပယ်ချ

ခိုင်ရိုးလ 30 Jul 2018

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်းဦးတင်မောင်ဆွေကို ဝေဖန်ပြောဆိုမှုနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ဦးအောင်သန်းဝေရဲ့အမှု အာမခံလျှောက်ထားချက်ကို ဇူလိုင်လ ၂၅ ရက်နေ့ရုံးချိန်းမှာ စစ်တွေမြို့နယ် တရားရုံးက ပယ်ချလိုက်ပါတယ်။

Showing 21-40 of 349 items.