- ရခိုင်တွင် လူငယ်များ ဆေးခြောက်သုံးစွဲနေမှုကို တားဆီးရန် လိုအပ်လာ
- စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်တွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်
- ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီ နေရာပြောင်းခိုင်းထား
- ဂွဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ်ကို ဆိုးရွားစွာ ခံစားနေရ
- တိုက်ပွဲကာလ ပျောက်ဆုံးသွားသည့် သက်လူမျိုး ၄ ဦး သတင်းအစအန မရသေး
ရခိုင်စစ်မျက်နှာထဲက AA ၏ တော်လှန်ရေးအောင်မြင်မှုနှင့် ထူးခြားတိုက်ပွဲများ
23 Dec 2024
စိုင်းဒြား - ရေးသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ခဲ့သည့် အာရက္ခတပ်တော်(AA)၏ ရခိုင်ပြည်သိမ်းတိုက်ပွဲသည် အရှိန်အဟုန်ပြင်းပြင်းဖြင့် မနားတမ်းချီတက်နေသည်မှာ တစ်နှစ်နှင့်တစ်လအချိန်ကို ကျော်ဖြတ်ခဲ့ပြီဖြစ်သည်။
ယခုကာလသည် အာရက္ခတပ်တော်အတွက် စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများမှာ အရေးပါလှ၏။ ထိုထဲမှ ထူးခြားပြောင်မြောက်သော တိုက်ပွဲကြီးများသည်လည်း အာရက္ခတပ်တော် တော်လှန်ရေးသမိုင်းတွင် တွင်ကျန်နေခဲ့သည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အပါအဝင် သံတွဲမောင်ရွှေလေး၊ မောင်တော နခခ ၅ တိုက်ပွဲများမှာ အာရက္ခတပ်တော်၏ အောင်ပွဲကြီများနှင့်အတူ ခက်ခဲလှပေသည်။
မောင်ရွှေလေးတိုက်ပွဲ
သံတွဲ မောင်ရွှေလေးတိုက်ပွဲသည် မြို့သိမ်းတိုက်ပွဲအတွင်း ခက်ခဲ့ကြမ်းတမ်းဆုံးတိုက်ပွဲဖြစ်ကြောင်း AA ဖက်က ထုတ်ပြောခဲ့သည်။ AAက မောင်ရွှေလေး ရေတပ်ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်စခန်းကို ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၇ ရက်တွင် ထိုးစစ်တင်ခဲ့ပြီး စက်တင်ဘာ ၅ ရက် တစ်လနီးပါးကြာတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။
မောင်ရွှေလေးရေတပ်စခန်းသည် စစ်ကောင်စီ၏ Navy SEALs (ခေါ်) ရေတပ်အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင်များ လေ့ကျင့်သည့် တစ်ခုတည်းသော ပင်လယ်ပြင်စခန်းလည်းဖြစ်သည်။
ထိုရေတပ်စခန်းမှာ စစ်ကောင်စီအတွက် ပင်လယ်ပြင်စိုးမိုးရေးနှင့်ပတ်သက်၍ လွန်စွာအရေးပါ၍ စစ်အင်အား၊ လက်နက်အင်အား အလုံးအရင်းဖြင့် ခုခံတိုက်ခိုက်ခဲ့သည်။ ယင်းကြောင့် အပြင်းထန်ဆုံးတိုက်ပွဲတစ်ခုဖြစ်ခဲပြီး နှစ်ဖက် အရင်းအနှီးများခဲ့သည်။
AA ထုတ်ပြန်ချက်အရ ထိုရေတပ်စခန်းတွင် အခြားနေရာများမှာ စစ်ကူအမြောက်အများ အားဖြည့်ထားသည့် နေရာဖြစ်သလို စစ်သင်တန်းဆင်းတပ်ဖွဲ့ဝင်အပါအဝင် စုစုပေါင်း အင်အား ၁,၂၀၀ ကျော်ဖြင့် ခုခံခဲ့ပြီး တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်သားလေးရာကျော်သေဆုံးကြောင်း သိရသည်။
လူအင်အား၊ လက်နက်အင်အား များစွာသာလွန်သော စစ်ကောင်စီတပ်နှင့် ရေပြင်စစ်ဆင်ရေးဖော်ဆောင်ရသည် မှာ အာရက္ခတပ်တော်အတွက် လွယ်ကူခြင်းမရှိနိုင်သည်မှာ အမှန်ပေသည်။
“မောင်ရွှေလေး တိုက်ပွဲမှာဆိုရင် စစ်ကောင်စီက ရေတပ်နဲ့ အပြင်းအထန်ခုခံတာ။ ကျနော်တို့ဘက်ကလည်း အစွမ်းကုန် တိုက်ခဲ့ရတယ်။ စစ်ကောင်စီ ရေတပ်တကယ်အားကောင်းတယ်။ နေဗီတွေက ပစ်တဲ့လက်နက်ကြီး ကျည်တွေဆိုရင် ၃ ပေ၊ ၄ ပေအကွာလောက်ထိ တန်စီပြီး အနားကိုကျတာ။ ပစ်ကွင်းထဲကို ဝင်ရင်တော့လုံးဝ မလွတ်ဘူး။ အဲဒီထဲကနေ တိုက်ယူရတာဖြစ်တယ်” ဟု သံတွဲမောင်ရွှေလေး တိုက်ပွဲတွင် ပါဝင်ခဲ့သူ AA တပ်ဖွဲဝင် ရင်းမြစ်တစ်ဦးက ဖွင့်ပြောသည်။
ထိုအခက်အခဲစိန်ခေါ်မှုများကြားမှ သိမ်းပိုက်ရရှိယူနိုင်ခဲ့သော အာရက္ခတပ်တော်သည် စစ်ကောင်စီ၏ ရေတပ်စခန်းကို သိမ်းပိုက်နိုင်သည့် ပထမဆုံးသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ခဲ့သည်။
နခခ ၅ ထဲက စစ်ကောင်စီ၏ ကြောက်မက်ဖွယ်ခံစစ်
နခခ ၅ စခန်းကို အာရက္ခတပ်တော်က ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်တွင် ထိုးစစ်စခဲ့သည်။ နှစ်လခန့်ကြာ ဝိုင်းရံပိတ်ဆို့ခဲ့ပြီးနောက် AA၏ ထိုးစစ်မှာ ရက်ပေါင်း (၅၅) ရက်ကြာမြင့်ခဲ့ပြီး အရှည်ကြာဆုံး စခန်းသိမ်းတိုက်ပွဲ တစ်ခုလည်းဖြစ်ခဲ့သည်။
ဒီဇင်ဘာ ၈ ရက်၊ နံနက် ၉ နာရီကျော်မှာ နခခ ၅ စခန်းကို အပြီးသတ်သိမ်းပိုက်ပြီးနောက် မောင်တောဒေသတစ်ခုလုံးကို AAက အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။
နခခ (၅) စခန်းသည် မောင်တောမြို့၊ မြို့သူကြီးရပ်ကွက်တွင်တည်ရှိပြီး စစ်ကောင်စီ အင်အား (၇၀၀) ကျော် စခန်းချ တပ်စွဲထားသော စခန်းကြီးတစ်ခုဖြစ်သည်။
စစ်ကောင်စီက စခန်းပတ်ပတ်လည်ကို သံဆူးကြိုး (၂) ထပ်ဖြင့် ကာရံထားသည်။ ထိုကြားထဲ၌ မိုင်းကွင်းများ၊ သတ်ကွင်းများကို ကောင်းစွာပြင်ဆင်ထားပြီး အချို့နေရာများတွင် ပေ (၂၀)ခန့်ကျယ်သော ရေမြောင်းများကို ဖောက်လုပ်ထားကာ စူးချွန်များထောင်ထားသည်။
တစ်ခါ စခန်းပတ်ပတ်လည် လေးဖက်လေးတန်မှာ အခိုင်အမာတည်ဆောက်ထားသည့် ဘန်ကာ (၂၀)ကျော်၊ ဘန်ကာအသေး စုစုပေါင်း (၁၀၀) ကျော်နှင့်အတူ စခန်းထဲတွင် ခိုင်ခံ့ထူထပ်သော အဆောက်အအုံကြီး (၃၀) ကျော်ရှိသည်။
ယင်းအပြင် သဘာဝတရား၏ အကာအရံအဖြစ် စခန်းပတ်ပတ်လည်မှာ ချောင်းတစ်ခုကာဆီးထားပြီး AA တပ်ဖွဲ့ ဝင်များအတွက် ထိုးစစ်ဆင်တိုက်ခိုက်ရန် လုံးဝမလွယ်ကူသည့် အနေအထားကြုံခဲ့ရသည်။
ထိုသို့ခက်ခဲလှသော အခြေအနေများကြောင့် အာရက္ခတပ်တော်တပ်ဖွဲ့ဝင်များအတွက် တစ်လက်မချင်းတိုးပြီး နောက်မဆုတ်တမ်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီး ကျဆုံး၊ ဒဏ်ရာရရှိသူလည်း များပြားခဲ့သည်။
မဟာဗျူဟာကျကျ အခိုင်အမာ တည်ဆောက်ထားသည့် နခခ ၅ စခန်းကို AA တပ်ဖွဲ့ဝင်များသည် မြေအောက် တွင်းကျင်းများ တစ်ဆင့်ချင်းတူးဖော်ပြီး အချိန်ယူထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီထောင်ထားသည့် M - 14 မိုင်းပေါင်း (၁,၀၀၀) ကျော်ထိရှင်းလင်းခဲ့သည်။
နခခ ၅ တိုက်ပွဲကို အမှတ် (၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းဦးဆောင်ခဲ့ပြီး စစ်သည်အင်အား ၇၀၀ ကျော်အပြင် လေကြောင်းပစ်ကူများဖြင့် AA ၏ ထိုးစစ်ကို အချိန်နှင့်တပြေးညီ အပြင်းအထန်ခုခံသော်လည်း နောက်ဆုံးမှာ လက်လွှတ်ခဲ့ရသည်။
“စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး၊ ကုန်သွယ်ရေးအရ အရေးပါတဲ့ နယ်စပ်ဒေသ မောင်တောမြို့နယ်တစ်ခုလုံးကို စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံမှုကြားက AA က သိမ်းပိုက်နိုင်ခဲ့တာဟာ အထူးခြားဆုံးတိုက်ပွဲကြီး တစ်ခုအဖြစ် တော်လှန်ရေးသမိုင်းမှာ မှတ်တမ်းဝင်သွားပါပြီ” ဟု ရခိုင်နိုင်ငံရေးသမားတစ်ဦးက ရှုမြင်သည်။
နခခ ၅ တိုက်ပွဲအတွင်း ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ ဗိုလ်ကြီးဝေလင်းအောင်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား အရှင်ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီတပ်သား (၄၅၀) အထက်သေဆုံးခဲ့သည်ဟု AA ထုတ်ပြန်ချက် တွင်ဖော်ပြသည်။
ယင်းအပြင် နခခ ၅ မှ ထွက်ပြေးသွားသည့် ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကိုလည်း အသေဖမ်းဆီးရမိကြောင်း ဒီဇင်ဘာ ၁၉ ရက်တွင် AA က ထုတ်ပြန်ခဲ့သည်။
ထိုသို့ စစ်ရေးနည်းဗျူဟာမြောက်စွာ ထိုးစစ်ဆင်နိုင်ခဲ့သည့် တိုက်ပွဲများမှာ ကမ္ဘာတွင် အမြောက်အများရှိခဲ့သည်။ အမေရိကန် - ဗီယက်နမ်စစ်ပွဲတုန်းကလည်း ဗီယက်နမ်တပ်များသည် ယင်းကဲ့သို့ ခက်ခက်ခဲခဲဖြင့် တိုက်ခိုက် အနိုင်ယူခဲ့ကြပေသည်။
မောင်တော နခခ ၅ စခန်းသိမ်းတိုက်ပွဲသည် အာရက္ခတပ်တော်၏ အထူးခြားဆုံး သမိုင်းဝင် တိုက်ပွဲတစ်ခုဟု ဆိုရပေမည်ဖြစ်သည်။
စစ်တိုင်းဌာနချုပ် အောင်ပွဲ
နယ်စပ်ဒေသမြို့ကျရှုံးပြီးနောက် မကြာမီမှာပင် စစ်ကောင်စီအတွက် ကံကြမ္မာဆိုးကြီးတစ်ခုထပ် ဆိုက်ခဲ့သည်။
အာရက္ခတပ်တော်သည် အမ်းမြို့၏ ကာကင်းခစန်းများဖြစ်သည့် တောဟိန်းတောင်ဗျူဟာကုန်းနှင့် မဲတောင်ဗျူ ဟာကုန်းကြီးတို့ကို သိမ်းပိုက်ပြီးနောက် စက်တင်ဘာလကုန်းပိုင်းမှစ၍ နပခတည်ရှိရာအမ်းမြို့ကို ထိုးစစ်စခဲ့သည်။
အမ်းတွင် နခပဌာနချုပ်နှင့် တပ်ရင်းတပ်ခွဲ ၁၈ ခုအပါအဝင် စခန်းငယ်၊ ကာကင်းစခန်းကြီးအပါအဝင် စုစုပေါင်း စခန်းပေါင်း (၃၀) ကျော်ထိရှိသည်။ ယင်းထဲမှ စစ်ဖက်ရေးရာလုံခြုံရေးတပ်(စရဖ)အပါအဝင် တပ်ရင်းတပ်ခွဲ ၈ ခုကို နိုဝင်ဘာ ၁၃ ရက်တွင် သိမ်းပိုက်ခဲ့သည်။
နခခ ၅ သိမ်းပိုက်ပြီးနောက် အာရက္ခတပ်တော်၏ အမ်းမြို့သိမ်းတိုက်ပွဲမှာ အရှိန်ပြင်းလာပြီး ဒီဇင်ဘာ ၆ ရက်တွင် နပခ ဌာနချုပ်မှလွဲ၍ အမ်းမြို့အပါအဝင် စခန်းပေါင်း (၃၀) ကျော် အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။
အမ်းတွင် တစ်ခုတည်း ကျန်ရှိခဲ့သည့် နပခဌာနချုပ်ကို အာရက္ခတပ်တော်က ဆက်လက်ထိုးစစ်ဆင်ခဲ့ပြီးနောက် ရက်ပေါင်း ၁၄ ရက်အကြာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်တွင် အပြီးသတ်သိမ်းပိုက်ကာ အမ်းမြို့နယ်တစ်ခုလုံးကို ထိန်းချုပ်ခဲ့သည်။
အမ်းသည် အနောက်တံခါးဟုခေါ်ဆိုကြသည့် ရခိုင်နှင့် ချင်းတောင်ဒေသကို အုပ်ချုပ်ထားသော နယ်မြေတစ်ခုဖြစ် သည် အလျောက် စစ်ကောင်စီအတွက် စစ်ရေး၊ စီးပွားရေးဗျူဟာအရ လွန်စွာအရေးပါသည်။ အမ်းကျသွားပါက စစ်ရေးအရသာမက ဂုဏ်သိက္ခာပိုင်းအရတစ်ကြောင်း ရှိနေသည်။
ယင်းကြောင့် မြေပြင်၊ လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် တရက်စက်ခုခံကာ ဂုဏ်သိက္ခာနှင့်လောင်းကြေး ထပ်ခဲ့သော်လည်း အာရက္ခတပ်တော်၏ တိုက်ခိုက်မှုအောက်မှာ နဂုံးချုပ်သွားခဲ့ရသည်။
စစ်တိုင်းဌာနချုပ်တစ်ခုကို သိမ်းပိုက်နိုင်ခြင်းမှာ အာရက္ခတပ်တော်အတွက် တော်လှန်ရေးအောင်မြင်မှုတစ်ခုဖြစ် ပြီး ရခိုင်ပြည်လွတ်မြောက်ရေးမှာလည်း အထောက်အကူဖြစ်သွားပြီဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က ရှုမြင်သည်။
“ရခိုင်က လွတ်မြောက်ဖို့အတွက် ရာခိုင်နှုန်း အပြည့်နီးပါး ရောက်သွားပြီ။ နိုင်ငံတကာကလည်းလေးစား လာရ တော့မယ်။ စစ်တပ်က AA ကို အပေါ်စီးကနေ ဆက်ဆံလို့ မရတော့ဘူး။ တရုတ်ကလည်း AA ကို ဆက်ဆံတဲ့ နေရာမှာ အပေးအယူနဲ့ပဲ ဆက်ဆံလို့ရတော့မယ်။ ဖိအားနဲ့ ဆက်ဆံလို့ မရတော့ဘူး။ ဒီလောက်ထိ ဩဇာသက် ရောက်တယ်။ ရခိုင် AA တပ်တော်ကြီးကလည်း အလွန်စိတ်ဓာတ်တွေ မြင့်မားသွားပြီးတော့ အောင်ပွဲ တွေဆက်ရ လိမ့်မယ်လို့ ယုံကြည်တယ်” ဟု ဦးကြီးမြင့်က DMG သို့ ဖြေကြားထားသည်။
အမ်းတိုက်ပွဲအတွင်း လက်နက်ချအလင်းဝင်သူ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားရှိခဲ့သလို ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနှင့် ဆက်သွယ်ရေးအရာရှိ ဗိုလ်ကြီး အောင်စစ်နိုင်၊ ရုံးအုပ်ချုပ်ရေး အရာခံဗိုလ် အေးသိန်းတို့ကိုလည်းအရှင်ဖမ်းမိခဲ့ကြောင်း AA ဓာတ်ပုံ၊ ရုပ်သံဖိုင်များနှင့်တကွ ထုတ်ပြခဲ့သည်။
မြန်မာတစ်နိုင်ငံလုံးမှာ စစ်တိုင်းဌာနချုပ် (၁၄) ခုရှိပြီး လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို ဩဂုတ်လတွင် ကိုးကန့်တပ် (MNDAA) ထံ လက်လွှတ်ခဲ့ရပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ကိုလည်း အာရက္ခတပ်တော် (AA)က သိမ်းပိုက်ခဲ့သဖြင့် ဒုတိယမြောက် စစ်တိုင်းကို စစ်ကောင်စီဆုံးရှုံးခဲ့ရပြီဖြစ်သည်။
မတူထူးခြားသော စစ်ရေးဗျူဟာများနှင့်အတူ တတိယအကြိမ်ချီတက်လာသော အာရက္ခတပ်တော်၏ စစ်ရေး အောင်လံများသည်လည်း ရခိုင်ဒေသတစ်လွှား လွှင့်ထူလျက်ရှိနေသည်။
တစ်နှစ်ကျော်စစ်ရေးခရီးအတွင်း မိုင်တိုင်အမှတ် (၁၄) ခုအထိ အာရက္ခတပ်တော်က စိုက်ထူထားပြီလည်း ဖြစ်သည်။
“AA မှာက နိုင်ငံရေး၊ စစ်ရေး ရည်မှန်းချက်၊ ဆုံးဖြတ်ချက် ခိုင်မာပြတ်သားတယ်။ ရက္ခိတလမ်းစဉ်ဆိုပြီး လမ်းပြ မြေပုံလည်းရှိနေတယ်။ နောက်ပြီး တစ်သွေး၊ တစ်သံ၊ တစ်မိန့်အောက်မှာ စုရုံးကြတော့ အားသာချက်တွေ ရှိတာပေါ့။ တပ်ဖွဲ့ဝင်တိုင်းက အနစ်နာခံပေးဆပ်မှု စိတ်ဓာတ်ရှိကြတယ်။ ပြီးတော့ အခက်ခဲတွေကို ကြိတ်ခံနေ မယ်ဆိုတဲ့ ပြည်သူအားပေးမှုတွေ ရှိနေတော့ စစ်နိုင်တာလို့ ပြောရမယ်” ဟု စစ်ရေးစောင့်ကြည့်နေသူ လူငယ် တစ်ဦးက ပြောသည်။
နပခကျရှုံးမှုနှင့်အတူ အာရက္ခတပ်တော်(AA)၏ တော်လှန်ရေးအောင်ပွဲများမှာ ထောင်လွှားနေသော်လည်း နောက်ထပ် အကြိတ်အနယ်ယှဉ်ပြိုင်ရမည့် စစ်မျက်နှာကြီးသုံးခုရှိနေသေးသည်။ လက်ရှိ AA က ရခိုင်တောင်ဘက် အစွန်ဆုံးမြို့ ဂွကို အလုံးစုံသိမ်းပိုက်ရရှိရန် အပြင်းအထန်တိုက်ခိုက်နေပြီး မြို့၏ သုံးပုံနှစ်ပုံကို သိမ်းပိုက်ထားပြီဟု ဒီဇင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်သည်။
ယင်းကြောင့် ဂွမြို့ကိုသိမ်းပိုက်နိုင်ခဲ့ပါက စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့သုံးမြို့တို့သာကျန်ရှိတော့သည်။ အာရက္ခတပ်တော်အနေဖြင့် စစ်တစ်ခန်းရပ်ပြီး ဆွေးနွေးမှုလမ်းကြောင်းပေါ်က စကားပြောမည်လော၊ ဆက်လက် စစ်ချီ တက်မည်လောဆိုသည်က စိတ်ဝင်စားဖွယ်ဖြစ်နေသည်။
ရခိုင်ပြည်၏ ၈၀ ရာခိုင်နှုန်းမှာ အာရက္ခတပ်တော်လက်ထဲသို့ရောက်ရှိနေပြီဖြစ်၍ ညှိနှိုင်းဆွေးနွေးမှုများ ပေါ်ပေါက် လာနိုင်ကြောင်းလည်း စစ်ရေး၊ နိုင်ငံရေးအကဲခက်တို့က သုံးသပ်နေကြသည်။
သို့သော်လည်း ရခိုင်မြောက်ပိုင်းတွင် တစ်ခုတည်း ကွက်ကွက်ကွင်းကွင်းကျန်နေခဲ့သော မြို့တော်စစ်တွေမှာမူ နှစ်ဖက် စစ်အင်အားအလုံးအရင်းဖြည့်တင်းမှုနှင့်အတူ စစ်ရိပ်များသန်းလျက်ပင် ....